Oriental Studies Of Sittwe University

Oriental Studies Of Sittwe University

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oriental Studies Of Sittwe University, College & University, Sittwe.

Photos from Oriental Studies Of Sittwe University's post 23/12/2023

စစ်တွေတက္ကသိုလ် သို့ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များတွင် ကျောင်းဝင်မှတ်ပုံတင်မည်ဆိုပါက လိုအပ်သည့်စာရွက်စာတမ်းများ (ပထမနှစ်များအတွက်သာ)
========================================

ပထနှစ်တက်ရောက်မည့်ကျောင်းသား/သူများအတွက် ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လုပ်နည်းအဆင့်ဆင့်ကို မျှဝေပေးသွားပါမယ်။

ကျောင်းအပ်ရန်လိုအပ်တဲ့ အရာများ

--------------------------------------------
၁။ ပတ်စပို့ဓာတ်ပုံ(၈) ပုံ [အလိုအပိုအနေဖြင့် (၁၀) ပုံခန့်ယူသွားပါ]
- ပတ်စပို့ဓာတ်ပုံများသည် (၁) လမွ (၆) လအတွင်းရိုက်ကူးထားသော ကာလာဓာတ်ပုံဖြစ်ရပါမည်။
- က်ား (ရှပ်)အဖြူ/ မ (ရင်စေ့/ရင်ဖုံး)အဖြူ ဖြင့် သေသပ်စွာရိုက်ကူးထားသောပုံဖြစ်ရပါမည်။
- ဆံပင်အရောင်ဆိုးထားသောဓာတ်ပုံများ/ ဖရိုဖရဲဖြစ်နေသော ဓာတ်ပုံများလက်မခံတတ်ပါ။
- ထိုပုံများသည် မိမိ၏ကျောင်းသားကတ်တွင်ပါထည့်သွင်းမည်ဖြစ်၍ သေသပ်လှပသောပုံများဖြစ် စေဖို့ တိုက်တွန်းလိုပါသည်။

၂။ ဆယ်တန်းအောင်လက်မှတ်မိတ္တူ (သို့) ဆယ်တန်းအောင်မြင်ကြောင်းထောက်ခံချက် (မူရင်းနှင့် မိတ္တူ တစ်ပါတည်းယူဆောင်သွားပါ)
ဆယ်တန်းအောင်လက်မှတ်မိတ္တူမရှိသေးလျင် သက်ဆိုင်ရာတက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့သော ကျောင်းမှ ဆယ်တန်းအောင်မြင်ကြောင်းထောက်ခံချက်သွားရောက်ထုတ်ယူ၍ ရပါသည်။
ဆယ်တန်းအောင်လက်မှတ်မှာယူလိုပါက ကျွန်တော်အသိမိတ်ဆွေများသို့လမ်းညွန်ပေးပါမည်။

၃။ အမှတ်စာရင်းမိတ္တူ (မူရင်းနှင့်မိတ္တူတစ်ပါတည်းယူဆောင်သွားပါ)
အမှတ်စာရင်းမရှိသေးလျင် သက်ဆိုင်ရာတက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့သော ကျောင်းမှ သွားရောက်မေးမြန်းတောင်းခံ၍ရပါသည်။
အမှတ်စာရင်းမှာယူလိုပါက ကျွန်တော့်အသိမိတ်ဆွေများသို့ လမ်းညွန်ပေးပါမည်။

၄။ မိမိ၏ မှတ်ပုံတင် (မူရင်းနှင့်မိတ္တူ) / မိဘ (သို့) အုပ်ထိန်းသူများ၏ မှတ်ပုံတင်မိတ္တူများ
အကယ်၍ မိမိတွင်မှတ်ပုံတင်မရှိသေးလျင်(သို့) ပျောက်ဆုံးနေလျင် ရပ်ကွက်ထောက်ခံစာတစ် စောင်ယူဆောင်သွားပါ
မိဘ (သို့) အုပ်ထိန်းသူများ၏ မှတ်ပုံတင်မိတ္တူများယူဆောင်သွားပါ

၅။ အိမ်ထောင်စုစာရင်းမိတ္တူ(၁) စောင်

၆။ တက္ကသိုလ်ဝင်ခွင့်ရရှိထားသောစာရင်းမှ မိမိအမည်ဘေးတွင်ပါရှိသော စဉ်နံပတ်ကိုမှတ်သားထားပါ။

၆။ ဘူမိဗေဒဘာသာရပ်အပါအဝင် ကျန်းမာရေးစစ်ဆေးချက်လိုအပ်သောမေဂျာရပ်များတွင် ကျန်းမာရေးကောင်းမွန်ကောင်း မြို့နယ်ဆရာဝန်/ဒေသန္တရ ဌာန၏ထောက်ခံချက် မူရင်းလိုအပ်ပါသည်။

၇။ ဖောင်ဖြည့်ရန်အတွက် ဘောပန်/မှင်ဖျင်/ကော် အစရှိသောပစ္စည်းများပါ တစ်ပါတည်းယူဆောင်သွားပါ။

လုပ်ဆောင်ရမည့်အဆင့်များ
--------------------------------------------------
၁။ စစ်တွေတက္ကသိုလ် ပင်မဆောင်ပထမထပ် ဘယ်ဘက်တွင်ရှိသော ကျောင်းသားရေးရာဌာမှ ကျောင်းသားဝင်ခွင့်ပုံစံဖောင်များအားထုတ်ယူပြီး ဖြည့်ဆွက်ပါ။ ( ထုတ်ယူသည့်အခါ လွယ်ကူနိုင်ရန် တက္ကသိုလ်ဝင်ခွင့်ရရှိထားသောစာရင်းမှ မိမိ၏အမည်ဘေးတွင်ပါသော စဉ်နံပတ်အား သက်ဆိုင်ရာတက္ကသိုလ်ဝန်ထမ်းအားပြောကြားပေးပါ)

၂။ ထိုနောက် ထိုဝင်ခွင့်ပုံစံဖောင်များအား မိမိတက်ရောက်ခွင့်ရရှိသော ဘာသာရပ်၏ ပါမောက္ခ(ဌာနမှူး) လက်မှတ်ရေးထိုးရန်လိုအပ်ပါသည်။ (ဥပမာ မိမိသည် မြန်မာစာဘာသာရပ်သို့ ဝင်ခွင်ရရှိထားသူဖြစ်ပါက စစ်တွေတက္ကသိုလ်ရှိမြန်မာစာဌာနသို့သွားရောက်ကာ မြန်မာစာဌာန၏ ပါမောက္ခ(ဌာနမှူး)နှင့်တွေဆုံ၍ လက်မှတ်တောင်းဆိုရန်)

၃။ ပါမောက္ခဌာနမှူး၏ လက်မှတ်နှင့်တံဆိပ်ရိုက်နှိပ်ပြီးသော ဝင်ခွင့်ဖောင်များအား ယူဆောင်၍ ပင်မဆောင်သို့ပြန်လာပြီး ပင်ပဆောင် ညာဘက် စတုတၳအထပ်တွင်ရှိသော ဘဏ္႑ာရေးဌာနတွင် ငွေသွင်းရမည်ဖြစ်ပါသည်။
ယခင်နှစ်က တက္ကသိုလ်ကျောင်းလခ (၈၀၀၀) ခန့် မဂ္ဂဇင်းကြေး (၃၀၀၀) ဝန်းကျင်ခန့်ရှိပါသည်။ အပိုအလို ကျပ်ငွေ (၂၀၀၀၀) ခန့်ယူဆောင်သွားပါ။ အကြွေများပါဆောင်ရန် တိုက်တွန်းအပ်ပါသည်။

၄။ ထိုနောက် ပြေစာရယူပြီး ထိုဝင်ခွင့်လျောက်လွှာဖောင်အား ဖောင်ထုတ်ယူခဲ့သော ကျောင်းသားရေးရာဌာနတွင်ပြန်လည်အပ်နှံရမည်ဖြစ်ပါသည်။ ငွေသွင်းပြေစာမိတ္တူအားမပျောက်ပါစေနှင့်။

အဆိုပါလုပ်ငန်းစဉ်များပြီးဆုံးလျင် သင်၏ကျောင်းအပ်နှံခြင်းလုပ်ငန်းစဉ်အောင်မြင်ပြီဖြစ်ပါသည်။
သတိထားရမည်မှာ ဘဏ္႑ာရေးဌာနတွင်ပေးသွင်းသောငွေကြေးမှအပ တက္ကသိုလ်တွင် တခြားတစ်စုံတစ်ခုအတွက်ပေးသွင်းရသောငွေများမရှိပါ။ ပေးချေရန်အတွက်လည်း ဘဏ္႑ာရေးဌာနမှလွဲ၍ တခြားသောနေရာများတွင် ပေးချေ၍မရပါ။ ၄င်းကို သတိချပ်စေလိုပါသည်။

အဝေးသင် ပထမနှစ် များကို ၂၆.၁၂.၂၀၂၃ ရက်နေ့မှ စပြီး
ကျောင်းအပ်လက်ခံမည်ဖြစ်ပါသည်။

ဒုတိယနှစ် နှင့် အထက် များကို ၅.၂.၂၀၂၄ ရက်မှစပြီး
ကျောင်းအပ်လက်ခံမည် ဖြစ်ပါသည်။

၂၀၂၄ ပညာသင်နှစ်၊ အဝေးသင်ကျောင်းအပ်လက်ခံရန်ခြင်း၊ အနီးကပ်တက်ရက် နှင့် စာမေးပွဲ အစီအစဥ်။

Photos from Oriental Studies Of Sittwe University's post 22/12/2023

အရှေ့တိုင်းပညာ ပထမနှစ် အောင်စာရင်း
-----------------------------------
စစ်တွေတက္ကသိုလ်( အဝေးသင် သင်တန်း) ၂၀၂၃ ခုနှစ် ပညာသင်နှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ဒုတိယအသုတ်(ဝိဇ္ဇာ) အရှေ့တိုင်းပညာ အထူးပြု၏ ပထမနှစ် ဝင်ရောက်ဖြေဆိုခဲ့ကြသူများ၏ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်း။

Photos from Oriental Studies Of Sittwe University's post 22/12/2023

အရှေ့တိုင်းပညာ ဒုတိယနှစ်(၂၀၁၉ အောင်) အောင်စာရင်း
-----------------------------------
စစ်တွေတက္ကသိုလ်( အဝေးသင် သင်တန်း) ၂၀၂၃ ခုနှစ် ပညာသင်နှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ဒုတိယအသုတ်(ဝိဇ္ဇာ) အရှေ့တိုင်းပညာ အထူးပြု၏ ဒုတိယနှစ်(၂၀၁၉ အောင်)ဝင်ရောက်ဖြေဆိုခဲ့ကြသူများ၏ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်း။

Photos from Oriental Studies Of Sittwe University's post 22/12/2023

အရှေ့တိုင်းပညာ ဒုတိယနှစ်(၂၀၂၀ အောင်)
-----------------------------------

စစ်တွေတက္ကသိုလ်( အဝေးသင် သင်တန်း) ၂၀၂၃ ခုနှစ် ပညာသင်နှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ဒုတိယအသုတ်(ဝိဇ္ဇာ) အရှေ့တိုင်းပညာ အထူးပြု၏ ဒုတိယနှစ်(၂၀၂၀ အောင်)ဝင်ရောက်ဖြေဆိုခဲ့ကြသူများ၏ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်း။

Photos from Oriental Studies Of Sittwe University's post 15/12/2023

၂၀၂၃ ပညာသင်နှစ် စစ်တွေတက္ကသိုလ်
အဝေးသင် ဒုတိယအသုတ်
တတိယနှစ် (ဝိဇ္ဇာ) အရှေ့တိုင်းပညာ အောင်စာရင်း

Photos from Oriental Studies Of Sittwe University's post 15/12/2023

စစ်တွေတက္ကသိုလ်( အဝေးသင် သင်တန်း) ၂၀၂၃ ခုနှစ် ပညာသင်နှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ဒုတိယအသုတ်(ဝိဇ္ဇာ) အရှေ့တိုင်းပညာ အထူးပြု၏ စတုတ္တနှစ်(ဘွဲ့) ဝင်ရောက်ဖြေဆိုခဲ့ကြသူများ၏ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်း။

Photos from Oriental Studies Of Sittwe University's post 11/12/2023

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များ၏ စစ်တွေတက္ကသိုလ် အရှေ့တိုင်းပညာ(အဝေးသင်) ဝင်ခွင့်ရသူများစာရင်း

Photos from Oriental Studies Of Sittwe University's post 18/10/2023

စစ်တွေတက္ကသိုလ် အရှေ့တိုင်းပညာ အဝေးသင်သင်တန်း၏ King & Queen 😍😍(17.10.2023)

Photos from Oriental Studies Of Sittwe University's post 17/10/2023

စစ်တွေတက္ကသိုလ်၊ အရှေ့တိုင်းပညာ အဝေးသင်သင်တန်း၏
"အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ" အခမ်းအနား အမှတ်တရ ပုံရိပ်များ။
(17.10.2023)

Admin Team

Photos from Oriental Studies Of Sittwe University's post 16/10/2023

နက်ဖြန်အတွက် အဆင်အသင့်ဖြစ်နေပါယာ။

Admin 4):

16/10/2023

စစ်တွေတက္ကသိုလ်၊ အရှေ့တိုင်းပညာ အဝေးသင်သင်တန်း၏
"အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ" အခမ်းအနား။ မနက်ဖြန် အချိန်မီလာရောက်ကြဖို့ အရှေ့တိုင်းပညာမိသားစု ကိုယ်စား ဖိတ်ကြားအပ်ပါတယ်။
မနက်(၈)နာရီ အရောက်လာပေးကြပါရန်။

Admin 2😍

11/10/2023

အရှေ့တိုင်းပညာ အဝေးသင်သင်တန်း၏ အာစရိယ ပူဇော်ပွဲသည် (၁၇.၁၀.၂၀၂၃) အင်္ဂါနေ့၊ နံနက်(၉)နာရီ တွင် ကျင်းပ ပြုလုပ်ပါမည်။ ကျောင်းသား/သူ မ်ား အားလုံးတက်ရောက်ကတ်ပါ။

Admin): 1

Want your school to be the top-listed School/college in Sittwe?

Click here to claim your Sponsored Listing.

Location

Website

Address


Sittwe