25/03/2023
တိုးတက်ပြောင်းလဲလာရေ ခေတ်စနစ်နန့်အညီ အသစ်ပြဋ္ဌာန်းလိုက်တေ KG+12 စနစ်သစ်ပညာရေး၏
အထက်တန်းအဆင့်(Grade -10, 11, 12)ကနိန်
ဇာပန်းတိုင်ကိုရောက်ဖို့အတွက် ဇာလမ်းကလျှောက်ရဖို့ဆိုစော် သတ်မှတ်ပီးထားပြီးသားဖြစ်ပါရေ။
စနစ်သစ်ပညာရေး၏ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့အတွက် စာသင်ပြရေဆရာနန့် စာသင်ကြားရေတပည့်ရို့ပါ အလိုက်တသင့်ပျင်ဆင်ထားရဖို့ လိုအပ်ပါရေ။
ရိုးသား ကြိုးစားချင်ရေ အနာဂတ်ကြယ်ပွင့်ဖြစ်တေ ကျောင်းသား၊ ကျောင်းသူချေတိကို
ကျွန်တော်ရို့ #မဟာပျိုးခင်း ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းက လှိုက်လှိုက်လှဲလှဲကြိုဆိုလိုက်ပါရေ။
ပညာသင်စရိတ်ကိုလေ့ အသင့်တော်ဆုံးဖြစ်အောင် စီစိုင်ပီးထားပါရေ။
တစ်နှစ်တာပညာသင်ကြေးအဖြစ် -
Grade-10 ကို 1200000 (ဆယ့်နှစ်သိန်းကျပ်)
Grade-11 ကို 1300000 (ဆယ့်သုံးသိန်းကျပ်)
Grade-12 ကို 1400000 (ဆယ့်လေးသိန်းကျပ်)
သတ်မှတ်ထားပါရေ။
နွီရာသီ English 4-skills, Basics Computer Course နန့် မြန်မာစာ စာစီစာကုံး+အဆိုရွီးနည်းရို့ကိုလေ့ အခမဲ့တက်ရဖို့ဖြစ်ပါရေ။
ပညာသင်ကြေးကိုလေ့ သုံးဖြတ်လောက်ခွဲလို့ပီးသွင်းနိုင်အောင် စီစိုင်ပီးလားဖို့ဖြစ်ပါရေ။
မိမိအိမ်ကလာတက်ဖို့ အချေတိအတွက်လေ့ လစိုင်ကြေးပီးသွင်းလို့ တက်နိုင်အောင် စီစိုင်ထားပါရေ။