17/12/2023
တန်ဖိုး
———————————————————————-
တစ်ခါက အလွန်ဆာလောင်နေတဲ့ သိမ်းငှက်တစ်ကောင်ဟာ အစာရလိုရငြား ကောင်းကင်မှာပျံသန်းရင်း လိုက်ရှာတယ်။
အဲ့လိုရှာရင်း တစ်နေရာလည်းရောက်ရော မြေပြင်မှာ နီနီရဲရဲနဲ့ အရာတစ်ခုကို တွေ့တော့ တဟုန်ထိုးပြေးဆင်းလာတယ်။
အနားရောက်တော့မှ အသားတုံးမဟုတ်ဘဲ၊ ပတ္တမြားခဲ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
သိမ်းငှက်လည်းစိတ်ပျက်သွားပြီး
အသားတုံးမှတ်လို့ ဆင်းလာတာကို ဘာအတုံးကြီးမှန်းလည်းမသိဘူးဆိုပြီး ကျော်ခွကာ ကောင်းကင်ကို ပျံတက်သွားတော့တယ်။
ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာကတော့
ဘယ်လောက်ပဲအဖိုးတန်နေနေ တန်ဖိုးမသိတဲ့လူအတွက်တော့ တန်ဖိုးမရှိပါဘူး ဆိုတာပါပဲ။
Crd; original writer
YNT