ပညာရွှေပြည် Education Family

ပညာရွှေပြည် Education Family အထက်တန်းဆင့် ပညာရေးဝန်ဆောင်မှု

10/04/2024

Navigation!

အမှတ် ၅ ရပ်ကွက်၊
တောရကြီးဘုန်းကြီးကျောင်းလမ်း၊
ဆတ်သွားကျေးရွာ၊
တောင်တွင်းကြီးမြို့နယ်၊
မကွေးတိုင်းဒေသကြီး။

09,259,643,076

28/01/2024
 #ပညာရွှေပြည်
11/01/2024

#ပညာရွှေပြည်

မြန်မာပြည်ကြီး အမြန်ဆုံး ေဘးကင်း၊ ကျန်းမာပါစေ
16/07/2021

မြန်မာပြည်ကြီး အမြန်ဆုံး ေဘးကင်း၊ ကျန်းမာပါစေ

၂၀၂၀ တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၆)နာရီ မှစ၍ ကြည့်ရှု နိုင်ပါမည်။ကြည့်ရန် L...
12/01/2021

၂၀၂၀ တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းကို
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၆)နာရီ မှစ၍ ကြည့်ရှု နိုင်ပါမည်။
ကြည့်ရန် Link👉🏻 https://mmexamscore.org/

06/06/2020

တက္ကသိုလ်ဝင် အောင်စာရင်း
ထွက်တာနဲ့
တစ်ပြိုင်နက်
အင်ဂျင်နီယာ ဘာသာရပ်
ခြောက်ခု
ဟိုတယ်လုပ်ငန်းဆိုင်ရာ ပညာရပ်
သုံးခု
ကွန်ပြူတာ ပညာရပ်
လေးခု
ရန်ကုန် နဲ့ မန်း
ဂျပန် မြန်မာ ပူးပေါင်း
တက္ကသိုလ် နှစ်ခုက ခေါ်မှာပါ
ကျောင်းလခ ကင်းလွတ်ခွင့် ရမှာပါ
ဝင်ခွင့် ဖြေရပါမယ်

အွန်လိုင်းကို သူငယ်ချင်းတွေနဲ့ အပျော်အတွက်ရယ်
ဂိမ်းဆော့ရုံသာ မသုံးဘဲ
အဂ်လိပ်စာ ပါ နေ့စဉ် အချိန်ပေးပြီး
လေ့လာထားကြပါ
ကိုယ့်ဘဝ တက်လမ်းကို
ဆယ်တန်း အောင်ပြီး ချိန်မှ စပြီး
ကိုယ့်တာဝန် မိဘ မယူရအောင်
ကိုယ်တိုင် ကြိုးစားကြပါ 😍😘

Ye Linn Oo fb acc မှ.

Photo credit
02/06/2020

Photo credit

02/06/2020

Credit post
တက္ကသိုလ်ဝင်တန်း သင်ရိုးများ လျှော့ချမည်

COVID-19 ဂယက်ကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းတက်ချိန် လျော့နည်းမည် ဖြစ်ရာ တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတန်းများကို ပြန်လည်ညှိနှိုင်းပြီး လျှော့ချမည်ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

“ဒင်ပြည့်ကြပ်ပြည့် သင်ခွင့်ရတဲ့ အချိန်မှာ Quality ကို ကြည့်တာက တပိုင်း။ အခုက ၅၁ ရက် နောက်ကျတာကိုး။ ၅၁ ရက်တောင် နောက်ကျတဲ့ အတွက် လျှော့ရမှာတွေ ရှိတယ်။ အဲဒီ ၅၁ ရက်ကို Cover ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်စားရမှာပေါ့” ဟု ၎င်းက ရှင်းပြသည်။

သို့ဖြစ်ရာ ယခုလာမည့် စာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာန၊ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့က သင်ရိုးညွှန်းတန်းနှင့် ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သင်ရိုးများနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင် သင်ရိုးမည်မျှ ပြီးရမည် စသည့် လစဉ်၊ အပတ်စဉ် သင်ကြားရမည့် အပိုင်းအခြားများကိုပါ ပြန်လည် ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်ရိုးအားလုံးမှာ ပုံမှန်အခြေအနေတွင် ဖေဖော်ဝါရီလ၌ ပြီးဆုံးမည် ဖြစ်သော်လည်း COVID-19 ကြောင့် ကျောင်းတက်ရက် နောက်ကျမည် ဖြစ်သဖြင့် သင်ရိုးလျှော့ချခြင်း၊ သင်ကြားနည်းပုံစံ ပြောင်းလဲခြင်း၊ အချိန်ကာလ နောက်ဆုတ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများကို ပုံမှန် ဇွန်လတွင် ဖွင့်လှစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အဆင့်လိုက် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အထက်တန်းအဆင့် အခြေခံပညာ ကျောင်းများကို ဇူလိုင်၂၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ချိန် နောက်ကျခြင်းကြောင့် စာသင်ချိန် မလုံလောက်မှု ဖြစ်နိုင်သော်လည်း ကျောင်သား၊ ကျောင်းသူများကို သင်ကြားရန် မဖြစ်မနေ လိုအပ်သည့် သင်ခန်းစာများ ပါဝင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရမည်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း က ပြောသည်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်း က “အချိန် ကန့်သတ်ချက် ကြောင့် Adjust လုပ်ရတာကိုး။ ဒီအချိန်ဘောင်အတွင်းမှာ အရေးကြီးတဲ့ သင်ခန်းစာတွေ ကျောင်းသားတွေအတွက် မရှိမဖြစ် ပါသွားသင့်တဲ့ အတွေးအခေါ် အယူအဆတွေ ပါသွားအောင် ဘယ်လိုသင်ခန်းစားမျိုးကို သင်ပြီး၊ ဘယ်လို သင်ခန်းစာမျိုးကို လျှော့ချရမယ် ဆိုတာကို ဆရာ၊ ဆရာမတွေနဲ့ ဝန်ကြီးဌာနက ဆုံးဖြတ်ရမယ့် ဆွေးနွေးရမယ့် အရာပေါ့ ” ဟု ဆိုသည်။

အခြေခံပညာ ဦးစီးဌာန စာရင်းများအရ မြန်မာ တနိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းပေါင်း ၄၇,၄၄၅ ကျောင်း၊ ကိုယ်ပိုင် ကျောင်း၂,၅၀၀ ဝန်းကျင် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ၁,၅၃၀ ကျောင်း ရှိသည်။

အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမ ၄ သိန်းကျော်၊ ကိုယ်ပိုင်ကျောင်းများတွင် ၁ သောင်းခွဲနီးပါး (၁၄,၅၃၀)နှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ၇,၇၃၇ ဦး ရှိကြောင်း သိရသည်။

Ref: ဧရာဝတီသတင်း

ကျောင်းဖွင့်ရက်တော့ တရားဝင် ညွှန်ကြားပြီ...ကျူရှင်၊ ဘော်ဒါတွေ ဖွင့်ဖို့တော့...
27/05/2020

ကျောင်းဖွင့်ရက်တော့ တရားဝင် ညွှန်ကြားပြီ...
ကျူရှင်၊ ဘော်ဒါတွေ ဖွင့်ဖို့တော့...

Address

Satthwa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09259643076

Website

Alerts

Be the first to know and let us send you an email when ပညာရွှေပြည် Education Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ပညာရွှေပြည် Education Family:

Shortcuts

Share

Category