Arakanese Nurse '

Arakanese Nurse ' အာချောင်ပေ့ချ်

Monday Menu လေးနော် ချစ်တို့ 🤘အသားပဲစားမနေကြနဲ့ အသီးရွက်လည်းစားကြ ဟုတ်ပီလား
17/06/2024

Monday Menu လေးနော် ချစ်တို့ 🤘
အသားပဲစားမနေကြနဲ့ အသီးရွက်လည်းစားကြ ဟုတ်ပီလား

31/05/2024

ဆရာမလေးကို ချစ်တယ်ဆိုပြီး
ရည်းစားရသွားတဲ့ ကောင်လေးတွေ အားလုံး မင်္ဂလာပါ 🔴💭

19/05/2024

သီချင်းဆိုတုန်းကတော့ ဒီလောက်ထိ
ခွဲရမယ်လို့ ဘယ်ထင်ထားမလဲကွယ်...

28th batch, NMTS. Sittwe.
📷 Tun Naing Xoe

12/05/2024

Interantional Nurse Day ဆုတောင်း💔
ရခိုင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်အားလုံး ကာကွယ်ဆေး ထိုးခွင့် ရကြပါစေ...

(၂.၁.၂၀၂၄) နေ့ စစ်တွေသူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ လာမည့် ကျောင်းသူ၊ကျောင်းသားများ  ယူဆောင်လာရမည့် စာရွက်စာတမ်း...
17/12/2023

(၂.၁.၂၀၂၄) နေ့ စစ်တွေသူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ လာမည့် ကျောင်းသူ၊ကျောင်းသားများ ယူဆောင်လာရမည့် စာရွက်စာတမ်းများ။

၁။ Passport ပုံ ၃ ပုံ (လက်ရှိပုံ)

၂။ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း+မိတ္တူ ၁ စောင်

၃။ မိဘအုပ်ထိန်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း+မိတ္တူ ၁ စောင်

၄။ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်း+မိတ္တူ ၁ စောင်

၅။ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ င်းတစ်စောင်

၆။ တက္ကသိုလ် ရပ်နားကြောင်း သို့မဟုတ် နှုတ်ထွက်စာ မူရင်းတစ်စောင်

၇။ ကျောင်းဝန်ခံကတိစာချုပ် ချုပ်ဆိုရန် မိဘအုပ်ထိန်းသူတစ်ဦးနှင့် အသိသက်သေ နှစ်ဦးပါလာရမည်။

၈။ ကျောင်းသူ/သားများ ကိုယ်/စိတ် ကျန်းမာရေးကောင်း၊ မကောင်းကို ကျောင်းအပ်လက်ခံပြီးမှ စစ်ဆေးပေးသွားမည်ဖြစ်သည်။

၁၀။ အိပ်ဆောင်နေရာများကို မဲစနစ်ဖြင့် နေထိုင်ခွင့်ပြုသွားမည်ဖြစ်သည်။

📌မှတ်ချက်📌
အိပ်ဆောင်နေထိုင်ခွင့်ရရှိပြီးမှသာ အိပ်ဆောင်ပစ္စည်းများကိုယူလာကြပါရန်။
#ပုံ_School_Uniform

12/10/2023

ဒီနေ့ Final တန်းတွေ ကျောင်းမရောက်ပါဘူး..
NMTS BATCH 27th
ကျောင်းပြီးသွားကြလို့ ဂုဏ်ယူပါတယ်...
သံယောဇဥ်ရှိသူတွေကတော့ လွမ်းကျန်ရစ်အုံးမှာပါ
Batch အနီရောင်နဲ့ nursing student uniform တွေကို ဒီနှစ်ကုန်ထိ ကျောင်းမှာ ထပ်မတွေ့ရတော့ပါဘူး...

Congrats ပါ အစ်ကိုကြီးအစ်မကြီးတို့🫶🫵

လုပ်ငန်းခွင်မှာပြန်ဆုံဖြစ်ခဲ့ကြရင်လည်း ခေါ်ပါအုံး..

သတိရကျန်ခဲ့ကြမှာပါ🌻

၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်းလျှောက်လွှာပြန်ခေါ်နေပါပြီနော်​လျှောက်လွှာတွေကို 18.8.2023...
16/08/2023

၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်းလျှောက်လွှာပြန်ခေါ်နေပါပြီနော်
​လျှောက်လွှာတွေကို 18.8.2023 နေ့မှစ၍
နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနများတွင် ထုတ်ယူလျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်
* သူနာပြု ၃ နှစ်သင်တန်းအတွက် ကျားမ မရွေးလျှောက်ထားနိုင်ပြီး
သားဖွား ၂ နှစ်သင်တန်းအတွက် မိန်းကလေး သာ လျှောက်ထားနိုင်ပါမည် *
2023ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအနေဖြင့်
ယခုနှစ်တွင် လျှောက်၍မရသေးပါ ❌
2023အောင်မြင်ထားသူမှလွဲ ရှေပိုင်းခုနှစ်အောင်မြင်သူများ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း
အိမ်ထောင်မရှိတဲ့မည်သူမဆို လျှောက်ထားနိုင်ပါသည် ✅

*** ဝင်ခွင့်ဖြေဆိုရန်မလိုပါ တက္ကသိုလ်ဝင်တန်းအောင်
ရှေ့သုံးဘာသာ ရမှတ် ဖြင့် ခေါ်ယူခြင်းဖြစ်ပါသည် ***✅
@ Student's Union

Edit .အောက်တွင်ဖော်ပြထားသော လျှောက်လွှာပုံသည်
လျှောက်လွှာပုံစံသိ​စေရန် ပြထားခြင်းသာဖစ်သည်
ရခိုင်ပြည်နယ်အတွက်ပါ။ တခြားတိုင်းပြည်နယ်မှာ ခေါ်မခေါ်မပြောတတ်ပါဘူး
ခုက ရခိုင်ပြည်နယ်မှာ အသစ်ထပ်ခေါ်တာပါ
၃လ ပိုင်းက လျှောက်လွှာတွေက Disaster ဖစ်သွားတော့
ပယ်မလား အ့ထဲက ဆက်ခေါ်မလား မပြောတတ်ပါဘူး
Information ရသလောက်တင်ပေးခြင်းဖြစ်ပါတယ် 👍

"သူနာပြုသိပ္ပံ (ပေါင်းကူး) B.N.Sc (Bridge) Off-Campus Program ၂ နှစ်သင်တန်း လျှောက်လွှာ ခေါ်ယူခြင်း" လျှောက်လွှာပိတ်သည့်...
15/08/2023

"သူနာပြုသိပ္ပံ (ပေါင်းကူး) B.N.Sc (Bridge) Off-Campus Program ၂ နှစ်သင်တန်း လျှောက်လွှာ ခေါ်ယူခြင်း"

လျှောက်လွှာပိတ်သည့် (၆-၁၀-၂၀၂၃) ရက်နေ့တွင် အနည်းဆုံး သူနာပြုလုပ်သက်(၁၀) နှစ်ပြည့်ပြီးသူ နိုင်ငံ့တာဝန်ထမ်းဆောင်ဆဲ လုပ်ငန်းခွင်မှ သူနာပြုများ လျှောက်ခွင့်ရှိသည်။

လျှောက်လွှာပိတ်ရက်- 6.10.2023

ခုံအမှတ်စာရင်းထုတ်ပြန်မည့်ရက်- 27.10.2023

ဖြေဆိုခွင့်ကတ်ထုတ်ပေးမည့်ရက်- (9.11.2023-10.11.2023)

ရေးဖြေစာမေးပွဲဖြေဆိုရမည့်ရက်- (13.11.2023)
(9-11 am) မေးခွန်းလွှာ(၁) သူနာပြုစုမှုပညာဘာသာရပ်များ
(1-3 pm) မေးခွန်းလွှာ (၂) English

ရေးဖြေအောင်စာရင်း (နှုတ်ဖြေ ဖြေဆိုခွင့်) ထုတ်ပြန်ကြေညာမည့်ရက်- 21.11.2023

လူတွေ့/နှုတ်ဖြေ ဖြေဆိုရမည့်နေ့ရက် -
(28.11.2023-30.11.2023)

နှုတ်ဖြေစာမေးပွဲ အောင်မြင်သူစာရင်း ကြေညာခြင်း- 8.12.2023

ကျောင်းစတင်တက်ရမည့်နေ့ - 2.1.2024

30/07/2023

🙏 မြတ်ဆရာ 🙏
ဆရာများအားလုံးကျန်းမာပါစေ
အပြောင်းကျသွားသောဆရာများကိုလည်း
သတိရလျှက်ပါ 🙏🙏🙏

29/07/2023

အသစ်လာမည့်
30th Batch အတွက်
လျှောက်လွှာကိစ္စမေးနေကြသူများ။

ယခု သူနာပြုနဲ့သင်တန်းကျောင်းစစ်တွေတွင်
ကျောင်းသားကျောင်းသူ ၅၀၀ ကျော်ရှိပါသည်။
လက်ရှိပညာသင်နေသော Batchများမှာ
27th batch. 28th batch.29th batch
ဖစ်ပါတယ် သို့ဖစ်ပါ၍ လက်ရှိအနေအထားမှာ
သူနာပြုသင်တန်းကျောင်းစစ်တွေ အနေဖြင့်
သင်တန်းလျှောက်လွှာများအား ခေါ်ယူခြင်းမရှိသေးပါ
လက်ရှိမှာအကြီးဆုံးစီနီယာအတန်းဖစ်တဲ့ 27th batch
ကျောင်းသူကျောင်းသားများမှာ နိုင်ငံတကာအဆင့်မှီ
National Examination ဖြေဆိုရန်
၂လ ခန့်သာကျန်ပါတော့သည်။
27th batch ကျောင်းဆင်းပြီးမှသာ
နောက်ထပ်လျှောက်လွှာခေါ်ယူမည်ဟုထင်ရပါသည်။
လျှောက်လွှာခေါ်ယူသည့်အခါ ယခု Page မှ
ကြေငြာပေးပါမည်။

လေးစားစွာဖြင့်
Students ' Union 👍

မှတ်ချက်။ စီနီယာများ စာမေးပွဲနီးနေပါပြီနော် စာမေးပွဲ 💪💪💪

ဆုရရှိသောသူများအားလေးစားစွာမှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်Congratulations for all 🥇🥈🥉🌠
29/07/2023

ဆုရရှိသောသူများအား
လေးစားစွာမှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်
Congratulations for all 🥇🥈🥉🌠

Address

May Yu Street. Sittwe. Rakhine
Sittwe

Website

Alerts

Be the first to know and let us send you an email when Arakanese Nurse ' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category