09/11/2023
First Year results list
�� Geology ��
09/11/2023
First Year results list
08/11/2023
congratulations (go to final)
08/11/2023
congratulations ပါ final
16/10/2023
RIP မတည်မြဲသော လူဘဝခဏတာလေးမှာ အဖြစ်အပျက်များက မြန်ဆန်လွန်းတယ် မောင်မြတ်သူရစိုး ၊
စစ်တွေတက္ကသိုလ် ဘူမိဗေဒဌာနထဲမှာ လေးစားမှု၊ စည်းလုံးမှု၊ စည်းကမ်းရှိမှု၊ အနစ်နာခံမှု တို့ဖြင့်တည်ဆောက်ထားတဲ့ မိသားစု ထဲရောက်ရှိလာခဲ့တယ်။ အတန်းထဲမှာဆိုလဲ အမြဲတမ်းရယ်ပြုံးနေတက်သူ၊ အလုပ်ကြိုးစားတက်သူ၊ လိမ္မာယဥ်ကျေးသူ၊တာဝန်ယူမှု တာဝန်ခံမှုရှိသူလို့ ဆရာ၊ဆရာမတွေရဲ့ မှတ်ချက်ပေးခံထားရသူပေါ့။ ဘူမိဒေမိသားစုထဲကို ရောက်လာပြီးလျှပ်တစ်ပြတ် ထွက်သွားလိမ့်မယ်လို့ မတွေးထားမိပါဘူးကွာ။
မြင့်မြတ်သောဘုံဘဝမှာ
ကောင်းခြင်းများနှင့်
ပြည့်စုံနိုင်ပါစေ။
ဘူမိဗဒေမိသားစု
13/09/2023
13.9.2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်တွေတက္ကသိုလ်
(နေ့သင်တန်း) စာမေးပွဲဖြေဆိုရမည့် ကျောင်းသူ၊ ကျောင်းသားများ၏ အခန်းစာရင်း၊
06/09/2023
(Geology ကျောင်းသူ၊ ကျောင်းသားများသိရှိစေရန်)
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ဒုတိယနှစ်ဝက်စာမေးပွဲ အချိန်ဇယား (၁၈-၉-၂၀၂၃ မှ ၂၅-၉-၂၀၂၃ ထိ)
31/08/2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်တွေတက္ကသိုလ် ဘူမိဗေဒမိသားစု၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှင့် နှုတ်ဆက်ပွဲ အခမ်းအနားကို အာရီယံခန်းမ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဘူမိဗေဒကျောင်းသူ၊ ကျောင်းသားများအားလုံး နှင့် ကျောင်းသားဟောင်းများကိုလဲ အသိပေး၊ဖိတ်ကြားအပ်ပါသည်။
25/08/2023
25.8.2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ၌ ဘူမိဗေဒအသင်းမှဝင်ရောက်ယှဥ်ပြိုင်ရာ တစ်ဦးချင်း(ပထမဆု)🥇 နှင့် အသင်းလိုက်(ပထမဆု)🏆 တို့ကိုဆွတ်ခူးနိုင်ခဲ့ပါသည်။ ဘူမိဗေဒအသင်းအတွက် ကြိုးစားယှဥ်ပြိုင်ခဲ့ကြပါသော အသင်းသားများဖြစ်သည့် မောင်မျိုးမင်းအောင်၊ မောင်မျိုးဇင်အောင်၊ မောင်ကောင်းလင်းထွန်း၊ မောင်ဘုန်းမြတ်ဇော်၊ မောင်ကျော်သူ နှင့် အသင်းအုပ်ချုပ်သူ ဆရာဦးကျော်နိုင် တို့ကို အားကစားကဏ္ဍ၌ ဌာနဂုဏ်ကိုမြှင့်တင်ပေးသည့်အတွက် ဘူမိဗေဒဌာနမှ ကျေးဇူးအထူးတင်ရှိပါသည်။🥇🏆
25/08/2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်တွေတက္ကသိုလ် ဘူမိဗေဒဌာန၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခန်းအနားကို ကျင်းပမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဘူမိဗေဒအထူးပြုဘာသာရပ်မှ Queen Selection များကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ😍😍😍
25/08/2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်တွေတက္ကသိုလ်ဘူမိဗေဒဌာန ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခန်းအနားကိုကျင်းပမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဘူမိဗေဒအထူးပြုဘာသာရပ်မှ King Selection များကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ😍😍😍
19/07/2023
စစ်တွေတက္ကသိုလ်ရှိ ဘူမိဗေဒကျောင်းသူ၊ကျောင်းသားများသည် ၂၀-၇-၂၀၂၃ မှ စတင်၍ အောက်ပါအတန်းချိန်ဇယားအတိုင်း တက်ရောက်သင်ကြားရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
10/07/2023
10.7.2023
စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြားနေသော ပထမနှစ်(Sem II) ၊ဒုတိယနှစ်(Sem I)၊ ဒုတိယနှစ်(Sem II) ဘူမိဗေဒဗေကျောင်းသူ၊ ကျောင်းသားများသည် ဇူလိုင်လ(၂၀) ရက်နေ့မှ စတင်၍ သင်တန်းများပြန်လည်ဖွင့်လှစ် သင်ကြားတော့မည်ဖြစ်ပါသည်။ ဒုတိယနှစ်(Sem I) တက်ရောက်မည့်ကျောင်းသူ၊ သားများအနေဖြင့်လဲ ကျောင်းအပ်လက်ခံပြီးမှသာ သင်တန်းတက်ရောက်ကြောင်း အသိပေးအပ်ပါသည်။