21/01/2022
မိုးလဲ ရွာဦး ဘုရားဆွမ်းတော်ကြီး လောင်းလှူပွဲအတွက် ဘုရားဝင်းအတွင်း သန့်ရှင်းရေးကုသိုလ်များယူနေကြသော ချစ်သောကုသိုလ်ရှင်များ 🙏🙏🙏
အနာဂတ်လူငယ် (Youth Generation)
21/01/2022
မိုးလဲ ရွာဦး ဘုရားဆွမ်းတော်ကြီး လောင်းလှူပွဲအတွက် ဘုရားဝင်းအတွင်း သန့်ရှင်းရေးကုသိုလ်များယူနေကြသော ချစ်သောကုသိုလ်ရှင်များ 🙏🙏🙏
28/08/2021
သင့်အပေါ်မှာ မူတည်တယ်
::::::::::::::::::::::::::::::::::::::::::
အခက်အခဲတွေ နဲ့ ကြုံတွေ့နေတိုင်းမှာ ဘယ်တော့မှ စိတ်ဓာတ်မကျလိုက်ပါနဲ့။
ဘဝဆိုတာ အချိုးမမျှတစွာ ဖျော်စပ်ထားတဲ့ ကော်ဖီခါးခါး
တစ်ခွက်လိုပါပဲ။
ခါးသက်သက်ကြီးလို့ ထင်ရပေမယ့် နောက်ဆုံးမှာ ချိုစိမ့်တဲ့အရသာလေးတွေ ရှိနေတတ်သလို။
ကိုယ့်ရဲ့ အမြင်အာရုံကို
ရှင်းလင်းပြတ်သားမှု ကြည်လင်လန်းဆန်းမှုတွေကို
ပေးနိုင်စွမ်းနေလို့ နေ့စဉ်သောက်နေကြတာပဲလေ။
ထို့အတူပင်...ဘဝဆိုတာ အခက်အခဲတွေ ပြဿနာတွေ ဒုက္ခတွေ သုခတွေ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ အားသာချက်တွေ အားနည်းချက်တွေနဲ့ဖွဲ့စည်းထားတာပါ။
ကိုယ်မလိုချင်တဲ့ အရာတွေနဲ့ ကြုံတွေ့နေရသလို ကိုယ်လိုချင်တဲ့ အရာတွေကိုလည်း ရနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါတယ်
ဒါကြောင့် ကိုယ့်ဘဝကိုဘယ်တော့မှ အားငယ်စိတ်တွေနဲ့
အလိုမကျတဲ့သူ မဖြစ်ပါစေနဲ့။
လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြဿနာတွေ ဒုက္ခတွေရဲ့ တစ်ဖက်မှာ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေဟာ
ထပ်ချက်မကွာ ရှိနေတယ်ဆိုတာယုံကြည်လိုက်ပါ။
အရေးကြီးတာက အခက်အခဲတွေကို အခွင့်အလမ်းအဖြစ်အသုံးချတတ်ဖို့ ခံနိုင်ရည်ရှိဖို့ ရည်မှန်းချက်တွေရှိနေဖို့ စဉ်ဆက်မပျက်
ကြိုးစားအားထုတ်နေဖို့ သာလိုအပ်ပါတယ်။
ဘယ်လိုကြောင်းကြောင်းကြောင့်နဲ့ မှ ဘဝကိုအရှုံးမပေးလိုက်ပါနဲ့ဘယ်သူ့ကြောင့် မှ ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုအပျောက်ပျက်မခံလိုက်ပါနဲ့။
သင်ဟာအောင်မြင်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် အောင်မြင်နိုင်တဲ့နည်းလမ်းတွေကို လေ့လာသင်ယူတဲ့သူ ဖြစ်နေပါစေ။
အချိန်ကို အကျိုးရှိအောင် အသုံးချတတ်သူဖြစ်နေပါစေ။
ဆင်းရဲခဲ့လို့
မချမ်းသာနိုင်ဘူးဆိုတဲ့ အတွေးတွေရဲ့ ဘောင်ခပ်ခြင်း
ကို မခံပါနဲ့ ချမ်းသာအောင်လုပ်မယ်ဆိုတဲ့ယုံကြည်ချက်ထားပါ။
ပညာမတတ်လို့
ဗဟုသုတမရှိသူ နည်းလမ်းကောင်းတွေကို မသိနိုင်ဘူးလို့ မထင်ပါနဲ့ အခုသင်ကိုင်ထားတဲ့ ဖုန်းကပညာသင်ကြားလို့ ရတဲ့ကျောင်းပါပဲ။
တစ်ခုရှိတာပေါ့ အားအားရှိဂိမ်းပဲဆော့နေမယ် ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေမယ်ဆိုရင်တော့ သင်ကိုင်ထားတဲ့ဖုန်းက ဒုက္ခသည်စခန်းလည်း ဖြစ်သွားနိုင်တာပေါ့။
လူတွေမှာ အခွင့်အလမ်းက တူညီကျပေမယ့် တုန့်ပြန်မှုတွေ မတူကျတဲ့အခါအကျိုးရလာဘ်ဘယ်တူနိုင်ပါ့မလဲ။
အမှားတွေလုပ်ခဲ့လို့ ဆိုပြီး သိမ်ငယ်နေစရာမလိုပါဘူး။
လူဆိုတာ အနည်းနဲ့အများတော့ မှားဘူးခဲ့တဲ့သူတွေကြီးပါပဲ။
ကိုယ်လုပ်ခဲ့တဲ့ အမှားတစ်ခုအတွက်နဲ့ ကိုယ့်ဘဝကို
အမှားဆိုတဲ့ သံသရာမှာပဲ အရှုံးခံ အညံ့ခံပြီး ဇာတ်သိမ်းတော့မှာလား။
အမှားနဲ့ ကပ်ရက်ရှိနေတဲ့ အမှန်လမ်းကို ပြုပြင်ပြီး နေနိုင်သူ
ဖြစ်အောင် ကြိုးစားလိုက်စမ်းပါ။
သင်မှားခဲ့တဲ့အမှားက ဒေဝဒတ်တို့ အဇာတသက် တို့လောက်
မရှိပါဘူး သာမှန်လူတွေ ဖြစ်လေ့
ဖြစ်ထရှိတဲ့ သူလို ငါလို အမှားမျိုးလောက်နဲ့ လောကကြီးကို
အရှုံးပေးစရာမလိုပါဘူး။
ဆင်းရဲတာ ချမ်းသာအောင်လုပ်လို့ရတယ်။
ပညာမတတ်တာ လေ့လာသင်ယူလို့ရတယ်။
မှားခဲ့တာ မှန်အောင်ပြုပြင်လို့ရတယ်။ အရာရာဟာ
လုပ်ယူရင်ဖြစ်တဲ့အရာတွေကြီးပါပဲ။
ဘယ်အရာမှ ဘောင်ခပ်ထားတာ ကန့်သက်ထားတာမရှိပါဘူး။
အဓိကအရေးကြီးတာ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
လူတော်တစ်ယောက် လူကောင်းတစ်ယောက် ဖြစ်ချင်တယ်
ဆိုရင် ကိုယ့်ဘဝအတွက် အရေးကြီးတာတွေကို လုပ်ဖြစ်အောင်
လုပ်ပါ။
အရေးမကြီးတဲ့ ကိစ္စတွေရဲ့ ဖမ်းစားခြင်းကို မခံပါနဲ့။
ဘယ်သူတွေ ဘယ်လိုမြင်မြင် ဘယ်လိုထင်ထင် ဂရုစိုက်နေစရာ
အလိုပါဘူး။
တစ်နေ့ကျရင် ငါဟာ ဘယ်လိုလူတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့
ခံယူချက်တွေကို ဂရုတစိုက်ကြိုးစားပြီး တည်ဆောက်နေတဲ့သူ
ဖြစ်နေပါစေ။
ကျန်းမာရေးကို အထူးဂရုစိုက်ပါ အိပ်ချိန် စားချိန် အလုပ်ချိန်
စာရေးစာဖတ်ချိန် လေ့လာသင်ယူချိန်တွေကို သက်မှတ်ထားပါ။
အောင်မြင်မှုဆိုတာ သင့်အပေါ်မှာသာ မူတည်တယ်ဆိုတာ
မမေ့ပါနဲ့။
Credit❣️
ဖတ်ခဲ့ဖူးသော စာပေလေးများမှ ပြန်လည်မျှဝေ ပေးပါသည် လေးစားစွာဖြင့်
18/01/2021
အွန်းလိုင်းအသုံးပြုဖို့ နည်းလမ်း
✅Google သုံးနည်း လမ်းညွှန်✅
Google သုံးတတ်ရင် တော်ရုံကတော့ အေးဆေးပဲနော်
လေ့လာကြည့်ကြပါဦး
------------------------------
ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့်
အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့်
အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်
အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊
သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။
Google Web Search (Tips and Tricks)
၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf
၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)
၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV
၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone
၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s
၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”
၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9
၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com
🔳🔳🔳🔳🔳
Advanced Google Web Search
ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်
အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက
ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်
# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင်
Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို
ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge
အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို
မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
🔳🔳🔳🔳🔳
Advanced Searching
Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
၁။ Advanced Search page
ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။
၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။
စာအုပ်များ ရှာဖွေခြင်း
မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless
Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
“https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး
ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ
ရှာဖွေနိုင်မည် ဖြစ်ပါသည်။
ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်
ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။
Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ
လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။
Credit-မူရင်း
Myanmar Pyi | for Myanmar people.
08/01/2021
"ကြိုးစားနေတာပဲ ..မအောင်မြင်ဘူး (ဘာလို့လဲ😑)"
ဒီမေးခွန်းက လူငယ်တော်တော်များများ မေးလေ့ရှိတ့ဲ မေးခွန်းမျိုးဗျ။
အရမ်းကောင်းတ့ဲ မေးခွန်းဖြစ်ပြီး အောင်မြင်မှု ရဖို့ ကြိုးစားနေတ့ဲ လူငယ် တစ်ယောက် အတွက် လုံးဝမေးသင့်တဲ့ မေးခွန်းမျိုးပါ။
တစ်ခါ တစ်လေများမှာ ကျွန်တော်တို့ ဟာ ကြိုးစားနေပေမဲ့ ဘာမှ ထူးခြားမလာတ့ဲ ပုံစံမျိုး ၊ အခြေအနေမျိုးကို ကြုံ ရတတ်ပါတယ်။(များသောအားဖြင့်ပေါ့လေ)
"ကိုယ်အရမ်းကြိုးစားနေပြီး ဘာတစ်ခုမှ ကောင်းတာ ဖြစ်မလာတ့ဲအခါ ၊ ကြိုးစားနေပြီး ဘာမှ သိပ်ပြီး ထူးခြားမလာတ့ဲအခါ အရမ်းဆိုးရွားတ့ဲ ခံစားချက်ကို စပြီး ခံစားရတာပဲ"
ငါလည်း ကြိုးစားနေတာပဲလေ။
ဘာလို့ဘာမှ မထူးလာတာလဲ။
ငါလည်း သွားနေတာပဲလေ။
ဘာလို့ ဘယ်မှမရောက်တာလဲ။
ငါလည်း လေ့လာနေတာပဲလေ။
ဘာလို့ ဘာတိုးတက်မှု မှ မရှိတာလဲ။
ငါလည်း ကြိုးစားနေတာပဲလေ။
ဘာလို ့အခုထိ မအောင်မြင်သေးတာလဲ။
ဆိုပြီး တအ့ံတသြကြီးတွေ ဖြစ်ကာ စိတ်ဓာတ်တွေ ကျကြပါတော့တယ်။
အရမ်းဝိတ်ကျ ချင်တ့ဲ လူတစ်ယောက်ရှိတယ်။
သူအရမ်းကြိုးစားပြီး အားကစား လုပ်တယ်၊ အစားလျှော့တယ်၊ အအိပ်လျှော့တယ်။ ကြိုးစားပြီး ဝိတ်ချတယ်။
တစ်ရက် ဝိတ်က ကျမလာဘူး။
တစ်လ ဝိတ်က ကျမလာဘူး။
နှစ်လ လည်း ဝိတ်က ကျမလား။
စိတ်ဓာတ်တွေက ကျလာပြီ။
"ငါ အဆင်မပြေပါဘူးကွာ"
"ငါ ဝိတ်ချနေတာ သိပ်ပြီး အလုပ်မဖြစ်ဘူး ထင်တယ်" ဆိုပြီး ဆက်မလုပ်ဖြစ်တော့ဘူး။
ဒီအခြေအနေမှာ "ငါ ကြိုးစားနေတာပဲလေ...မအောင်မြင်ဘူး (ဘာလို့လဲ) " ဆိုပြီး သွားမေးရင် အဖြေက ရှင်းပါတယ်။
ခင်ဗျား သေချာ မကြိုးစားရသေးလို့ပါ။
မိတ်ဆွေ ခင်ဗျားအနေနဲ့ အောက်ပါ စာကြောင်းလေးကို သေချာမှတ်ထားပါ။
"တွင်းထဲမှာ ရေမရှိတာ မဟုတ်ပါဘူး ၊ သင်တူးတာ မနက်သေးလို့ပါ။
အောင်မြင်မှု အလာနှေးနေတာ မဟုတ်ပါဘူး၊ သင်ကြိုးစားနေတာ လိုအပ်နေသေးလို့ပါ" တ့ဲ။
ကြိုးစားနေတာပဲ၊ မအောင်မြင်ဘူး (ဘာလို့လဲ) ဆိုတ့ဲ သူတွေအတွက် အဓိက အဖြေကတော့ ခင်ဗျား ကြိုးစားနေတာ သိပ်ပြီး မပြင်းထန်သေးလို ့၊ ကြိုးစားနေတာ လိုအပ်နေသေးလို့ ပဲ ဖြစ်တယ် လို ့ပြောလို ့ရပါတယ်။
(အဓိက အားဖြင့်ပေါ့နော်)
ဆိုတော့...
ကြိုးစားနေပြီး ဘာမှ ဖြစ်မလာတ့ဲ သူတွေ ပြင်ရမ့ဲ အချက်လေးတွေ ၊ လုပ်ဆောင်ရမ့ဲ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။
ခင်ဗျား မှားလုပ်နေမိရင် ပြင်ဖို့နဲ ့မလုပ်ဆောင်ဖြစ်တ့ဲ အချက်လေးတွေကို ကြိုးစားလုပ်ဆောင်ကြည့်ဖို့ပေါ့ဗျာ.....,
(၁)
"လမ်းမှားပြီး လျှောက်နေလို့"
တစ်ချို့ လူတွေက အောင်မြင်မှု ရဖို့ ကြိုးစားမနေဘူးလား ဆိုရင် ကြိုးစားနေတယ်။
သူတို့ကို ကြည့်လိုက်ရင် အရမ်း ကြိုးစားနေတာ။
အရမ်းအလုပ်တွေ ရှုပ်နေတာ။
အရမ်း ပင်ပန်းခံပြီး လုပ်ဆောင်နေတာ။
ဘာဖြစ်လဲ ဆိုတော့ ..ဘာမှ မဖြစ်ဘူး။
ဘယ်ရောက်လဲ ဆိုတော့..ဘယ်မှ မရောက်ဘူး။
ဘာဖြစ်လို့လဲ ဆိုရင်...
"သူတို့က ကြိုးသာကြိုးစားနေတာ
သူတို ့အတွက် မလိုတ့ဲ နေရာတွေမှာ ကြိုးစားမိနေလို့ပါ"
"သွားချင်တ့ဲ အရပ်က အရှေ့လို ့ပြောပြီးတော့ အနောက်ဘက်ကို လျှောက်နေတဲ့ လူတစ်ယောက်လိုပဲ"
သူကိုကြည့်ရင် မသွားနေဘူးလား ဆိုတော့သွားနေတယ်။
တိုးတက်လား ဆိုတော့လည်း တိုးတက်နေတယ်။
ရှေ့ရောက်လား ဆိုတော့လည်း ရောက်နေတယ်။
ဒါပေမဲ့....သေချာတာ တစ်ခုက သူသည် ဘယ်သောအခါမှ သူ့ရဲ့ အောင်မြင်မှု (အရှေ့ဘက်) ကို
မရောက်နိုင်ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ သူသွားနေတာက အနောက်ဘက် ဖြစ်နေလို့ပါ။
ဒီနေရာမှာ " ငါ ကြိုးစားတာပဲလေ..မအောင်မြင်ဘူး (ဘာလို့လဲ)" ဆိုရင်တော့ အဖြေက ရှင်းပါတယ်။
ခင်ဗျား ကြိုးစားလျှောက်လှမ်းနေတာမှန်ပေမ့ဲ လမ်းမှားလျှောက်လှမ်းနေမိလို့ပါ။
(၂)
"Self Control မရှိလို့"
ဒါကတော့ လူငယ် ၁၀၀ မှာ ၉၉ ယောက် ဖြစ်လေ့ရှိတ့ဲ ပုံစံပါ။
လူတိုင်းအောင်မြင်မှု ကို လိုချင်ကြတယ်။
လူတိုင်းအောင်မြင်လား ဆိုတော့ အ့ဲလိုမဟုတ်ဘူး။
ဘာကြောင့်လဲ ဆိုရင် အ့ဲဒါကြောင့်ပါ။
အင်္ဂလိပ်စာ လေ့လာနေတ့ဲ လူတစ်ယောက်ရှိတယ်။
သူအရမ်းကြိုးစားတယ်။
သူအရမ်းလေ့လာတယ်။
(အရမ်းကျွမ်းကျင် ချင်တာကိုးဗျ)
တစ်ရက်ကို ( ၁ ) နာရီလေ့လာမယ် ဆိုပြီး
Time Table လေး ဆွဲလိုက်တယ်။
တစ်ရက် လေ့လာတာတယ်။ မထူးခြားလာဘူး။
နှစ်ရက်လေ့လာတယ်။ မထူးခြားလာဘူး။
၁၀ ရက် ၊ ၂၀ ၊ ၃၀ စသည်ဖြင့်ကြာသွားတယ် ဘာမှ ပြောင်းလဲ မလာဘူး။
ပြောင်းလဲ လာတာက "စိတ်" ။
ခင်ဗျားတို့လည်း သိတ့ဲ အတိုင်းပဲလေဗျာ။
လုပ်နေရင်းနဲ့ ဘာမှ ဖြစ်မလာတာဆိုတော့ ဘယ်သူက ဆက်ပြီး လုပ်ချင်ပါတော့မလဲ။
အ့ဲဒီတော့ "ငါလည်း အဆင်မပြေပါဘူးကွာ" ဆိုပြီး အင်္ဂလိပ်စာ မလေ့လာတော့ဘူး။
အရင်တုန်းက တစ်ရက်ကို (၁)နာရီ လေ့လာ နေရာကနေ (၁) နာရီမှ မလေ့လာဖြစ်တော့တဲ့ အခြေအနေရောက်သွားတယ်။
(ဒါက အများစု ဖြစ်တတ်တ့ဲ ပုံစံပါ ၊ ခင်ဗျားတောင် အ့ဲဒီအထဲ ပါနေမလားပဲ)
ဆိုတော့...ဒီနေရာမှာ "ငါကြိုးစားနေတာပဲ ၊မအောင်မြင်ဘူး (ဘာလို့လဲ) " ဆိုရင်တော့ အဖြေက ရှင်းပါတယ်။
ခင်ဗျားမှ ပုံမှန် မကြိုးစားခ့ဲတာ။
Self Control မှ မရှိခ့ဲတာ။
တစ်နေ့ကို ၁ နာရီ စာဖတ်မယ် မလား။
တစ်နေ့ကို ၁ နာရီတော ့ပုံမှန် ဖတ်နေရမယ်။
(နေ့တိုင်း၊ နေ့တိုင်း မပျက်မကွက် ဖတ်နေရမယ်။)
"အ့ဲဒီလို Control လုပ်နိုင်လား? "
ခင်ဗျား ကိုယ်ခင်ဗျား ပြန်မေးပါ။
လူ ၁၀၀ မှာ ၁၀၀ ယောက်က "လုပ်နိုင်ပါတယ်" လို ့ပြန်ဖြေလိမ့်မယ်။
တကယ်တမ်းတော့ ၁% တောင် မလုပ်နိုင်ကြပါဘူး။
အ့ဲဒီတော့ အဖြေက ရှင်းပါတယ်။
ခင်ဗျား ကိုယ် ခင်ဗျားမှ Self Control မရှိပဲကို ။
ဘယ်ကသာအောင်မြင်မှု က ရပါ့မလဲ။
အ့ဲဒီတော့ ကြိုစားနေသော်လည်း မအောင်မြင်ရတ့ဲ အကြောင်းရင်း (၂) ရပ်ကို ပြန်ပြီး အကျဥ်းချုပ်ပြရရင်.....,
(၁) လမ်းမှားပြီး လျှောက်နေလို့။
(၂) Self Control မရှိလို့။
ဆိုတော့ ဒီအချက်တွေကို ခင်ဗျား ပြင်သင့်တာပေါ့နော်။
"သင့်ဆီကို အောင်မြင်မှု လာတာက နှေးနေတာ မဟုတ်ပါဘူး။ သင် ရဲ့ကြိုးစားမှု က လိုအပ်နေသေးလို့ပါတ့ဲ"
အခု ကြိုးစားမှုမှာ ဘာတွေ လိုအပ်နေလဲ ဆိုတာကို သိပြီ ဆိုတော့ကား ကြိုးစားပြင်ဆင်ပြီး ဆက်လျှောက်ဖို့ပဲ ကျန်တော့တယ်။
အ့ဲဒီတော့ ခင်ဗျား လမ်းမှားပြီးတော့ မလျှောက် မိစေဖို့အတွက် ဘယ်လို သေချာ လမ်းမှန်ကို ရွေးကြမလဲ။
လမ်းမှန်ကို ရွေးတဲ့အခါ....
ခင်ဗျားရဲ ့ ဝါသနာတွေက ဘာလဲ။
ဖြစ်ချင်တာတွေက ဘာလဲ။
ခင်ဗျားမှာ ဘယ်လို Skill တွေ ရှိလဲ။
ခင်ဗျား life အတွက် ဘယ်လို အသုံးချမလဲ။
ခင်ဗျားရဲ ့အချိန်တွေကို ဘယ်လို စီမံခန့်ခွဲရလဲ။
စတာတွေကို ခင်ဗျား သေချာ သိဖို့ လိုအပ်လာပါပြီ။
နောတစ်ချက်က "Self Control" မရှိတ့ဲ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
ဘယ်လို အချက်တွေနဲ ့Control လုပ်နိုင်အောင် ထိန်းထားမလဲ။
နေ့စဥ် လုပ်ဆောင်နေဖြစ်အောင် Daily Plan ဘယ်လိုဆွဲမလဲ။
ဘယ်လို အချက်တွေနဲ ့တိုုးတက်မှု ကို တိုင်းတာမလဲ စတာတွေကို ခင်ဗျား သေချာ သိဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။
အဆိုပါ ပြဿနာတွေရဲ ့အဖြေတွေကို ခင်ဗျား က သိလိုတယ်။
ကြိုးစားမှု အလျောက် အောင်မြင်မှု ရနိူင်ကြပါစေ
အားလုံးကို ကျေးဇူးတင်ပါတယ်
ဖတ်ခဲ့ဖူးတဲ့ စာစုလေးများမှ အနာဂတ်ရဲ့ကြယ်ပွင့်လေးများ-မိုးလဲ အတွက် ပြန်လည်ရေးသား မျှဝေပေးလိုက်ပါတယ် ။
လေးစားစွာဖြင့် bo min
photo