30/12/2025
Osaka မြို့ရှိ Airport မှာ လုပ်ရမယ့် (Tokutei Ground Handling) အလုပ်ခေါ်စာ....
Agency Fees များတဲ့ ခေါ်စာဖြစ်ပါတယ်။ စာကို သေချာဖတ်ပြီး အဆင်ပြေတယ်ဆိုမှသာ လျှောက်ထားပေးပါရှင် ❗️
လျောက်ထားနိုင်သူများ
🔹JLPT N4 or JFT A2 passed
🔹ယာဥ်မောင်းလိုင်စင်ရှိသူ
(လိုင်စင်လျောက်ထားဆဲ လျောက်ထားနိုင်ပါသည်)
🔹Ground Handling လက်မှတ်မရှိသေးသူများအတွက် ဂျပန်စကားပြောအင်တာဗျူးအောင်မြင်ပြီးပါက ကျွမ်းကျင်စာမေးပွဲဖြေဆိုရန်အတွက် အခမဲ့သင်ကြားပို့ချပေးခြင်း,ဘန်ကောက်-သီရိလင်္ကာ အသွား/အပြန် Air ticketနှင့် စာမေးပွဲဖောင်ကြေးများကိုအခမဲ့ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ (သီရိလင်္ကာနိုင်ငံမှာသွားရောက်ဖြေဆိုချိန်တွင်ကုန်ကျမည့် စားစရိတ်နှင့်နေစရိတ်သာမိမိဘက်မှကျခံရမည်ဖြစ်ပါတယ်)
📌၁လပိုင်းအကုန်တွင် စာမေးပွဲရှိပါသည်
ကုန်စည်တင်ချခြင်း, သယ်ယူခြင်း(Conveyor System) , လေယာဥ်စိုက်မည့်နေရာကို ကားဖြင့်ရွေ့ပေးခြင်း, လေယာဥ်ဆီ/ရေဖြည့်ခြင်း, လေယာဉ်ရပ်နားနေရာကို ညွှန်ကြားပေးခြင်း, လေယာဥ်မထွက်ခင် လုပ်ဆောင်ရမည့် အလုပ်များလုပ်ပေးရခြင်း, ခရီးသည်များအတွက် လေယာဥ်အတက်/ဆင်း လှေကားတပ်ဆင်ပေးခြင်းစတာတွေကို လုပ်ကိုင်ရမှာဖြစ်ပါတယ်ရှင့်
🔸အင်တာဗျူးအောင်မြင်ပြီးတာနဲ့ ထိုင်းနိုင်ငံသို့ခေါ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာကော ထိုင်းမှာပါ Tokutei စာမေးပွဲအတွက်အခမဲ့လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်ရှင့်
🔸total-24ဦးထဲမှ 12ယောက်ကိုရွေးချယ်မှာဖြစ်ပေမယ့် Tokutei စာမေးပွဲကို 24ဦးစလုံးသွားရောက်ဖြေဆိုပေးရမှာဖြစ်ပါတယ်
❗️စာမေးပွဲကျရှုံးသူများသည် Air ticketနှင့် စာမေးပွဲဖောင်ကြေး(ယန်း 4000)အား ကာယံရှင်ဘက်မှပြန်လည်ပေးဆောင်ရမှာဖြစ်ပြီး
🔸စာမေးပွဲအောင်မြင်သူများထဲက 12ဦးကိုOsaka Internationl Airport မှခေါ်ယူပြီး ကျန် 12ဦးထဲမှ စာမေးပွဲအောင်မြင်သူများအား အခြားအလုပ်အကိုင်ကိုCompanyဘက်မှချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။( Air ticketနှင့် စာမေးပွဲဖောင်ကြေး(ယန်း4000)ပြန်ပေးရန်မလိုပါ)
🔸ဂျပန်သို့အရွေးချယ်မခံရသူ (12)ဦးလုံးကိုယန်းသောင်း(20)ဝန်းကျင်ရှိသော အခြားအလုပ်အကိုင်ကို 7လပိုင်းနှင့်8လပိုင်းအတွင်း ဂျပန်နိုင်ငံသို့ရောက်ရှိအောင် Company ဘက်ကတာဝန်ယူစီမံပေးမှာဖြစ်ပါတယ်။
🔸 ပြည်ဝင်date (6) လပိုင်းနောက်ဆုံးထားပြီးခေါ်မှာဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်မှထိုင်းသို့ရောက်ပြီးသည်မှစ၍ ၆လပိုင်းအတွင်း ထိုင်းမှာပဲနေရမှာဖြစ်ပါတယ်ရှင်။
အင်တာဗျူးအောင်မြင်ပြီးပါက ကုန်ကျစရိတ်👇
ပထမအကြိမ် သိန်း ၅၀ ကျပ်
ဒုတိယအကြိမ် သိန်း ၈၀ ကျပ်
Coeရပြီးပါက သိန်း ၁၃၀ ကျပ်
အထက်ပါကုန်ကျစရိတ်များတွင် ဆေးစစ်ခ,စားစရိတ်,Visa ကြေး များ မပါဝင်ပါ။
Agency Fees များတဲ့အတွက်ကြောင့် လက်ခံနိုင်သူ/အဆင်ပြေသူသာလျှင် လျှောက်လို့ရပါတယ်။
အပြင်ကျောင်းသား လက်မခံသေးပါဘူးရှင်။