09/05/2023
ရှေး မြန်မာဘုရင် မင်းဆက်များ ~~~~~~~~~~~~~~~~
ပထမတကောင်းမင်းဆက်၊ ●ဒုတိယတကောင်းမင်းဆက်၊ ●သရေခေတ္တရာပထမမင်းဆက်၊ ●သရေခေတ္တရာဒုတိယမင်းဆက်၊ ●ပုဂံမင်းဆက်၊ ●ပင်းယမင်းဆက်၊ ●စစ်ကိုင်းမင်းဆက်၊ ●မဂဒူး မင်းဆက်၊ ●အင်း၀မင်းဆက်၊ ●တောင်ငူမင်းဆက်၊ ●မွန်မင်းဆက်၊ ●ရခိုင်မင်းဆက်၊ ●ညောင်ရမ်းမင်းဆက်၊ ●ကုန်းဘောင် မင်းဆက် ■ပထမ-တကောင်းမင်းဆက်■ ---------------------------------- ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီ၀င်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီ၀င် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓည၀တီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက် မလည်အရပ်တွင် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။ မင်းဆက်(၃၃)ဆက် ------------------------ 1. အဘိရာဇာ 2. (သား) ကံရာဇာငယ် 3. (သား) ဇမ္ဗူဒီပရာဇာ 4. (သား) သင်္ဃသရာဇာ 5. (သား) ဝိပ္ပန္နရာဇာ 6. (သား) ဒေ၀တရာဇာ 7. (သား) မုနိကရာဇာ 8. (ဘထွေး) နာဂရာဇာ 9. (ညီ) ဣန္ဒရာဇာ 10. (သား) သမုတိရာဇာ 11. (သား) ဒေ၀ရာဇာ 12. (သား) မဟိန္ဒရာဇာ 13. (သား) ဝိမလရာဇာ 14. (သား) သီဟနုရာဇာ 15. (သား) မင်္ဂလရာဇာ 16. (သား) ကံသရာဇာ 17. (သား) ကလိင်္ဂရာဇာ 18. (သား) သင်းတွဲရာဇာ 19. (သား) သီဟဠရာဇာ 20. (ညီ) ဟံသရာဇာ 21. (သား) ဝရရာဇာ 22. (သား) အလောင်းရာဇာ 23. (သား) ကောလကရာဇာ 24. (သား) သူရိယရာဇာ 25. (သား) သင်ကြီးရာဇာ 26. (သား) တိုင်းချစ်ရာဇာ 27. (သား) မဓုရာဇာ 28. (သား) မင်းလှကြီးရာဇာ 29. (သား) သံသုသီဟရာဇာ 30. (သား) ဓနင်္ဂရာဇာ 31. (သား) ဟိန္ဒရာဇာ 32. (သား) မောရိယရာဇာ 33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။ *(စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။ ■ဒုတိယ-တကောင်းမင်းဆက်■ ------------------------------------ အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာဟူသော သာကီ၀င်မင်းတစ်ပါးသည် သာကီ၀င်ဆက် မင်းသမီး (? မိဖုရား) တစ်ပါး ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။ ထိုမင်းသားနှင့် မင်းသမီး ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ ထိုနေရာက (၁၇)မြောက်မင်းက သတိုးမဟာရာဇာမင်းဟု ဘွဲ့အမည်ရှိသည်။ နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော် ခေပဒုတ ကို အိမ်ရှေ့မင်း အပ်နှင်း၏။ ခရစ်မပေါ်မီ အနှစ် ၅၀၄-တွင် ခေပဒုတသည် ရန်သူနှိမ်နင်းရန် တပ်နှင့် ထွက်ခဲ့ပြီး ရန်အားလုံးကို နှိမ်နင်းပြီးသောအခါ မူလနေခဲ့သော မြို့နှင့် သိပ်ကွာဝေးနေသဖြင့် မပြန်ဘဲ (နောင်အခါ) ဂြီက္ဗေတြ (သရေခေတ္တရာ) ဖြစ်မည့်နေရာတွင် ရသေ့လုပ်နေသည်။ ဤတွင် ဒုတိယတကောင်း မင်းဆက် ပြီးလေသည်။ မင်းဆက်(၁၇)ဆက် ------------------------ 1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း 2. သတိုးတိုင်းသ ရာဇာမင်း 3. သတိုးရထားရမင်း 4. သတိုးတံခွန်ရမင်း 5. သတိုးလှံပျံရမင်း 6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ) 7. သတိုးဂဠုန်ရမင်း 8. သတိုးနဂါးရမင်း 9. သတိုးနဂါးနိုင်မင်း (ရာဇ၀င်လာ-မောင်ပေါက်ကျိုင်း) 10.သတိုးရဟောလာမင်း 11.သတိုးပေါင်းရှည်မင်း 12.သတိုးကျောက်ရှည်မင်း 13.သတိုးဆင်လောက်မင်း 14.သတိုးဆင်ထိန်းမင်း 15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား 16.သတိုးမင်းကြီးမင်း 17.သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။ ■သရေခေတ္တရာ-ပထမမင်းဆက်■ --------------------------------------- ဧရာဝတီမြစ်၏ အောက်ပိုင်း (အကြေအရပ်)တွင် ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍ အရွယ်ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ် အတွင်း မျှောလိုက်သည်။ မြစ်မှာ မျှောပါရင်း မျက်စိမြင်သည်။ ဦးကြီးရသေ့နှင့် တွေ့သည်။ ရသေ့၏ အစီအမံဖြင့် မဟာသမ္ဘာ၀ အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့် ထိမ်းမြားကာ ပျူတို့ကို မင်းလုပ်အုပ်ချုပ်စေသည်။ ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဖြစ်သည်။ မြို့တော်မှာ (ဂြီက္ဗေတြ) အသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ (သရေခေတ္တရာ) ဖြစ်လာသည်။ သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ မဟာသမ္ဘာ၀တွင် သားတော်တစ်ပါး ဖွားမြင်ရာ ဒွတ္တဘောင် (တ္ဒဗံ့မင်းကြီး) ဖြစ်လာသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တဘောင်မင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊ ဘောဘောဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။ သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ (ဘုန်းကြီးကျောင်း)မြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့သည်။ မင်းကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန်ရာ၊ ပန်ထွာမင်းသမီး(? တောင်တွင်းကြီး)နှင့်တွေ့ပြီး ပန်ထွာဘုရင်မ၏ ဧည့်ခံပြုစုခြင်း၌ နစ်မွန်း၍ မဆင်မခြင်သွား လာရာကာ မုန်တိုင်းတစ်ခုနှင့် ဆုံသဖြင့် ရေနစ်ပျောက်ဆုံး သွားရသည်။ ထိုမင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်းသော မင်းဖြစ်သည်။ ကွယ်လွန်ချိန်ကား ခရစ်မပေါ်မီ ၃၇၃ တွင်ဖြစ်သည်။ မင်းဆက်(၂၇)ဆက် ------------------------ 1.မဟာသမ္ဘာ၀ (သာသနာနှစ်-၆၀) (BC-484) 2.(ညီ) စူဠာသမ္ဘာ၀ (သာသနာနှစ်-၆၆) (BC-478) 3.(သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443) 4.(သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373) 5.(သား) ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328) 6.(သား) ရန်မန် (သာသနာနှစ်-၂၆၁) (BC-283) 7.(သား) ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236) 8.(သား) ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208) 9.(သား) လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175) 10.(သား) သိရိခန် (သာသနာနှစ်-၃၉၉) (BC-145) 11.(သား) သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117) 12.ငတပါး (သာသနာနှစ်-၄၄၆) (BC-98) 13.(သား) ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47) 14.(သား) ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27) 15.(သား) ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12) 16.(သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9) *[သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။] 17.(ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6) 18.(သား) မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19) 19.(သား) ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34) 20.(ညီ) သာခ (သာသနာနှစ်-၅၈၁) (AD-37) 21.(သား) သာသိ (သာသနာနှစ်-၅၈၄) (AD-40) 22.(ညီ) ကန္န (သာသနာနှစ်-၅၉၁) (AD-47) 23.(နောင်တော်) ကန်တက် (သာသနာနှစ်-၅၉၃) (AD-49) 24.(နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51) 25.(သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60) 26.(သား) အတိတျာ (သာသနာနှစ်-၆၂၉) (AD-65) 27.(ညီ) သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68) *[ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။] ■သရေခေတ္တရာ-ဒုတိယမင်းဆက်■ ----------------------------------------- မင်းဆက်(၂၀) 1. သီဟသူ 2. (ညီ) ကျစွာ 3. စောရန်နောင် 4. မျက်နှာရှည် 5. မထီးလို (လု) 6. လုပ်ပြာ (ဖျာ) 7. စုကတေး 8. မင်းရဲကျော်စွာ 9. သီဟသူ 10.စောရွှေခွက် 11.နရပတိ 12.(သာယာ၀တီ) 13.မင်းကြီးဆင်များ 14.ညီတော်သတိုး 15.မင်းစောဆင်ဖြူရှင် 16.သားတော် မင်းတရား 17.နရပတိ 18.မင်းခေါင် 19.မင်းတရားကျွန်တော် သတိုး 20.သတိုးမင်းစော ■ပုဂံမင်းဆက်■ ------------------- မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။ ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါ၀င်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။ ၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို (က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊ (ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊ ၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည် မင်းဆက် (၅၈)ဆက် ------------------------ (၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်) (၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်) (၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်) (၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်) (၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်) (၆) ပိုက်သေဉ်လည် (ကောဇာသက္ကရာဇ် ၂၄၆ နှစ်) (၇) သေဉ်လည်ကြောင် (ကောဇာသက္ကရာဇ် ၂၆၆-နှစ်) (၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်) (၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်) (၁၀) မုက္ခမန် အမတ် (၂) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်) (၁၁) သူရဲ အမတ် (၃) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်) (၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ- ၄၁၆-နှစ်) (၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်) (၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်) (၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်) (၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်) (၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်) (၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်) (၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်) (၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်) (၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို) (၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂) (၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄) (၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂) (၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂) (၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈) (၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ) (၂၈) သိန်ခွန် (သိန်းစွန်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၉၆) (၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆) (၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅) (၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄) (၃၂) ထွန်လတ် (မွန်လတ်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၁၄၇) (၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄) (၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁) (၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်) (၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀) (၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး) (၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃) (၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း) (၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂) (၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃) (၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉) (၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော) (၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇) (၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။ (၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀) (၄၇) မင်းရှင်စော (၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း) (၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ) (၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆) (၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို) (၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ) (၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား) (၅၄)သီဟသူ (ပြည်စား) (၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကို၀င်ရောက်တိုက်ခိုက်သည်။ (၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ) (၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂) (၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄) [2] သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှာ ရှမ်းညီနောင်သုံးဦးဖြစ်သည်။ ■ပင်းယမင်းဆက်■ ----------------------- ပင်းယမင်းဆက် (၆)ဆက် ------------------------------ 1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂) 2.မင်းဆက်(၁) တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း 3.(၂) ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း 4.(၃) ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း 5.(၄) ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း 6.(၅) နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း 7.(၆) ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း ■စစ်ကိုင်းမင်းဆက်■ ------------------------- စစ်ကိုင်းမင်းဆက် (၇)ဆက် -------------------------------- (၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀) (၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆) (၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉) (၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း) (၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း) (၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅) (၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1] စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။ ■မဂဒူး မင်းဆက်■ ----------------------- မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉) အေဒီ (၁၁) ရာစုတွင် သု၀ဏ္ဏဘူမိ ခေါ် သထုံပြည်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထိုနောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိမင်းပြုကြသည်။ မင်းဆက်(၇)ဆက်ထိ မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာထီးနန်း စိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ တို့ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမ မှ ဒုန်၀န်း(ယခု ၀န်မြို့)သို့ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ၀န်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှူံးပြန်သဖြင့် ဟံသာ၀တီ(ပဲခူး)သို့ ပြောင်းရွှေ့ရပြန်သည်။ ထိုဆင်ဖြူရှင်ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ရာဇာဓိရာဇ် ထိုစဉ်က အင်း၀တွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာစော်ကဲ ၊ ၄င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်တို့နှင့် စစ်ပြိုင်ပြုကာ ရာဇ၀င်တွင် ထင်ရှားလှသည့် အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏ အင်အားကိုမခံနိုင်ပဲကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။ မဂဒူးမင်းဆက် ၁၈ ဆက် ----------------------------- 1.ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆) 2.ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀) 3.စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄) 4.စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁) ဇိတ်ပွန်(၇ ရက်) 5.စောအဲကံကောင်း(၄၉ ရက်) 6.ဗညားအဲလော(၁၃၃၁-၁၃၄၈) 7.ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃) 8.ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) 9.ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆) 10.ပထမဗညားရံ(၁၄၂၆-၁၄၄၆) 11.ဗညားဗရူး(၁၄၄၆-၁၄၅၀) 11.ဗညားကျန်းထော(၁၄၅၀-၁၄၅၃) 12.လိပ်မွတ်ထော(၇ လ) 13.ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂) 14.ဓမ္မစေတီ(၁၄၇၂-၁၄၉၂) 15.ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆) 16.သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉) ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၄င်းတို့မှာ ဟံသာ၀တီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမမှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။ ■အင်း၀မင်းဆက်■ ------------------------ အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃-ရာစု အလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံး၀ သြဇာမရှိတော့နောက်တွင် တိုတောင်းလှသည့် မြင်စိုင်း၊ နှင့် ပင်းယ-စစ်ကိုင်းခေတ်များ ပေါ်ပေါက်လာသေးသည်။သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ဝှမ်းကို မြောက်ပိုင်းမှ မောရှမ်းတို့ အင်အားကြီးမားစွာဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ပင်းယနှင့် စစ်ကိုင်းမြို့များလည်းပျက်စီးပြန်သည်။ ထိုကဲ့သို့ နှစ်၅၀အကြာ တစ်နယ်တစ်မင်း မငြိမ်မသက်ဖြစ်နေခဲ့ရပြီးနောက် ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်း၀နန်းတည်ကာ အင်း၀မင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ ထို့ကြောင်း အင်း၀မင်းဆက်မှ မင်းများသည် ရှမ်းသွေးမကင်းကြဟု ဆိုနိုင်သော်လည်း မြန်မာဘွဲ့ခံသည် မြန်မာစစ်စစ်များသဖွယ် ဖြစ်ခဲ့ကြသည်ကိုတွေ့ရသည်။ တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်း၀ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာ၀တီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။ အင်း၀မင်းဆက် ၃၀ ဆက် ------------------------------ (၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈) (၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား) (၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃) (၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (ဤမင်းအထိ သတိုးဆက်ဟုလည်းကောင်း) (၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး) (၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ) (၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ) (၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ) (၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (ဤမင်းအထိ မိုးညှင်းဆက်ဟုလည်းကောင်း) (၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား) (၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား) (၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း) (၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်) (၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ) (၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ) (၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄) (၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ) (၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅) (၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ) (၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ) (၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁) (၂၆)နရာ၀ရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း) (၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ) (၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ) (၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်) (၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာ၀တီပါမင်း) ■တောင်ငူမင်းဆက်■ --------------------------- တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာ၀တီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာ၀တီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။ ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်း ပါ၀င်ပါတ်သတ်မှု ရှိနေပြသောကြောင့် ဖြစ်သည်။ တောင်ငူရာဇ၀င်အကျဉ်း ----------------------------- သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီညို လက်ထက်တွင်ဖြစ်သည်။ သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင် တို့ဟံသာ၀တီကို အောင်နိုင်ပြီး ဟံသာ၀တီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။ တပင်ရွှေထီး ဟံသာ၀တီကို အောင်နိုင်ပြီးဟံသာ၀တီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။ နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာ၀တီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင် တောင်ငူကို အင်း၀မှ အနောက်ဖက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျော့ချခံခဲ့ရသည်။ တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓါတ်ကျဆင်းကာ မပြုသင့်ပဲ တိုင်းတပါးသား ငဇင်ကာနှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။ တောင်ငူမင်းဆက် ၈ ဆက် ------------------------------- မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈) တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃) မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂) တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁) ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂) နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃) မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆) နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။ ■ညောင်ရမ်းမင်းဆက်■ ---------------------------- တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၄င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊သာလွန်မင်း တို့သည် အင်း၀၊ပြည်၊တောင်ငူ၊ဟံသာ၀တီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်း၀ကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။ ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်၀န်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။နောက်ဆုံး အင်း၀ကိုပါသိမ်းယူကာ အင်း၀ဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာ၀တီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။ ညောင်ရမ်းမင်းဆက် (၁၁)ဆက် ------------------------------------- (၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅) (၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈) (၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁) (၇)နရာ၀ရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) ■ကုန်းဘောင် မင်းဆက်■ ------------------------------ ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀(အင်း၀), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်း(၁၀)ဆက်မြောက်မင်းဖြစ်သော ဟံသာ၀တီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။ ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရားမှသည် နောက်ဆုံး သီပေါမင်းအထိ မင်းဆက် (၁၁)ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုတ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာသနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ် သဘာ၀မှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကိုသာ အဓိကထားကာ ကျူးကျော်လာသည့် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။ ကုန်းဘောင် မင်းဆက် (၁၁)ဆက် ---------------------------------------- 1. အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀) 2. နောင်တော်ကြီး (နန်းစံ ၁၇၆၀- ၁