Youth Talk - Sittwe

Youth Talk - Sittwe

Share

We are standing together for Youth Empowerment in Sittwe.

16/07/2022

https://m.facebook.com/story.php?story_fbid=583116723337359&id=110449693937400

အားလုံး သာလီစွပါ 🤗🤗🤗

ရခိုင်ပြည်က ကျောင်းသူ/ကျောင်းသားတိအတွက် Prospect Connect program batch-2 စခေါ်နီပါရာ။ အေ program ချေ က Scholar Institute နဲ့ Prospect Burma က ပူးတွဲပနာ ရခိုင်မှာ ရှိရေ
ကျောင်းသား၊ သူ တိအတွက် Intermediate level နဲ့ upper- intermediate level တိအပြင် IELTS preparation ကိုပါ Online ကတစ်ဆင့် အခမဲ့ လေ့လာ သင်ယူနိုင်ဖို့ အခွင့်အရေးဖြစ်ပါရေ။

🤔ဇာသူတိ လျောက်ထားနိုင်လဲ?

1. အသက်အရွယ် (၁၈) ကနိ (၃၅)အထိ
2. အထက်တန်း ပညာ အောင်မြင်ပြီးသူ။
3. IELTS စာမေးပွဲ ဖြေဆိုဖို့အတွက် စိတ်ပါဝင်စားသူ ဖြစ်ပြီးကေ၊ နိုင်ငံတကာပညာတော်သင်လားချင်ရေ ရည်ရွယ် ချက် ရှိရေ သူ။
4. Smart Phone or Computer တိကို Online Class တိ အတွက် ကောင်းကောင်း အသုံးချ နိုင်ရေသူ။
5. Critical Thinking Skills နဲ့ ပတ်သက် ပြီးကေ လိလာ ချင်စိတ် ရှိသူ တိ အနီနန့် လျှောက်ထားနိုင်ပါရေ။

👉 သင်တန်းကာလ

ရွေးချယ် ခံရရေ ကျောင်းသား၊သူ အနေနဲ့ Online ကတစ်ဆင့် (၄) လ တိတိ English စာဘာသာရပ်ကို လိလာခွင့် ရပါဖို့။

🤔ဇာပိုင် ရွေးချယ် ဖို့လဲ?

✅ ပထမအဆင့် short- list ကို Scholar Institute မှ တဆင့် ရခိုင်ပြည်မှ လျှောက်ထားကတ်တေကျောင်းသား၊ သူ စုစုပေါင်းထဲကနီ ၁၂ ဦးကိုရွေးချယ် ပနာ နောက်ဆုံး ရွေးချယ် မူ ကို Prospect Burma နဲ့ Edu-link က ရွေးချယ် လားဖို့ဖြစ်ပါရေ။

🤔🤔ဇာပိုင် လျှောက်ရဖို့လဲ?

စိတ်ပါဝင်စားရေ ကျောင်းသား၊ သူ များ အနေနဲ့ အောက်ပါ link ကို နှိပ်ပြီးကေ ဝင်ရောက် လျှောက်ထားနိုင်ပါရာ။ (မှတ်ချက်။ အချက်အလက်ပြည့်ပြည့်စုံစုံထည့်သွင်းလျှောက်ထားကတ်ရပါဖို့။ အချက်အလက်မပြည့်စုံရေ လျှောက်လွှာတိကို ထည့်သွင်းစိုင်းစားဖို့ မဟုတ်ပါ။)

https://docs.google.com/forms/d/e/1FAIpQLSe9f7mbXn6UGytO0XXNymQX8X-siugNoVfusF8ANLg4m7IrwQ/viewform?usp=sf_link

Deadline: 25.July.2022

📲 အသေးစိတ် မီးမြန်းချင်ရေ လူတိအတွက် ၀၉၄၀၈၁၅၂၈၉၂ ကို ဆက်သွယ် မီးမြန်း နိုင်ပါရေ။ [email protected]

06/07/2022

https://www.facebook.com/1243491282400869/posts/5295969290486361/

[English Version Below] ကြေညာချက်။ Soft Skills for Youth Development Term 3 (တတိယအပတ်စဉ်) အတွက် သင်တန်းသူ/သားများ ခေါ်ယူခြင်း။

အားလုံးပဲ မင်္ဂလာပါ။ မဂ္ဂပညာရေးမှ ပြန်လည်နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Soft Skills for Youth Development အတန်းရဲ့ တတိယအပတ်စဉ် (Term 3, 2022) အတွက် လျှောက်လွှာတွေကို စတင်လက်ခံနေပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။ Term 3 သင်တန်းကို သြဂုတ်လ (၁) ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ဤသင်တန်းသည် အသက် (၁၄) နှစ် နှင့် (၂၆) နှစ်ကြားရှိ လူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ တွေးခေါ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဘဝကို တိုးတက်အောင်လုပ်ဖို့ နှင့် အလုပ်ခွင်မှာ လိုအပ်တဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။

သင်တန်းကို တက်ရောက်ခွင့်ရရှိဖို့ အဓိက အသက် (၁၄) နှစ် နဲ့ (၂၆) နှစ်ကြားရှိဖို့ လိုအပ်သလို၊ ပညာအရည်အချင်း အနည်းဆုံး (၉) တန်း ရှိရပါမယ်။ သင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့များတွင် နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂) နာရီထိ၊ (၄) ပတ်တာ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကို မြန်မာလို သင်ကြားဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် မြန်မာလို ပြောဆိုဆွေးနွေးနိုင်ဖို့ လိုအပ်ပါမယ်။

သင်တန်းစတင်မည့်နေ့။ ။ သြဂုတ်လ (၁) ရက်၊ ၂၀၂၂ ခုနှစ်။
သင်တန်းနေ့ရက်။ ။ တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့ (တစ်ပတ် ၃ ရက်)။
သင်တန်းအချိန်။ ။ နံနက် (၉း၀၀) နာရီ မှ နေ့လည် (၁၂) နာရီထိ။
သင်တန်းကာလ။ ။ သြဂုတ်လ (၁) ရက်နေ့မှ (၂၆) ရက်နေ့ထိ (၄ ပတ်)။
သင်တန်းကြေး။ ။ အခမဲ့။
သင်တန်းသူ/သားဦးရေ။ ။ (၃၀) ယောက်။
သင်တန်းနေရာ နှင့် သင်ကြားနည်း။ ။ သင်တန်းကို အဓိက (Zoom) ကနေ သင်ကြားသွားမှာ ဖြစ်ပြီး၊ သင်ထောက်ကူပစ္စည်းတွေအတွက် အခြား သင်ကြားခြင်းဆိုင်ရာ ပလက်ဖောင်းတွေကိုလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သင်တန်းကို မတူညီတဲ့ လုပ်ဆောင်မှု (activity) ပေါင်းများစွာနဲ့ အတွေ့အကြုံကနေသင်ယူခြင်း၊ ပူးပေါင်းပါ၀င်ခြင်းဆိုင်ရာ ချဉ်းကပ်မှုများ နဲ့ အခြားသော နည်းလမ်းတွေကို အသုံးပြုသင်ကြားဆွေးနွေးပေးသွားမှာ ဖြစ်တဲ့အတွက် ကျောင်းသူ/သား လူငယ်များအတွက် ပိုပြီးထိရောက်တဲ့ သင်ယူမှုများ ဖြစ်ပေါ်လာအောင် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်တက်ရောက်တဲ့သူများအနေနဲ့လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးဖို့ လိုအပ်တဲ့ သင်တန်းဖြစ်ပါတယ်။

သင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက ဒီ (Google Form) https://docs.google.com/forms/d/e/1FAIpQLSdg999i4uKAVkp8fLMCwy9wEz6au2qFDDFnXTsjNpaVojdWNQ/viewform?usp=pp_url
လျှောက်လွှာကို ဖြည့်ပြီး ဇူလိုင်လ (၁၃) ရက်နေ့ ညနေ (၅) နာရီ နောက်ဆုံးထားပြီး ပို့ထားပေးရမှာ ဖြစ်ပါတယ်။ Term 3, 2022 အတွက် သင်တန်းသူ/သား (၃၀) ယောက်သာ လက်ခံသွားမှာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသမှ လူငယ်များ လျှောက်ဖို့ အထူးတိုက်တွန်းလိုပါတယ်။ နယ်ပေါင်းစုံမှ လူငယ်များကို ရွေးချယ်လက်ခံသွားမှာ ဖြစ်ပြီး မိုဘိုင်းဒေတာ အင်တာနက်အတွက် အခက်အခဲရှိသူများကိုလည်း ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။
သင်တန်းနှင့် ပတ်သက်ပြီး သိလိုတာများရှိပါက ဖုန်းနံပါတ် 09448021331 (သို့မဟုတ်) အီးမေးလ် [email protected] (သို့မဟုတ်) Facebook မက်ဆင်ဂျာကနေ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

ANNOUNCEMENT: Magga Education is Calling Applications for its Soft Skills for Youth Development, Term 3!

Greetings! The application for the Soft Skills for Youth Development (Term 3, 2022) is now OPEN! The Term 3, 2022 will start on August 1. The Soft Skills for Youth Development course aims to enhance youth competency in relation to soft skills for their personal and interpersonal development. The workshops will focus primarily on higher order thinking, social and communication skills, problem-solving and conflict transformation, and teamwork and leadership skills. To be eligible for the course, you will have to be between (14) and (26) years of age, have at least 9th grade of education. English proficiency is not required as the course will be conducted in Myanmar language. Students should be able to discuss and have a conversation in Myanmar language.

Start Date: August 1, 2022
Days: Monday, Wednesday and Friday (Three Days a Week)
Time: 9:00 AM - 12:00 PM
Duration: August 1 – 26, 2022 (Four Weeks)
Fees: FREE
Number of participants: 30
Venue & Method: Zoom & Other online platforms

This online course will embrace different training pedagogies and methodologies such as experiential learning and participatory approaches to be more effective. It is expected that participants will have to actively participate in discussion and group works.

If you are interested, please fill out the Google Form here: https://docs.google.com/forms/d/e/1FAIpQLSdg999i4uKAVkp8fLMCwy9wEz6au2qFDDFnXTsjNpaVojdWNQ/viewform?usp=pp_url and submit it by July 13, 2022, at 5:00 PM Local Time. Total of 30 participants will be accepted and students from remote areas are encouraged to apply. Mobile data for internet use will be provided for those in need.

If you have any queries regarding the application process, please call 09448021331 or email: [email protected] or send a message via our page.




21/06/2022

ဆရာ ဆရာမတွေ လျှောက်ကြစေလို။

ဟဲလို... အင်္ဂလိပ်စာ ဆရာ၊ ဆရာများ။ ဆရာ၊ ဆရာမတို့ရဲ့ အသိပညာတွေနဲ့ သင်ကြားရေးစွမ်းရည်တွေတိုးချဲ့ဖို့အတွက် အမေရိကန်တက္ကသိုလ်တစ်ခုကရေးဆွဲတဲ့ အင်္ဂလိပ်စာဆရာ၊ ဆရာမများ အွန်လိုင်းကွန်ရက် Online Professional English Network (OPEN) သင်တန်းအစီအစဉ်ကို အမေရိကန်သံရုံးကတစ်ဆင့် လျှောက်ထားကြဖို့ဖိတ်ခေါ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းစတင်မယ့် သီတင်းပတ်ရှစ်ပတ်ကြာ သင်တန်းအတွက် ဇွန် ၂၄ ရက် နေ့ နောက်ဆုံးထားပြီး လျှောက်ထားကြရမှာပါ။ ဒီသင်တန်းကနေ ‌ရွေးချယ်တက်ရောက်နိုင်မယ့်အတန်းတွေထဲမှာ Creating and Implementing Online Courses (CIOC), Fostering Student Motivation and Engagement (FSME), TESOL Methodology, Professional Development for Teacher Trainers, Teaching English to Young Learners (TEYL), Teaching Grammar Communicatively, Integrating Critical Thinking Skills, Using Educational Technology နဲ့ Developing and Teaching Academic Writing သင်ခန်းစာတွေပါဝင်မှာဖြစ်ပါတယ်။ အတန်းတက်ရောက် အောင်မြင်သူ အားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအပ်နှင်းတဲ့ ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်တွေ ပေးအပ်ချီးမြှင့်မှာပါ။ သင်တန်းအကြောင်းပိုပြီးသိရဖို့နဲ့ လျှောက်လွှာရယူနိုင်ဖို့အတွက် သံရုံးဝက်ဘ်ဆိုက်ကို ဝင်ကြည့်နိုင်ပါတယ်။ https://tinyurl.com/OPEN062022

Attention all English Language Educators: are you interested in expanding your knowledge and skills as a teacher? Interested in taking a free online course developed by a U.S. university? Apply today to be part of the Online Professional English Network (OPEN) Program through the U.S. Embassy in Burma! Submit your application before June 24 to participate in eight-week-long courses beginning in September 2022. Options for course topics include Creating and Implementing Online Courses (CIOC), Fostering Student Motivation and Engagement (FSME), TESOL Methodology, Professional Development for Teacher Trainers, Teaching English to Young Learners (TEYL), Teaching Grammar Communicatively, Integrating Critical Thinking Skills, Using Educational Technology and Developing and Teaching Academic Writing. All participants who complete and pass the course will receive certificates and digital badges issued by the U.S. Department of State. Please visit our website for more information and to download the application form: https://tinyurl.com/OPEN062022

31/05/2022

Join it.

[English Version Below] ကြေညာချက်။ Soft Skills for Youth Development ဒုတိယအပတ်စဉ်အတွက် သင်တန်းသူ/သားများ ခေါ်ယူခြင်း။

အားလုံးပဲ မင်္ဂလာပါ။ မဂ္ဂပညာရေးမှ ပြန်လည်နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Soft Skills for Youth Development အတန်းရဲ့ ဒုတိယအပတ်စဉ် (Term 2, 2022) အတွက် လျှောက်လွှာတွေကို စတင်လက်ခံနေပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။ Term 2 သင်တန်းကို ဇွန်လ (၂၀) ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ဤသင်တန်းသည် အသက် (၁၄) နှစ် နှင့် (၂၆) နှစ်ကြားရှိ လူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ တွေးခေါ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဘဝကို တိုးတက်အောင်လုပ်ဖို့ နှင့် အလုပ်ခွင်မှာ လိုအပ်တဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။

သင်တန်းကို တက်ရောက်ခွင့်ရရှိဖို့ အဓိက အသက် (၁၄) နှစ် နဲ့ (၂၆) နှစ်ကြားရှိဖို့ လိုအပ်သလို၊ ပညာအရည်အချင်း အနည်းဆုံး (၉) တန်း ရှိရပါမယ်။ သင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့များတွင် နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂) နာရီထိ၊ (၄) ပတ်တာ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကို မြန်မာလို သင်ကြားဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် မြန်မာလို ပြောဆိုဆွေးနွေးနိုင်ဖို့ လိုအပ်ပါမယ်။

သင်တန်းစတင်မည့်နေ့။ ။ ဇွန်လ (၂၀) ရက်၊ ၂၀၂၂ ခုနှစ်။
သင်တန်းနေ့ရက်။ ။ တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့ (တစ်ပတ် ၃ ရက်)။
သင်တန်းအချိန်။ ။ နံနက် (၉း၀၀) နာရီ မှ နေ့လည် (၁၂) နာရီထိ။
သင်တန်းကာလ။ ။ ဇွန်လ (၂၀) ရက်နေ့မှ ဂျူလိုင်လ (၁၅) ရက်နေ့ထိ (၄ ပတ်)။
သင်တန်းကြေး။ ။ အခမဲ့။
သင်တန်းသူ/သားဦးရေ။ ။ (၃၀) ယောက်။
သင်တန်းနေရာ နှင့် သင်ကြားနည်း။ ။ သင်တန်းကို အဓိက (Zoom) ကနေ သင်ကြားသွားမှာ ဖြစ်ပြီး၊ သင်ထောက်ကူပစ္စည်းတွေအတွက် အခြား သင်ကြားခြင်းဆိုင်ရာ ပလက်ဖောင်းတွေကိုလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။

သင်တန်းကို မတူညီတဲ့ လုပ်ဆောင်မှု (activity) ပေါင်းများစွာနဲ့ အတွေ့အကြုံကနေသင်ယူခြင်း၊ ပူးပေါင်းပါ၀င်ခြင်းဆိုင်ရာ ချဉ်းကပ်မှုများ နဲ့ အခြားသော နည်းလမ်းတွေကို အသုံးပြုသင်ကြားဆွေးနွေးပေးသွားမှာ ဖြစ်တဲ့အတွက် ကျောင်းသူ/သား လူငယ်များအတွက် ပိုပြီးထိရောက်တဲ့ သင်ယူမှုများ ဖြစ်ပေါ်လာအောင် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်တက်ရောက်တဲ့သူများအနေနဲ့လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးဖို့ လိုအပ်တဲ့ သင်တန်းဖြစ်ပါတယ်။

သင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက ဒီ (Google Form) https://docs.google.com/forms/d/e/1FAIpQLSfQcZywNp_xoQzF5Yon3WjyDsb7OPXjm1r1co576XKBg_eKXQ/viewform?usp=pp_url လျှောက်လွှာကို ဖြည့်ပြီး ဇွန်လ (၅) ရက်နေ့ ညနေ (၅) နာရီ နောက်ဆုံးထားပြီး ပို့ထားပေးရမှာ ဖြစ်ပါတယ်။ Term 2, 2022 အတွက် သင်တန်းသူ/သား (၃၀) ယောက်သာ လက်ခံသွားမှာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသမှ လူငယ်များ လျှောက်ဖို့ အထူးတိုက်တွန်းလိုပါတယ်။ နယ်ပေါင်းစုံမှ လူငယ်များကို ရွေးချယ်လက်ခံသွားမှာ ဖြစ်ပြီး မိုဘိုင်းဒေတာ အင်တာနက်အတွက် အခက်အခဲရှိသူများကိုလည်း ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။

သင်တန်းနှင့် ပတ်သက်ပြီး သိလိုတာများရှိပါက ဖုန်းနံပါတ် 09448021331 (သို့မဟုတ်) အီးမေးလ် [email protected] (သို့မဟုတ်) Facebook မက်ဆင်ဂျာကနေ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

ANNOUNCEMENT: Magga is Calling for Applications for its Soft Skills for Youth Development, Term 2!

Greetings! The application for the Soft Skills for Youth Development (Term 2, 2022) is now OPEN! The Term 2, 2022 will start on June 20. The Soft Skills for Youth Development course aims to enhance youth competency in relation to soft skills for their personal and interpersonal development. The workshops will focus primarily on higher order thinking, social and communication skills, problem-solving and conflict transformation, and teamwork and leadership skills. To be eligible for the course, you will have to be between (14) and (26) years of age, have at least 9th grade of education. English proficiency is not required as the course will be conducted in Myanmar language. Students should be able to discuss and have a conversation in Myanmar language.

Start Date: June 20, 2022
Days: Monday, Wednesday and Friday (Three Days a Week)
Time: 9:00 AM - 12:00 PM
Duration: June 20 – July 15, 2022 (Four Weeks)
Fees: FREE
Number of participants: 30
Venue & Method: Zoom & Other online platforms

This online course will embrace different training pedagogies and methodologies such as experiential learning and participatory approaches to be more effective. It is expected that participants will have to actively participate in discussion and group works.

If you are interested, please fill out the Google Form here: https://docs.google.com/forms/d/e/1FAIpQLSfQcZywNp_xoQzF5Yon3WjyDsb7OPXjm1r1co576XKBg_eKXQ/viewform?usp=pp_url and submit it by June 5, 2022, at 5:00 PM Local Time. Total of 30 participants will be accepted and students from remote areas are encouraged to apply. Mobile data for internet use will be provided for those in need.

If you have any queries regarding the application process, please call 09448021331 or email: [email protected] or send a message via our page.



Photos from Yangon Film School's post 13/05/2022

💛💛

02/05/2022

https://www.facebook.com/109894320466090/posts/719280332860816/

📢📢📢
အားလုံးပဲ မင်္ဂလာပါ

📌နောင်တောင်းဗုဒ္ဓကောလိပ် လူငယ်သစ်လွင်ဆရာဖြစ်သင်တန်း အပတ်စဉ်(၃)လျှောက်လွှာအား ယနေ့ ၂.၅.၂၀၂၂ (တနင်္လာနေ့) မှစ၍ စတင်ဖွင့်လှစ်ပေးနေပါပြီ။

📌လျှောက်လွှာအား နောင်တောင်းမြရတနာလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း
(YSTP Office)တွင် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပြီး

Comment တွင်လည်းလျှောက်လွှာအား တောင်းယူနိုင်ပါသည်။

📌အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက Messenger Chat Box တွင်၎င်း၊
လူငယ်သစ်လွင်ဆရာဖြစ်သင်တန်းရုံးဖုန်း - 09251710275 ကို၎င်း၊
နန်းခင်လေး - 09661506090 ၊
နန်းသင်းသင်းရင် - 09409227872 တို့အား
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။


#နောင်တောင်းဗုဒ္ဓကောလိပ်

04/04/2022

စိတ်ဝင်စားပြီး မလျှောက်တတ်လို့ဟိ့​ေက
Page မှာ လာပြောပီးပါ၊ 💛💛
ကူညီပီးဖို့ အသင့်ဟိ့ပါယေနန်း 🤗🤗
ပျော်စရာနှစ်သစ်ချေဖြစ်ပါဇီ။💛💛

ISP-Myanmar’s Bridge Education Program
တတိယအကြိမ် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း
__________________________

➤သင်တန်းလျှောက်လွှာရယူရန်
[link] https://www.ispmyanmar.com/burmese/bep-application/

ISP-Myanmar က စီစဉ်သော Bridge Education Program (တတိယအကြိမ်) သို့ တက်ရောက် လိုသူများအတွက် သင်တန်းလျှောက်လွှာများကို ထပ်မံခေါ်ယူလိုက်ပါသည်။ Bridge Education Program သည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသော လူငယ်များ၏ ပညာရေးအတွက် ကြားကာလ ပညာရေး ဖြည့်ဆည်းမှု အနေဖြင့် တတ်စွမ်းသမျှ ကြိုးပမ်း လုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ BEP အစီအစဉ် ပထမအကြိမ်သင်တန်းကို ၂၀၂၁ ခုနှစ် ဩဂုတ်တွင် စတင်ခဲ့ပြီး လျှောက်ထားသူ ၂၃၆ ဦး ရှိခဲ့သည့်အနက် ၃၀ ဦးအား ရွေးချယ် သင်ကြားပေးခဲ့ပါသည်။ ထို့အပြင် ဒုတိယအကြိမ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့ပြီး လျှောက်ထားသူ ၄၁၅ ဦးအနက်မှ ၅၀ ဦးအထိ တိုး၍ ရွေးချယ်ခဲ့ပါသည်။ ယခု တတိယအကြိမ်တွင်လည်း လျှောက်ထားသူများအနက် လူဦးရေ ၅၀ အထိ ရွေးချယ်သွားမည်ဖြစ်ပါသည်။

လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကိုဗစ်ကပ်ဘေး ရိုက်ခတ် မှုများ ကြောင့် မြန်မာနိုင်ငံတွင် ပညာသင်ယူခွင့် ဆုံးရှုံးခြင်း အန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့နေကြရသည်။ စစ်ကောင်စီနှင့် မပူးပေါင်း သပိတ်မှောက်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့သည့် ဆရာ-ဆရာမ များစွာကို အာဏာသိမ်း စစ်ကောင်စီက ရာထူးမှထုတ်ပစ်ပြီး ဖမ်းဆီးမှုများ၊ ၀ရမ်းထုတ်တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။ ထိုနည်းတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား ကျောင်းသူ လူငယ်များကိုလည်း ပစ်ခတ်ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူ အများစုသည် အာဏာသိမ်းစစ်တပ်၏ လက် အောက်တွင် ဆက်လက်ပညာဆည်းပူးရန် ဆန္ဒမရှိတော့ပေ။ လူငယ်များအနေဖြင့်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်ယူခွင့် ရရှိရန် အခွင့်အလမ်းများ ရှာဖွေခြင်းထက် မိသားစု၏ ကျန်းမာရေးနှင့် လူနေမှုဘ၀ ရှင်သန်ရပ်တည်နိုင်ရေးတို့ အတွက် ဦးစားပေး ရုန်းကန်လာကြရပါသည်။

မည်သို့ပင်ဖြစ်စေ ယခု ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာများစွာအနက် နိုင်ငံ၏ ပဋိပက္ခများ ဖြေရှင်းရေး၊ နိုင်ငံတည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အစရှိသော ဖြစ်စဉ်များတွင်လည်း လူငယ်ထု၏ တွေးဆ မျှော်မှန်းနိုင်မှု စွမ်းရည်နှင့် ဆန်းစစ် အဖြေရှာခြင်း စွမ်းရည်တို့က အရေးပါလျက် ရှိပြီး လိုအပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် လူငယ်တဦးချင်းစီ၏ ပညာသင်ယူခွင့်ရနိုင်ရေးသည် နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်အတွက် အလွန် အရေးကြီးလှပါသည်။

⑉⑉⑉⑉⑉⑉

❏ သင်ယူလေ့လာရမည့် ဘာသာရပ်များ

သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် အောက်ဖော်ပြပါ ဘာသာရပ်များအားလုံးကို သင်ယူရမည်ဖြစ်ပါသည်။

▲ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု
(Academic Skills)

နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် ပညာရေးတွင် စနစ်တကျ ဆန်းစစ်ဝေဖန် တွေးခေါ်ခြင်း၊ တွေ့ရှိချက်များကို နည်းနာ နိဿယများနှင့်အညီသုံးသပ် တင်ပြခြင်းတို့အတွက် ပညာရပ်ဆိုင်ရာ စာပေများ ဖတ်ရှုပုံ၊ ပြောဆို တင်ပြပုံနှင့် ရေးသားပုံဆိုင်ရာ အရည်အချင်းများ မဖြစ်မနေ လိုအပ်ပါသည်။ ဤအရည်အချင်းများ ပြောင်မြောက်အောင် သွေးခွင့်ရပါမည်။

▲ သုတေသန မိတ်ဆက်
(Research Introduction)

စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု နွေဦး တော်လှန်ရေးနှင့်အတူ လူမှုလေ့လာမှုများ (social inquiries) ပို၍ လိုအပ်ပါမည်။ အခြေခံ သုတေသန လုပ်ထုံး လုပ်နည်း၊ စနစ်များကို လေ့လာ လေ့ကျင့်ခြင်းဖြင့် အဓိက ကျသည့် ပြဿနာများအပေါ် လက်တွေ့ကျကျ ချဉ်းကပ် နိုင်မည် ဖြစ်သကဲ့သို့၊ ပညာရပ် ဆိုင်ရာ ဆက်လက် ဆည်းပူးမှုများအတွက် အခြေခံကောင်း ဖြစ်ပါလိမ့်မည်။

▲ အင်္ဂလိပ်စာ အဆင့်မြင့်သင်ကြားမှုများ
(English Language Skills)

ရေးသား တင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများကို ပိုင်နိုင်စွာ ပြုလုပ်နိုင်ရန် အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသည် အခြေခံ လိုအပ်ချက်တခု ဖြစ်ပါသည်။ ဤအစီအစဉ်တွင် တက္ကသိုလ် ပညာရေး အတွက် ဦးတည်သည့် အင်္ဂလိပ်စာ အရေး၊ အပြောတို့ကို လေ့လာရမည် ဖြစ်သည်။ အဓိကအားဖြင့် IELTS ပုံစံကို အသုံးပြု၍ သင်ကြားမည်ဖြစ်ပါသည်။

▲ ပဋိပက္ခ နှင့် ငြိမ်းချမ်းရေးလေ့လာမှု
(Conflict and Peace Studies)

စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရှုပ်ထွေး ခက်ခဲသည့် မြန်မာ့နိုင်ငံရေး ပဋိပက္ခအပေါ် ပို၍လေ့လာ ဆန်းစစ်နိုင်ရန် လိုအပ်ပါမည်။ ပဋိပက္ခများ မည့်သည့် အတွက်ကြောင့် ဖြစ်ရသနည်း၊ မည်မျှ သက်ဆိုး ရှည်နေတတ်သနည်း၊ ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် မည်သို့ အားထုတ် ကြသနည်း၊ မည်ကဲ့သို့ အဆုံးသတ် သွားကြသနည်း စသဖြင့် ပညာရပ်ဆိုင်ရာ သဘောတရားများ၊ ယူဆချက်များ၊ နှိုင်းယှဉ် လေ့လာအပ်သည့် ဖြစ်ရပ်များကို လေ့လာ သင်ယူကြရပါမည်။ ပဋိပက္ခနှင့် ပဋိပက္ခဖြေရှင်းရေး ပညာရပ် ရှုထောင့်မှ ရှုပ်ထွေး ပွေလီသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နောက်ခံများကို လေ့လာရန်၊ ခွဲခြမ်း သုံးသပ်ရန် လိုအပ်မည် သာမက၊ မည်သို့မည်ပုံ တိုးတက် အသွင်ပြောင်းမည်ကိုလည်း မြော်မြင် ကြည့်ရန်လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အမြင်များကိုလည်း လေ့လာရပါလိမ့်မည်။

▲ စီးပွားရေးဆိုင်ရာ တွေးခေါ်မှု
(Economic Ways of Thinking)

စီးပွားရေးပညာ အခြေခံ မိတ်ဆက် လေ့လာမှု ဖြစ်ပါသည်။ စီးပွားရေးနှင့် ပတ်သက်၍ ရှားပါးသည့် ရင်းမြစ်များကို စီမံကြရာ၌ လူတစ်ဦးချင်း၊ လုပ်ငန်းတခုချင်းနှင့် အစိုးရများက မည်သို့ ဆုံးဖြတ်ကြသည်၊ မည်သို့ သော မူဝါဒများ ချမှတ်ကြသည်ကို လေ့လာနိုင်ပါမည်။ ခေတ်ပြိုင် စီးပွားရေးဆိုင်ရာ တွေးခေါ်မှုများနှင့် မူဝါဒများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ထူးခြား ကြောင်းချက်များကို လေ့လာနိုင်မည် ဖြစ်သည်။

⑉⑉⑉⑉⑉⑉

❏ သင်တန်းကြာမြင့်ချိန်

သင်တန်းကာလမှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်မည် ဖြစ်ပါသည်။ တရက်လျှင် နှစ်နာရီနှင့် တပတ်လျှင် ငါးရက် တက်ရောက်ရမည် ဖြစ်ပါသည်။

သင်တန်းကာလ - ဇွန် - ဩဂုတ်၊ ၂၀၂၂ ခုနှစ် (သုံးလ)
သင်တန်းအချိန် - ညနေ ၅ နာရီမှ ၇ နာရီအထိ
သင်တန်းရက် - တနင်္လာနေ့ မှ သောကြာနေ့
သင်တန်းပို့ချမည့်ပုံစံ - Zoom မှတဆင့် သင်ကြားပါမည်။
⑉⑉⑉⑉⑉⑉

❏ သင်ကြားမှုပုံစံနှင့် သင်တန်းသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု

အွန်လိုင်းမှ တဆင့် သင်ကြားပေးပါမည်။ ISP-Myanmar ၏ Bridge Education Program က လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရသည့် ထူးခြား အခြေအနေကို အပြည့်အဝ အသိအမှတ်ပြုပါသည်။ ပါဝင် တက်ရောက်သူ တဦးချင်း၏ ပုဂ္ဂိုလ် ရေးလုံခြုံမှု (Learners’ personal information, privacy and security) ကို အလေးထားသွားပါမည်။

ထို့အတူ စဉ်ဆက် မပြတ် ဆက်သွယ်နိုင်မှု (Connectivity)၊ ပညာရပ် ဝန်းကျင် (Academic Environment) နှင့် ကျား-မ လိင် စိတ် ခံယူမှုဆိုင်ရာ တန်းတူရေး (Gender) တို့ကို အလေးပေး ဆောင်ရွက်သွားပါမည်။ ရုတ်ချည်း ပြောင်းလဲသွားသည့် ဝရုန်းသုန်းကား အခြေအနေ (Great Disruption) မှ ပြန်လည် ထူထောင်ရေး (Recovery) သို့ ပံ့ပိုး ဖြည့်ဆည်းရန် ရည်ရွယ် ထားပါသည်။ အရှိန်အဟုန်ဖြင့် ခြေခြေမြစ်မြစ် အပြောင်းအလဲ (Transformation) ကိုမူ သင်ကြားသူ၊ သင်ယူသူနှင့် လူမှု အဖွဲ့အစည်းတရပ်လုံးက အားထုတ် ရုန်းကန်ကြရမည်သာ ဖြစ်ပါသည်။

⑉⑉⑉⑉⑉⑉

❏ တက်ရောက်နိုင်မည့် သူများ

အသက် ၁၈ နှစ် မှ ၃၀ နှစ် အထိ တက္ကသိုလ် ပညာရေးအဆင့် ဒုတိယနှစ်အထိ တက်ရောက်ဖူးသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလ အစမှအဆုံးအထိ တက်ရောက်နိုင်မှသာ လျှောက်ထားရပါမည်။ လျှောက်ထားသူများအနက်မှ လူဦးရေ ၅၀ ဦးကိုသာ ရွေးချယ်သွားမည်ဖြစ်သည်။ သင်တန်းကြေးပေးရန် မလိုအပ်ပါ။

⑉⑉⑉⑉⑉⑉

❏ လျှောက်ထားရန်

လျှောက်လွှာကို https://www.ispmyanmar.com/burmese/bep-application/ တွင် ရယူနိုင်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက် ညနေ ၅ နာရီ နောက်ဆုံးထား၍ [email protected] သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော Google Form တွင်လည်း တိုက်ရိုက်ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။ ပဏာမ ရွေးချယ်ခံရသူများအား အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးမှုနှင့် လူတွေ့မေးမြန်းမှုတို့ကို အွန်လိုင်းဖြင့် ပြုလုပ်နိုင်ရန်အတွက် ဆက်သွယ်သွားမည် ဖြစ်သည်။

23/02/2022

https://m.facebook.com/story.php?story_fbid=5107073689313390&id=1233993173288147

အခြေခံလူမှုရေးသိပ္ပံသင်တန်းအပတ်စဉ်(၈)
သင်တန်းသားဖိတ်ခေါ်ခြင်း
=============================
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကဏ္ဍများတွင် လူငယ်များ၏စွမ်းဆောင်ရည်မြင့်မားတိုးတက်လာစေရန်နှင့် လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူမှုရေးသိပ္ပံဘာသာ ရပ်များကို စဉ်ဆက်မပြတ်စီစဉ်ပို့ချလျက်ရှိရာတွင်၊ ယခုအခါအခြေခံလူ မှုရေးသိပ္ပံသင်တန်းအပတ်စဉ်(၈)ကို အချိန် (၄)လတာ (အွန်လိုင်းကတဆင့်) သင်ကြားပို့ချပေးမည်ဖြစ်သဖြင့်၊ ရခိုင်ပြည်နယ်အတွင်းရှိသတ်မှတ် အရည်အချင်းနှင့်ကိုက်ညီသောမည်သည့်လူငယ်မဆို (ကျား/မ၊ မသန်စွမ်း၊ လူမျိုး၊ ဘာသာကန့်သတ်ချက်မရှိ) လွတ်လပ်စွာလျောက်ထားနိုင်ပါရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။

သင်ကြားပို့ချပေးမည့်အဓိကဘာသာရပ်များ -

• Social Science and the Humanities
• Philosophy & Ethics
• The Environment
• Economics
• Development
• Public Health

ပူးတွဲလေ့လာသင်ယူရမည့်ဘာသာရပ်များ -

• Understanding Peace & Conflict
• Understanding Dialogue
• Understanding Diversity
• Observational Research Skills
• Public Speaking Skills

ပါဝင်လုပ်ဆောင်လေ့လာသင်ယူခြင်းအစီအစဉ် -

• Youth Dialogue Sessions
• Small-Scale Research

အသေးစိတ်သိရှိရန်အောက်ပါလင့်ခ်ကိုနှိပ်ပါ။
https://tinyurl.com/iss8-info

--------------------------------------
လျောက်လွှာများထုတ်ယူရန်/တင်သွင်းရန်
--------------------------------------
နည်းလမ်း(၁)။ လျောက်လွှာများကို BBSရုံး (အမှတ် ၂၂၉/ခ၊ ဘီလူးမတံတားအနီး၊ မြမင်းအလူမီနံယံဆိုင်ဘေးကပ်လျက်တိုက်၊ ရူပမြောက်ရပ်ကွက်၊ စစ်တွေ)၌ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ပြီး ထုတ်ယူ/တင်သွင်းနိုင်ပါသည်။

နည်းလမ်း(၂)။ အောက်ပါလင့်ခ်ကတဆင့်လျောက်လွှာကိုဒေါင်းလုပ်ရယူ၍ Soft copy ကိုအီးမေးလ်ဖြင့် [email protected] သို့ လိပ်မူပေးပို့နိုင်ပါသည်။
https://tinyurl.com/iss8-form

နည်းလမ်း(၃)။ အောက်ပါလင့်ခ်ကတဆင့် လျောက်လွှာကို အွန်လိုင်းမှတိုက်ရိုက်ဖြည့်၍ တင်သွင်းနိုင်ပါသည်။
https://forms.office.com/r/dzwqQ94CqX

နည်းလမ်း(၄)။ စစ်တွေမြို့ပြင်ပအခြားမြို့များမှ လျောက်လွှာစာရွက်ဖြည့်၍လျောက်ထားလိုသူများတွက် သင်တန်းအကြောင်းအရာအသေးစိတ်တွင်ဖော်ပြထားသည့် ဆက်သွယ်ရန်လိပ်စာများအနက်က မိမိနှင့်အနီးဆုံးနေရာသို့ဆက်သွယ်၍ လျောက်လွှာထုတ်ယူ/ တင်သွင်းနိုင်ပါသည်။

----------------------------------------------------

လျောက်လွှာပိတ်ရက် ။ ၂၀၂၂ခုနှစ်၊ ‌ မတ်လ (၁)ရက်၊ ညနေ (၅)နာရီနောက်ဆုံး

Want your school to be the top-listed School/college in Sittwe?

Click here to claim your Sponsored Listing.

Location

Website

Address


Sittwe