19/09/2021
The အကြောင်းသိကောင်းစရာ။
- - - - - - - - - - - - - - - - - - - - .
The ဆိုစော် အဂ်လိပ်စာမှာ လှိုင်းလုံးအတက်အကျ သကဲ့သို့ သုံးလို့ရပါရေ။ ဝါကျမှာ The မပါကေ ဆားပေါ့တေ ဟင်းခွက်နဲ့တူပါရေ။
သို့သော် ဝါကျတိုင်းမှာထည့်ကေလည်း noun ရှေ့ကနိန်ရပါဖို့။ ဥပမာ-The cat. The cat sat on the mat. Prepositionရို့ conjunction ရို့ရှေ့ကမသုံးရပါ။ ဥပမာ the on, the in, the at, the because, the but, the and လို့ ရေးလို့မရပါ။ I told you about it. The because I trust you. The because မရပါ။
အထူးသဖြင့် The ဆိုစော် တမူထူးခြား (unique) ပါရေ။ ဥပမာ-The Romania. Romania ဆိုစော် ကဘာမှာ တစ်နိုင်ငံတတည်းရှိစော်ဖြစ်လို့ပါ။ The Romania is situated in Europe.
နောက်တစ်ခုက အရေအတွက်အရ ခွီးတစ်ကောင်လို့ မပြောဘဲ သီးသန့် ခွီး လို့ပဲပြောရေ အချိန်အခါတိရှိပါရေ။ ခွီး လို့ တလုံးတည်း ပြောလိုက်တေအထဲမှာ တစ်ကောင်ကို ကိုယ်စားပြုပိုင် ခွီးအများစုကိုလည်း ကိုယ်စားပြုစော်နဲ့အတူပါေရ။
အရည်အတွက်ကို ထည့်မပြောရေ အချိန်မျိုးခါ The ကိုထည်းသုံးရပါရေ။ ဥပမာ The dog၊ the cat, The dogs, the cats.
ကျနော်ရို့ဆိုကေ the ကို nounတိရှေ့က nounပါဆိုင်းထည့်ပါရေ ဝါကျတိရေးရေအခါ။ ဥပမာ-The sun rises in the east. အေနေရာမှာ the sun နဲ့ the east စော် nounတိပါ။ ယင်းကြောင့် သူရို့ရှေ့က the ကိုထည့်စော်ပါ။
The Arakanese fought bravely in the war. The parent taught the children to tell the truth. The couple sang the song together merrily.
Noun ပါတိုင်းကို အရေအတွက်ကို ထည့်မပြောတိုင်း the ကို nounရှေ့က ထည့်သုံးပါ။
The ဆိုစော် parts of speech ထဲက adjective အမျိုးအစားပါ။ ဇာကြောင့်ဆိုကေ သူက နောင်ေရှ့ကလာလို့ပါ။ adjective ၏အဓိပါယ်မှာ ဇာပိုင်ထွက်ဆိုထည်းဆိုကေ နောင်၏ အနေအထားပုံသဏ္ဌန်ကိုညွှန်းပြသော အရာကို adjective (နာမဝိသေသန) ဟုခေါ်သည်။ ယေကေ the ဆိုစော်လည်း အခြားနာမဝိသေသနရို့ပိုင် noun ရှေ့ကနိန်ပြီးနာ တမူထူးခြား (unique) အဖြစ်ရပ်တည်နိန်ရေ အတွက်ကြောင့် သူလည်း adjective အမျိုးအစားဖြစ်ပါရေ။
ဥပမာ-clever boy. Clever က adjective ပါ။ the boy ဆိုခါလည်း the က cleverရို့ပိုင် boy ကို unique အဖြစ်ဖေါ်ပြနိန်ပါရေ။
ဖြည့်စွက်ချင်စော်တိရှိကေ မည်သူမဆို comment မှာ ၀င်ရောက် ဖြည့်စွက်လို့ ရပါရေ။