Aster English Language Training Centre

Directions

Aster English Language Training Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aster English Language Training Centre, Education Website, Shwebo.

Young Learners English Programs
Cambridge English Exam Preparation
Four Skills Development: Listening, Speaking, Reading & Writing
Building confident English users for the future.

05/09/2026

📢 Foundation Courseအတန်းသစ်အတွက် ကျောင်းသားများ စတင်
လက်ခံေနပါပြီ!

​အသက် ၆ နှစ်ဆိုတာ ကလေးတွေရဲ့ ဘာသာစကားသင်ယူမှုနဲ့ မှတ်ဉာဏ်စွမ်းရည် အကောင်းဆုံး ပျိုးထောင်လို့ရတဲ့ "Golden Age" (ရွှေရောင်အရွယ်) ဖြစ်ပါတယ်။ ဒီအချိန်မှာ မှန်ကန်တဲ့ အင်္ဂလိပ်စာ အခြေခံကောင်းတွေကို စနစ်တကျ ပျိုးထောင်မပေးလိုက်ရင် ကလေးကြီးလာတဲ့အခါ ကျောင်းစာမှာ စကားပြော၊ စာဖတ်နဲ့ နားထောင်မှုပိုင်းတွေမှာ အားနည်းချက်တွေ ရှိလာနိုင်ပါတယ်။
​ဒါကြောင့် သားသားမီးမီးတို့ရဲ့ ဒီ Golden Age အချိန်ကောင်းလေးမှာ အင်္ဂလိပ်စာကို ပျော်ပျော်ရွှင်ရွှင်နဲ့ သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်သွားစေဖို့ Foundation အတန်းသစ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်!
​🌟 Foundation Courseကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

​Golden Age အရွယ်အတွက် အထူးသီးသန့်: အသက် ၆ နှစ်အရွယ် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကိုက်ညီအောင် ရေးဆွဲထားတဲ့ ကမ္ဘာ့အဆင့်မီ Cambridge သင်ရိုးဖြစ်တာကြောင့် စာသင်ရတာကို စိတ်ဝင်စားမှု အပြည့်ရရှိစေမှာပါ။

​စကားပြောနှင့် နားထောင်မှု စွမ်းရည်ကို အဓိကထားခြင်း: ကလေးတွေ အခြေခံစကားပြော (Speaking) နဲ့ နားထောင်မှု (Listening) ကို လွတ်လပ်စွာနဲ့ ယုံကြည်မှုရှိရှိ ပိုင်နိုင်လာစေမှာပါ။

​ပျော်ရွှင်စရာ သင်ယူမှုဝန်းကျင် (Interactive Learning): ရောင်စုံရုပ်ပုံများ၊ သီချင်းများ၊ ပျော်စရာဂိမ်းများနှင့် ပုံပြင်များမှတစ်ဆင့် အင်္ဂလိပ်စာကို ရင်းနှီးသွားအောင် စနစ်တကျ သင်ကြားပေးပါသည်။

​နောင်တက်ရမည့် အတန်းများအတွက် အုတ်မြစ်ကောင်း: Cambridge YLE (Starters) သို့ မတက်ရောက်မီ စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ စကားပြောခြင်း အခြေခံများကို စနစ်တကျ လေ့ကျင့်ပေးထားတာကြောင့် နောက်ပိုင်းအတန်းမြင့်တွေမှာ အခက်အခဲမရှိ အဆင်ပြေသွားပါမည်။
​📌 သင်တန်းအသေးစိတ်
​လက်ခံသည့်အသက်: (၆) နှစ်မှ စတင်တက်ရောက်နိုင်ပါသည်။
​သင်တန်းရက်/အချိန်: [Saturday and Sunday 11 to 12]

​"မိဘတို့ရဲ့ အကောင်းဆုံး ပံ့ပိုးမှုဟာ ကလေးတို့ရဲ့ Golden Age မှာ အစပြုပါတယ်"
ကလေးရဲ့ အနာဂတ်အင်္ဂလိပ်စာ အခြေခံခိုင်မာဖို့အတွက် Aster English Language Training Centre နဲ့ အချိန်မဆိုင်းဘဲ လက်တွဲလိုက်ပါ။
​📞 အသေးစိတ်စုံစမ်းရန်နှင့် အတန်းအပ်နှံရန်: [09256160160]

19/08/2026

မေမေတို့ သိချင်နေတဲ့ Cambridge exam ဖြေဆိုခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ နိုင်ငံတကာအဆင့်မီ အရည်အချင်းကို စစ်ဆေးနိုင်ခြင်း
Cambridge Exams တွေဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ စံနှုန်းတွေဖြစ်လို့ ကလေးရဲ့ အင်္ဂလိပ်စာ အရည်အချင်းဟာ တကယ်ပဲ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကို တိတိကျကျ သိရှိနိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ တိုးတက်မှုကို နိုင်ငံတကာစံနှုန်းနဲ့ တိုင်းတာကြည့်နိုင်တာပါ။

၂။ Skills (၄) မျိုးလုံးကို ဟန်ချက်ညီညီ တိုးတက်စေခြင်း
ဒီစာမေးပွဲတွေက Reading, Writing တင်မကဘဲ နားထောင်ခြင်း (Listening) နဲ့ စကားပြောခြင်း (Speaking) ကိုပါ ထည့်သွင်းစစ်ဆေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ စာအုပ်ထဲက စာတွေကိုပဲ သိရုံတင်မကဘဲ အပြင်လောကမှာ တကယ်အသုံးချနိုင်တဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို ပိုင်ဆိုင်လာမှာပါ။

၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) တိုးလာခြင်း
ငယ်စဉ်ကတည်းက နိုင်ငံတကာ စာမေးပွဲတွေကို ဖြေဆိုအောင်မြင်ထားတဲ့ အတွေ့အကြုံက ကလေးအတွက် အရမ်းတန်ဖိုးရှိပါတယ်။ စာမေးပွဲဖြေရမှာကို မကြောက်တော့ဘဲ "ငါလည်း လုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို ငယ်စဉ်ကတည်းက တည်ဆောက်ပေးရာ ရောက်ပါတယ်။

၄။ အနာဂတ် ပညာရေးအတွက် အခြေခံကောင်းရခြင်း
နောက်ပိုင်းမှာ IELTS သို့မဟုတ် အဆင့်မြင့် Cambridge Exams (FCE, CAE) တွေ ဖြေတဲ့အခါမှာ အခြေခံကောင်းရှိပြီးသား ဖြစ်နေတာကြောင့် ပိုပြီး လွယ်ကူသွားစေပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စဉ်းစားတဲ့အခါမှာလည်း ဒီလက်မှတ်တွေက အထောက်အထားကောင်းတွေ ဖြစ်လာမှာပါ။

၅။ သင်ယူလိုစိတ်ကို လှုံ့ဆော်ပေးခြင်း
Cambridge ရဲ့ Young Learners Exams တွေဟာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြေဆိုနိုင်အောင် ရောင်စုံရုပ်ပုံတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပုံစံတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် စာမေးပွဲကို ဖိအားတစ်ခုလို မမြင်ဘဲ အောင်မြင်မှုတစ်ခုကို အရယူရတဲ့ စိန်ခေါ်မှုတစ်ခုလို သဘောထားတတ်လာစေပါတယ်။

၆။ ကမ္ဘာတစ်ဝန်း အသိအမှတ်ပြု လက်မှတ်ရရှိခြင်း
Cambridge က ပေးအပ်တဲ့ လက်မှတ်ဟာ သက်တမ်းကုန်ဆုံးသွားတာမျိုး မရှိဘဲ တစ်သက်တာ အသိအမှတ်ပြု လက်မှတ်ဖြစ်ပါတယ်။ ဒါဟာ ကလေးရဲ့ ကိုယ်ရေးရာဇဝင် (CV) မှာလည်း ဂုဏ်ယူစရာ မှတ်တိုင်တစ်ခု ဖြစ်နေမှာပါ။

"ကလေးတွေကို စာမေးပွဲဖြေခိုင်းတာဟာ စာမေးပွဲအောင်ဖို့သက်သက်တင် မဟုတ်ဘဲ၊ ကလေးတွေရဲ့ အင်္ဂလိပ်စာ အခြေခံကို ခိုင်မာအောင် တည်ဆောက်ပေးပြီး ကမ္ဘာ့အဆင့်မီတဲ့ လူငယ်တွေ ဖြစ်လာဖို့ ပြင်ဆင်ပေးတာပါ"


🎉🎉🎉Congratulations to all our Cambridge Stars! ✨​ဒီနေ့ဟာ တီချယ်တို့ သင်တန်းလေးအတွက် အလွန်ဂုဏ်ယူစရာကောင်းပြီး ပျော်ရွှင်ရ...
10/08/2026

🎉🎉🎉Congratulations to all our Cambridge Stars! ✨

​ဒီနေ့ဟာ တီချယ်တို့ သင်တန်းလေးအတွက် အလွန်ဂုဏ်ယူစရာကောင်းပြီး ပျော်ရွှင်ရတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါတယ်။ ❤️

​Cambridge Exams (Starters, Movers, Flyers, and KET) တွေမှာ Shields အပြည့်နဲ့ Grade A တွေရရှိအောင် ကြိုးစားခဲ့ကြတဲ့ သားတို့ သမီးတို့ တစ်ယောက်ချင်းစီကို တီချယ်က လှိုက်လှိုက်လှဲလှဲနဲ့ ဂုဏ်ယူပါတယ်နော်။ 🌟

​ကလေးတွေရဲ့ ကြိုးစားအားထုတ်မှု၊
တီချယ်ရဲ့ အနီးကပ် စေတနာထား သင်ကြားပေးမှုနဲ့အတူ အမြဲမပြတ် ယုံကြည်စွာ ပံ့ပိုးပေးကြတဲ့ မိဘများ၏ မေတ္တာတွေ ပေါင်းစပ်လိုက်လို့ ဒီလို လှပတဲ့ အသီးအပွင့်လေးတွေ ရရှိခဲ့တာပါပဲ။

​ဒီနေ့ ရရှိခဲ့တဲ့ အောင်မြင်မှု ဆုတံဆိပ်လေးတွေဟာ သားတို့ သမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ပထမဆုံး အမှတ်တရ ခြေလှမ်းလေး ဖြစ်ပါစေ။ ရှေ့ဆက်ပြီးတော့လည်း ဒီထက်မက ကြိုးစားသွားကြပါဦးနော်... 💖
​

07/08/2026

Invitation: Cambridge Champions Celebration Party! 🥳🎉
Dear Cambridge Superstars,
Huge congratulations on finishing your Cambridge exams! You all worked so hard, and now it’s time to party!
Teacher is hosting a special Celebration Party just for you! There will be delicious food and special gifts for every single candidate—all prepared by Teacher with love!
Party Details:
Date: [9.8.2026]
Time: [12p.m to 1p.m]
Location: [ Our Classroom]
Come with your big smiles and let’s celebrate your hard work together!

🎉 Congratulations to Our Cambridge Flyers Candidates! 🎉Aster English Language Training Centre မှ Cambridge English: Flye...
22/06/2026

🎉 Congratulations to Our Cambridge Flyers Candidates! 🎉

Aster English Language Training Centre မှ Cambridge English: Flyers Exam ကို ကြိုးစားဖြေဆိုခဲ့ကြသော ကျောင်းသား/သူများအားလုံးကို အထူးဂုဏ်ပြုအပ်ပါသည်။

🌟 Results Summary 🌟

🏆 Full Shields (15/15) – 2 Students
🏆 14 Shields – 6 Students
🏆 13 Shields – 2 Students
🏆 11 Shields – 1 Student

👏 Candidates – 11 Students

ကလေးများ၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ အားပေးမှုနှင့် ယုံကြည်မှုတို့အတွက် အထူးကျေးဇူးတင်ရှိပါသည်။

ဤအောင်မြင်မှုများသည် ကလေးများ၏ English Language Learning Journey တွင် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ပြီး၊ နောင်လာမည့် Cambridge Levels များတွင်လည်း ပိုမိုအောင်မြင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Congratulations once again to all our young achievers! 🌟📚

Aster English Language Training Centre

Congratulations to our second Cambridge A2 Key (KET) candidates! 🎉Aster English Language Training Centre is proud to ann...
21/06/2026

Congratulations to our second Cambridge A2 Key (KET) candidates! 🎉

Aster English Language Training Centre is proud to announce the results of our second KET batch.

✅ 100% Pass Rate
🌟 Grade A – 4 Students
🌟 Grade C – 2 Students

We are especially delighted that one of our students achieved an outstanding score of 150/150.

We are grateful to all students and parents for their trust and hard work.

This is just the beginning of Aster's Cambridge journey, and we look forward to helping more learners achieve their goals.



Cambridge exam ဖြေဆိုခဲ့တဲ့ သားသားမီးမီးတို့ရဲ့ အမှတ်တရ ပုံရိပ်များ
23/05/2026

Cambridge exam ဖြေဆိုခဲ့တဲ့ သားသားမီးမီးတို့ရဲ့
အမှတ်တရ ပုံရိပ်များ

Happy Valentine's Day you 🌹 Forever and always I will be yours🧡
14/02/2026

Happy Valentine's Day you 🌹
Forever and always
I will be yours🧡

Level up your English this Summer 🌞  English Language Training Centre မှ 2026 အတွက် Summer English Reading and Writing I...
05/02/2026

Level up your English this Summer 🌞
English Language Training Centre မှ 2026 အတွက် Summer English Reading and Writing Intensive Courses များကို ဖွင့်လှစ်သင်ကြားပေးပါတော့မယ်။
🎯ဘယ်လိုသင်တန်းသားတွေအတွက် သင့်တော်လဲဆိုတော့
ကိုယ့်ရဲ့အ‌တွေးတွေကို စာလုံးလေးတွေအဖြစ် confidence ရှိရှိ အမှားကင်းကင်းနဲ့ ရေးချင်သူတွေ
နွေရာသီမှာ အကျိုးရှိရှိ အချိန်ကုန်ချင်တဲ့ ကလေးတွေ အတွက်ပါ။
🎯ဘာလို့ ရွေးချယ်သင့်လဲဆိုတော့
Small class size ရယ်
Expert teacher ရယ်နဲ့
Attention ကောင်းကောင်းပေးပြီး
Air conditioning room ထဲမှာ
သင်ကြားရမှာ ဖြစ်လို့ပါ
Age 10 မှ စတင် တက်ရောက်နိုင်ပါတယ်။
Special Offer အနေနဲ့ 🍀
သင်တန်းသားအဟောင်းများက 20%discount
ရရှိမှာပါ။
Free placement test လဲ ရှိတာမို့
ကိုယ်နဲ့သင့်တော်တဲ့ level ကို
တတ်ရောက်နိုင်ပါတယ်။
March 2 မှာ စတင်ပါမယ်📢

Limited spots available!
Register by 25 February ✨

မေမေတို့ရဲ့ သားသားမီးမီးဝွေတီချယ့်ရဲ့ ကလေးလေးတွေ ခွန်အားပြည့်ဝကျန်းမာဖို့💪
09/01/2026

မေမေတို့ရဲ့ သားသားမီးမီးဝွေ
တီချယ့်ရဲ့ ကလေးလေးတွေ
ခွန်အားပြည့်ဝကျန်းမာဖို့💪

Today update 8.1.2026
၂၀၂၆ ခုနှစ် အစားအစာပိရမစ် (Food Pyramid) ၏ အဓိကပြောင်းလဲမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

လမ်းညွှန်ချက်အသစ်တွင် အာဟာရဓာတ် ပြည့်ဝစွာပါဝင်မှု (Nutrient density) ကို အလေးထားထားပြီး ပြုပြင်ဖန်တီးထားသော အစားအစာများ (Processed foods) စားသုံးမှုကို သိသိသာသာ လျှော့ချရန် ဖော်ပြထားသည် -

* ပြောင်းပြန်လှန်ထားသော ပုံစံသစ် (Inverted Structure): ပိရမစ်၏ အကျယ်ဆုံးအပိုင်းသည် ယခုအခါ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ၎င်းတွင် ပရိုတင်း (Protein)၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့်အတူ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါဝင်သည်။

* ပရိုတင်းကို အဓိကထားခြင်း (Protein Focus):တစ်နေ့တာ ပရိုတင်းလိုအပ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်သည်။ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ ဘဲဥ၊ ကြက်ငှက်နှင့် ပင်လယ်စာများကဲ့သို့သော အရင်းအမြစ်များမှ ပရိုတင်းဓာတ်ကို အစားအစာတိုင်းတွင် ပါဝင်အောင် စားသုံးရန် တိုက်တွန်းထားသည်။

* "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများ: လမ်းညွှန်ချက်အသစ်တွင် ပြည့်ဝဆီများ (Saturated fats) အပေါ် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီး အဆီလျှော့ထားသော နို့ထွက်ပစ္စည်းများထက် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများကို ပိုမိုအားပေးထားသည်။ ထို့ပြင် ဟင်းချက်ရာတွင် သံလွင်ဆီအပြင် ထောပတ် (Butter) သို့မဟုတ် အမဲဆီ (Beef tallow) တို့ကို အသုံးပြုရန် အကြံပြုထားသည်။

* ကောက်နှံစာများ လျှော့ချခြင်း (Whole Grains Demoted): လုံးတီးဆန်နှင့် ဂျုံကဲ့သို့သော ကောက်နှံစာများကို ပိရမစ်၏ အကျဉ်းဆုံးဖြစ်သော အောက်ခြေသို့ ပို့ဆောင်လိုက်ပြီး ပမာဏ ချင့်ချိန် စားသုံးရန် အကြံပြုထားသည်။

* သကြားလုံးဝမထည့်ခြင်း (Zero Added Sugar): ဖြစ်နိုင်သမျှ သကြားထပ်မံထည့်သွင်းခြင်း မပြုရန်လမ်းညွှန်ထားပြီး အစားအစာတစ်နပ်လျှင် စားသုံးရမည့် သကြားပမာဏ ကို တင်းကြပ်စွာ ကန့်သတ်ထားသည်။

* အူလမ်းကြောင်းကျန်းမာရေးနှင့် အချဉ်ဖောက်ထားသော အစားအစာများ: အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများ (Microbiome) ကျန်းမာစေရန်အတွက် အချဉ်ဖောက်ထားသော အစားအစာများ (ဥပမာ- ကင်ချီ၊ မုန်ညင်းချဉ်၊ ကဖီယာနို့ချဉ်) စားသုံးရန် အစိုးရလမ်းညွှန်ချက်များတွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထည့်သွင်းအကြံပြုထားသည်။

Ref:
https://time.com/7344593/new-dietary-guidelines-protein-processed-foods/

Address

Shwebo
02261

Website

Alerts

Be the first to know and let us send you an email when Aster English Language Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share