Pyin Nyar Tharahpuu Private High School

Pyin Nyar Tharahpuu Private High School Pyin Nyar Tharahpuu Education Center is one of the most powerful things in life to find the meaning

20/07/2020

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ

၂၀၂၀_၂၀၂၁ ပညာသင်နှစ် Grade 10 (ဒသမတန်း)
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၁_၂၀၂၂ ပညာသင်နှစ် Grade 11 (ဧကဒသမတန်း)
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၂_၂၀၂၃ ပညာသင်နှစ် Grade 12
(ဒွာဒသမတန်း)

Grade 12တွင် ကျောင်းတွင်းစစ် စာမေးပွဲနှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲနှစ်ခုရှိပါသည်။

Grade 12 ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုအောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့် ကောလိပ်များ၊Instituteများ(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်) ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

သို့သော်၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ University များတက်ရောက်ခွင့်ရရှိမည့် Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ထိုစာမေးပွဲတွင် Grade A ရထားသောကလေးသည် နှစ်သက်သလို တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊Grade B,C အစရှိသဖြင့် ရသောကလေးများသည် ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။မိမိ အဓိက ရွေးချယ်မည့် တက္ကသိုလ် တစ်ခုကိုတော့ ကို G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

ဥပမာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊Physics၊Chemistry၊Biology လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineeringနှင့်IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊Math၊Physics၊Chemistry လေးဘာသာ၏ Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။General Science ၊Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။ရှင်းအောင်ပြောရရင် (၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များစာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12 )သုံးနှစ်စာ သင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။Grade ကောင်းရုံနဲ့လည်း တက္ကသိုလ် တက်ခွင့်ရမှာမဟုတ်ပါဘူး။ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။
Crd:Saya Ye Kyaw Thu

12/07/2020
12/07/2020

တရားဝင်ကြေညာလိုက်သော ကျောင်းဖွင့်ရက်များ

အထက်တန်း-> (21.7.2020)
အလယ်တန်း-> ( 4.8.2020 )
မူလတန်း -> (11.8.2020)

(Education Public News)

သတင်းကောင်းပါးအပ်ပါတယ်👑👑
10/06/2020

သတင်းကောင်းပါးအပ်ပါတယ်👑👑

06/06/2020

ကျောင်းကို ဒီလို ဖွင့်ပါမယ်
အချို့ Plan A
အချို့ Plan B
အချို့ Plan C
အချို့ Plan D

နေပြည်တော်၊ ဇွန် - ၅

အခြေခံပညာကျောင်းများအားကျောင်ဖွင့်ရန်(A-Group,B-Group,C-Group,D-Group)ပုံစံ(၄)မျိုးနှင့်လျာထားကြောင်းဒုတိယညွန်ကြားရေးမှူးချုပ်၊ဒေါက်တာဦးတင်မောင်ဝင်း မှပြောပါတယ်။

"ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီးတော့မှတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းပေါင်း ၄၇၀၀၀ ကျော်ရဲ့အခြေအနေကို တစ်ကျောင်းချင်းစီပြန်ကြည့်ပါတယ်။

နံပါတ်တစ်-ကျောင်းသား
နံပါတ်နှစ်- ဆရာဆရာမ
နံပါတ်သုံး-စာသင်ခန်း
နံပါတ်လေး-စာသင်ခုံ

အရေအတွက် အားလုံးအကုန်လုံးကို တစ်ကျောင်းချင်းစီကို စိစစ်ပြီးတော့မှဘယ်ကျောင်းဟာ ဘယ်လိုပုံစံနဲ့ဖွင့်နိုင်မလဲဆိုတာကို ပုံစံလေးမျိုးနဲ့ လျာထားတာရှိပါတယ်။

(A-Group)
-----------------
မှာ ပါတဲ့ကျောင်းတွေကတော့ဘာမှပြောင်းလဲစရာမလိုဘူးပုံမှန်ဖွင့်နိုင်တဲ့ ကျောင်းတွေပါ၊ဒါကကျောင်းသားအရေအတွက်အရမ်းနည်းတယ်။
ဆရာဆရာမအရေအတွက်လည်း လုံလုံလောက်လောက်ရှိတယ်။
စာသင်ခုံစာသင်ခန်းကလည်း လုံလုံလောက်လောက်ရှိတယ်။
ဒီလို ကျောင်းမျိုးပါ။

(B-Group)
---------------
အနေနဲ့ကတော့ တစ်ပတ်ခြား တက်ရပါမယ်၊(ဥပမာ)
အခုဖွင့်မယ့် grade 11,grade10 ဆိုရင် grade 10ကိုဒီတစ်ပတ် တက်ပြီး တော့ grade 11ကနားနေပါမယ်၊
နောက်တစ်ပတ်မှာ grade 11ကတက်ပြီးတော့ grade 10ကနားနေပါမယ်။
ကျောင်းသူကျောင်းသားအရေအတွက် ဆရာဆရာမအရေအတွက် စာသင်ခန်းစာသင်ခုံအရေအတွက်ပေါ် မှာမူတည်ပြီးတော့ ဒါတွေကိုစဉ်းစားမှာပါ။

(C-Group)
-----------------
မှာတော့ နံပါတ်တစ်-တစ်ပတ်လည်းခြားရမယ်။ နှစ်သုတ်လည်း တက်ရမယ်။တချို့ကျောင်းတွေမှာပါ။

( D-Group)
-----------------
ကတော့ (A)ရော(B)ရော (C)ရောမှာ ဘယ်လိုမှမဖြစ်တော့ရင်
(D)ဂရုမှာက တစ်ပတ်ခြားလည်းတက်ရမယ်၊နှစ်သုတ်လည်းတက်ရမယ်၊ တစ်ပတ်မှာ ၃ရက်ပဲတက်ရမှာ ဖြစ်ပါတယ်၊

ဝါတွင်းကာလဖြစ်တဲ့အတွက်
တနင်္ဂနွေနေ့ သို့မဟုတ်ဥပုသ် တစ်ရက်ပိတ်ပြီး ကျန်တဲ့၆ရက်မှာ ၃ရက်တက်မယ် သုံးရက်နားမယ်၊ ဒါတင်မဟုတ်သေးဘူး။ တစ်ပတ်လည်းခြားမယ်၊နှစ်သုတ်လည်း ခွဲရမယ်၊သုံးရက်ပဲ တက်ရမယ် ဆိုတဲ့ကျောင်းမျိုးတွေလည်း ရှိပါတယ်၊အင်မတန်အရေအတွက်နည်း ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၆ ကြိမ် ရှိပြီညှိနှိုင်းထားတာ။
ကျောင်းတစ်ကျောင်းချင်းစီကကိုယ့်ကျောင်းနဲ့ အဆင်ပြေမယ့်နည်းလမ်းကို ရွေးကြ ရပါတယ်။

အခြေခံပညာအဆင့်သင်ကျောင်းတွေအားလုံးပါပါတယ်။အစိုးရ ကျောင်းတွေအပြင်ပုဂ္ဂလိကကျောင်းတွေဘကကျောင်းတွေလည်း အစိုးရကျောင်းတွေနည်းတူ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ လိုက်နာပြီးဖွင့်လှစ်သွား မှာဖြစ်ပါတယ်။

တချို့ကျောင်းတွေမှာ တစ်ပတ်ခြားတက်ရမယ်ဆိုရင်အိမ်မှာနေတဲ့ တစ်ပတ်မှာဘာလုပ်ကြမလဲဆိုတဲ့ ကိစ္စရှိပါတယ်။
ဒါကိုလည်း လွပ်လပ်စွာဆုံးဖြတ်လို့ရပါတယ်။

အခြေခံပညာကျောင်းတွေတင်မကဘူး ပုဂ္ဂလိကကျောင်းတွေရော
ဘကကျောင်းတွေရောကိုယ့်နည်းကိုယ့်ဟန်နဲ့လွတ်လပ်စွာ ဆောင်ရွက်လို့ရပါတယ်။

အွန်လိုင်းနဲ့လည်းပေးလို့ရတယ်။off-line နဲ့လည်းပေးလို့ရတယ်။မိဘတွေရဲ့ပံ့ပိုးမှုကတော့အများကြီးလိုတာပေါ့...

ဟု ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း မှပြောပါတယ်။

နိုင်ငံပိုင်လုပ်ငန်းမှတ်ပုံတင်ရှိသောပုဂ္ဂလိကလုပ်ငန်းရှင်များကိုယနေ့မွန်းလွဲပိုင်းကနေပြည်တော်၊ဇမ္မူသိရိမြို့နယ်၊အမှတ်(၅)အခြေခံပညအထက်တန်းကျောင်းတွင် ပစ္စည်းပုံစံများနှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Source; နေပြည်တော်သတင်း

ကျောင်းသား/သူတိုင်းသိထားသင့်တဲ့(၂၀၂၀ - ၂၀၂၁) ပညာသင်နှစ် စနစ်သစ်ပညာရေး(၈)တန်းအောင် (Grade-10) တက်ရောက်မည့် ကျောင်းသားကျော...
06/06/2020

ကျောင်းသား/သူတိုင်းသိထားသင့်တဲ့
(၂၀၂၀ - ၂၀၂၁) ပညာသင်နှစ် စနစ်သစ်ပညာရေး
(၈)တန်းအောင် (Grade-10) တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက် သင်ယူရမည့်ဘာသာရပ်များနှင့် ရှင်းလင်းချက်များ

#ပညာရေး #စနစ်သစ်

ပညာသရဖူ ကိုယ်ပိုင်အထက်တန်းကျောင်း မှကျောင်းသား/သူ များအား နွေးထွေးစွာ ကြိုဆိုပါတယ်👑👑👑
05/06/2020

ပညာသရဖူ ကိုယ်ပိုင်အထက်တန်းကျောင်း မှ
ကျောင်းသား/သူ များအား နွေးထွေးစွာ ကြိုဆိုပါတယ်👑👑👑

လေးစားချစ်ခင်ရပါသော.... မိဘအုပ်ထိန်းသူများအား အသိပေးအပ်ပါတယ်ရှင်👑👑👑
05/06/2020

လေးစားချစ်ခင်ရပါသော.... မိဘအုပ်ထိန်းသူများအား အသိပေးအပ်ပါတယ်ရှင်👑👑👑

ဒီနေ့အတွက် သိကောင်းစရာ (၁၅)
(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၅) ရက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျောင်းသား/ သူများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်ပွားမှု ကာကွယ်ဖို့ ကျောင်းသို့မလာမီ မိဘအုပ်ထိန်းသူများ ဘာတွေဆောင်ရွက်ရမလဲ?
မိမိတို့ ရင်သွေးငယ် (ကျောင်းသား/သူများ)ကို အောက်ပါအချက်များကို ရင်းနှီးကျွမ်းဝင်အောင် အိမ်တွင် စနစ်တကျ ကြိုတင်သင်ကြားပေးပါ။

၁။ လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောနည်း၊
လက်ဆေးနည်းကဗျာ - “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ၊
ကုတ်၍ ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။”

၂။ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်နည်းနှင့် ဆောင်ရန်/ရှောင်ရန်များ
• အရောင်ပိုရင့်သည့်မျက်နှာပြင်ကို အပြင်ဘက်တွင် ထားရှိခြင်း၊
• ပါးစပ်နှင့်နှာခေါင်း နှစ်ခုစလုံးကို လုံခြုံအောင် စနစ်တကျဖုံးအုပ်ခြင်း၊
• ဖယ်ရှားမည်ဆိုပါက Mask အနောက်ဘက်ရှိ ကြိုးကိုသာ ကိုင်တွယ်ဖယ်ရှားခြင်း၊
• အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်တတ်ခြင်း၊ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးခြင်း၊
• အသုံးပြုနေစဉ် Mask ကို လက်ဖြင့် ထိတွေ့ကိုင်တွယ် မပြုလုပ်ခြင်း၊
• Mask ကို မေးအောက်တွင် သိုင်းထားခြင်း၊ နားတွင် ချိတ်ထားခြင်း၊ လက်ဖြင့်ကိုင်ထားခြင်း၊ အခြားနေရာ များတွင် ချထားခြင်းများ မပြုလုပ်ခြင်း၊

၃။ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ
• နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် ပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊
• တစ်ရှူး အသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်တတ်ခြင်း၊ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးခြင်း၊

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် လက္ခဏာများရှိသော ကလေးများကို ကျောင်းသို့ လုံးဝ မလွှတ်ပါနှင့်။ ခွင့်တိုင်ကြားပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ပါ။

, , , #ဒီနေ့အတွက်သိကောင်းစရာ

Address

Singu
05111

Telephone

+959792222121

Website

Alerts

Be the first to know and let us send you an email when Pyin Nyar Tharahpuu Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Pyin Nyar Tharahpuu Private High School:

Shortcuts

Share

Category