Mahabodhi Parahita Monastic Education School, Sittwe

Mahabodhi Parahita Monastic Education School, Sittwe Education is the only thing no thief can steal.

လူသားအကျိုးပြု ပညာရေးမဟာဗောဓိပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမင်းဂံအကွက်(၆)ရပ်ကွက်၊ စစ်တွေမြို့ ။3/5/2024 နေ့ကျောင်းစတ...
06/06/2024

လူသားအကျိုးပြု ပညာရေး
မဟာဗောဓိပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း
မင်းဂံအကွက်(၆)ရပ်ကွက်၊ စစ်တွေမြို့ ။
3/5/2024 နေ့
ကျောင်းစတင်ဖွင့်ပါပြီ
KG -ကျား ၉ မ ၁၂ =၂၁ ယောက်
G1-ကျား ၁၀ မ ၈ = ၁၈ ယောက်
G2-ကျား ၄ မ ၅ = ၉ ယောက်
G3-ကျား ၃ မ ၁၀ =၁၃ ယောက်
G4-ကျား ၂ မ ၃ = ၅ ယောက်
G5-ကျား ၂ မ ၂ = ၄ ယောက်
,......................၇၁ ယောက်
ကျောင်းလွယ်အိပ်၊ ကျောင်းစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ဘောပင်၊ ပေတံ စသည်များ နှင့် ပညာရေးကဏ္ဍများကို အခမဲ့ သင်ပြပေးပါသည်။

ကထိန်ပွဲတော် အခမ်းအနားကို ရက်အကန့်သတ်မရှိ နောက်ဆုတ်ထားလိုက်ပါပြီ။ကထိန်ပွဲသို့ ဖိတ်ကြားထားသော ဓမ္မမိတ်ဆွေများကိုလည်းပြန်လ...
17/11/2023

ကထိန်ပွဲတော် အခမ်းအနားကို ရက်အကန့်သတ်မရှိ နောက်ဆုတ်ထားလိုက်ပါပြီ။
ကထိန်ပွဲသို့ ဖိတ်ကြားထားသော ဓမ္မမိတ်ဆွေများကိုလည်း
ပြန်လည်ဖိတ်ကြားပေးပါမည် ။
ဝိနည်းတော်နှင့်အညီ ကထိန်ခင်းနိုင်ပြီး
ကထိန်အာနိသင် အကျိုးတရား ရရှိနိုင်ရန်အတွက် ကထိန်မသင်္ကန်းအား လှူဒါန်းထားပြီးပါပြီ။
ရခိုင်ပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။

မဟာဗောဓိပရဟိတကျောင်းတိုက်အတွင်းသံဃာကျောင်းဆောင်သစ် အမြန်ပြီးစိးနိုင်ရေးမြေကားတစိးဖိုး အလှူငွေ(၅)သောင်းကျပ်ကိုဆရာမကြီး ဒေ...
02/08/2023

မဟာဗောဓိပရဟိတကျောင်းတိုက်အတွင်း
သံဃာကျောင်းဆောင်သစ် အမြန်ပြီးစိးနိုင်ရေး
မြေကားတစိးဖိုး အလှူငွေ(၅)သောင်းကျပ်ကို
ဆရာမကြီး ဒေါ်ဦးကျော့စိန်မှ လှူဒါန်းပေးပါသည်။
ဆရာမကြီး ကျောင်းလှူရကျိုးတရားကို ရရှိနိုင်ပါစေ။

(ကျောင်း သိမ် ဇရပ်လှူရခြင်းအကျိုး)
အမိဝမ်းတွင်း နေရခြင်းသည်
ဆင်းရဲဒုက္ခ များပြားလှ၏ ။
ဇရပ် သိမ် ကျောင်း လှူသူပေါင်းမှာ
ခညောင်း သန္ဓေ ကြုံရလေလည်း
ကွေကင်းဒုက္ခ ချမ်းသာရ၏ ။
ဆယ့်နှစ်တောင်ကျယ် ခန်းမလယ်၌
ပေါကြွယ်သုခ ခံစားရ၏ ။
ဗုဒ္ဓမြတ်စွာ သုတ်မဟာ၌
ပမာတင်စား ဟောမိန်ကြား၏ ။

ဤသို့ပြုရ မြတ်ပုညကိုလည်း အမျှပေးဝေပါ၏။

ဒေါက်တာအရှင်နန္ဒောဘာသ ဦးစီးတည်ထောင်သောမဟာဗောဓိပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမင်းဂံအကွက်(၆)ရပ်ကွက် စစ်တွေမြို့26/7/2...
26/07/2023

ဒေါက်တာအရှင်နန္ဒောဘာသ ဦးစီးတည်ထောင်သော
မဟာဗောဓိပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း
မင်းဂံအကွက်(၆)ရပ်ကွက် စစ်တွေမြို့
26/7/2023
(သိမ် ၊ ကျောင်း အလှူကုသိုလ်ရှင်)
မဟာဗောဓိပရဟိတကျောင်း သံဃာကျောင်းဆောင်သစ်
တည်ဆောက်ရာတွင် အဓိကဖောင်ဒေးရှင်း အတွက်
ဦးစိုင်းဝိမလ(ဇနီး) ဒေါ်နန်းခမ်းစိန်
သားကြီး မောင်စိုင်းဆိုင် လောင်(ဝ်) ခေး
သားငယ် မောင် စိုင်း ခေးဟန် မိသားစု
ကာလိမြို့ ရှမ်းပြည်နယ် မှ
ကျပ်ငွေ သိန်း (၁၀၀)ကို ပါဝင်လှူဒါန်းပေးပါတယ်။

(ကျောင်း သိမ် ဇရပ်လှူရခြင်းအကျိုး)
အမိဝမ်းတွင်း နေရခြင်းသည်
ဆင်းရဲဒုက္ခ များပြားလှ၏ ။
ဇရပ် သိမ် ကျောင်း လှူသူပေါင်းမှာ
ခညောင်း သန္ဓေ ကြုံရလေလည်း
ကွေကင်းဒုက္ခ ချမ်းသာရ၏ ။
ဆယ့်နှစ်တောင်ကျယ် ခန်းမလယ်၌
ပေါကြွယ်သုခ ခံစားရ၏ ။
ဗုဒ္ဓမြတ်စွာ သုတ်မဟာ၌
ပမာတင်စား ဟောမိန်ကြား၏ ။

ထာဝရအလှူ (၆)မျိုးထဲတွင် တစ်ပါးအပါဝင်
ဝိဟာရဒါန ထာဝရအလှူ ကုသိုလ်ရှင်မိသားစုဝင်ဖြစ်ကြသော အလှူရှင်မိသားစုတို့အား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်
အလှူရှင် မိသားစုဝင်တို့ရဲ့
လျောက်လှမ်းနေသော ဘဝခရီးမှာ အခက်ခဲမရှိ ဖြတ်သန်းနိုင်ကြပါစေ။ စီးပွားလုပ်ငန်းများလည်း အခက်ခဲမရှိ အောင်မြင်နိုင်ကြပါစေ။ ကျန်းမာရေးကောင်းမွန်ပြီး ဘာသာ သာသနာတော်မြတ်ကို ယုံကြည်တန်ဖိုးထားကာ သာသာနာပြုလုပ်ငန်းများကို ပြုလုပ်ထောက်ပံ့သည့်အလျောက် အကျိုးထူးကိုလည်းရရှိနိုင်ကြပါစေ ။
ဤသို့ပြုရ မြတ်ပုညကိုလည်း အမျှရကြပါစေ
အားလုံးသတ္တဝါအား ပေးငှဝေပါ၏ ။
-----ဦးအဂ္ဂဝံသ
-----ကျောင်းအုပ်ဆရာတော်

မဟာဗောဓိပရဟိတ (ဘက)ကျောင်းအတွင်းဖွင့်လှစ်သင့်ကြားမည့်....အခမဲ့ ပညာဒါန(Teacher training course)Time: 10-12am every sunday(...
25/06/2023

မဟာဗောဓိပရဟိတ (ဘက)ကျောင်းအတွင်း
ဖွင့်လှစ်သင့်ကြားမည့်....အခမဲ့ ပညာဒါန
(Teacher training course)

Time: 10-12am every sunday

(1) classroom management and.....classroom language
(2) Lesson planning
(3) How to teach phonics

Teacher = Daw Saw Nhun Nee
July-2-2023 တနင်္ဂနွေနေ့စပါမည် ။
July လ တစ်လသင်တန်းပါ
နေရာ = မဟာဗောဓိပရဟိတ ဘက ကျောင်း......... မင်းဂံအကွက်(၆) ရပ်ကွက်၊ စစ်တွေမြို့
စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည် ။
viber QR မှ ဝင်ရောက် စာရင်းပေးသွင်းပါ ။

23/06/2023
22/06/2023

ယနေ့ ကျောင်းပိတ်ပါတယ် ကလေးတို့

ဒေါက်တာအရှင်နန္ဒောဘာသ ဦးစိးတည်ထောင်သောမဟာဗောဓိပရဟိတ (ဘက) ကျောင်း၊ မင်းဂံအကွက်(၆) ရပ်ကွက် စစ်တွေမြို့ ကျောင်းတိုက်ပြန်လည...
17/06/2023

ဒေါက်တာအရှင်နန္ဒောဘာသ ဦးစိးတည်ထောင်သော
မဟာဗောဓိပရဟိတ (ဘက) ကျောင်း၊ မင်းဂံအကွက်(၆) ရပ်ကွက် စစ်တွေမြို့ ကျောင်းတိုက်
ပြန်လည်တည်ဆောက် အသက်ရှင်သန်နိုင်ရေး ပညာသင်ပေးနိုင်ရေးအတွက် အလှူပေးသူများအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။
(အဓိက အရေးပေါ်အတွက် လှူဒါန်းပေးမှု)
ဦးခင်မောင်မြင့်+ဒေါ်ကြည်ကြည်စိန်
(သား )Dr.သီဟထွန်း
Drဟိန်းထက်အောင်+ (သမီး) မမေသက်ထွန်း
(မြေး)မမေရီဟိန်းထက်
အေးကြူပုံနှိပ်တိုက် မိသားစု
မန္တလေးမြို့ မှ
(၂)သိန်းကျပ်ကို လှူဒါန်းပေးပါသည်။
အလှူရှင်မိသားစုဝင်များ ဘေးရန်ကင်းစွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ။ ကပ်ဆိုး ဘေးဆိုး တစိတ်ကလေးမျ မကျရောက်ပေး
ကိုယ်စိတ်အေးကာ မြဲချမ်းသာ ငြိမ်းချမ်းကြပါစေ။
ဦးဇင်းတို့ ခံစားရခဲ့သလိုမျိုး အဖြစ်နဲ့ ဘယ်တော့မှ မကြုံပါရစေနဲလို့လည်း ဆုတောင်းပေးပါတယ် ။

16/06/2023
ဒေါက်တာအရှင်နန္ဒောဘာသ ဦးစိးတည်ထောင်သောမဟာဗောဓိပရဟိတ (ဘက) ကျောင်း၊ မင်းဂံအကွက်(၆) ရပ်ကွက် စစ်တွေမြို့ ကျောင်းတိုက်ပြန်လည...
15/06/2023

ဒေါက်တာအရှင်နန္ဒောဘာသ ဦးစိးတည်ထောင်သော
မဟာဗောဓိပရဟိတ (ဘက) ကျောင်း၊ မင်းဂံအကွက်(၆) ရပ်ကွက် စစ်တွေမြို့ ကျောင်းတိုက်
ပြန်လည်တည်ဆောက် အသက်ရှင်သန်နိုင်ရေး ပညာသင်ပေးနိုင်ရေးအတွက် အလှူပေးသူများအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။
(အဓိက အရေးပေါ်အတွက် လှူဒါန်းပေးမှု)
ဦးကျော်သန်း-ဒေါ်ရှုမိ မိသားစု
မဇာဆေးဆိုင်-ရွှေမင်္ဂလာစျေး
ရန်ကုန်မြို့ မှ
(၁)သိန်းကျပ်ကို လှူဒါန်းပေးပါသည်။
အလှူရှင်မိသားစုဝင်များ ဘေးရန်ကင်းစွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ။ ကပ်ဆိုး ဘေးဆိုး တစိတ်ကလေးမျ မကျရောက်ပေး
ကိုယ်စိတ်အေးကာ မြဲချမ်းသာ ငြိမ်းချမ်းကြပါစေ။
ဦးဇင်းတို့ ခံစားရခဲ့သလိုမျိုး အဖြစ်နဲ့ ဘယ်တော့မှ မကြုံပါရစေနဲလို့လည်း ဆုတောင်းပေးပါတယ် ။

ဒေါက်တာအရှင်နန္ဒောဘာသ ဦးစိးတည်ထောင်သောမဟာဗောဓိပရဟိတ (ဘက) ကျောင်း၊ (ဆွမ်း နှင့် စာအုပ်အလှူ) 15.6.2023သံဃာတော်များကို ဆွမ...
15/06/2023

ဒေါက်တာအရှင်နန္ဒောဘာသ ဦးစိးတည်ထောင်သော
မဟာဗောဓိပရဟိတ (ဘက) ကျောင်း၊
(ဆွမ်း နှင့် စာအုပ်အလှူ) 15.6.2023
သံဃာတော်များကို ဆွမ်းကပ်အလှူနှင့် ကျောင်သား သူ ၁၁၅ ဦးအား ဗလာစာအုပ် အလှူရှင် ကွယ်လွန်သူဖခင်ကြီး ဦးသာကျော်အောင် (၂၂)နှစ်မြောက်အား ရည်စူး၍ သမီးဒေါ်ခင်မိုးကျော် စစ်တွေမြို့ ကောင်းမှု ။
ကွယ်လွန်သူတကာကြီး ကောင်းရာဘုံဘဝမှာ ကောင်းကျိုးကိုရရှိ ခံစားနိုင်ပါစေသား။
အလှူရှင်တကာမလည်း လိုရာဆန္ဒ အဝဝနှင့်ပြိးပြည့်စုံနိုင်ပါစေ၊ ဆွမ်းအကျိုးငါးပါး ကိုလည်း ရရှိပါ၍ ဝမ်းမြောက်နိုင်ပါစေ၊ ပညာရေးအထောက့်အပံ့ကြောင့် ဉာဏ်ပညာမြင့်မားနိုင်ပါစေ၊ ဤကုသိုလ်၏ အဖိုးဘာဂကို အမျှပေးဝေပါ၏
အမျှရ၍ ကျန်းမာ ချမ်းသာကြပါစေ ။

Address

Rakhine State Of Myanmar
Sittwe

Telephone

+959770533456

Website

Alerts

Be the first to know and let us send you an email when Mahabodhi Parahita Monastic Education School, Sittwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mahabodhi Parahita Monastic Education School, Sittwe:

Shortcuts

Share

Category