New Vision Art & Science Institute

New Vision Art & Science Institute Since 2007 ~ From Vision to Victory: Your Creative Journey Starts Here!

Design ကောင်းချင်ရင် Conceptကိုခိုင်မာအောင်တည်ဆောက်ပါ။Architecture လေ့လာသူတွေ၊ Design ဆွဲနေသူတွေ အများစုက Final Design က...
23/08/2026

Design ကောင်းချင်ရင် Conceptကိုခိုင်မာအောင်တည်ဆောက်ပါ။

Architecture လေ့လာသူတွေ၊ Design ဆွဲနေသူတွေ အများစုက Final Design ကိုပဲ အဓိကထင်ကြပါတယ်။

တကယ်တော့… Project တစ်ခုရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပေးတာ Concept Design ပါ။
Concept Design ဆိုတာ Design တစ်ခုရဲ့ direction ကို သတ်မှတ်ပေးတဲ့ အဆင့်ဖြစ်ပြီး

☑ Idea
☑ Function
☑ User Experience
☑ Environment
☑ Story
တို့ကို ပေါင်းစပ်စဉ်းစားရတဲ့ အဆင့်ပါ။

Building တစ်လုံး ဥပမာပေးရမယ်ဆိုရင်
Facade လှပပေမယ့် Lighting မကောင်း၊ Ventilation မကောင်း၊ Circulation ရှုပ်နေရင်
ဒါကို “Design ကောင်းတယ်” လို့ မခေါ်နိုင်ဘူး။
အဲဒါက Concept အဆင့်ကတည်းက ပြဿနာရှိနေတာပါ။

Blueprint မှားရင် အဆောက်အဦးတစ်ခုလုံး မှားသလိုပဲ
Concept မှားရင် Final Design ဟာ အဓိပ္ပာယ်မဲ့ Result တစ်ခုသာ ဖြစ်သွားနိုင်ပါတယ်။
Sketch ဆွဲတတ်တယ်၊ Software တတ်တယ်
ဒါပေမယ့် Strong Concept ရှိမှသာ Design တစ်ခု တကယ် Standout ဖြစ်နိုင်ပါတယ်။

Final Design က Result ဖြစ်ပေမယ့်
Concept Design ကတော့ အဲဒီ Result ကို ဖန်တီးပေးတဲ့ “အဓိကအင်အား” ပါ။

💬 Architecture နဲ့ပတ်သက်ပြီး
Portfolio ဘယ်လိုစရမလဲ?
University Admission ဘာတွေလိုအပ်လဲ?
ဘယ်နိုင်ငံမှာတက်ရင်ကောင်းလဲ?

👇 Comment မှာ မေးမြန်းနိုင်ပါတယ်။
တစ်ခုချင်းစီကို ပြန်လည်ဖြေပေးပါမယ် ✍️

Sunday Sketch Inspiration ✨ဒီတစ်ပတ် Sketch Inspiration အဖြစ် Artist Benjamin Sack ရဲ့ အံ့မခန်း Architectural Sketch လက်ရ...
23/08/2026

Sunday Sketch Inspiration ✨

ဒီတစ်ပတ် Sketch Inspiration အဖြစ် Artist Benjamin Sack ရဲ့ အံ့မခန်း Architectural Sketch လက်ရာတွေကို လေ့လာကြည့်ရအောင်။

“Composer of Worlds” လို့ လူသိများတဲ့ Benjamin Sack ဟာ Pen နဲ့ Paper ကိုပဲ အသုံးပြုပြီး မျှော်စင်တွေ၊ လမ်းကြောင်းတွေ၊ အဆောက်အဦးထောင်ပေါင်းများစွာကို ချိတ်ဆက်ထားတဲ့ စိတ်ကူးယဉ်မြို့ပြကမ္ဘာတွေကို ဖန်တီးပါတယ်။

သူ့ရဲ့ လက်ရာတွေမှာ Geometry, Scale နဲ့ Spatial Arrangement တွေကို အလွန်အသေးစိတ်ကျကျ ပုံဖော်ထားတာကြောင့် ကြည့်လေလေ Detail အသစ်တွေကို တွေ့ရလေလေပါပဲ။

Architecture ဆိုတာ အဆောက်အဦးတစ်လုံးကို ရေးဆွဲရုံမဟုတ်ဘဲ စိတ်ကူးထဲက ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်တဲ့ အနုပညာ ဖြစ်တယ်ဆိုတာကို Benjamin Sack ရဲ့ Sketch တွေက အလှဆုံး သက်သေပြနေပါတယ်။

Sunday Challenge ✏️

ဒီ Sketch တွေထဲမှာ သင်အရင်ဆုံး သတိထားမိတဲ့ Detail တစ်ခုကို Comment မှာ မျှဝေခဲ့ပါဦး။

Photos Credit: Pinterest (Artworks by Benjamin Sack)

23/08/2026

✨ Architecture LV-1 Class တန်းခွဲများ ဖွင့်လှစ်နေပါပြီ!

Architecture ကို အခြေခံမှစတင်ပြီး University ဝင်ခွင့်၊ Portfolio ပြင်ဆင်ခြင်းနှင့် Scholarship လျှောက်ထားခြင်းအထိ စနစ်တကျ ပြင်ဆင်နိုင်မည့် တန်းခွဲတွေကို New Vision မှာ တက်ရောက်နိုင်ပါပြီ။

🏛 Architecture LV-1 Class တွင် သင်ကြားမည့်အကြောင်းအရာများ
✔ Basic Elements of Design
✔ Drawing Skills
✔ Perspective Drawing
✔ Color Theory & Texture
✔ Pattern & Design Concepts
✔ Interior & Exterior Design Projects

✨ New Visionမှာ
📌 မိမိစိတ်ဝင်စားသော Major ကို ရွေးချယ်နိုင်ခြင်း
📌 Portfolio ပြင်ဆင်ပေးခြင်း
📌 University Application လျှောက်ထားပေးခြင်း
📌 Scholarship လျှောက်ထားရန် လမ်းညွှန်ပေးခြင်း

📍 Class Options
• Campus Class
• Online Class
• Private Class

🎓 Architecture University ဝင်ခွင့်အတွက် ကြိုတင်
ပြင်ဆင်လိုသူများအတွက် July Intake တန်းခွဲများအတွက် အပ်နှံနိုင်ပါပြီ။

☎️ အသေးစိတ် စုံစမ်းရန် – 0943160359
💬 Architecture ပညာရေးကို အသေးစိတ်သိရှိလိုပါက Messenger မှလည်း စုံစမ်းနိုင်ပါသည်။

📍 လိပ်စာ – အမှတ် (၁၂၉ ဘီ), ၀၂၂, ဗားကရာလမ်း, ရွှေပြည်အေး ကွန်ဒို, စမ်းချောင်းမြို့နယ် (KBZ Bank အပေါ်ထပ်)

ဒီတစ်ပတ် New Vision မှာတော့ Student တွေရဲ့ Sketching, Drawing, Model Making နဲ့ Project Work တွေကို အတူတူကြည့်လိုက်ရအောင...
22/08/2026

ဒီတစ်ပတ် New Vision မှာတော့ Student တွေရဲ့ Sketching, Drawing, Model Making နဲ့ Project Work တွေကို အတူတူကြည့်လိုက်ရအောင်။

စာရွက်ပေါ်မှာ Idea တစ်ခုကို စတင်ပုံဖော်နေတဲ့ Sketch လေးတွေ၊ Drawing တွေကနေ တဖြည်းဖြည်း ပိုပြီးရှင်းလင်းလာတဲ့ Design Ideas တွေ၊ လက်တွေ့တည်ဆောက်ရင်း ပုံဖော်နေတဲ့ Model Making Process တွေအထိ - Student တစ်ယောက်ချင်းစီရဲ့ လေ့လာမှုနဲ့ ဖန်တီးမှုတွေကို ဒီတစ်ပတ်မှာ တွေ့ရမှာပါ။

တချို့ Project တွေက စိတ်ကူးတစ်ခုကနေ စတင်ပြီး၊ တချို့ကတော့ Sketch တစ်ကြောင်းကနေ Model တစ်ခုအထိ တဖြည်းဖြည်း ပြောင်းလဲလာတာပါ။

New Vision မှာ သင်ယူမှုဆိုတာ စာသင်ခန်းထဲမှာ နားထောင်ရုံမဟုတ်ဘဲ ကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင်ဆွဲ၊ ကိုယ်တိုင်တည်ဆောက်ပြီး Project တစ်ခုချင်းစီကနေ သင်ယူသွားတဲ့ Process တစ်ခုပါ။

New Vision မှာ ရရှိမယ့် အားသာချက်များ

✔ Strong Foundation

✔ Portfolio Preparation

✔ University & Scholarship Guidance

✔ Certificate & Recommendation Letter

Architecture ကို စိတ်ဝင်စားနေခဲ့တာကနေ တကယ်စတင်လေ့လာတဲ့သူတစ်ယောက် ဖြစ်လာဖို့။

👥 Class Size — 20 Students Only

📩 Class အသေးစိတ်နဲ့ Enrollment အတွက် Page Messenger မှာ စုံစမ်းနိုင်ပါတယ်။

📞 09 4316 0359

📍 အမှတ် (၁၂၉ ဘီ), ၀၂၂, ဗားကရာလမ်း, ရွှေပြည်အေးကွန်ဒို, စမ်းချောင်းမြို့နယ် (KBZ Bank အပေါ်ထပ်)

22/08/2026

University Admission Scholarship & အတွက် လိုအပ်တဲ့ Architecture Skills တွေကို အခုကစပြီး ပြင်ဆင်လိုက်ပါ။

Architecture ကို နိုင်ငံတကာ University များတွင် တက်ရောက်လိုသူများအတွက် အခြေခံကနေ စနစ်တကျ သင်ယူနိုင်မည့် Architecture တန်းခွဲသစ်များကို စတင်ဖွင့်လှစ်လိုက်ပါပြီ။

Architecture Class များကို Campus Class / Online Class / Private Class များအဖြစ် ရွေးချယ်တက်ရောက်နိုင်ပါတယ်။

Architecture Class မှာ ကျောင်းဝင်ခွင့်အတွက် ကြိုတင် ပြင်ဆင်နိုင်ပြီး Architectureကို လွယ်ကူနားလည်နိုင်ပြီး Drawing & Presentation Skill များကို တိုးတက်စေပါတယ်။ New Vision ရဲ့ Architecture Class တွေမှာ Beginner Level မှ University ဝင်ခွင့်နှင့် Scholarship လျှောက်ထားနိုင်သည်အထိ Step-by-step သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ပါတယ်။

🎓 သင်တန်းပြီးဆုံးပါက
✨ Certificate
✨ Recommendation Letter
✨ Portfolio Preparation အတွက် အထောက်အကူဖြစ်စေမည်။
✨ နိုင်ငံတကာ University များသို့ Admission & Scholarship လျှောက်ထားနိုင်မည်။

☎️ အသေးစိတ် စုံစမ်းရန်
📞 0943160359
💬 Architecture ပညာရေးနှင့် သင်တန်းများအကြောင်း အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါသည်။

📍 လိပ်စာ : အမှတ် (၁၂၉ ဘီ), ၀၂၂, ဗားကရာလမ်း, ရွှေပြည်အေး ကွန်ဒို, စမ်းချောင်းမြို့နယ် (KBZ Bank အပေါ်ထပ်)

22/08/2026

One Sketch, One Idea, One Big Vision.

Architecture ကို တစ်ယောက်တည်း စိတ်ကူးယဉ်ရုံနဲ့ မပြီးပါဘူး။ တစ်ခါတလေ သူငယ်ချင်းတစ်ယောက်နဲ့ အတူထိုင်ပြီး Sketch ဆွဲရင်း Idea တွေ ပြောကြည့်တဲ့အချိန်မှာ ကိုယ်မစဉ်းစားမိသေးတဲ့ Design အသစ်တွေ ထွက်လာတတ်ပါတယ်။

ဒီ Sketch မှာလည်း သူငယ်ချင်းနှစ်ယောက်အတူတူ စိတ်ကူးတွေကို ပုံဖော်ရင်း Tall, Modern Building တစ်ခုအဖြစ် တဖြည်းဖြည်း ဖန်တီးသွားတာကို တွေ့ရပါတယ်။

အစမှာတော့ စာရွက်ပေါ်က Pencil Lines အနည်းငယ်ပဲ။

ဒါပေမယ့် Line တစ်ကြောင်းချင်းစီ၊ Detail တစ်ခုချင်းစီ ပေါင်းလာတဲ့အခါ တကယ်ရှိနေသလို ခံစားရတဲ့ Building Design တစ်ခု ဖြစ်လာပါတယ်။

Architecture ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ စိတ်ကူးတစ်ခုကနေ ဘယ်လောက်ထိ Amazing ဖြစ်တဲ့ Design တစ်ခု ဖန်တီးနိုင်မလဲဆိုတာပါ။ ✏️🏙️

Drawing မကျွမ်းသေးတဲ့သူတွေလည်း အခြေခံကနေ စတင်နိုင်ပြီး Architecture ကို University Major အဖြစ် ရွေးချယ်ဖို့ စဉ်းစားနေသူတွေအတွက်လည်း ပထမဆုံးခြေလှမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

Weekend Schedule

🏫 Campus — 9:00 AM to 10:30 AM

💻 Online — 3:00 PM to 4:30 PM

📅 Saturday & Sunday | Starting August 22

တစ်ပတ်မှာ နှစ်ရက်လောက်ကို ကိုယ့်အတွက် Design လေ့လာဖို့ သီးသန့်အချိန်ပေးကြည့်ပါ။

သင်ယူရမည့် အကြောင်းအရာများ

- Architecture Drawing Foundation
- Perspective Drawing
- Design Thinking & Concept Development
- Color Theory, Texture & Pattern
- Interior & Exterior Design Projects
- Presentation Techniques

ဒီ Class က ဘယ်သူတွေအတွက် သင့်တော်လဲ?

- Architecture / Interior Design ကို Career အဖြစ် စတင်ချင်သူများ
- Drawing Skill မရှိသေးပေမယ့် အခြေခံကနေ လေ့လာချင်သူများ
- Portfolio တည်ဆောက်ပြီး University Admission & Scholarship အတွက် ပြင်ဆင်နေသူများ

New Vision မှာ ရရှိမယ့် အားသာချက်များ

✔ Strong Foundation

✔ Portfolio Preparation

✔ University & Scholarship Guidance

✔ Certificate & Recommendation Letter

Architecture ကို စိတ်ဝင်စားနေခဲ့တာကနေ တကယ်စတင်လေ့လာတဲ့သူတစ်ယောက် ဖြစ်လာဖို့။

📞 09 4316 0359
📩 Class အသေးစိတ်နဲ့ Enrollment အတွက် Page Messenger မှာ စုံစမ်းနိုင်ပါတယ်။

📍 အမှတ် (၁၂၉ ဘီ), ၀၂၂, ဗားကရာလမ်း, ရွှေပြည်အေးကွန်ဒို, စမ်းချောင်းမြို့နယ် (KBZ Bank အပေါ်ထပ်)

21/08/2026

Everything begins with a pencil. ✏️

Every beautiful design, every meaningful artwork, and every great idea starts the same way—with a single line.

ကလေးတစ်ယောက်အတွက် Pencil ကိုင်ပြီး Sketch စဆွဲတဲ့အချိန်က ပုံတစ်ပုံရဖို့ထက် ပိုပါတယ်။ သူမြင်တဲ့အရာကို သေချာလေ့လာတတ်လာတယ်၊ Shape တွေကို နားလည်လာတယ်၊ စိတ်ကူးတွေကို ကိုယ့်လက်နဲ့ ပုံဖော်တတ်လာတယ်။

တစ်ရွက်ပြီး တစ်ရွက်၊ Line တစ်ကြောင်းပြီး တစ်ကြောင်းက Confidence ကို တည်ဆောက်ပေးသလို Creativity ကိုလည်း တဖြည်းဖြည်း ကြီးထွားလာစေပါတယ်။

ကလေးတန်းခွဲများတွင် သင်ကြားပေးမည့် သင်ခန်းစာများ

- ခဲတံ ကိုင်နည်း
- အခြေခံမျဥ်းကြောင်းများ ရေးဆွဲနည်း
- အခြေခံပုံဆွဲ ရေးဆွဲနည်း
- Fun & Creative (Paper Craft)
- Color pencil Drawing
- Color theory

Watercolor Painting များ ရေးဆွဲတတ်နိုင်အောင် အခြေခံမှစပြီး သင်ကြားပေးသွားမှာဖြစ်ပြီး ကလေးတို့ရဲ့စိတ်ကူးစိတ်သန်းအတွေးဖြင့် ကိုယ်တိုင်ရေးဆွဲနိုင်အောင် သင်ကြားပေးမှာပဲဖြစ်ပါတယ်နော်။

Starter Level, Elementary Level, Pre-Intermediate Level, Intermediate Level ဆိုပြီး အဆင့်လိုက် သင်တန်းတွေ ခွဲထားတာကြောင့် ပန်းချီကို စိတ်ဝင်စားတဲ့ သားသားမီးမီးတိုင်း မိမိတို့ရဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ သင်တန်းအဆင့်ကနေ စတင်တက်ရောက်နိုင်ပါတယ်။

ဒါကြောင့် အခြေခံကစပြီး ပန်းချီပညာကို လေ့လာချင်တယ်ဆိုရင် New Vision ကလေးပန်းချီ သင်တန်းကျောင်းက သားသားမီးမီးတွေအတွက် အထူးသင့်တော်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။

သားသားမီးမီးတို့ရဲ့ ဖန်တီးနိုင်စွမ်းလေးတွေကို အနုပညာနဲ့အတူ ဖွံ့ဖြိုးစေဖို့ New Vision Art & Science Institute မှ ကြိုဆိုနေပါတယ်!

ဆက်သွယ်ရန် :

09-43160359 (သို့) Page Messenger တွင် မေးမြန်းနိုင်ပါတယ်။

🥰

လိပ်စာ : အမှတ် (၁၂၉ ဘီ), ၀၂၂, ရွေပြည်အေးကွန်ဒို, စမ်းချောင်းမြို့နယ် (KBZ Bank အပေါ်ထပ်)

Interior Designer ဖြစ်ချင်သူတိုင်း သိထားသင့်တဲ့ Start PointInterior Design ကို စိတ်ဝင်စားတယ်…ဒါပေမယ့် “ဘယ်ကနေ စရမလဲ?”“So...
21/08/2026

Interior Designer ဖြစ်ချင်သူတိုင်း သိထားသင့်တဲ့ Start Point

Interior Design ကို စိတ်ဝင်စားတယ်…
ဒါပေမယ့် “ဘယ်ကနေ စရမလဲ?”
“Software ကို အရင်သင်ရမလား?”
ဆိုပြီး ဝေခွဲမရဖြစ်တတ်ပါတယ်။
တကယ်တော့ Interior Designer တစ်ယောက်ဖြစ်ဖို့
Software က အရေးကြီးပေမယ့် ပထမဆုံး မဟုတ်သေးပါဘူး ✨

Strong Interior Designer တစ်ယောက်ဖြစ်ဖို့
အရင်တည်ဆောက်ရမယ့် Foundation တွေ ရှိပါတယ်။

💙 First Step to Interior Design
1️⃣ Conceptual & Design Thinking
Interior Design ဆိုတာ Space တစ်ခုကို
✔️ ဘယ်လို အသုံးပြုမလဲ
✔️ လူတွေ ဘယ်လို ခံစားမလဲ
✔️ Function နဲ့ Beauty ကို ဘယ်လို Balance လုပ်မလဲ
ဆိုတာကို စဉ်းစားဖန်တီးရတာ ဖြစ်ပါတယ်။

ဒါကြောင့်
✨ Space Planning
✨ Color Theory
✨ Materials & Texture
✨ Lighting Concept
✨ Design Concept Development တွေကို အရင်နားလည်ဖို့ လိုပါတယ်။

2️⃣ Design School / Professional Learning
ကိုယ်တိုင် စိတ်ဝင်စားမှုရှိတာက အရေးကြီးသလို
မှန်ကန်တဲ့ Guidance ရှိတာလည်း အရမ်းအရေးကြီးပါတယ်။
Professional Class တွေကနေ
✔️ Foundation မှန်မှန် လေ့လာနိုင်တယ်
✔️ Practical Project တွေ လုပ်နိုင်တယ်
✔️ Portfolio တည်ဆောက်နိုင်တယ်
✔️ Industry ရဲ့ workflow ကို နားလည်လာတယ်
အဲ့ဒီ foundation က
နောက်ပိုင်း University တက်ဖို့၊ Career စဖို့ အရမ်းအသုံးဝင်ပါတယ်။

3️⃣ Software Skills (Secondary but Important) 🧑‍💻👩‍💻
Foundation ရလာပြီးမှ Software သင်တာက ပိုမြန်ပါတယ်။
အသုံးများတဲ့ Software တွေက—
📐 AutoCAD – Technical Drawing / Floor Plan
🏠 SketchUp – 3D Modeling
🎨 Photoshop – Presentation Board / Editing
🖥️ 3Ds Max – Detailed Visualization
✨ Lumion – Rendering & Walkthrough
Software တွေက idea ကို ဖော်ပြဖို့ tools ဖြစ်ပြီး
Design Thinking ကတော့ Designer ရဲ့ Core ဖြစ်ပါတယ်။

Interior Design ကို စိတ်ဝင်စားပြီး
Foundation ကနေ စနစ်တကျ လေ့လာချင်တယ်ဆိုရင်
✨ Design Thinking, Space Planning, Portfolio Preparation, Software Skillsတွေကို အဆင့်လိုက် လေ့လာပြီး ကိုယ့်ရဲ့ Creative Career ကို စတင်နိုင်ပါတယ်။

📍 Interior Design ဆိုတာ
လှပတဲ့ နေရာတစ်ခုကို ဖန်တီးတာထက်ပိုပြီး
“လူတွေ နေချင်တဲ့ Space တစ်ခုကို
စဉ်းစားပြီး ဖန်တီးပေးနိုင်တဲ့ Design Profession” တစ်ခု ဖြစ်ပါတယ်။💙

20/08/2026

What makes Model Making at New Vision different?

Model Making ကို ကိုယ့်ဘာသာ လေ့လာရင်း လုပ်ကြည့်တာနဲ့ Teacher တစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ လေ့လာတာက အများကြီးကွာပါတယ်။

New Vision မှာ Experienced Teacher တွေနဲ့အတူ Model Making Process တစ်ခုလုံးကို Step by Step လေ့လာနိုင်ပါတယ်။

Scale ကို ဘယ်လိုနားလည်မလဲ၊ Material ကို ဘယ်လိုရွေးမလဲ၊ Cutting နဲ့ Assembly ကို ဘယ်လိုလုပ်မလဲ၊ ကိုယ်လုပ်ထားတဲ့ Model မှာ ဘာတွေပြန်ပြင်သင့်လဲ — Project တစ်ခုချင်းစီအလိုက် သေချာလမ်းညွှန်ပေးပါတယ်။

Model Making က လှပတဲ့ Model တစ်ခု ဖန်တီးဖို့အတွက်ပဲ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ Design Idea ကို လက်တွေ့မှာ တကယ်ဖြစ်လာအောင် ပြောင်းလဲတည်ဆောက်တတ်ဖို့ လေ့လာရတာပါ။

ဒီလို လက်တွေ့ Project တွေကို အစကနေအဆုံးထိ လုပ်ဖူးတဲ့အတွေ့အကြုံက University Admission အတွက် Portfolio ပြင်ဆင်တဲ့အခါ** လည်း အသုံးဝင်သလို၊ University ရောက်တဲ့အခါ ကိုယ်တိုင် Project တွေ စတင်လုပ်ရမယ့် Student Life အတွက်ပါ အခြေခံကောင်းတစ်ခု ဖြစ်စေပါတယ်။

ဒါကြောင့် Model Making ကို စတင်လေ့လာမယ်ဆိုရင်
ဘာလုပ်ရမလဲသိဖို့ထက် ဘယ်လိုလုပ်ရမလဲ မှန်မှန်ကန်ကန်သိဖို့က ပိုအရေးကြီးပါတယ်။

📞 09-43160359

💬 Model Making ကို လက်တွေ့လေ့လာချင်ရင် Page Messenger မှာ စုံစမ်းနိုင်ပါတယ်။

📍 အမှတ် (၁၂၉ ဘီ)၊ ၀၂၂၊ ဗားကရာလမ်း၊ ရွှေပြည်အေးကွန်ဒို၊ စမ်းချောင်းမြို့နယ် (KBZ Bank အပေါ်ထပ်)

20/08/2026

A Little Designer in the Making. ✏️🪑

ဒီနေ့တော့ Chair တစ်လုံးကို ကိုယ်တိုင် Observation လုပ်ပြီး Sketch ဆွဲနေတဲ့ Future Designer လေးတစ်ယောက်။ 🤍

ကလေးတွေအတွက် Sketching ဆိုတာ ပုံလှလှလေးတစ်ပုံရဖို့ထက်
ကိုယ်မြင်တဲ့အရာကို သေချာကြည့်တတ်ဖို့၊
ပုံစံနဲ့ Detail လေးတွေကို သတိထားမိဖို့၊
ကိုယ့်စိတ်ကူးကို ကိုယ်တိုင် ပုံဖော်တတ်ဖို့ လေ့ကျင့်ပေးတာပါ။

ဒီနေ့ဆွဲနေတဲ့ Chair လေးက ရိုးရိုးပုံတစ်ပုံဖြစ်နိုင်ပေမယ့်
တစ်နေ့မှာ သူမရဲ့ကိုယ်ပိုင် Design တွေ စတင်ဆွဲမယ့် Sketchbook ထဲက ပထမဆုံး Idea လေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ✨

📩 Class အသေးစိတ်နဲ့ Enrollment အတွက် Page Messenger မှာ စုံစမ်းနိုင်ပါတယ်။

📞 09 4316 0359

📍 အမှတ် (၁၂၉ ဘီ), ၀၂၂, ဗားကရာလမ်း, ရွှေပြည်အေးကွန်ဒို, စမ်းချောင်းမြို့နယ် (KBZ Bank အပေါ်ထပ်)

Address

129, Bargaya Road, Sanchaung Tsp
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95943160359

Website

Alerts

Be the first to know and let us send you an email when New Vision Art & Science Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to New Vision Art & Science Institute:

Shortcuts

Share

Category