Kalay University Students' Union

Kalay University Students' Union လက်တွဲတူညီ၊ရဲရင့်ချီ

“ရွေးကောက်ပွဲအတုပြီးသွားလည်း တော်လှန်ရေးက ဆက်ရှိနေမှာပဲ။ညီညွတ်မှုနဲ့ ရှေ့ဆက်မယ့် ငါတို့တော်လှန်ရေး၊ ဘယ်တော့မှ မကျရှုံးစေ...
29/12/2025

“ရွေးကောက်ပွဲအတုပြီးသွားလည်း တော်လှန်ရေးက ဆက်ရှိနေမှာပဲ။

ညီညွတ်မှုနဲ့ ရှေ့ဆက်မယ့် ငါတို့တော်လှန်ရေး၊ ဘယ်တော့မှ မကျရှုံးစေရဘူး”

#အရေးတော်ပုံအောင်ရမည်

"Our Voice, Our Fight, Our Rights***အပြင်မထွက်၊ အသံတိတ်သပိတ်***အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင်...
05/12/2025

"Our Voice, Our Fight, Our Rights
***အပြင်မထွက်၊ အသံတိတ်သပိတ်***

အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင် ဒီဇင်ဘာ ရွေးကောက်ပွဲကြီးဟာ နီးကပ်လာပါပြီ။
မတရားရွေးကောက်ပွဲကြီး နီးကပ်လာတာနဲ့ အမျှ စစ်အုပ်စုဟာ ပြည်သူအများရဲ့ထောက်ခံမှုကို ရရှိနေသယောင် နိုင်ငံတကာမှာ အတုအယောင် ဝါဒဖြန့်မှုတွေပြုလုပ်နေပြီး
တစ်ဖက်မှာလည်း ပြည်သူတွေကို ချော့တစ်မျိုး ခြောက်တစ်ဖုံနဲ့ ရွေးကောက်ပွဲကို အထမြောက်ဖို့ ကြိုးစားနေပါတယ်။

ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။
ဒီလို အသိပေးဖို့ အတွက် တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံပါ။
ယခင့်ယခင် ပြုလုပ်ခဲ့သည်များနည်းတူ ဒီတစ်ခါမှာလည်း တိတ်ဆိတ်ခြင်းနဲ့ ကျနော်တို့ အသံကို ထုတ်ဖော်ပြသပါမယ်။

Our Voice, Our Fight, Our Rights ဆိုတဲ့ ဒီတစ်ခါ အသံတိတ် သပိတ် ဆောင်ပုဒ်အတိုင်း ကျနော်တို့ အခွင့်အရေးတွေအတွက် ကျနော်တို့ အသံတွေကိုတိတ်ကာ ဟစ်ကြွေးလို့ တိုက်ပွဲဝင်ကြပါမယ်။
အသံတိတ် သပိတ် ကျင်းပမယ့်နေ့ရက်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပြီး
သပိတ် ပြုလုပ်မယ့်အချိန်ကိုတော့ ရုံးတက် ရုံးဆင်း ၊ စျေးသွားစျေးလာ အချိန်ကာလတွေနဲ့ ဝေးကွာအောင် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ သတ်မှတ်ထားပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာ တစ်ဝှမ်းက ကြားအောင်၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အထမြောက်သွားခဲ့သည် တိုင်အောင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့တာသာ ဖြစ်ကြောင်း သိရှိရလေအောင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်၁၀ နာရီ ကနေ ညနေ ၃ နာရီ ကြားအချိန်ကာလမှာ အုတ်တချပ် သဲတပွင့် အဖြစ် ပါဝင်ပေးကြဖို့ အကူအညီတောင်းပါရစေ။

မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ

အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။

#ပြည်သူသာအဓိက
#လူထုတိုက်ပွဲလှုပ်ရှားမှု



အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်နေသော “ရွေးကောက်ပွဲ” ဆိုသည့်အပေါ် ကျွန်ုပ်တို့၏ ရပ်တည်ချက်သဘောထားကို လေးစားစွာ ...
22/08/2025

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်နေသော “ရွေးကောက်ပွဲ” ဆိုသည့်အပေါ် ကျွန်ုပ်တို့၏ ရပ်တည်ချက်သဘောထားကို လေးစားစွာ တင်ပြအပ်ပါသည်။

══════════════

၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ မြန်မာ့နိုင်ငံရေး ပြဿနာ၏ ထွက်ပေါက်၊ အဖြေ (လုံးဝ) မဟုတ်။

၂။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုပ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာ ဖြစ်သည်။

၃။ စစ်အုပ်စု၏ “ရွေးကောက်ပွဲ” ဆိုသည်မှာ ဒင်းတို့အာဏာ သက်ဆိုးရှည်ရေး၊ ဒင်းတို့ ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေရေး၊ ဒင်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာ ဖြစ်သည်။

၄။ ပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းခဲ့ပြီးဖြစ်သည့်အပြင် စစ်အုပ်စုက နိုင်ငံရေးမှာ ရာသက်ပန် ကြီးစိုးခြယ်လှယ်ဖို့ ခွင့်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်အတွင်းရွေးကောက်ပွဲကျင်းပရန် ကြံစည်ခြင်းကို (လုံးဝ) လက်မခံ။

၅။ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် (Federal Democracy Charter) တွင် ပြဋ္ဌာန်းထားသော နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ရပ်၊ NUG နှင့်တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားသော “ဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထား” တို့အပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောတူညီချက်နှင့် ဘုံရည်မှန်းချက်များကသာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်သည်ဟု လေးနက်စွာ ယုံကြည်သည်။

၆။ သို့ဖြစ်သောကြောင့် ယခု အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အဓမ္မ လုပ်ကြံပြင်ဆင်နေသော “ရွေးကောက်ပွဲ” ကို “အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်လုပ်ပွဲ” ဟု သတ်မှတ်၊ ခံယူသည်။

၇။ ထို့အပြင် လက်ရှိ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေကြသော ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် အခက်အခဲ၊ အကြပ်အတည်းများစွာ၊ ထည့်ဝင်ပေးဆပ်ရသည့် အရင်းအနှီးများစွာရှိနေသလို တဖက်ကလည်း နှစ်ပေါင်း (၈၀) နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့နိုင်ငံရေးပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မည့် အဆုံးသတ်တိုက်ပွဲ၊ အခွင့်အလမ်းဟု အပြည့်အဝ ယုံကြည်သည်။

၈။ သို့ပါ၍ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ "တရားမဝင်၊ အတုအယောင် ‌ရွေးကောက်ပွဲ" (ဝါ) "လုပ်ပွဲ" ကို ပြည်သူလူထုတရပ်လုံးနှင့်အတူ ပြည်သူ့အားဖြင့် အကြွင်းမဲ့ ဆန့်ကျင်၊ တိုက်ဖျက်သွားပါမည့်အကြောင်း ထပ်လောင်း အတည်ပြု ထုတ်ဖော် တင်ပြအပ်ပါသည်။

“အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ ဆန့်ကျင်ကြ”

“ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် . . . မဲမပေးနဲ့ သပိတ်မှောက်”

“No Votes Under Guns - Reject the Junta’s Sham”

“Say No, Just Trap
Myanmar’s Sham Election Crap”

အရေးတော်ပုံ အောင်ရမည်။

21/08/2025
သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက် ရွှေထီးဆောင်းရစေမယ် #စစ်အာဏာရှင်စနစ်...
22/07/2025

သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ
ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက်
ရွှေထီးဆောင်းရစေမယ်

#စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
#မတရားမှုမှန်သမျှ တာဝန်အရ ဖီဆန်ကြ

26/06/2025

ကျောင်းသားခေါင်းဆောင်
ချင်းအမျိုးသားဆလိုင်းတင်မောင်ဦး
ကျဆုံးခြင်း(၄၅)နှစ်ပြည့်အထိမ်းအမှတ်
(အထူးဖော်ပြချက် - ကဗျာ)
#ကလေးတက္ကသိုလ်ကျောင်းသားများသမ္မဂ

"ဆလိုင်း"

အသတ် ခံရသူက
ကမ္ဘာကြေလည်း ရဲဘော်မသေ

အမြင့်ပျံအောက်ချင်းသစ္စာခရီးတို့
မြေမဟီကို တုန်လှုပ်စေခဲ့
ရရင်ရ မရရင်ချ မဟုတ်ဘူး
ရရ မရရ မတရားမှုမှန်သမျှချဟေ့ချကြ

သတ်တဲ့သူတွေက
အသတ် ခံရတဲ့သူ
မသေခင်ကတည်းက သေခဲ့ကြတယ်

မကြွေတဲ့ကြယ်
မသေတဲ့နာမည်
သူ့ပြယုဂ် သူ့အလံတော်
အောက်ချင်းလိုမာန်ဝင့်ဆဲ
ဆလိုင်းတဲ့
တင်မောင်ဦးကို ကမ္ဘာကသိတယ်။

ဟာရှိန်း
2018.

ကဗျာအမည် - "ဆလိုင်း"
မူရင်းရေးဖွဲ့သူ - ဟာရှိန်း
ပန်းချီ - Thawn Kim(Tedim)

12/06/2025

❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞

═════════════

#ပန်းသပိတ်



အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လာမယ့် ဇွန် (၁၉) ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံးသော နိုင်ငံရေးအကျဉ်းသားပဲ ဖြစ်ပါလိမ့်မယ်။

အာဏာသိမ်းဖက်ဆစ်တပ်ဟာ ယခုထိ ရရှိထားတဲ့ အချက်အလက်တွေအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၂၁၂၂) ဦးကို အဓမ္မ ချုပ်နှောင်ဖမ်းဆီး အကျဉ်းချထားတယ်လို့ သိရပါတယ်။
ဒီအရေအတွက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးဖမ်းဆီးခံထားရတဲ့တိုင်းပြည်တခု ဖြစ်ပါလိမ့်မယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ “လုပ်ပွဲ” တခု ထပ်ဖန်တီးဖို့လည်း ရှိနေပါတယ်။
အဲ့ဒါကတော့ "အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ" ဆိုတာပါပဲ။
ဒီ​ကနေ အာဏာသိမ်းစစ်တပ်မှသည် တရားဝင်ရွေးကောက်ခံအစိုးရ ဆိုတာကြီး ဖြစ်သွားလိမ့်မယ်ပေါ့.အတော်ရယ်ရတဲ့ သူတွေပါပဲ။
ဒါသည်ပင် လူထုကို အထင်သေးခြင်း၊ စော်ကားခြင်းသာ ဖြစ်ပါတယ်။

စစ်ကျွန်သက်ဆိုး ရှည်စေမယ့် ဒီလုပ်ပွဲကိုလည်း ပြည်သူလူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။

အသက် (၈၀) ပြည့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ဆက်လက် ကြိုးပမ်းထမ်းရွက်နေဆဲပါ။

အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် မဆုတ်မနစ်တိုက်ပွဲဝင်နေကြချိန်မှာအကျယ်ထောင်က ပြည်သူလူထုအနေနဲ့ကလည်းတော်လှန်ရေးမှတပါး အခြားမရှိပါဘူး။

တော်လှန်ရေးလို့ဆိုရာမှာလည်း လ-က်န-က်ကိုင်ပြီး တိုက်နိုင်မှ တော်လှန်ရေးလုပ်နိုင်တာ မဟုတ်ပါဘူး။ လ-က်န-က်ကိုင်တိုက်ပွဲအပြင် ပြည်သူလူထုအားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်တဲ့ အခြားသော အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲနည်းနာအားလုံးကလည်း တော်လှန်ရေးလုပ်ငန်းစဥ်တွေပါပဲ။

ဒါ့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ်
မွေးနေ့ရှင်နဲ့တကွ အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်အုပ်စု ဖန်တီးနေတဲ့ အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အနေနဲ့ လူထုလှုပ်ရှားမှုကြီး (၂) ခု ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

ပထမလှုပ်ရှားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့ တွဲမြင်ပြီးသားဖြစ်တဲ့ “ပန်းသပိတ်” လှုပ်ရှားမှုပါ။
နှင်းဆီနီအပါအဝင် လက်လှမ်းမီရာပန်းတွေ
ကို ဘုရားပန်း တင်မယ်၊ ဆံကေသာမှာ အမြတ်တနိုး ပန်ဆင်ကြမယ်၊ အလှပန်းအိုး ထိုးမယ်၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်၊ အွန်လိုင်းပေါ် တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်သွားကြပါမယ်။

ဒုတိယလှုပ်ရှားမှုကတော့ လူထုနဲ့ ရင်းနှီးပြီးသား “အင်္ကျီပြာ” လှုပ်ရှားမှု (Blue Shirt Campaign) ပါ။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိတဲ့ အပြာရောင် အဝတ်အစား အသုံးအဆောင်တွေကို ဝတ်ဆင် အသုံးပြုကြဖို့ပါ။

ဒီနှစ်ကတော့ လူထုခေါင်းဆောင်ရဲ့ အသက် (၈၀) ပြည့် နှစ်ဖြစ်တာနဲ့အညီ ဒီလှုပ်ရှားမှု (၂) ခုလုံးကို (၈) ရက်တာလှုပ်ရှားမှုအဖြစ် ဖော်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။

အခုလာမယ့် ဇွန် (၁၄) ရက်နေ့ကနေ (၂၁) ရက်နေ့ထိ စုစုပေါင်း (၈) ရက်တာကာလအတွင်းမှာ #ပန်းသပိတ်နဲ့ အင်္ကျီပြာလှုပ်ရှားမှုတို့ကို မိမိတို့အဆင်ပြေရာရက် တရက်ရက်မှာဖြစ်စေ၊ နေ့စဉ်ပါဝင်နိုင်သူကလဲ နေ့စဥ် အဆင်ပြေသလို ဆင်နွှဲပါဝင်ကြဖို့ ဖြစ်ပါတယ်။

အဓမ္မ ဖမ်းဆီးခံထားရတဲ့ မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားများအားလုံးရဲ့ လွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး အာဏာရှင်စနစ်ဆိုးအောက်ကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ပြင်းပြခိုင်မာတဲ့စိတ်ဓာတ်နဲ့ ညီညာစုရုံး အတူဆက်တိုက်ပွဲဝင်ကြပါစို့။

#ကြောက်ခေတ်ကို_မှောက်ပစ်





#တက်စုံဖွင့်ရွက်ကုန်လွှင့်

အရေးတော်ပုံ အောင်ရမည်။

25/05/2025

“မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ သတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်”

စာအမှတ်။ ။၅/ပပ/၂၀၂၅
ရက်စွဲ။ ။၂၄/၅/၂၀၂၅

၁။ “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီးရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာနိုင်ငံဘက် အခြမ်းတွင် ယာယီစခန်း ရွှေ့ပြောင်း တာဝန်ထမ်းဆောင်နေသော တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးစလုံးသည် ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နေ့၌ စခန်းမှ ပျောက်ဆုံးသွားပြီး အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့် Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်) ထံမှ ၂၀၂၅ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် အဆိုပါ ရဲဘော်များကို ရုပ်အလောင်း (၁၀)လောင်း အဖြစ်သာ ညှိနှိုင်း တောင်းဆို၍ လက်ခံရရှိခဲ့ကြောင်း” မီဒီယာများနှင့် ဒေသခံများထံမှ ကျွန်ုပ်တို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က သိရှိရပါသည်။
၂။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ မေလ (၂၀)ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အမှတ်(၄/၂၀၁၅)အတိုင်း ကျွန်ုပ်တို့က တသားတည်း ရပ်တည်ပါသည်။
၃။ သို့ဖြစ်ပါသောကြောင့် အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် “တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) ရဲဘော်များ သတ်ဖြတ်ခံခဲ့ရသည့် အမှုမှန် ပေါ်ပေါက်စေရေးအတွက် စုံစမ်းဖော်ထုတ် အရေးယူပေးရန်၊ နောက်နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံ ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှု မရှိသေးသည့် ကာလအတွင်း တစ်ဖက်သတ် ခြံစည်းရိုးခတ်ခြင်း မပြုလုပ်ရန်” တို့ကို ကျွန်ုပ်တို့ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု - GSCBက ထပ်မံ တောင်းဆိုလိုက်သည်။

“အရေးတော်ပုံ မုချအောင်ရမည်။”
“အာဏာရှင်စနစ် ဟူသမျှ မုချ ကျရှုံးရမည်။”
“ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် မုချ တည်ဆောက်နိုင်ရမည်။”

တော်လှန်ရေးသစ္စာဖြင့်
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)

12/05/2025
06/05/2025

ကလေးတက္ကသိုလ် ကျောင်းသားကျောင်းသူများထံသို့ အသိပေးနှိုးဆော်ချက်

ရက်စွဲ ။ ။ မေလ(၆)ရက်၊၂၀၂၂ခုနှစ်။

အကြမ်းဖက်စစ်အုပ်စုတို့မှ ၊
၎င်းတို့အာဏာတည်မြဲကြောင်းပြသရန် အတွက် တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းနေခြင်းနှင့်စပ်လျဉ်း၍ ၊
ကလေးတက္ကသိုလ် ကျောင်းသားကျောင်းသူများထံသို့ အသိပေးနှိုးဆော်ချက်။

#ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Address

Main Street
Sanmyo

Telephone

+959978180252

Website

Alerts

Be the first to know and let us send you an email when Kalay University Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category