16/11/2023
What is CBNRM?
CBNRM ဆိုတာ Community Based Natural Resource Management ရဲ့ အတိုကောက်စကားလုံးဖြစ်ပြီး ဒေသခံများမှ ၄င်းတို့ ပတ်ဝန်းကျင်မှာရှိ သယံဇာတ အရင်းအမြစ်များဖြစ်သည့် ရေမြေတောတောင်သစ်တောများနှင့် တောရိုင်းတိရိစ္ဆာန်များ စသည်တို့ကို ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပူးပေါင်းစီမံခန့်ခွဲမှုကို ဆိုလိုပါသည်။ စီမံခန့်ခွဲရာတွင် အသေးစိတ်အချက်အလက်များဖြစ်သည့် စည်းမျည်းစည်းကမ်းများ၊ သယံဇာတများမည်သို့မည်ပုံခွဲဝေအသုံးချခြင်း အစရှိသည့် အသေးစိတ်အချက်အလက်များကို ဘုံသဘောတူညီချက်များဖြင့် သားစဉ်မြေးဆက် အသုံးပြုနိုင်ရန် အဓိကရည်ရွယ်သည်။
CBNRM က သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပါ့မလား?
CBNRM က ဒေသတွင်းအရင်းအမြစ်များကို ရေရှည်အသုံးပြုနိုင်ရန်အလို့ငှာ ရည်ရွယ်ပြီး ရရှိလာမည့် အကျိုးအမြတ်များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန်ဖြစ်ပါသည် ။ ဒေသတွင်းကောင်းမွန်စွာအုပ်ချုပ်စီမံမှုတစ်ရပ်အဖြစ် တည်ဆောက်ပြီး ဒီမိုကရေစီ၏အနှစ်သာရများကို အကောင်ထည်ဖော်ဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ပါသည်။
CBNRM က ယနေ့ခေတ်မှ ပေါ်ပေါက်လာတာလား?
CBNRM က အခုမှပေါ်ပေါက်လာတာတော့မဟုတ်ပါဘူး
နှစ်ပေါင်းများစွာ ဒေသခံများ၏ရိုးရာဓလေ့သယံဇာတစီမံအုပ်ချုပ်ရေးများမှတဆင့် လက်ဆင့်ကမ်းလာခြင်းဖြစ်ပြီး စစ်ပွဲများ လူဦးရေးတိုးပွါးလာခြင်း ဗဟိုချုပ်ကိုင်သည့်အုပ်ချုပ်ရေးများကြောင့် ၄င်းတို့၏ စနစ်အားလျော့ခဲ့ခြင်းဖြစ်ပါသည်
CBNRM ဘယ်လိုအလုပ်လုပ်ပါသလဲ?
သယံဇာတစီမံခန့်ခွဲရာတွင် ဒေသခံများမှ ၄င်းတို့၏ သယံဇာတအပေါ်စီမံခန့်ခွဲနိုင်သည့် အခွင့်အရေးများပေးအပ်ခြင်းဖြစ်ပြီး ဘုံသဘောတူညီချက်များမှတဆင့်သယံဇာတထုတ်ယူသုံးစွဲရေးအစီအမံများလုပ်ဆောင်ကာ ရရှိလာသောအကျိုးအမြတ်များကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စနစ်တကျခွဲဝေသုံးစွဲခြင်းပင်ဖြစ်သည်။
CBNRM မှာ ကျနော်တို့ဘယ်လိုကူညီနိုင်မလဲ?
၁။ Advocacy (စည်းရုံးလှုံ့စော်ခြင်း)
ဆုံးဖြတ်ချက်ပေးနိုင်သည့်အဖွဲ့အစည်းများကို ဒေသခံများ CBNRM စနစ်ဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်စေနိုင်သည့် ဥပဒေ နှင့် နည်းဥပဒေများအပါအဝင် သယံဇာတများမှအကျိုးအမြတ်များကို လွတ်လပ်စွာဒေသအကျိုးအတွက်အသုံးချမှုသေချာစေမည့်ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးအတွက် စည်းရုံးစေ့ဆော်ပေးရန်
၂။ Engagement and Cooperation
CBNRM လုပ်ငန်းစဉ်တွင် ဒေသတွင်းအဖွဲ့အစည်းများ အသိမှတ်ပြုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်
၃။ Networking
CBNRM မှ ရရှိလာမည့်အကျိုးအမြတ်များကိုစနစ်တကျသုံးစွဲတက်စေရန် နှင့် ဒေသအခြေပြုစီးပွါးရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် အကူအညီပေးရာတွင် စီးပွါးရေးလုပ်ငန်းရှင် များ နှင့်ချိတ်ဆက်ဆောင်ရွက်တတ်စေရန်
၄။ Check and Balance
CBNRM ကိုအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် Monitoring and Evaluation ကိုစနစ်တကျဆောင်ရွက်ရန်
သို့မှသာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေး တပေါင်းတည်းဆောင်ရွက်နိုင်သည့် CBNRM စနစ်ကို စနစ်တကျအကောင်ထည်ဖော်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်
If you want more information, plz contact us
#သုတရပ်ဝန်း
space