13/08/2026
Ⓜ️ ဂုဏ်ပြုမှတ်တမ်းတင်ခြင်း Ⓜ️
Ⓜ️ ဂျပန်နိုင်ငံသို့ အလုပ်သင် သင်တန်းသားဗီဇာဖြင့် သွားရောက်ကာ ၃ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသော ကိုသီဟအောင်ဆက်အား ဆရာမိုးကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။
Ⓜ️ ဂျပန်စာအပြင် လုပ်ငန်းခွင် ကြိုးစားဆောင်ရွက်မှု မှတ်တိုင်ကောင်းများ စိုက်ထူနိုင်ခဲ့ပြီး မူလရည်ရွယ်ထားသည့်အတိုင်း မြန်မာပြည်သို့ ပြန်လာကာ မိမိရည်ရွယ်ထားသည့် ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မှုများအတွက် M-CHANGE အနေနဲ့ အထူးပင် ဂုဏ်ယူဝမ်းမြောက်ကာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။
Ⓜ️ ဂျပန်သွားရသော ရည်ရွယ်ချက်နဲ့ ပြန်လာသော ရည်ရွယ်ချက်များ၊ ဂျပန်တွင်နေထိုင်ခဲ့သော အတွေ့အကြုံများကို M-CHANGE ကျောင်းသို့ လာရောက်ကာ သင်တန်းသား ဂျူနီယာလေးများအတွက် မျှဝေပြောကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
အစဉ်အလေးထားလျက်.....
M-CHANGE