29/09/2020
Art Theory: Consumerism Part 4
Yangon, School of Interior Design
Online Short Course
အမျိုးသမီးတွေကို ဦးတည်ထားတဲ့ Department Store တွေက Shop Girl တွေ အဖြစ် အမျိုးသမီးများအတွက် အလုပ်ကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Shop Girl တွေအဖြစ် ရောက်လာတဲ့ အမျိုးသမီးတွေအတွက် Department Store တွေက လူတန်းစားမျိုးစုံရဲ့ အပြုအမှု အနေအထိုင် ဝတ်စားဆင်ယင်မှုတွေကို လေ့လာလို့ရနိုင်တဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။ တောကနေလအလုပ်လာလုပ်တဲ့ အမျိုးသမီးတွေအနေဖြင့် ဆိုင်ကိုစျေးလာဝယ်တဲ့ အထက်တန်းအမျိုးသမီးတွေကို မျက်မှန်းတန်းမိလာပြီး သူတို့လို နေထိုင် ပြုမူပြောဆိုတတ်လာပါတယ်။
Department Store တွေက နောက်ထပ်တီထွင်လိုက်နိုင်တာက Ready to wear ဆိုတဲ့ အဝတ်အစားမျိုးတွေဖြစ်ပြီး အဝတ်အစားတွေကို Small, Medium, Large ဆိုတဲ့ Size တွေ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခင်က ဥရောပမှာရှိတဲ့ အမျိုးသမီးတွေက မြန်မာအမျိုးသမီးတွေလို ဆိုင်မှာချုပ်ဝတ်တတ်တာကြောင့် Body Size မျိုးစုံရှိနေတာကနေ Department Store တွေ ရောင်းချနေတဲ့ အဝတ်အစားSize တွေနဲ့ လိုက်လျောညီထွေ ရှိစေဖို့ Body ထိန်းတဲ့ အလေ့အကျင့်တွေ စတင် ဖြစ်ပေါ်လာပါတယ်။ အဝတ်အစား၊ နေပုံထိုင်ပုံတွေ တန်းတူဖြစ်လာယုံသာမကဘဲ စွန့်ဦးတီထွင်သူ အမျိုးသမီးများ ပေါ်ပေါက်လာတဲ့အခါမှာ အမျိုးသမီးအခန်းကဏ္ဍက ခေတ်သစ်အဖြစ် မွေးဖွားလာပါတော့တယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုသာမကဘဲ အများကိုဦးဆောင်နိုင်မှုတွေ ရရှိလာခဲ့တဲ့အခါမှာ ယခင်က အမျိုးသမီးတွေကိုဆီမှာ မရခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်နှင့် အမျိုးသားတွေနှင့် တန်းတူစာသင်နိုင်ခွင့်တွေကို တောင်းဆိုလာနိုင်ခဲ့ပါတယ်။ Department Store ဆိုတာ သာမန်နေရာလေးတစ်ခုကနေ စတင်ခဲ့ပေမယ့် တဖြည်းဖြည်းရင့်ကျက်လာတဲ့အခါမှာတော့ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေး နိုင်ငံရေးကို ပြောင်းလဲ စေနိုင်မယ့် နေရာတစ်ခု ဖြစ်လာတယ်ဆိုတာ မမှားပါဘူး။
Myer လို Department Store တွေက ပြည်တွင်းထုတ်ကုန်တွေ ဦးစားပေးဖို့ လှုံဆော်တဲ့ နေရာတွေ ဖြစ်လာသလို Macy လို Department Store က ဘာသာရေးနှင့်ဆွဲဆောင်တဲ့ စျေးဝယ်စင်တာတွေ ဖြစ်လာကြပါတယ်။ Department Store တွေက Year End Sale ဆိုတဲ့ Christmas, New Year Sale တွေကို ဖန်တီးခဲ့ရုံသာမကဘူး Mother’s Day ကို Commercial အဖြစ် ပြောင်းလဲ ယူနိုင်ခဲ့ပါတယ်။
ထို့ပြင် Department Store တွေမှာ အဓိကဝင်ငွေက Fashion နဲ့ ပါတ်သက်တဲ့ ရောင်းချလို့ ရတဲ့ ဝင်ငွေဖြစ်ဖြစ်ပြီး လူတိုင်းဖက်ရှင်ကို စိတ်ဝင်စားစေဖို့ Autumn Collection, Summer Collection စသည်ဖြင့် ရာသီဥတုလေးမျိုးကို အခြေခံတဲ့ Fashion Design Collection တွေကို စတင်ဖန်တီးခဲ့ရာကနေ ထို Collection နောက်ကို ဖက်ရှင်ဒီဇိုင်နာတွေပါ ပါဝင်လာပါတော့တယ်။
နေရာတစ်ခုဖန်တီးတဲ့အခါမှာ ထိုနေရာကို အသုံးချတဲ့သူတွေကို ဘယ်လို ပြောင်းလဲပေးနိုင်ပေးနိုင်မလဲဆိုတာ Architecture/ Interior Designer တွေအနေဖြင့် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်ဆိုတာ Department Store တွေ လက်တွေ့ချပြလိုက်သလိုပါပဲ။
Aung Soe Paing
29 September 2020
----------------------------------------------------------------------------
Art Theory: Consumerism Part 4
Yangon, School of Interior Design
Online Short Course
အမ်ိဳးသမီးေတြကို ဦးတည္ထားတဲ့ Department Store ေတြက Shop Girl ေတြ အျဖစ္ အမ်ိဳးသမီးမ်ားအတြက္ အလုပ္ကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ Shop Girl ေတြအျဖစ္ ေရာက္လာတဲ့ အမ်ိဳးသမီးေတြအတြက္ Department Store ေတြက လူတန္းစားမ်ိဳးစံုရဲ႕ အျပဳအမႈ အေနအထိုင္ ၀တ္စားဆင္ယင္မႈေတြကို ေလ့လာလို႕ရႏိုင္တဲ့ ေနရာေတြ ျဖစ္လာခဲ့ပါတယ္။ ေတာကေနလအလုပ္လာလုပ္တဲ့ အမ်ိဳးသမီးေတြအေနျဖင့္ ဆိုင္ကိုေစ်းလာ၀ယ္တဲ့ အထက္တန္းအမ်ိဳးသမီးေတြကို မ်က္မွန္းတန္းမိလာျပီး သူတို႕လို ေနထိုင္ ျပဳမူေျပာဆိုတတ္လာပါတယ္။
Department Store ေတြက ေနာက္ထပ္တီထြင္လိုက္ႏိုင္တာက Ready to wear ဆိုတဲ့ အ၀တ္အစားမ်ိဳးေတြျဖစ္ျပီး အ၀တ္အစားေတြကို Small, Medium, Large ဆိုတဲ့ Size ေတြ သတ္မွတ္ေပးခဲ့ျခင္း ျဖစ္ပါတယ္။ ယခင္က ဥေရာပမွာရွိတဲ့ အမ်ိဳးသမီးေတြက ျမန္မာအမ်ိဳးသမီးေတြလို ဆိုင္မွာခ်ဳပ္၀တ္တတ္တာေၾကာင့္ Body Size မ်ိဳးစံုရွိေနတာကေန Department Store ေတြ ေရာင္းခ်ေနတဲ့ အ၀တ္အစားSize ေတြနဲ႕ လိုက္ေလ်ာညီေထြ ရွိေစဖို႕ Body ထိန္းတဲ့ အေလ့အက်င့္ေတြ စတင္ ျဖစ္ေပၚလာပါတယ္။ အ၀တ္အစား၊ ေနပံုထိုင္ပံုေတြ တန္းတူျဖစ္လာယံုသာမကဘဲ စြန္႔ဦးတီထြင္သူ အမ်ိဳးသမီးမ်ား ေပၚေပါက္လာတဲ့အခါမွာ အမ်ိဳးသမီးအခန္းက႑က ေခတ္သစ္အျဖစ္ ေမြးဖြားလာပါေတာ့တယ္။
ကိုယ့္ကိုယ္ကို ယံုၾကည္မႈသာမကဘဲ အမ်ားကိုဦးေဆာင္ႏိုင္မႈေတြ ရရွိလာခဲ့တဲ့အခါမွာ ယခင္က အမ်ိဳးသမီးေတြကိုဆီမွာ မရခဲ့တဲ့ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ႏွင့္ အမ်ိဳးသားေတြႏွင့္ တန္းတူစာသင္ႏိုင္ခြင့္ေတြကို ေတာင္းဆိုလာႏိုင္ခဲ့ပါတယ္။ Department Store ဆိုတာ သာမန္ေနရာေလးတစ္ခုကေန စတင္ခဲ့ေပမယ့္ တျဖည္းျဖည္းရင့္က်က္လာတဲ့အခါမွာေတာ့ တစ္ကမာၻလံုးရဲ႕ စီးပြားေရး ႏိုင္ငံေရးကို ေျပာင္းလဲ ေစႏိုင္မယ့္ ေနရာတစ္ခု ျဖစ္လာတယ္ဆိုတာ မမွားပါဘူး။
Myer လို Department Store ေတြက ျပည္တြင္းထုတ္ကုန္ေတြ ဦးစားေပးဖို႕ လွဳံေဆာ္တဲ့ ေနရာေတြ ျဖစ္လာသလို Macy လို Department Store က ဘာသာေရးႏွင့္ဆဲြေဆာင္တဲ့ ေစ်း၀ယ္စင္တာေတြ ျဖစ္လာၾကပါတယ္။ Department Store ေတြက Year End Sale ဆိုတဲ့ Christmas, New Year Sale ေတြကို ဖန္တီးခဲ့ရံုသာမကဘူး Mother’s Day ကို Commercial အျဖစ္ ေျပာင္းလဲ ယူႏိုင္ခဲ့ပါတယ္။
ထို႕ျပင္ Department Store ေတြမွာ အဓိက၀င္ေငြက Fashion နဲ႕ ပါတ္သက္တဲ့ ေရာင္းခ်လို႕ ရတဲ့ ၀င္ေငြျဖစ္ျဖစ္ျပီး လူတိုင္းဖက္ရွင္ကို စိတ္၀င္စားေစဖို႕ Autumn Collection, Summer Collection စသည္ျဖင့္ ရာသီဥတုေလးမ်ိဳးကို အေျခခံတဲ့ Fashion Design Collection ေတြကို စတင္ဖန္တီးခဲ့ရာကေန ထို Collection ေနာက္ကို ဖက္ရွင္ဒီဇိုင္နာေတြပါ ပါ၀င္လာပါေတာ့တယ္။
ေနရာတစ္ခုဖန္တီးတဲ့အခါမွာ ထိုေနရာကို အသံုးခ်တဲ့သူေတြကို ဘယ္လို ေျပာင္းလဲေပးႏိုင္ေပးႏိုင္မလဲဆိုတာ Architecture/ Interior Designer ေတြအေနျဖင့္ ထည့္သြင္းစဥ္းစားသင့္တဲ့အခ်က္ဆိုတာ Department Store ေတြ လက္ေတြ႕ခ်ျပလိုက္သလိုပါပဲ။
Aung Soe Paing
29 September 2020