Sayar Zaw Myint - AIBI Rakhine

Sayar Zaw Myint - AIBI Rakhine

Share

ကွန်ပျူတာ နည်းပညာသင်ခန်းစာများ မျှဝယ်ပေးသွားပါမည်

02/01/2024

✅ဝန်ထမ်းတွေကို အကောင်းဆုံး စီမံအုပ်ချုပ်နေရသူတွေအတွက်
💥Impressive Certificate in Micro MBA
(Employee, Management & Administration) 💥
လက်တွေ့လုပ်ငန်းတွေရဲ့ ရလာဒ်အတွက် ပို့ချမှာ ဖြစ်ပါတယ်။

""ဒီကနေ့ လုပ်ငန်းတွေ အောင်မြင်ရေးဆိုတာမှာ အခြားလုပ်ငန်းတွေနဲ့ ယှဥ်ပြိုင်ရာမှာ ပြိုင်ဆိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေး၊ စားသုံးသူဖေါက်သည်တွေ ရဲ့ စဥ်ဆက်မပြတ်အားပေးမှုရရေး ၊ စျေးကွက်ဝေစု ခိုင်မာနေရေး၊ အရောင်းနဲ့ ထုတ်လုပ်မှု မှန်မှန်မြင့်တက်နေရေး စတာစတာ တွေမှာ အဓိက နေရာမှာ ပါနေတဲ့ အချက်ကတော့ မိမိရဲ့ ဝန်ထမ်းတွေ ဘယ်လောက်တော်သလဲ ဆိုတာက အဆုံးအဖြတ်ပါပဲ။

မိမိဝန်ထမ်းတွေ ညံ့နေပြီ ဆိုရင်တော့ ကျန်တဲ့ Marketing , Selling, Public Relation, Customer Services, Operation Management စတဲ့ စနစ်တွေ ဘယ်လိုသုံးသုံး အကောင်အထည်ဖေါ်တဲ့ သူတွေ အားနည်းနေမှတော့ ရလာဒ်ကောင်းမရတော့ပါဘူး""

✅ဒီအတွက် လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ သူတွေမှန်သမျှ ထက်မြတ် ထူးချွန် သစ္စာရှိလာအောင် စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။

✅ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် Micro MBA (Employee Management) ကာလတို အချိန်ပိုင်း online အတန်းကို ဖွင့်ပေးပါမယ်။
လုပ်ငန်းအုပ်ချုပ်နေရသူတွေအတွက် အုပ်ချုပ်မှုဆိုင်ရာပြသာနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အဓိက ဆွေးနွေးပို့ချပါမယ်။

🎖️ဘယ်သူတွေ တက်နိုင်မလဲ ဆိုတာက
လက်ရှိ အလုပ်ကို တာဝန်ယူနေရသူတွေ၊
လုပ်ငန်းပိုင်ရှင်တွေ၊
လုပ်ငန်းထူထောင်မယ့်သူတွေ၊ မန်နေဂျာ လုပ်ချင်သူတွေ
MBA ဘွဲ့ တက်မယ့်သူတွေ ၊ လက်ရှိ BBA, MBA တက်နေသူတွေ ၊
Admin/ HR ဒီပလိုမာတက်နေသူ/ရပြီးသူတွေ၊
ပြည်ပမှာ စီမံခန့်ခွဲမှုပညာသင်သွားမယ့်သူတွေ ၊
အလုပ်ကို အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်ကြမယ့်သူတွေ တက်ကြရပါမယ်။ လက်ရှိ လုပ်ငန်းလုပ်နေရင် မဖြစ်မနေ တက်ရောက်ထားသင့်တဲ့ သင်တန်း ဖြစ်ပါတယ်။

✅ယခု ပထမအသုတ်မှာ သင်တန်းသား (၂၀) ထိသာ လက်ခံပါမယ်။
✅သင်ကြားမှု အစီအစဥ်က
တပါတ်မှာ (၂)ရက် စနေ၊ တနင်္ဂနွေ ည (၉) နာရီမှ (၁၀း၁၅)နာရီ ထိ ဖြစ်ပါတယ်။

✅သင်တန်းကာလ (၂)လ ဖြစ်ပါတယ်။
စာသင်ကြားမှုနဲ့ လက်တွေ့ အလုပ် ပြဿနာများ(Case Study)ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

✅သင်ခန်းစာ စာဖိုင် ၊ ဗီဒီယိုဖိုင်တွေလည်း ရရှိပါမယ်။

♦️သင်တန်း တက်နေရင်းကပင် ......လက်တွေ့ကျင့်သုံးနိုင်ရင်
ဝန်ထမ်းကောင်းတွေ ရရှိလာစေနိုင်ခြင်း၊
ဝန်ထမ်းကောင်းတွေ ဖြစ်လာစေနိုင်ခြင်း၊
သစ္စာရှိတဲ့ ဝန်ထမ်းတွေဖြစ်လာစေနိုင်ခြင်း၊
အလုပ်ထွက်နူန်း ၊ အလုပ်ပြောင်းရွေ့နူန်းလျော့ကျနိုင်ခြင်း၊
ဝန်ထမ်းပျော်ရွှင်ပြီးတက်ကြွကြိုးစားတဲ့ လုပ်ခွင် ဖြစ်လာခြင်း၊
ဝန်ထမ်းလေးစားချစ်ခင်တဲ့ အလုပ်ရှင် ဖြစ်လာခြင်း၊
လူငယ်တွေအတွက် စီမံအုပ်ချုပ်ရေးစွမ်းရည်မြင့်တက်လာခြင်း၊
လူအများကို ဦးဆောင်စီမံနိုင်ခြင်း၊
အလုပ်အကိုင်ကြီးတွေကို ထိမ်းကျောင်းတာဝန်ယူနိုင်လာခြင်း၊
စီးပွားရေးဘွဲ့ (BBA, MBA )တွေ ယူကြမယ့်သူတွေအတွက် လက်တွေ့လုပ်ငန်းအုပ်ချုပ်မှုကို သိနားလည်သွားတဲ့အတွက်
ကျောင်းစာတွေကို အလွတ်မှတ်သား နေရတာမျိုး မလိုတော့ပဲ အကောင်းဆုံးစာတမ်းတွေပါ ရေးသားပြင်နိုင်ခြင်း စတဲ့ စတဲ့ အားသာချက်တွေ ရရှိသွားမှာပါ။

♦️သင်ခန်းစာတွေက
(မြန်မာဘာသာစာအုပ်ရော အင်္ဂလိပ်ဘာသာစာအုပ်ရော(၂)မျိုးလုံး (pdf/word format)နဲ့ ရရှိပါမယ်။

သင်ခန်းစာခေါင်းစဉ်များ
♦️ဝန်ထမ်းစီမံခန့်ခွဲမှု ရဲ့ စီးပွားရေးအောင်မြင်မှုအပေါ်သက်ရောက်မှု၊
♦️လူပုဂ္ဂိုလ်စီမံခန်ခွဲမှု ဗျူဟာများနဲ့ အရည်အ‌သွေးများ၊
♦️ပဋိပက္ခစီမံခန်ခွဲ့ခြင်း၊
♦️စိတ်ခွန်အားမြှင်တင်ခြင်း၊ ဆက်သွယ်ဆက်ဆံရေးစီမံခြင်း၊
♦️အချိန်စီမံခန်ခွဲခြင်း၊
♦️ခေါင်းဆောင်မှုပုံစံများနင့် အရည်အသွေးများ၊
♦️ထိရောက်တဲ့ လုပ်သားစီမံမှုအတွက် ‌ဗျူဟာများ၊
♦️ဝန်ထမ်းကောင်းစုဆောင်းခြင်း၊လေ့ကျင့်ပျိုးထောင်ခြင်း၊
♦️စွမ်းဆောင်ရည်မြှင်တင်ခြင်း၊ စွမ်းဆောင်ရည်အကဲဖြတ်ခြင်း၊
♦️လုပ်သားတို့၏ ကုန်ထုတ်နိုင်စွမ်းမြှင်တင်ခြင်း၊
♦️ကုန်ထုတ်စွမ်းအားမြင့်တင်စေမည့် စီမံကွပ်ကဲမှုဗျူဟာများ၊
♦️ရည်မှန်းချက် ပန်းတိုင် သတ်မှတ်ခြင်း၊ အလုပ်တာဝန်သတ်မှတ်ခြင်း၊
♦️စွမ်းဆောင်ရည်မှတ်ချက်ပေးခြင်း၊
♦️လုပ်သားဆက်ဆံရေးကောင်းတည်ဆောက်ခြင်း၊
♦️အစုအဖွဲ့တည်ဆောက်ခြင်း၊တက်ကြွတဲ့ လုပ်ငန်းအဖွဲ့ဖေါ်ဆောင်ခြင်း၊
♦️လုပ်ငန်းအဖွဲ့၏ စွမ်းရည်မြှင့်တင်ခြင်း၊
♦️အလုပ်လည်ပတ်မှု သွတ်လက်စေမည့် စီမံခန့်ခွဲခြင်း၊ အချိန်၊ အလုပ် ၊ လုပ်အား ဟန်ချက်ညီစေခြင်း၊
♦️စားသုံးသူအတွက် တန်းဘိုးဖေါ်ထုတ်ခြင်း၊
♦️သာမန်ဝန်ထမ်းမှသည် အလုပ်စွမ်းအားပြည့်ဝန်ထမ်း၊ ထိုမှ စားသုံးသူကို တန်ဘိုးကို ရှေ့တန်းတင်တဲ့ဝန်ထမ်းဖြစ်အောင် မြှင်တင်ခြင်း၊
♦️စားသုံးသူဝန်ဆောင်ရေး ဆက်ဆံမှု အရည်အသွေးမြှင်တင်ခြင်း၊
♦️မိမိကိုယ်ပိုင် လုပ်ငန်းခွင်ယဉ်ကျေးမှုတည်ဆောက်ခြင်း၊
♦️ထူးချွန်ဝန်ထမ်းနေရာဆက်ခံသူပျိုးထောင်ခြင်း၊ အလုပ်ရာထူး တိုးတက်မှုပြင်ဆင်ပေးခြင်း၊
♦️လုပ်သားအလုပ်ထွက်နှုံး/အလုပ်ပြောင်းနှုံး လျော့ကျမည့် ဗျူဟာများ၊ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များစတာတွေ သင်ယူရပါမယ်။

✅တိုက်ရိုက်သင်တန်းအပ်နှံရန်
ဆရာမဒေါ်မြတ်မြတ်မိုး 09 422515713 KPay/ viber
https://web.facebook.com/dawmyatmyatmoe

✅ထားဝယ်မြို့အတွက် သင်တန်းအပ်နှံဆက်သွယ်ရန်
ဆရာမဒေါ်လွင်လွင်အေး 09 41004533
https://web.facebook.com/lwin.l.aye.372

✅မေမြို့ (ပြင်ဦးလွင်) အတွက် သင်တန်းအပ်ရန်
ဆရာမ ဒေါ်မေမြတ်နိူး 09 428113730
https://web.facebook.com/mamay.myat.165

✅တောင်ငူမြို့အတွက် သင်တန်းအပ်ရန်
ဆရာမ ဒေါခင်နွယ်ဝင်း 09 428198122
https://web.facebook.com/khinnqw.win

✅ရခိုင်ပြည်နယ် အတွက် သင်တန်းအပ်နှံရန်
ဆရာကိုဇော်မြင့် 09 262048696 / Viber - 09681134305
https://web.facebook.com/arakan.khantminnaing

Photos from Sayar Zaw Myint - AIBI Rakhine's post 24/12/2023

Google account ဖွင့်နည်း

၁. Browser တစ်ခုကိုဖွင့်ပါ
၂. Browser ရဲ့ Address Bar တွင် google.com လို့ရိုက်ထည့်ပါ
၃. Sign in ကိုနှိပ်ပါ
၄. Create Account ကိုနှိပ်ပါ
၅. For my personal used ကိုနှိပ်ပါ
၆. မိမိ အသုံးပြုမည့် First Name and Last Name ကို ရိုက်ထည့်ပါ။ (ဥပမ - Khant Min Naing ဆိုလျင် Khant Min ကို First Name မှာရိုက်ပါ Naing ကို Last Name မှာရိုက်ပါ)
၇. Birthday and Gender ကို မှန်ကန်စွာဖြည့်စွက်ပါ
၈. ဒီအဆင့်မှာတော ရွေးချယ်စရာတွေပါလာပါမယ် ပုံအရဆိုရင်တော ရွေးစာရာ သုံးခုပါလာပါမယ် အပေါ်က နှစ်ခုကတော မိမိကြိုက်နှစ်သက်တယ်ဆိုရင် တစ်ခုကို ရွေးချယ်ပြီး အသုံးပြုလို့ရပါတယ် တကယ်လို့ မိမိက အပေါ်မှာ ပါတဲ့ စာသားကို မကြိုက်ရင်တော Create your own Gmail address ကိုနှိပ်ပါ
၉. username ရိုက်ထည့်ပါ ( မှတ်ချက် - username ရိုက်လျှင် စာလုံး အကြီးစားမပါရပါ အလုံးအငယ်စားဖြစ်ရပါမည်) တစ်ယောက်ယောက်က ကို့ရဲ့ Gmail လိပ်စာကို တောင်းပါက [email protected] ကိုသာပေးရပါမယ်
၁၀. Password ရိုက်ထည့်ပါ အနည်းဆုံး ၈ လုံးဖြစ်ရပါမယ်
၁၁. Skip ကိုနှိပ်ပါ
၁၂. ဖုန်းနံပါတ်ရိုက်ထည့်ပါ ပြီးရင် Next ကိုနှိပ်ပါ
၁၃. Send ကိုနှိပ်ပါ
၁၄. မိမိ ဖုန်းထဲသို့ G- Code ၆ လုံးဝင်လာပါမယ် Code ကို ရိုက်ထည့်ပါ
၁၅. Yes, I'm in ကိုနှိပ်ပါ
၁၆. Next ကိုနှိပ်ပါ
၁၇. I agree ကိုနှိပ်လိုက်ပါ
Google Account အောင်မြင်စွာ ဖွင့်ပြီးပါပြီ။


04/12/2023

AI ကြော်ငြာ
AI နည်းပညာအသုံးချသင်တန်း
(ဒီဇင်ဘာလ promotion 50% discount)

၊♦️ ဒီကနေ့ခေတ်မှာ AI နည်းပညာဟာ မနက်မိုးလင်း အိပ်ယာထကစပြီး ည အိပ်စက်ချိန်ထိ ကျနော်တို့ နဲ့ အတူရှိနေပါပြီ။ မိမိရဲ့ ဖုန်းထဲမှာတင် AI Tools တွေကို ထိတွေ့ အသုံးချနိုင်နေပါပြီ။

လူတိုင်းဟာ AI နည်းပညာနဲ့ သူနဲ့ ဆက်စပ်တဲ့ AI Tools တွေကို အသုံးပြုနိုင်ဖို့လည်း အတော်လိုအပ်နေပါပြီ။

♦️ကလေးတွေလည်း AI နဲ့ သူတို့ပညာရေးကို စိတ်ကြိုက် အဆင့်မြှင့်လို့ ရပြီ။ သိပ္ပံ ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ဘာသာစကားမျိုးစုံ သင်ယူလေ့ကျင့် လို့ရပြီ။ အနုပညာဝါသနာပါရင်လည်း ပန်းချီ ၊ ဓါတ်ပုံ ၊ ဂီတ ၊ ရုပ်ရှင် ၊ ဗီဒီယို ၊ ကဗျာ၊ ဝတ္ထု ၊ ဇာတ်ညွှန်း သင်ယူ ဖန်တီးလို့ရပြီ။ မိမိ သုံးတတ်ရင် သုံးတတ်သလောက် အရာရာကို လုပ်နိုင်ပါပြီ။

ဒီကနေ့ ကျနော်တို့ အနေနဲ့
♦️AI ကို ဖန်တီးမယ့်အင်ဂျင်နီယာ အတတ်ပညာရှင် လုပ်ကြမလား ၊ ဒါမှ မဟုတ်

♦️AI Tools တွေကို သုံးပြီး အသုံးချကျွမ်းကျင်သူတွေဖြစ်တဲ့ ဓါတ်ပုံ၊ ဂရပ်စ်ဒီဇိုင်း၊ ဗီဒီယို၊ သက်ဝင်လှုပ်ရှားပုံရိပ် ဖန်တီးသူ၊ အင်တာနက်ဝဘ်ဒီဇိုင်း ပညာရှင်တွေ လုပ်မလား၊ AI Tools တွေနဲ့ စီးပွားရေးလုပ်ကြမလား ၊ ငွေကြေးဈေးကွက်ထဲဝင်မလား၊ အရောင်းမြှင့်တင်ကြမလား၊ ဈေးကွက်ရှာဖွေကြမလား၊ လုပ်ငန်းစီမံကိန်းတွေ လုပ်ကြမလား၊ ပညာရေးမှာ သင်ရိုးညွှန်းတန်းတွေ ၊ သင်ကြားရေးအစီအစဥ်တွေ ၊ မေးခွန်းတွေ၊ စာတမ်းတွေ ၊ စစ်ဆေးတာတွေ လုပ်မလား၊ လူမှုရေး၊ ကျန်းမာရေး နေ့စဉ် ဘဝတွေမှာ အဝတ်အစား ရွေးချယ်တာ၊ ဟင်းချက်တာတွေ အထိ နယ်ပယ်အစုံမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ကြပါပြီ။

♦️ ဒါဟာ AI ခေတ်ရဲ့ အစပဲ ရှိပါသေးတယ် ၊ နောက်နှစ်တွေမှာ ဒီထက် ပိုပြီး နေ့စဉ် ဘဝထဲမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတော့မှာပါ။ ရိုးရိုးကြိုး ဖုန်းကြီးတွေ ကနေ ဒီကနေ့ mobile phone တွေ tablet တွေ အဖြစ် ပြောင်းလဲလာတာ ထက် ပိုပြီးအရမ်းကို ထူးကဲ ထူခြားပါတယ်။ မလေ့လာခဲ့ရင်ပဲ မိမိဟာ ခေတ်တစ်ခု နောက်မှာ အိုမင်းသွားသူ ဖြစ်ရတော့မယ့် အခြေအနေပါ။

‼️ဒီလို သုံးဖို့အတွက် AI ကို စနစ်တကျ အခြေခံ နားလည်သုံးတတ်ဖို့တော့ ပြင်ဆင်ကြရပါတယ်။

♦️✅ ဒီ အတွက် ကျနော် အနေနဲ့ AI နည်းပညာတွေကို ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ် ၊ တက္ကသိုလ်တွေမှာ ပို့ချ ဟောပြော ပေးနေတဲ့ အပြင် အခု လူတိုင်းအတွက် AI နည်းပညာအခြေခံ က စပြီး အဆင့်မြင့် အထိ AI Technology နဲ့ AI Tools သင်တန်းတွေကို ဖွင့်လှစ်‌သွားပါမယ်။ နိုင်ငံတကာမှာ သင်တန်းတစ်ခုကို ဒေါ်လာ ၄၀ ‌ကျော် ကနေ ၄၀၀ ကျော်လောက် ကုန်ကျတဲ့ သင်ခန်းစာတွေကို အခု အထူး သက်သာတဲ့ နှုန်းထားနဲ့ သင်ကြားပေးပါမယ်။

(1)🔷✅AI အင်ဂျင်နီယာ လမ်းကြောင်းကိုသွားမယ့် သူတွေအတွက် AT Tech သင်တန်းများ (Python, Java programing,etc...)စသည့် အင်ဂျင်နီယာသင်တန်းများဖွင့်ပါမယ်။

(2)🔷✅AI Tools တွေကို ကျွမ်းကျင်သူ ဖြစ်လိုသူများအတွက် AI Tools သင်တန်းများ(AI Music, AI Graphic, AI Video, AI for Teachers, AI for Business owners, AI for Kids, etc...)စသည့် အသုံးချသင်တန်းများ ဖွင့်ပါမယ်။

🔷 ဘယ် လိုင်းကိုသွားသွား အရင်ဆုံး သိထားသင့်တာတွေ first step အတွက်

💥♦️ Artificial Intelligence Fundamentals ဉာဏ်ရည်တု နည်းပညာ အခြေခံသင်တန်း အရင်ဆုံး ဖွင့်ပါမယ် ။

✅သင်ခန်းစာတွေက
🎖️AI ဆိုတာ ဘာလဲ၊
🎖️AI ကို ဘာတွေနဲ့တည်ဆောက်ထားသလဲ။
🎖️AI ရဲ့ သမိုင်းကြောင်း၊
🎖️စွမ်းရည်အရ AI အမျိုးအစားများ၊
🎖️လုပ်ဆောင်ချက်အရ AI အမျိုးအစားများ၊
🎖️ယနေ့အသုံးပြုနေတဲ့ AI အမျိုးအစားများ၊
🎖️AI နည်းပညာသုံးထားတဲ့ Tools များ၊
🎖️အနုပညာအတွက် AI Tools များ အသုံးပြုခြင်း၊
🎖️တေးဂီတဖန်တီးမှုအတွက် AI Tools များ အသုံးပြုခြင်း၊
🎖️တေးသီချင်း ၊ ကဗျာ ၊ စာ ၊ ဝတ္တု ဇာတ်ညွှန်း ရေးသားမှုအတွက် AI Tools များ အသုံးပြုခြင်း၊
🎖️ပညာသင်ကြားရေးအတွက် AI Tools များ အသုံးပြုခြင်း၊
🎖️ဘာသာစကားသင်ကြားပေးတဲ့ AI Tools များ အသုံးပြုခြင်း၊
🎖️စီးပွားရေး စီမံခန့်ခွဲမှုအတွက် AI Tools များ အသုံးပြုခြင်း၊
🎖️ကျန်းမာရေး အတွက် AI Tools များ အသုံးပြုခြင်း ၊
🎖️ဘဝရပ်တည်ရေးအတွက် တိုင်ပင်ဖော် AI Tools များ အသုံးပြုခြင်း၊
🎖️မိခင်များအတွက် AI Tools များ အသုံးပြုခြင်းများ ကို သင်ယူလေ့လာရပါမယ်။

♦️သင်ကြားရေး ပုံစံ
Facebook နဲ့ Telegran group တွေမှာ Video & Zoom class ဗီဒီယို သင်ခန်းစာများ၊ စာဖိုင်များ၊ အပြင် အပါတ်စဉ် Zoom ဖြင့် ဆွေးနွေးပေးပါမည်။ zoom record လည်း တင်ပေးပါမည်။

♦️ ပြည်တွင်း၊ ပြည်ပမှာ AI လုပ်ငန်းခွင်သို့ ဝင်ရောက်လိုသူများ အတွက် assessment လုပ်ပြီး အောင်မြင်မှု အရ Level အလိုက် Certificates ပေးအပ်ပါမည်။ နိုင်ငံခြား Certified AI Expert အတွက်လည်း ပြင်ဆင်ပေးပါမည်။

♦️ ပထမဆုံး သင်တန်းအပ်သူများအတွက် စောလျင်ဆုကြေး ၅၀% ရရှိပါမည်။

♦️ သင်တန်းကြေး (၅)သောင်းကျပ် ၊ (ယခုလ promotion 50% discount)🎁၂၅၀၀၀ ကျပ်သာ သွင်းရပါမည်။

♦️Daw Myat Myat Moe KPay 09 422 515 713 (သို့) U Maung Maung Oo AYAPay 09 422 496 600 သို့ ပေးသွင်းပြီး အဆိုပါ ဖုန်းနံပါတ်များသို့ viber, telegram, page massage တို့မှ ငွေသွင်း ss ပေးပို့ အပ်နှံနိုင်ပါသည်။

♦️ယခု ဒီဇင်ဘာလ မှ စတင်ပါမည်။

သင်တန်းအပ်ပြီးသူများ ကို fb group telegram group များထဲသို့ ဝင်‌ ရောက်ရမည့် Link ပို့ပါမည်။ group များထဲသို့ ထည့်သွင်းပေးပါမည်။
🌹ကျနော့်ရဲ့ မိတ်ဆွေများခင်ဗျာ ... မိမိတို့ရဲ့မိတ်ဆွေများကို အသိပေးနိုင်ဖို့ ဒီပို့စ် ကို share ပေးကြပါဦး 🌹






Photos from Sayar Zaw Myint - AIBI Rakhine's post 11/11/2023

120000ကျပ်တန် သင်တန်းကြီးကို ယခု 30000ကျပ် ဖြင့် စာရင်းသွင်းပါ___________

AIBI Myanmar & AIBI Rakhine မှ ဖွင့်လှစ်မည့် ကွန်ပျူတာ လက်တွေ့အသုံးချ ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာပညာ အတတ်သင် သင်တန်း online တန်းခွဲသစ်ကို November 25 ရက်နေ့တွင် စတင် မိတ်ဆက် ဖွင့်လှစ်ပေးသွားပါမည်။ မိမိဖုန်းထဲမှ သင်ခန်းစာများကို မိမိကွန်ပျူတာတွင် လက်တွေ့ လိုက်ပါ လေ့ကျင့်သင်ယူနိုင်ပါတယ်။ သင်တန်းကျောင်းတွေကို သွားရတဲ့ အချိန်ကုန်သက်သာမှုအပြင် မိမိအားတဲ့အချိန်မှာ ဖုန်းနဲ့ ဖွင့်ကြည့်ပြီး အခါခါလေ့ကျင့်နိုင်တဲ့အတွက် ပိုပြီးအတတ်မြန်စေပါမယ်။

အခုခေတ်မှာ အလုပ်အကိုင်ကောင်းပြီး လူငယ်အများစု ရွေးချယ်သင့်တဲ့ ပညာရပ်တွေထဲက “IT ” ပညာရပ်တွေကို စတင်တက်ရောက်ဖို့ အခြေခံကစ စနစ်တကျ AIBI ရဲ့ i-Office Computing Pragrom ကို ဖွင့်လှစ်ပေးသွားပါမည်

🛑ဘယ်သူတွေ တက်ရောက်သင့်လဲ့?
➖➖➖➖➖➖➖➖➖➖

✅ (၉)တန်း၊ (၁၀)တန်း ကျောင်းသား ကျောင်းသူများ
✅ တက္ကသိုလ် တက်နေသူများ
✅ လုပ်ငန်းခွင် အတွင်းဝင်ရောက်ပြီး အလုပ်လုပ်ကိုင်နေသူများ
✅ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်လိုသူများ
✅ အကြောင်းအမျိုးမျိုးကြောင်း (၁၀) တန်းမအောင်သူများ
✅ ပညာရေး တစ်ပိုင်တစ်စဖြင့် လက်ရှိပညာရေးရပ်တန့်ထားရသော လူငယ်များ အတွက် ရည်ရွယ်ပြင်ဆင်ထားသည့် သင်တန်းတစ်ခုဖြစ်ပါသည်။

🛑သင်ကြားမည့်အကြောင်းအရာများ
➖➖➖➖➖➖➖➖➖➖➖➖➖

⏺ ICT Foundation
⏺ Window Operation System
⏺ English & Myanmar Unicode Typing
⏺ Advanced Microsoft Office Word 2019
⏺ Intermediate Microsoft Office Excel 2019
⏺ Advanced Microsoft Office PowerPoint 2019
⏺ Network Foundation
⏺ One Drive
⏺ Google Drive
⏺ Google Contact
⏺ Google Calendar
⏺ Google Forms အစရှိသော ဘာသာရပ်များကို သင်ယူလေ့လာရမှာဖြစ်ပါတယ်

***Certification.....................
📌သင်တန်းကျောင်းချိန်မှန်ပြီး အရည်အသွေးအကဲဖြတ်စာမေးပွဲကိုအောင်မြင်သူတိုင်းကို AIBI Institute မှ Achievement Certificate, Program of i-office Computing Certificate ကို အပ်နှင်းပါမယ်။ AIBI ကျောင်းဆင်းပွဲကျင့်ပသည့်အခါတွင်လဲ့ ဂုဏ်ယူစွာတက်ရောက် ရယူနိုင်ပါမည်။

🛑သင်တန်းချိန် နဲ့ သင်တန်းကြေး
➖➖➖➖➖➖➖➖➖➖➖➖➖

📅နေ့ရက် - တနင်္လာ မှ သောကြာ
⏰သင်တန်းချိန် - သင်ခန်းစာများကို 8:00 pm မှာ တင်ပေးပါမယ်။
🔷သင်တန်းစမည့်နေ့ - 25th Nov 2023 (Sunday) မိဆက်သင်ကြားမည်
🔴သင်တန်းကြေး - 30000 Kyats

ယခုအတန်းတွင် သင်တန်းသား ဦး‌ရေ ကန့်သတ်ထားပြီး (၁၀၀)ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။ November လ ဒုတိယအပတ်နောက်ဆုံးထား သင်တန်းအပ်သူများအတွက် Discount 5000 Kyats ကို လျော့ပေးသွားမည် ဖြစ်ပြီး သင်တန်းကြေး 25000 Kyats သာပေးသွင်း တက်ရောက်ရမည် ဖြစ်ပါသည်။

သင်တန်း နှင့် ပတ်သတ်လို့ အသေးစိတ်သိရှိလိုပါက 09262048696 ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်သလို Page Messenger မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။






18/10/2023

🇹🇭 Scholarship 50% အထိလျှောက်ထားနိုင်မယ့် တက္ကသိုလ်များနှင့် လိုအပ်ချက်များ၊

🇹🇭 2024 မှစပြီး ရွေးချယ်တက်ရောက်နိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားတဲ့ မေဂျာအသစ်များ၊

🇹🇭 ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှာ ရွေးချယ်တက်ရောက်နိုင်မယ့် မေဂျာများကို ပြည့်ပြည့်စုံစုံသိရှိခွင့်ရမယ့်အပြင်

🇹🇭 တက္ကသိုလ် အသီးသီး၏တာဝန်ရှိသူများနှင့် သိလိုသမျှ တိုက်ရိုက်‌ဆွေးနွေးမေးမြန်းနိုင်ဖို့၊

🇹🇭 တက္ကသိုလ်များအကြောင်း၊ ကျောင်းဝင်ခွင့်များ၊ ကျောင်းကုန်ကျစရိတ်များအပြင် ကျောင်းမတက်ခင် ပြင်ဆင်ထားရမယ့်အချက်များကို ဂဃနဏသိရှိထားနိုင်ဖို့အတွက်

🇹🇭 ထိုင်းနိုင်ငံမှာ သွားရောက်ပညာသင်ယူလိုသူများ လက်မလွှတ်သင့်တဲ့ Virtual Thailand Education Fair 🇹🇭

⏰ Date - 20th October (Friday)
📅 Time - 12:00 PM to 6:00 PM
💻 Venue - Zoom
(မိမိစိတ်ဝင်စားသည့် session တစ်ခုချင်းစီကို ရွေးချယ်တက်ရောက်နိုင်ပြီး အောက်တွင် အချိန်ဇယားအသေးစိတ်ဖော်ပြထားပါသည်)
◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙
🏆Virtual Thailand Education Fair တွင်ပါဝင်သွားမည့် တက္ကသိုလ်/ကောလိပ်များ🏆
🇹🇭 Stamford International University (12:00 PM - 1:00 PM)
🇹🇭 Raffles International College Bangkok (1:00 PM - 2:00 PM)
🇹🇭 Rangsit University (2:00 PM - 3:00 PM)
🇹🇭 Asian Institute of Hospitality Management (AIHM) (3:00 PM - 4:00 PM)
🇹🇭 Assumption University (4:00 PM - 5:00 PM)
🇹🇭 Bangkok University (5:00 PM - 6:00 PM)

📣 ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►► 09 514 8848
📣 page messenger မှ စာရင်းပေးသွင်းရန် ►► m.me/sr.worldwide.education
(Page messenger မှ Virtual Education Fair တက်ရောက်ရန် Zoom Link ကိုပြန်လည်ပေးပို့ပေးမည်ဖြစ်ပါတယ်)






18/10/2023

"AI Model တွေ သုံးတဲ့ အခါမှာ Text Prompts တွေ မှန်အောင်သုံးနိုင်ပါမှ ရလာဒ်အဖြေကောင်းကို ရရှိတာပါ။ စာတွေပဲ မေးမေး ၊ ဓါတ်ပုံတွေ ဗီဒီယိုတွေပဲ ဖန်တီး ဖန်တီး ၊ မိမိကိုယ်တိုင် Text Prompts တွေ ပြင်ဆင်နိုင်အောင် လေ့လာဖို့လည်း လိုပါတယ်။"

"AI Model တွေ သုံးတဲ့ အခါမှာ Text Prompts တွေ မှန်အောင်သုံးနိုင်ပါမှ ရလာဒ်အဖြေကောင်းကို ရရှိတာပါ။ စာတွေပဲ မေးမေး ၊ ဓါတ်ပုံတွေ ဗီဒီယိုတွေပဲ ဖန်တီး ဖန်တီး ၊ မိမိကိုယ်တိုင် Text Prompts တွေ ပြင်ဆင်နိုင်အောင် လေ့လာဖို့လည်း လိုပါတယ်။"

♦️ AI ဆိုတဲ့ ဉာဏ်ရည်တုနည်းပညာဟာ ဒီကနေ့ ကမ္ဘာကြီးကို ခေတ်သစ်တစ်ခုဆီကို ခေါ်ဆောင်သွားခဲ့ပါပြီ။ ကွန်ပျူတာတွေ တီထွင်ခဲ့ကြပြီး ၁၉၅၆ ‌ခုနှစ်လောက်ကတည်းက ဉာဏ်ရည်တုနည်းပညာ ဆိုတာကို စတင်ချီတက်ခဲ့ကြတာပါ ၊ ဒီနောက်မှာ စက်သင်ယူခြင်း နည်းပညာ Machine Learning ပေါ်ထွက်လာပြီး AI ရဲ့ တီထွင်မှုခရီး အဆင့်မြင့်လာခဲ့ပါတယ် ၊ ဒီနောက်မှာတော့ Deep learning နက်ရှိုင်းတဲ့ သင်ယူမှုနည်းပညာ ပေါ်လာပြီးနောက်မှာတော့ AI ဟာ အလွန်ကို တိုးတက်လာခဲ့ပြီး ဒီနေ့ ဆိုရင်ပဲ AI ဟာ ကျနော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ ထင်သာမြင်သာ အဖြစ်နဲ့ရော မထင်သာမမြင်သာ အဖြစ်နဲ့ရော ပါဝင်နေပါပြီ။ ဒီကနေ့ ကျနော်တို့ အသုံးပြုနေတဲ့ အင်တာနက်စာမျက်နှာတွေ ၊ ဆိုရှယ်မီဒီယာတွေ ၊ လုပ်ငန်းသုံးအသုံးချ ဆော့ဝဲတွေ ၊ မိုဘိုင်းအက်တွေရဲ့ အချို့ကဏ္ဍတွေမှာ ကျနော်တို့ မသိလိုက်ပဲ AI ဟာ ပါဝင်နေတာ ဖြစ်ပါတယ်။

♦️ ကျနော့်တို့ ကိုယ်တိုင်ပဲ AI ကို လုပ်ငန်းနဲ့ နေ့စဉ်ဘဝအတွက် အသုံးချနေကြရပါတယ်။ ထင်သာမြင်သာတာကတော့ AI ဟာ ကျနော်တို့ရဲ့ ဒစ်ဂျစ်တယ်လက်ထောက်တစ်ဦး ဖြစ်လာတာပါပဲ။ ကျနော်တို့ ရဲ့ ဖုန်းထဲမှာ ၊ လက်တော့ထဲမှာ ၊ တက်ပလက်ထဲ့မှာ AI အသုံးချဆော့ဝဲတွေ ထည့်သွင်းပြီး နေ့စဉ်အလုပ်တွေ လုပ်နေကြပါပြီ။ လုပ်ငန်းရှင်တွေအဖို့ စီးပွားရေးစီမံချက်တွေ Business Plan ပဲ ရေးမလား၊ လုပ်ငန်းအစီအစဉ်တွေပဲ Business Idea စဉ်စားခိုင်းမလား၊ အလုပ်ကြော်ငြာတွေ Advertising ဖန်တီးခိုင်းမလား၊ စားသုံးသူတွေနဲ့ ဆက်ဆံရေး customer relationship တည်ဆောက်မလား၊ လူ့စွမ်းအားစီမံခန့်ခွဲရေး HR ကဏ္ဍ၊ ဈေးကွက်ရှာဖွေရေး Marketing ကဏ္ဍ၊ စာရင်းနဲ့ ငွေကြေး Financial & Accounting ကဏ္ဍ ၊ လုပ်ငန်းလည်ပတ်ရေးစီမံခန့်ခွဲတာ Operating Management ၊ ကုန်ပစ္စည်းထုတ်လုပ်မှု ကနေ သယ်ယူသို‌လှောင် ရောင်းဝယ်ဖေါက်ကား သည်အထိ AI နည်းပညာတွေကို သုံးနေကြပါပြီ။ အနုပညာလောကမှာလည်း ဓါတ်ပုံ ၊ ဂရပ်ဖစ် ၊ ဗီဒီယို ၊ သက်ဝင်လှုပ်ရှားပုံရိပ်များ၊ ရုပ်ရှင်တွေ ၊ တေးသီချင်း၊ တေးဂီတ ဖန်တီးတာတွေ စတဲ့ စတဲ့ အလွှာစုံဟာ AI ကို ထိထိရောက်ရောက် အသုံးချနေတာ တွေ့ရပါမယ်။ မိခင်တွေ အဖို့ ကလေးကို ပိုမိုစောင့်ရှောက်နိုင်ဖို့ အကူအညီ အများကြီးရနိုင်သလို လူတိုင်းအတွက် မိမိရဲ့ ကျန်းမာရေးကို အထောက်အကူ ပေးတဲ့ မိမိလက်တကမ်းက အရာ ဖြစ်လာခဲ့ပါပြီ။ မွေးဖွားလာတဲ့ ကလေးငယ်လေးများ ကနေ သက်ကြီးရွယ်အိုတွေအထိ AI ရဲ့ ဘက်စုံအထောက်အကူကို ရယူအသုံးချနိုင်ပါတယ်။

♦️ AI ကို ထိထိရောက်ရောက် အသုံးပြုချင်ရင်တော့ AI တည်ဆောက်ထားမှုကို နားလည်ဖို့လိုပြီး AI ကို ခိုင်းစေတတ်ဖို့ လိုပါတယ်။ ဒီကနေ့မှာတော့ AI ကို ကျနော်တို့က အသံနဲ့ ဖြစ်စေ စာရေးသားပြီးဖြစ်စေ ခိုင်းစေနိုင်ပါပြီ။ ဒီနေရာမှာ လူသားတစ်ဦးလို AI ကို ခိုင်းလို့ရဖို့ ရလာဒ်ကောင်းရဖို့ ဆိုရင် ခိုင်းစေ အမိန့်ပေးရမယ့် နည်းလမ်းတွေကို သိဖို့လိုပါတယ်။ ဒီတော့ AI ကို မိမိတကိုယ်ရေ ထိထိရောက်သုံးချင်ရင် နည်းလမ်းတွေကို လေ့လာကြရပါမယ်။ စာသားတွေနဲ့ ခိုင်းစေမယ်ဆိုရင် စာသား Text Prompts တွေကို ရေးသားခိုင်းစေတတ်မှ လိုချင်တဲ့ ရလာဒ်ကို ရမှာ ဖြစ်ပါတယ်။

♦️ Text Prompt engineering ကို တတ်ကျွမ်းအသုံးချနိုင်ရပါမယ်။
Text Prompts ဆိုတာဟာ ခိုင်းစေလိုတဲ့ လူသားနဲ့ အလုပ်လုပ်ပေးရမယ့် AI ရဲ့ LLM ဘာသာစကားမော်ဒယ်အကြားမှာ အပြန်အလှန် ဆက်သွယ်မှုဖြစ်ပြီး လူသားရည်ရွယ်တဲ့ ရလာဒ်ကို ထုတ်ပေးနိုင်ဖို့ ဖြစ်ပါတယ် ။ လူသားနဲ့ စက်အကြား အပြန်အလှန်တုန့်ပြန်မှုဟာ မေးခွန်း၊ စာသား၊ ကုတ် စတဲ့ နမူနာပုံစံတွေ ဖြစ်ပါတယ်။ AI ရဲ့ ဘာသာစကားမော်ဒယ် LLM ဟာ ထည့်သွင်းပေးတဲ့ Text Prompts အပေါ်မှာ မူတည်ပြီး ရလာဒ်ကို ဖေါ်ထုတ်ပေးပါတယ်။ Prompts ဟာ AI model အတွက် လုံလောက်တဲ့ အချက်အလက်တွေကို ပေးရတာဖြစ်ပါတယ်။

♦️ မည်သို့သော အကြောင်းကိစ္စကို မဆို AI modelက တိကျမှန်ကန်တဲ့ လိုချင်တဲ့ ရလာဒ်ထွက်လာဖို့ဟာ AI Prompts ဟာ အရေးကြီးပါတယ်။

♦️ AI prompts တွေက AI ရဲ့ machine learning စက်သင်ယူမှူပုံစံအတွက် တိကျတဲ့ ညွှန်ကြားချက်ကို ပေးစွမ်းနိုင်ပြီး အလိုရှိတဲ့ ရလာဒ်ကို ထွက်ပေါ်စေပါတယ်။ AI prompts တွေဟာ AI ရဲ့ Large language model နဲ့ Machine learning ကို တိကျတဲ့ ညွှန်ကြားမှု ပေးရပြီး အသုံးပြုသူရဲ့ မေးမြန်းမှု၊ ခိုင်းစေမှု ၊ ထည့်သွင်းမှုတွေ ကို ဆန်းစစ်နားလည်ပြီးလုပ်ဆောင်ပေးဖို့ Natural language processing နဲ့ Deep learning algorithms တွေကို အသုံးပြုပါတယ်။ AI Model တစ်ခုကို Prompts ပေးတဲ့ အခါတိုင်းမှာ ဒါတွေဟာ များပြားလှတဲ့ ဒေတာအချက်အလက်တွေနဲ့ ပါဝင်လေ့ကျင့်ပေးထားတဲ့ သင်ယူခဲ့တဲ့ ပုံစံများအတိုင်း အဆင့်ဆင့် ဖြတ်သန်းသွားပြီး တွက်ချက်ပါတယ်။ ဒီ လုပ်ငန်းစဥ်ကို အနုမာနလို့ ရည်ညွှန်းပြီး ထည့်သွင်းလိုက်တဲ့ Prompts နဲ့ Large data sets အပေါ်မှာ အခြေခံပြီး ဆက်နွယ်တဲ့ ဖြစ်နိုင်ချေတွေကို တွက်ချက်ပါတယ်။ မိမိ လိုချင်တဲ့ ရလာဒ် အတိအကျ ရရှိဖို့ရာမှာ မိမိထည့်သွင်းလိုက်တဲ့ Prompts ဟာ တိကျမှု ရှိရပါမယ်။

♦️ ဒီကနေ့ အသုံးပြုသူအချို့ဟာ ဒါကို သတိမပြုမိကြတဲ့ အခါမှာ ယေဘူယျရလာဒ်တွေကိုသာ ရကြပါတယ်။ ဥပမာ “ဆောင်းရာသီအကြောင်း စာစီစာကုံးရေးပါ” ဒါဟာ ယေဘူယျဆန်ပြီး တိကျမှု မရှိတဲ့အတွက် သာမန်စာစီစာကုံးတစ်ခု ကိုသာ AI က ထုတ်ပေးပါလိမ့်မယ်။ တကယ်တန်းမှာ မေးခွန်းမှာ မိမိလိုချင်တဲ့ ရလာဒ်အတွက် စာစီစာကုံးအမျိုးအစား၊ ခေါင်းစဥ်၊ ရည်ရွယ်စာဖတ်ပရိတ်သတ်၊ စကားလုံးအရေအတွက်၊ စာပုဒ်ခွဲမှု၊ အရေးအသားပုံစံ စတဲ့ စတဲ့ အချက်အလက် အပြည့်အစုံပါဝင်ပြီး ပုံစံမှန်မှန် ထည့်သွင်းပေးလိုက်ရပါမယ်။ အဲ့ဒီတော့မှ ပြည့်စုံတဲ့ စာစီစာကုံးတစ်ပုဒ်ရရှိမှာ ဖြစ်ပါတယ်။

♦️ AI prompts တွေကို မှန်မှန်ကန်ကန် သုံးနိုင်တဲ့အခါမှာ မြန်ဆန်တိကျခြင်း၊ AI Model က မိမိရဲ့ အရင်မေးမြန်းချက်တွေ ကိုပါ မှတ်သားထားတဲ့အတွက် နောက်ထပ်မေးမြန်းမှုတွေ မှာ AI Model က ပိုမို ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားပေးနိုင်ခြင်း၊ မိမိလိုချင်တာကို ပိုမို နားလည်ပြီး မိမိအတွက် စိတ်ကြိုက်အခြေအနေကို ဖန်တီးပေးနိုင်ပါတယ်။

♦️ AI prompts တွေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ အကြံပေးလိုတာကတော့ ပထမဆုံး မိမိလိုချင်တဲ့ ရလာဒ်ကို သတ်မှတ်ပါ၊ လူအချင်းချင်းတောင် ဝေဝါးတဲ့ အဓိပ္ပါယ် အမျိုးမျိုး ရှိတဲ့ အငြင်းပွားဖွယ် စာသားတွေ မသုံးသင့်ပါဘူး။ AI Model က လက်ခံတဲ့ ပုံသဏ္ဍာန်တွေ၊ အရောင်တွေ၊ အရောင်အသွေးတွေ၊ ပုံစံတွေ၊ အလှဖန်တီးမှုပုံစံတွေ လိုမျိုး အင်္ဂါရပ်တွေအပေါ်မှာ တိကျတဲ့ ညွှန်ကြားချက်တွေ ၊ AI ရဲ့ ရှာဖွေရေးအင်ဂျင် ပိုမိုကောင်းမွန်အောင် အဓိကစကားလုံးတွေ၊ စကားစုတွေ ပါဝင်မှ သာလျှင် မှန်ကန်တိကျတဲ့ ရလာဒ်ကို ရရှိမှာ ဖြစ်ပါတယ်။

♦️AI Model ကို မရောထွေးသွားစေဖို့ ကွဲလွဲနိုင်တဲ့ အသုံးအနှုန်းတွေကို ရှောင်ရှားရပါမယ်။ ဥပမာအားဖြင့် AI prompts မှာ "abstract" နဲ့ "realistic" နှစ်မျိုးလုံးကို ရောထွေး မသုံးရပါဘူး။ ဒီလို သုံးစွဲထည့်သွင်းခဲ့ရင် AI ဂျင်နရေတာမှာ ရှုပ်ထွေးစေပြီး မလိုလားအပ်တဲ့ output ရလာဒ်ကို သာ ထုတ်ပေးပါလိမ့်မယ်။ AI Model ရဲ့ ကန့်သတ်ချက်တွေနဲ့ ညှိခဲ့ရင်၊ ဒါမှ မဟုတ် သိပ်ရှုပ်ထွေးခဲ့ရင် မေးခွန်းမေးနေတာကို ပြောင်းလဲလိုက်ဖို့ အသိပေးမှာ ဖြစ်သလို တခါတခါမှာ ရပ်လိုက်မှာ ဖြစ်ပါတယ်။ AI Model တွေ ကို အကောင်းဆုံး အသုံးချနိုင်ကြပါစေ။

U Maung Maung Oo
President, AIBI Myanmar
CEO, Ntt SysNet Digital Solutions

Want your school to be the top-listed School/college in Sittwe?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Sittwe