အထက ဆည်သည် CDM ကျောင်းသား/သူများ

  • Home
  • Myanmar
  • Singu
  • အထက ဆည်သည် CDM ကျောင်းသား/သူများ

အထက ဆည်သည် CDM ကျောင်းသား/သူများ မဆိုင်သော postများ ဝင်မတင်ကြပါနယ့်

27/01/2024

ဘာလိုလိုနယ့်

ဘောမတေ တစ်ပွင့်တိုးတော့မယ်😂

နောက်နှစ်တော့ (သေလမ်း)

ဘောမတေပါ ဒီaccရ သတိထားပါ
21/01/2024

ဘောမတေပါ ဒီaccရ သတိထားပါ

08/10/2023
08/10/2023

ကိုယ့်ထက်ပိုတဲ့သူတွေ အများကြီး
———————————————-
လူလောကမှာ
လူပေါင်းစုံ အရောင်အသွေးပေါင်းစုံ ကိုးကွယ်မှုပေါင်းစုံ
မတတ်သူ တတ်သူ မရှိသူ ရှိသူ နိမ့်သူ မြင့်သူ ခံနိုင်ရည်ရှိသူ မရှိသူ ကြောက်သူ မကြောက်သူ
စုံလင်စွာရှိကြတယ်။
ကိုယ့်လောက်မလုပ်နိုင်လို့
ကိုယ်လောက်မပေးဆပ်နိုင်လို့
ကိုယ့်လောက်မစွန့်လွှတ်နိုင်လို့
တခြားလူကို အပြစ်မဖွဲ့ပါနဲ့။
ကိုယ့်ထက် စွန့်လွှတ်နေသူတွေ
ပေးဆပ်နေသူတွေ အများကြီးရှိတာ မမေ့ပါနဲ့။
တစ်ခါတလေ လူဟာ ကိုယ်လုပ်နိုင်စွမ်းကို ထုပ်ပြချင်ဇောများပြီး သတိမေ့တတ်ကြပါတယ်။
စကားကျွံတာ လုပ်ရပ်ကျွံတာတွေ တွေ့ရကြုံရတတ်ပါတယ်။ဒါကလည်း ဖြစ်တတ်တဲ့လူ့သဘာဝဖြစ်နေတာပါ။
သတိလေးထားဖို့လိုတာပေါ့။
ကျနော်လည်း ခြောက်ပြစ်ကင်းနေတဲ့လူတော့လည်းမဟုတ်ပါဘူး။
ဒါပေမယ့်
သတိကိုမလွတ်အောင်အမြဲကပ်ထားရပါတယ်။
ဒီဖိနပ်ပိုင်ရှင်ဆရာမလို လူသားမျိုး မြန်မာ့နွေဦးတော်လှန်ရေးမှာ ကြွေလွင့်ခဲ့ရတာ အများကြီးပါ။
ဒီဆရာမထက်ဆိုးတဲ့ ဘဝတွေအများကြီးရှိပါတယ်။
တော်လှန်ရေးအတွက် ပေးဆပ်တဲ့သူအချင်းချင်း
သူများတယ် ကိုယ်နည်းတယ် တွက်ရမယ့် နေရာမဟုတ်ပါဘူး။
သူက ဘယ်မှာ ကိုယ်က ဘယ်မှာ
နေရာတွေချိန်ထိုးရမယ့် အရာလည်းမဟုတ်ပါဘူး။
မြေပြင်တွေ၊အဝေးရောက်တွေ ခွဲနေတာမရှိပါဘူး။
လုပ်နိုင်သူတွေ လုပ်နိုင်သလောက်လုပ်ကြ။
မလုပ်နိုင်သူတွေလည်း လုပ်နိုင်သလောက်လုပ်ကြ။
အဓိကကအဆက်မပြတ် လုပ်နေဖို့ပဲလိုပါတယ်။
မောလာလို့ ပန်းလားလို့ ခဏနားချင်နားလိုက်ပါ။
အားပြန်ဖြည့်ပါ။
အမောပြေလို့ပြီးရင်တော့ ဆက်လုပ်ကြပါ။
ရန်သူကို အချိန်တစ်ခုပေးရင်
နိုင်မယ်ဆိုတာသိနေရက်​နဲ့တော့ အားစိုက်ခဲ့သမျှတွေ
ပေးဆပ်ခဲ့သမျှတွေကို ဘာအတွက် သရေအဖြစ်ခံကစားမလဲ။ဆက်သွားကြမယ်။အားတင်းထားကြပါ။

||| ပြည်သူကို မကာကွယ်နိုင်တော့ဘဲ ပျက်စီးနေတဲ့ စစ်တပ် ချမ်းမင်း "စစ်သားက စစ်သားနဲ့မတူတော့တာ မြန်မာပြည်မှာ အတော်ကြာနေပြီကွ...
08/10/2023

||| ပြည်သူကို မကာကွယ်နိုင်တော့ဘဲ ပျက်စီးနေတဲ့ စစ်တပ်

ချမ်းမင်း

"စစ်သားက စစ်သားနဲ့မတူတော့တာ မြန်မာပြည်မှာ အတော်ကြာနေပြီကွ" ဆိုတဲ့စကားဟာ ကျွန်တော်တို့ရပ်ကွက်ထဲက စစ်ပြန်အဖိုးကြီးတွေ စကားလက်ဆုံကျတိုင်း အမြဲထည့်ပြောနေကျ စကားပဲ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ငယ်သေးတော့ ဘာကိုဆိုလိုမှန်း ဘာအဓိပ္ပါယ်နဲ့ပြောမှန်း သေချာသဘောမပေါက်ခဲ့ဘူး။ ဒါပေမဲ့နောက်ပိုင်း အရွယ်ရောက်လာပြီး ကိုယ်တိုင် စစ်တပ်ထဲဝင်တော့မှသာ စစ်ပြန်အဖိုးကြီးတွေ အဲ့ဒီစကားကို ဘာအဓိပ်ပါယျနဲ့ ပြောခဲ့သလဲဆိုတာ သဘောပေါက်လာပါတော့တယ်။

ကျွန်တော် စစ်တပ်ထဲရောက်တဲ့ ကာလဟာ ၂၀၁၆ ခုနှစ် ဒီမိုကရေစီအစိုးရလက်ထက်မှာပေါ့။ ဒီမိုကရေစီအစိုးရလက်ထက် အပြင်လောကတစ်ခုလုံး အရှိန်အဟုန်နဲ့ပြောင်းလဲနေပြီဆိုပေမဲ့လည်း တပ်ထဲမှာကတော့ အသုံးအဆောင်၊ စစ်ယူနီဖောင်းကအစ တွေးခေါ်ပုံတွေအဆုံး ဘာတစ်ခုမှ Updateမဖြစ်ပဲ အရင်လမ်းဟောင်းကြီးအတိုင်းတွေးခေါ်လုပ်ဆောင်နေကြတုန်းပဲ။

အဲ့ဒီလို ပြုပြင်ပြောင်းလဲသင့်တဲ့အရာတွေကို Update တင် မပြုပြင်ပေမဲ့လည်း လိုက်နာကျင့်သုံးသင့်တဲ့ ဗိုလ်ချုပ်တို့လက်ထက်က စစ်တပ်ရဲ့ အစဉ်အလာကောင်းတွေ၊ စည်းကမ်းကောင်းတွေကို ကျင့်သုံးတာကတော့ မျက်မှောက်ခေတ်စစ်တပ်မှာ တဖြည်းဖြည်းလျော့နည်းကျဆင်းလာတာကိုလည်းတွေ့ရတယ်။ အရင်စစ်တပ်ရဲ့အစဉ်အလာကောင်းတွေဖြစ်တဲ့ စစ်သည်တော်တွေလိုက်နာရမဲ့ကျင့်ဝတ်၊ ပြည်သူလူထုအပေါ် ပြုကျင့်ရမဲ့ကျင့်ဝတ်၊ အထက်အောက် အပြန်အလှန်လိုက်နာရမဲ့ ကျင့်ဝတ်တွေဟာ ဒီဘက်ခေတ်မှာတော့ စာအုပ်ထဲမှာသာကျန်ပါတော့တယ်။

ဒါ့အပြင် စစ်သားတစ်ယောက်ရှိရမဲ့ အရည်အချင်းတွေ၊ စံချိန်စံနည်းတွေကိုလည်း ဘာတစ်ခုမှ အလေးမထားတော့ဘဲ အရည်အတွက်များများရရှိဖို့ကိုသာ ပိုမိုအလေးပေးဆောင်ရွက်နေတာကိုလည်း တပ်ထဲစဝင်ကတည်းက တွေ့လာရတယ်။

စစ်သားတစ်ယောက်ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေရှိပါတယ်။ ဥပမာ အရပ်အ မောင်းဆို ၅ပေ၄ အနည်းဆုံး၊ အမြင်အာရုံ အကြားအာရုံကောင်းမွန်ရမယ်၊ တပ်ရဲ့လေ့ကျင့်သင်ကြားမှုတွေကို လိုက်ပါလုပ်ဆောင်နိုင်ရန်အတွက် ထိုက်သင့်တဲ့ ကြံ့ခိုင်မှုရှိရမယ်စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အရင်ကအဲ့လို စည်းကမ်းတကျရွေးချယ်ပြီး သေချာသင်ကြားပေးခဲ့တဲ့အတွက်လည်း စစ်သားတစ်ယောက် ရွာကိုခွင့်ပြန်ရင် ရွာကလူမိုက်က တစ်ခြားရွာသွားရှောင်နေရတယ်ဆိုတဲ့ စကားတွေဖြစ်ပေါ်လာတာပါ။ စစ်တပ်ဟာ စစ်တပ်အလုပ်ကိုသေချာလုပ်ခဲ့တာကြောင့် အဲ့လောက်ထိ အရှိန်အဝါကြီးပြီး ပြည်သူတွေရဲ့အားကိုးမှုကိုရခဲ့တာပါ။

ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ စစ်တပ်ဟာ အရပ်မမှီတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့ ရောဂါသည်တွေကိုအစလက်ခံပြီး အရည်အတွက်ကိုသာ အလေးထားနေတယ်ဆိုတာ ကိုယ်တွေ့တွေ့လာရတဲ့အတွက် ကျွန်တော်တို့တပ်ထဲရောက်တော့ မျက်လုံးစွေစောင်းနေတဲ့သူတွေ၊ မွေးရာပါ နှလုံးရောဂါသည်တွေ၊ လေးဘက်နာရောဂါသည်တွေကအစ တစ်ပုံကြီးစစ်သားလုပ်နေကြတာတွေလည်း ကိုယ်တွေ့တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အောက်ခြေရဲဘော်လိုအပ်ချက်တွေအရ နောက်ပိုင်း ရဲဘက်ပြစ်မှုရှိတဲ့တရား ခံပြေးတွေ၊ ဘူတာရုံတွေ၊ လမ်းတွေမှာတွေ့တဲ့သူတွေကအစ လိုက်လံစည်းရုံးတာတွေ၊ ခြိမ်းခြောက်တာတွေအမျိုးမျိုးလုပ်ဆောင်ပြီး တပ်ထဲဝင်စေတာတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့်ပဲ စစ်တပ်ဟာ တစ်တိတိနဲ့ပျက်စီးလာရပြီး နောက်ဆုံးယခုကျတော်တို့မြင်တွေ့နေရသလို ယုတ်မာအောက်တန်း ကျတဲ့ စစ်တပ်တစ်ခုအဖြစ် ပုံရိပ်ပေးနေတာပဲဖြစ်တယ်။ စစ်သားတစ်ယောက်ရှိရမဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုတွေမရှိတဲ့အတွက် တိုက်ရည်ခိုက်ရည်ကျဆင်းပြီး ခံနိုင်ရည်မရှိတာတွေ၊ အတွေးအခေါ်အယူအဆတွေကိုဦးစားမပေးဘဲ တရားခံပြေးတွေ၊ တွေ့ရာလူတွေကိုဆွဲသွင်းခဲ့တာကြောင့် မှန်မှန်မှားမှားမဆုံးဖြတ်နိုင်ဘဲ အထက်ကခိုင်းသမျှကိုလုပ်နေတဲ့ လူ့တိရိစ်ဆာန်တွေလို စစ်သားတွေ စတာတွေဖြစ်ပေါ်နေပါတယ်။ ။
စစ်တပ်အခုလိုဖြစ်နေရတာက စစ်တပ်ကိုယ်တိုင် သိက္ခာကျသလို တိုင်းပြည်လဲနစ်နာရပါတယ်။ နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်များစွာယူထားတဲ့အဖွဲ့အစည်းက အရည်အချင်းမမှီ၊ စည်းကမ်းမရှိ ပရမ်းပတာဖြစ်နေပြီး လူတစ်စုရဲ့အမိန့်ကိုသာ နာခံနေတာဟာ ပြည်သူတွေအတွက်အလွန်အန္တရာယ်ကြီးပါတယ်။ အဲ့ဒီလိုအရည်အချင်းမပြည့်မှီတဲ့ စစ်တပ်ကိုဖြုတ်ချပြီး တိုင်းရင်းသားအားလုံးပါဝင်နေတဲ့ အနာဂတ်တပ်မတော်ကောင်းတစ်ခုအမြန်တည်ဆောက်နိုင်မှသာ တိုင်းပြည်ရဲ့ တကယ့်ငြိမ်းချမ်းမှုအစစ်ကို အမှန်တကယ်ရနိုင်မှာပဲဖြစ်ပါတယ်။


ပန်းတိုင် ဆီသို့...💪💪
06/10/2023

ပန်းတိုင် ဆီသို့...💪💪

30/12/2022

နိုင်မလားမေးရင်
တရေးနိုးထမေးရင်တောင် နိုင်မယ်ပဲ အမြဲပြောနေကျ

ဘာလို့ဆိုရင် ပြည်သူတွေရဲ့ အင်အားနဲ့
စိတ်အားထက်သန်မှုတွေကို ယုံကြည်လို့....

ပြည်တင်းရင် မင်းမခံနိုင်တဲ့...
မင်း(ဘုရင်)တောင် မခံနိုင်တာ
ပုလ္လင်ပေါ် လုတက်တဲ့ သူခိုးဂျပုကတော့ ဘာခံနိုင်မလဲ...

အပင်ကြီးတွေ လှဲတာမြင်ဖူးတယ်မို့လား
ပထမဆုံး ပုဆိန်တချက်ကြောင့် အပင်မလဲသွားဘူးလေ
ဒါပေမယ့် အချက်ပေါင်းများစွာ ဇွဲရှိရှိနဲ့ ခုတ်နေတဲ့ ပုဆိန်ချက်တွေ များလာတဲ့အခါ နောက်ဆုံးပုဆိန် တချက်ကြောင့် အပင်ဘယ်လောက်ကြီးကြီး လဲပါတယ်။

ဒီလိုပါပဲ ကျွန်တော်တို့ ခုတ်လာတာ အချက်ပေါင်း များစွာရှိခဲ့ပါပြီ
နောက်ဆုံးပုဆိန်ချက် မရောက်သေးခင် မောလို့ မလဲသေးဘူးကွာဆိုပီး လက်လျှော့လိုက်လို့မရပါဘူး.......

နောက်ဆုံးပုဆိန်ချက် အားနဲ့အင်နဲ့ခုတ်နိုင်ဖို့ အင်အားရှိဖို့လိုပါတယ်...

တို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ဆိုတာက..
ဆန္ဒပြတဲ့ရက်ပိုင်းလေးအတွက်ပဲမဟုတ်ပါဘူးခင်ဗျာ..
နေ့စဉ် ညီညွတ်ရပါမယ်။

04/12/2022

တာဝန်ကျေတဲ့ မိဘဆိုတာ ကျောင်းကြီးတွေထားနိုင်မှ မဟုတ်ပါဘူး..

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ

၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့
ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
၁၅- *****ကိုယ်ကျင့်တရားကောင်းဖို့*****
၁၆- ဘာသာရေး အသိ( do and don’t) လေးတွေ သိဖို့( တချို့ ကလေးတည်းက အရမ်းလိမ်တတ်တာလေးတွေက်ု မရှိအောင်)

ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။

ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။

အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။

ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။

မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။
Group တခုမှ ကူယူပီး တချို့ လိုတာလေးတွေ ထပ်ပေါင်းထားပါတယ်❤️

Address

အ. ထ. က. ဆည်သည်
Singu

Website

Alerts

Be the first to know and let us send you an email when အထက ဆည်သည် CDM ကျောင်းသား/သူများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category