21/07/2026
#သတိမရတဲ့သူ ရှိပါ့မလား
ရေတမာပင်တန်း အဆုံးနားက
မြတ်ဆရာတို့ သင်ကြားပို့သ
ဆိုဆုံးမတဲ့ စာသင်ခန်းတွေရှိတဲ့
အဆောင် ၉ ကိုလွမ်းတယ်
ဋ္ဌာနရှေ့က အုတ်ခုံလေးလည်းလွမ်းတယ်
အဆောင်ရှေ့က ကန်တင်းသွားတဲ့
လမ်းလေးမှာ သူငယ်ချင်းတွေ
စကားပြောလိုက် မုန့်တွေဝိုင်းဖွဲ့စားတဲ့
အချိန်လေးတွေ လွမ်းတယ်
ဋ္ဌာနကလုပ်တဲ့ activity တွေကို
အားတက်သရွေ့ ပါဝင်ခဲ့ကြတာလည်း လွမ်းတယ်
လေယာဥ်ပျံကြီးမိုးပေါ်ပျံ Physicsအသင််း
Champion ဆိုပြီး တစ်ကွင်းလုံးညံအောင်
အားပေးခဲ့ကြတာတွေကို လွမ်းတယ်
Physics ပဲစေ့ လို့ အခေါ်ခံရင် စိတ်ဆိုးပြီး
မေဂျာအချင်းချင်း ပြန်စခဲ့တာကိုလည်းလွမ်းတယ်
Practical ချိန်တွေ နောက်ကျရင် Stageစင်ပေါ်
ရပ်ရတဲ့ သူငယ်ချင်းတွေကိုလည်း လွမ်းတယ်
ဒိုင်းရအောင်လုပ် Lectureချိန်တွေပျက်ရင်
စာပြန်ရှင်းပြမယ်ဆိုတဲ့ အခန်းက အမာခံပရိတ်သတ်တွေကိုလည်းလွမ်းတယ်
ဒါလေးတော့ဖြစ်အောင်လုပ်မယ်ဆို အမြဲစည်းလုံးတဲ့ ရူပရိပ်ခို မောင်နှမတွေကို လွမ်းတယ်
လမ်းမှန်ကိုညွှန် အမုန်းခံသွန်သင်တဲ့ ဆရာ ဆရာမတို့ကို လွမ်းတယ်
Welcome ကျရင် အမြဲဆိုတတ်တဲ့ ဆရာကြီးရဲ့ အမဲလိုက်က သီချင်းသံနဲ့ ရိုးရာကမမ ကိုလည်းလွမ်းတယ်
ဆရာ့ရဲ့ ငါးမိနစ်ချေလောက် သီချင်းကို ဆရာနဲ့အတူ ဆိုခဲ့ရတဲ့ ကာလတွေကိုလည်းလွမ်းတယ်
မိသားစုပမာနွေးထွေးတဲ့ အမိရူပရင်ခွင်ရဲ့ အငွေ့အသက်ကို လွမ်းတယ်
ရူပဗေဒမိသားစုရဲ့ ထမနဲပွဲကိုလည်း လွမ်းတယ်
Water party စတုဒီသာအတွက် တပည့်တွေကို မေတ္တာပြည့်နဲ့ စောင့်ရှောက်လမ်းညွှန်ပေးတဲ့ ဆရာမတို့ကို လွမ််းတယ်
အမြဲပြုံးပြကြိုဆိုတတ်တဲ့ ချစ်ရတဲ့ ဆရာ ဆရာမတို့အားလုံးကို လွမ်းတယ်
ကျောင်းပြီးသွားလို့ ဋ္ဌာနနဲ့ဝေးခဲ့ရသလို
အမိရင်ခွင်ရိပ်ကို ခဏတာမျှ ဝေးကွာခဲ့ရသူတွေလည်း
မင်းကိုလွမ်းနေပါတယ် အဆောင်၉ရယ်