ဒီနေ့သားသားမီးမီးတို့concentration gameလေးကစားဖြစ်ပါတယ်ရှင့်🥰
ECCD Shwegu mashalet
ကလေးသူငယ်ဖွံ့ဖြိုးမူဂေဟာကျောင်းမှကြိုဆိုပါတယ်��
28/06/2024
သား"မီး"များလက်ချောင်းကြွက်သားသန်မာစေဖို့🙌🙌🥰
27/06/2024
သား"မီး"တို့ရဲ့ကြိုးသီ Activitiesလေးများ🥰🥰
❣💕💞 မူကြို ပညာရေးက စာအုပ်ထဲမှာ စာရှိမှ စာရွတ်ပေါ်မှာ စာပါမှာ စာသင်တာမဟုတ်ရပါရှင့်
💞 စာရွတ်အကောင်းကို အစိတ်အပိုင်းတွေ ဖြစ်အောင် လက်နဲ့ဖြဲပစ်တာ ကတ်ကြေးနဲ့ ကိုက်ပစ်တာကလည်း သင်ကြားခြင်းပဲဖြစ်ပါတယ်ရှင့်
💛 ပစ္စည်းတွေကို ဝှက် ထားပြီး ကလေးတွေကို ရှာခိုင်းတာကလည်း စာသင်နေတာပါ
💚 သူတို့လေးတွေ မြင်ဖူး တွေ့ဖူး ကြားဖူးတာလေးတွေကို ဆရာ ဆရာမ နဲ့ အတူတူ ဆွေးနွေးကြ အဖြေရှာကြတာလည်း စာသင်နေတာပါပဲရှင့်
💙 ကဗျာတွေ သီချင်းတွေဆိုကြပြီး ကခုန်နေတာကလည်း သင်ကြားနည်း တစ်မျိုးပါ
💓 ရေတွေ သဲတွေနဲ့ ဆော့နေကြတာကလည်း ကလေးတွေ လေ့လာသင်ယူနေကြတာပါ
💖 အရိုးရှင်းဆုံး အရောင်ခြယ်ခြင်းကနေ ကလေးတွေ ဘာတွေသင်ယူနေကြ သလဲဆိုရင် အရောင်ကိုသင်ယူကြတယ်👑 eye-hand codination🎒 self control🎓 fine motor skill💼 concentration☂ တွေကို သင်ယူနေတာဖြစ်လို့ မူကြိုမှာ ဘာ games တွေပဲဆော့ဆော့ ဘယ်လို activities မျိုးတွေပဲ လုပ်လုပ် အဲဒါတွေကနေပဲ ကလေးတွေ လေ့လာသင်ယူနေကြတာပါရှင့် 💗💗💗💗💗💗💗💗
09/09/2023
#ပုံသွင်းသူမဖြစ်ပါစေနဲ့
#ပျိုးထောင်သူပဲဖြစ်ပါစေ...
📖🖋📖🖋📖🖋📖🖋
😞 5 နှစ်...
"သားသူငယ်ချင်းအိမ် သွားချင်တယ်"
"မသွားနဲ့ အိမ်မှာပဲဆော့"
"အော် ဟုတ်ကဲ့"
(ဘယ်သူငယ်ချင်းအိမ်မှ သူမသိဘူး။
သူ့မှာ အချစ်ဆုံးသူငယ်ချင်း မရှိဘူး။ သူအထီးကျန်တယ်)
😞 8 နှစ်...
"ဟို ပါဝါရိမ်းဂျားအရုပ် လိုချင်တယ်။ ဝယ်ပေးပါလား"
"အဲဒါတွေက အလကား ဗိုက်ပြည့်တာမဟုတ်ဘူး"
"အော် ဟုတ်ကဲ့"
(ကလေးဘဝ အမှတ်တရတွေကို ပြန်ကြည့်တိုင်း သူဟာ ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး)
😞10 နှစ်...
"ကျောင်းဘောလုံးပြိုင်ပွဲမှာ ဘောလုံးဝင်ကန်ချင်တယ်"
"ခြေထောက်ကျိုးမယ်၊ ကွဲပြဲကုန်မယ်၊ ကျိုးကန်းချင်လား မကန်နဲ့"
"အော် ဟုတ်ကဲ့"
(အဲဒီအချိန်ကစ ဘာအားကစားမှ မပါဝင်ဖြစ် ကျန်းမာရေးလှုပ်ရှားမှုမရှိ ကြံ့ခိုင်မှုမရှိ)
😞13 နှစ်...
"လပြည့်ည သူငယ်ချင်းနဲ့ တူတူပုန်းတမ်း ကစားချင်တယ်"
"မကစားနဲ့ ၈နာရီရှိပြီ နတ်ဖွက်မယ်၊ သရဲရှိတယ်၊သံခရာခေါင်းဖြတ်မယ်"
"အော် ဟုတ်ကဲ့"
(ကြီးတဲ့အချိန်ထိ အမှောင်ကိုကြောက်၊ သရဲတစ္ဆေတွေကြောက် အမြဲစခံရ)
😞15 နှစ်...
"စီးပွားရေးသမားဖြစ်ချင်တယ် Eco တွဲ ယူမယ်နော်"
"ဟိုကောင် အာကာ တောင် Bio ယူတယ် Bio က ပိုမြင့်တယ် အဲဒါယူ"
"အော် ဟုတ်ကဲ့"
(သူစိတ်မဝင်စားတဲ့ ခန္ဓာအစိတ်အပိုင်းတွေအကြောင်း၊ တိရစ္ဆာန်၊ အပင်တွေအကြောင်း
ငြီးငွေ့အောင် သင်ခဲ့ ကျက်ခဲ့ရ)
😞16 နှစ်...
"အမှတ်လည်းကောင်းတယ် စီးပွားရေးတက္ကသိုလ် တက်ချင်တယ်"
"နင့်အမှတ်နဲ့ ဆေးကျောင်းတက် နင့်ကို ဆရာဝန်ဖြစ်ဖို့ ကျောင်းထားတာ"
"အော် ဟုတ်ကဲ့"
(သူ့အကြီးမားဆုံးဆန္ဒကို ဖျက်ဆီးခံလိုက်ရပြီး ဘဝတစ်လျှောက်လုံး ဝါသနာမပါရာအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ခဲ့ရ")
😞19 နှစ်...
"ရည်းစားရှိနေပြီ သူက စီးပွားရေးကျောင်းက"
"ရူးနေလား ဆရာဝန်ဟာ ဆရာဝန်နဲ့ပဲယူ အဆင့်တူ ငွေကြေးချမ်းသာတာနဲ့ယူ ခွေးမဖြစ်ချင်နဲ့"
"အော် ဟုတ်ကဲ့"
(သူ့ဘဝရဲ့ တစ်သက်လုံးလက်တွဲရမယ့်သူကို
ဆုံးရှုံးခဲ့။ အချစ်ဆိုတာကို ငွေကြေးနဲ့ဂုဏ်ဒြပ်က ဖျက်ဆီးခဲ့)
😞20 နှစ်...
"အဲဒီနေရာကို မရောက်ဖူးဘူး"
"မင်းက အဲ့မြို့မှာမွေး အဲ့မှာကြီးတာလေ။ ဒါလေးတောင် မရောက်ဖူးဘူး မသိဘူးလား"
"အော် အေးပါကွာ"
(သူငယ်ချင်းတွေကြားထဲ သူဟာ ဘာမှမသိသူ
တစ်ယောက်)
😞25 နှစ်...
"ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်နော်"
"အဲဒီလို ဘယ်သူမှမလုပ်ဖူးဘူး ဟိုးအရင်လူကြီးတွေက ဟိုလိုပဲလုပ်လာတာ အဲလိုလုပ်"
"အော်ဟုတ်ကဲ့"
(ကိစ္စတစ်ခုအပေါ် မိမိအမြင်သစ်တွေနဲ့ မဖြေရှင်း၊မဖန်တီးတတ် တခြားသူအမြင်တွေပေါ် မှီခိုခဲ့)
..
..
..
အိမ်က သဘောတူတဲ့သူနဲ့ ယူခဲ့တယ်။ ချစ်တဲ့သူနဲ့ဝေးတယ်။
ကိုယ့်ဝါသနာကို စွန့်လွှတ်တယ်။
မိဘရွေးပေးတာ လုပ်တယ်။
ကိုယ့်အလုပ်ကိစ္စတွေကအစ ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိ။
စွန့်စားလိုစိတ်တွေ ပျောက်ကွယ်၊ စဉ်းစားနိုင်စွမ်းတွေ ပျောက်သွားတယ်။
သူငယ်ချင်းတွေ ကိုယ့်မြို့လာလည်လို့ သွားသင့်တဲ့နေရာတွေ မေးရင် မသိ။
ဒါပေမယ့်
လူကြီးတွေရဲ့ မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ
"ဒါက ကျွန်မတို့ သား/သမီးလေးလေ
မိဘစကားကို တစ်သွေမတိမ်းလိုက်နာတယ်။အရမ်းလိမ္မာတာ အမေက ဒါဆိုဒါပဲ"
"သား/သမီး လိမ္မာလေး"
မိဘကို စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တယ်။ သူရဲ့ အကျင့်၊ ဝါသနာ၊ အချစ် ဖြစ်ချင်စိတ်တွေကို အဖျက်ဆီးခံပြီးတော့ပေါ့။
ဘဝတစ်လျှောက်လုံး အမိန့်နာခံတတ်အောင် သင်ကြားခံခဲ့ရပြီး လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်တွေမရှိ၊ ဦးဆောင်မတတ်၊ လူရှေ့သူရှေ့စကားမပြောရဲ၊တစ်ယောက်ထဲ ဘာမှ မလုပ်ရဲ။ ဒါပေမယ့် သူဟာ သား/သမီးလိမ္မာ...
တစ်သက်လုံး ပင်ကိုယ်စွမ်းရည် ဆုံးဖြတ်နိုင်စွမ်းတွေကို နင်းချေခံခဲ့ရပေမယ့် နင်းချေခဲ့တဲ့သူတွေကိုယ်တိုင် တစ်ခါတစ်ရံ ဒါတောင်မသိဘူးလား ဒါလေးတောင် မလုပ်တတ်ဘူးလားလို့ ဆူလေရဲ့...
ဘာအကျိုးသက်ရောက်မှုတွေပဲ ရှိပါစေ လူကြီးတွေကတော့ ကောင်းစေချင်လို့ဆိုတဲ့ အဖြေတစ်ခုသာရှိပါတယ်။
စောဒကတက်မိရင် လူကြီးစေတနာနဲ့ပြောတာ
နားမလည်ဘူးလားဆိုတဲ့ အဖြေမဲ့မေးခွန်းတွေ အမေးခံရတတ်ပါတယ်။
လူကြီးတွေ တကယ်စေတနာရှိရင်
လူငယ်တွေကို နားလည်ပေးသင့်တာပေါ့။
ကိုယ်က လူကြီးဖြစ်ပြီး နားမလည်ခိုင်းသင့်ဘူး။
လူကြီးတွေကို သိစေချင်တာက ကိုယ့်မျိုးဆက်သစ်တွေကို ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို တစ်သွေမသိမ်းလိုက်နာပြီး သူဖြစ်ချင်တာကို ဘာမှမသိတဲ့ (ကိုယ်လည်း သိစရာမလို) ကိုယ်ပါမှ ကိုယ်ပြောမှ လုပ်တတ်တဲ့သူအဖြစ် ပုံသွင်းနေတာလား။
ဒါ့အပြင် နှင်းဆီနဲ့တူတဲ့သူကို
စံပယ်နဲ့တူတဲ့သူနဲ့
ယှဉ်လေ့ရှိကြပါတယ်...
ဆရာဝန်နဲ့ အင်ဂျင်နီယာ ဘယ်သူပိုတော်သလဲဆိုတာ...
လှေသမားနဲ့ ဆရာဝန်
ဘယ်သူပိုတော်သလဲ...
လယ်သမားနဲ့ အင်ဂျင်နီယာ
ဘယ်သူပိုတော်သလဲ မေးနေသလိုပါပဲ...
နှင်းဆီရဲ့ထူးခြားချက်က အရောင်ဖြစ်သလို
စံပယ်ရဲ့အားသာချက်က ရနံ့ဖြစ်ပါတယ်...
နှင်းဆီက ပိုလှတယ်လို့ဖြေရင်
သင်ဟာ နှင်းဆီကြိုက်လို့ဖြစ်ပြီး...
စံပယ်က ပိုလှတယ်ဖြေရင်
သင်ဟာ စံပယ်ကိုကြိုက်လို့ပါ...
ပန်းချင်းတူပေမယ့်
အရည်အချင်းမတူပါဘူး...
တစ်ချိန် မိဘဖြစ်မယ့် သင်လည်း
ပုံသွင်းသူနဲ့ ပျိုးထောင်သူကို
သေချာနားလည်ပြီး ပန်းပျိုးတဲ့လက်ကလေးဖြစ်ပါစေ...
နှင်းဆီကို ပိုရဲစေပြီး
စံပယ်ကို ပိုမွှေးစေနိုင်သူ
ဖြစ်ပါစေ....။ ။
Credit...📖🖋
23/08/2023
📌ကျွန်ုပ်တို့သည်မှားယွင်းမူများနှင့်ပြည့်လျက်ရှိနေကြသည်;ထိုအမှားများအနက်👶👧ကလေးများ၏ဘ၀အုတ်မြစ်တည်ဆောက်ရေးကိုစွန့်ပယ်ခြင်း/လျစ်လျူရူခြင်းများကအဆိုးဝါးဆုံးဖြစ်သည်🙅🙅♂️;ကျွန်ုပ်တို့၏လိုအပ်ချက်များစွာကိုစောင့်နိုင်သော်လည်း*🤱ကလေး🤱*ကားစောင့်နိုင်မည်မဟုတ်ပါ;ယခုလက်ရှိအချိန်၌ပင်သူ၏💪အရိုး&အဆစ်&အသွေးအသားနှင့်အာရုံများ🧠ဖွံ့ဖြိုးလျက်ရှိသဖြင့်🚫 #မနက်ဖြန် #🚫သို့ရွေ့ဆိုင်း၍မဖြစ်နိုင်ပါ;
သူအမည်ကား📍 #ဒီနေ့ #📍ဖြစ်သော်ကြောင့်သာဖြစ်တယ်📌
Shwegu mashalet
18/08/2023
Today ရဲ့အကင်ဘူဖေးtimeပါ
သားသား မီးမီးတို့ မိမိကိုယ်တိုင်ယုံကြည်မူရှိလာဖို့😍/မျှဝေတက်စေဖို့😍/ပူးပေါင်းဆောင်ရွင်တက်စေဖို့😍
16/08/2023
ကျောင်းနေပျော်၍စာတော်သော်စိန်တုံးလေးများ💎
Shapeအကြောင်းကျွမ်းကျင်စွာခွဲခြားသိမြင်နိုင်ကြပုံများ🥰🥰
Growing the seed (မျိုးစေ့ကို ပြုစုပျိုးထောင်ခြင်း)
Shweyu mashalet(like&follow)
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာဟာ သစ်ပင်မျိုးစေ့လေး တစ်စေ့ကို ပြုစုပျိုးထောင်ရတာနဲ့ ဆင်တူတယ်။ မျိုးစေ့ကနေ သီးပွင့်ဝေဆာတဲ့ အပင်အထိ ရောက်ဖို့ ကြီးထွားမှု အဆင့်ဆင့်ကို ဖြတ်ရပါတယ်။
အပင်တစ်ပင်ကို စနစ်တကျ မပြုစု မပျိုးထောင်ဘဲ ဒီအတိုင်းထားလိုက်ရင် အပင်တစ်ပင်ကတော့ ဖြစ်လာမှာပါပဲ။ ဒါပေမယ့် ကျန်းမာသန်စွမ်းတဲ့ အပင်၊ ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ အသီးအပွင့်တွေ ဝေဆာတဲ့ အပင် ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျန်းမာသန်စွမ်းပြီး အသီးအပွင့်တွေ ဝေဆာတဲ့ အပင် ဖြစ်လာဖို့အတွက် ဆိုရင်တော့ မှန်ကန်တဲ့ မြေဩဇာ၊ ရေ၊ နေရောင်ခြည် စနစ်တကျ ပေးရမှာဖြစ်ပါတယ်။ အဲဒီလို စနစ်တကျ ပျိုးထောင်နိုင်ဖို့ဆိုရင်တော့ ကိုယ်စိုက်မဲ့ မျိုးစေ့က ဘာမျိုးစေ့လဲ၊ ဘာမြေဩဇာကြိုက်လဲ၊ ဘယ်အချိန်မှာ ရေလောင်း ရမလဲ၊ နေရောင်ခြည်ရအောင် ဘယ်လို လုပ်ပေးမလဲ စသည်ဖြင့် နားလည်နိုင်ဖို့ လိုတာပေါ့။
ကိုယ့်လက်ထဲမှာ ရောက်နေတဲ့ မျိုးစေ့ ဘာမျိုးစေ့လဲ၊ ဘာမြေဩဇာ ကြွေးသင့်လဲ၊ ရေ၊ နေရောင်ခြည် သင်တင့်မျှတအောင် ဘယ်လိုလုပ်ရမလဲ စတဲ့ အကြောင်းအရာတွေ လေ့လာဖို့ မိဘတော်တော်များများ အချိန်မပေးနိုင်ကြဘဲ ကိုယ်စိုက်ထားတဲ့ မျိုးစေ့လေး အပင်ကြီးထွားလာရင် နေဒဏ် လေဒဏ် မခံရအောင် နေပူဒဏ် ကာကွယ်နိုင်မယ့်၊ လေဒဏ် မိုးဒဏ် ကာကွယ်နိုင်မယ့် အဆောက်အဦးတွေ ဆောက်ပေးနိုင်ဖို့ကိုပဲ အားသန် နေကြတယ်။ တကယ်တော့ မျိုးစေ့မမှန် ပင်မသန်ခဲ့ရင် ဘယ်လို အကာအကွယ်မျိုးကမှ သူ့တို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
မိဘတွေရဲ့တာဝန်က ဘယ်လို လေဒဏ် မိုးဒဏ် အခက်အခဲမျိုးမှာမဆို ရှင်သန်နိုင်စေဖို့ မျိုးစေ့မှန်၊ အပင်သန်အောင် ပြုစုပျိုးထောင်ပေးဖို့ပါ။
မိဘတွေ ကြိုးစားရုန်းကန်ပြီး စီးပွားရှာနေကြတာ ဘာအတွက်လဲလို့ မေးရင် “ငါတို့ သားသမီးအတွက်” လို့ပဲဖြေကြလိမ့်မယ်။ ဘာအတွက် သုံးမှာလဲဆိုရင် တစ်ချို့တွေက သားသမီးတွေ အတွက် ပစ္စည်းဥစ္စာတွေ အမွေချန်ထား ခဲ့ချင်ကြတယ်။
တစ်ချို့တွေကြတော့ ပညာရေးက အရေးကြီးမှန်းသိတယ်။ အဲတော့ သားသမီးတွေကို အကောင်းဆုံး ဆိုတဲ့ ကျောင်းတွေမှာ ထားနိုင်အောင် ကြိုးစား ရုန်းကန်ကြတယ်။
ပစ္စည်းဥစ္စာ အမွေတွေ ချန်ခဲ့ဖို့၊ ကျောင်းကောင်းကောင်းမှာ ထားဖို့ထက် အဆပေါင်း များစွာ အရေးကြီးတဲ့ သူတို့လေးတွေရဲ့ ဦးနှောက်မျိုးစေ့ကို အကောင်းဆုံး ပြုစုပျိုးထောင် ပေးဖို့ကိုကြတော့ မေ့နေကြတယ်။
နောင်မျိုးဆက်သစ်တွေအတွက် အကောင်ဆုံး အမွေကတော့ “အသိပညာ” အမွေ ပါပဲ။ အဲဒီ အကောင်းဆုံး အသိပညာတွေကို သင်ယူနိုင်ဖို့ သူတို့လေးတွေရဲ့ ဦးနှောက်တွေ အကောင်းဆုံး ဖွံ့ဖြိုးနိုင်ဖို့ စနစ်တကျ ပျိုးထောင်ပေးဖို့လိုပါတယ်
(like&follow)
12/08/2023
မူကြိုဆိုသည်မှာ⭐⭐
*မူကြိုသည် စာသင်ကျောင်းမဟုတ်ပါ။
*မူကြိုတွင် ဘာတွေသင်ပေးကြပါသနည်း။
-ပြောစကားကို ကောင်းကောင်းနားလည်စေရန်
-တဖက်သားနားလည်အောင် မေးတတ်၊ပြောတတ်စေရန်
-နားထောင်တတ်၍ ပီပီသသ မှန်မှန်ကန်ကန် ကဗျာ၊သီချင်းများ သီဆိုတတ်စေရန်
-အများနှင့် ပေါင်းသင်းဆက်ဆံနေထိုင်တတ်စေရန်
-တစ်ကိုယ်ရေသန့်ရှင်းရေး
နှင့်ကျန်းမာရေးအလေ့အကျင့်ကောင်းများရရှိစေရန်
-ယဉ်ကျေးသိမ်မွေ့စွာပြောဆို၊နေထိုင်၊
ဝတ်ဆင်၊စားသောက်ပြုမူတတ်စေရန်
-ကိုယ်ကျင့်စာရိတ္တကောင်းမွန်စေရန်
-ဘာသာတရားအသိအမြင်၊အပြုအ
ကျင့်အခြေခံကောင်းများရရှိစေရန်
-ရိုးရာယဉ်ကျေးမှု၊ဓလေ့၊အစဉ်အလာကောင်းများနှင့်
ထိတွေ့၊သိရှိ ၊နှစ်သက်လာကြစေရန်
-ကိုယ်၊စိတ်၊အသိဉာဏ်၊အတွေးအမြင်ဖွံ့ဖြိုးမှုဆိုင်ရာ
လှုပ်ရှားမှုများတွင်ပါဝင်ကြစေရန်
-မြန်မာစာ၊အင်္ဂလိပ်စာ၊သချာင်္၊သိပ္ပံ၊လူမှုရေး
သဘာဝပတ်ဝန်းကျင်တို့နှင့်သက်ဆိုင်သော
အခြေခံအသိပညာများပြုစုပျိုးထောင်ပေးရန်
-အရေး၊အဖတ်သင်ကြားသည့်အခါကောင်းမွန်စွာ
တတ်မြောက်ရေးအတွက်လက်ချောင်းကြွက်သားများ
ဖွံ့ဖြိုးသန်မာလာအောင်လေ့ကျင့်ပေးရန်
-အာရုံခြောက်ပါးဖွံ့ဖြိုးလာစေရန်
-ကျောင်းပျော်၊စာတော်၊ကျန်းမာ၊
လိမ္မာစေမည့်အခြေခံအသိပညာ
အလေ့အကျင့်ကောင်းများပျိုးထောင်ပေးရန်
စသည့်လုပ်ငန်းရည်ရွယ်ချက်တို့ဖြင့်
မူကြိုကျောင်းဖွင့်ရခြင်းဖြစ်ပါသည်။
Credit #
Click here to claim your Sponsored Listing.
Location
Category
Website
Address
Shwegu