Cherish Pre-School & Language Academy

Cherish Pre-School & Language Academy This is a small preschool as like as a home for our children, and also train our children good at En

03/04/2023
28/03/2023
15/03/2023

Find the area of x.ဒီပုစ္ဆာလေးကတော့ အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် စဉ်းစားပြီး တွက်ထုတ်ရင် အဖြေရနိုင်တဲ့ ပုစ္ဆာပါ။ ...

06/11/2020

🥳 ကျမတို့ ကလေးတွေအတွက် အစီအစဉ်လေး စတင်မယ့်ရက်ကလေးပါနော်။

👉 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️
မြန်မာလို ဖတ်ပြပေ:မယ်။
တနင်္လာနေ့ - ၂ : ၀၀ - ၃ : ၀၀
၉. ၁၁. ၂၀၂၀ - တနင်္လာနေ့

👉 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️ အင်္ဂလိပ်လို ဖတ်ပြပေ:မယ်။
ဗုဒ္ဓဟူးနေ့ - ၂ : ၀၀ - ၃ : ၀၀
၁၁. ၁၁. ၂၀၂၀ - ဗုဒ္ဓဟူးနေ့

02/11/2020

📝ကိုဗစ်အလွန်ကာလ ကျမတို့ကလေးတွေ အသက်အလိုက် အတန်းအသီးသီးကို တက်ရောက်နိုင်ဖို့အတွက် ကျောင်းသင်ခန်းစာ အထောက်အကူပြုသင်တန်းလေးတွေကို အွန်လိုင်းကနေ တက်ရောက်နိုင်ပါတယ်။
📝ကျောင်းမသွားရပေမဲ့လည်း ကျောင်းစာတွေနဲ့ အဆက်မပြတ် လေ့ကျင့်မှုတွေ အဆက်မပြတ် ဖွံ့ဖြိုးမှုတွေကလည်း အဆက်မပြတ်ပါဘဲနော်။
📝 လက်ရှိကျောင်းမှာ ဖွင့်လှစ်ပေးထားတဲ့ အွန်လိုင်းအတန်းလေးတွေကို သိပြီးသား မိဘတွေရော မသိသေးတဲ့ မိဘတွေအတွက်ပါ နေ့ရက်ကလေးတွေနဲ့ အတန်းချိန်လေးတွေကို ထပ်မံမျှဝေပေးပါရစေ။

👇 For B.E.P.S Preparation Classes👇

🌟 PRE - KG
Mon - Fri - 12 : 00 - 2 : 00

🌟 KG - 1
Mon - Fri - 2 : 00 - 4 : 00

🌟 KG - 2
Mon - Fri - 9 : 30 - 11 : 30

🌟 KG ENGLISH GRAMMAR & JOLLY PHONICS
Sat & Sun - 3 : 00 - 4 : 30

👇 CHINESE CLASSES👇

✨ Level - 6 & HSK - 3
Tue & Thu - 3 : 30 - 5 : 00

✨ Level - 7
Sat & Sun - 10 : 00 - 11 : 30

👇 FREE CHARGES CLASSES👇

🌟 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️
Myanmar Section
Mon - 2 : 00 - 3 : 00

🌟 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️ English Section
Wed - 2 : 00 - 3 : 00

02/11/2020

🥰 ကိုဗစ်ကာလမှာ ကျမတို့ကလေးငယ်တွေဟာ သူငယ်ချင်းတွေနဲ့ မတွေ့ရ၊ ကျောင်းမသွားရ၊ ကစားကွင်းတွေမသွားရ စတဲ့ ကန့်သတ်ချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အထီးကျန်မှုတွေ ခံစားနေကြရပါတယ်။ အိမ်မှာနေရင်း ကလေးတို့ရဲ့ စိတ်ဓါတ်ခွန်အားတိုးတက်စေဖို့ ရည်ရွယ်ထားတာမို့ မည်သည့် ကလေးငယ်မဆို အွန်လိုင်းကနေ 🆓 အခမဲ့ 🆓 ပါဝင်နိုင်မယ့်
🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️ အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါမယ်နော်။

🥰 ကျမတို့ 💖CHERISH 💖 ကျောင်း စာမျက်နှာလေးကနေပြီး အသက် ၄ နှစ်မှ ၇နှစ်အတွင်း သားသား၊ မီးမီးတို့အတွက် ပုံပြင်လေးတွေပြောပြပေးမယ်၊ ပုံပြင်လေးတွေဖတ်ပြပေးမယ်၊ ပုံပြင်လေးထဲက အကြောင်းအရာလေးတွေကို အချင်းချင်းဆွေးနွေးကြမယ်။

ကလေးတို့ကလည်း ပုံပြင်လေးတွေကြိုက်နှစ်သက်တာဆိုတော့ ကျမတို့က ဘ၀သင်ခန်းစာပေးပုံပြင်လေးတွေ ဖတ်ပြပြီး သူတို့ဘ၀လေးတွေအတွက် အတွေးအမြင်သစ်တွေရဖို့၊ စာဖတ်အလေ့ကျင့်ဖြစ်လာဖို့၊ ဘ၀မှာပိုပြီး အမြင်ကျယ်တဲ့ ပညာနဲ့မြော်မြင်ဆုံးဖြတ်နိုင်တဲ့ လူလိမ္မာလေးတွေဖြစ်လာဖို့၊ ဉာဏ်ပညာသည် ဘဝအတွက် မည်မျှအရေးပါသည်ကို နားလည်တတ်စေဖို့ ရည်ရွယ်ပါတယ်။

🥰 ဒီလိုဆိုရင် ပုံပြင်နားထောင်ရင်းသားသား၊ မီးမီးတို့ အခြားဘယ်လိုအကျိုးကျေးဇူးတွေရလို့ ဘာတွေ ဖွံ့ဖြိုးတိုးတက်လာမလဲ။

1️⃣ သူငယ်ချင်းတွေရလို့ ရွယ်တူအချင်းချင်း စကားပြောဖော်တွေနဲ့ မပျင်းရတော့ဘူးပေါ့။ အပြန်အလှန်ဆက်သွယ်မှုလေးတွေရတော့ ပေါင်းသင်းဆက်ဆံရေးလည်း ပိုကောင်းလာမယ်၊ ကူညီပေးတတ် ကိုယ်ချင်းစာနာ နားလည်ပေးတတ် မျှဝေတတ်တဲ့ ကလေးငယ်တွေ ဖြစ်လာမှာပါ။

2️⃣ ဘာသာစကားနဲ့ စကားလုံးတွေလည်း ကြွယ်ဝတိုးတက်လာမယ့်အပြင် စိတ်ခံစားချက်တွေကိုလည်း ဖော်ပြတတ်လာမယ်။

3️⃣ ပုံပြင်ထဲကအကြောင်းအရာတွေကို မှတ်သားနိုင်စွမ်းနဲ့ ပုံပြင်ကပြောပြတဲ့ မတူကွဲပြားတဲ့ ဘဝတွေ၊ တိုင်းပြည်တွေ၊ လူမျိုးတွေ၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေ၊ အကျွမ်းတဝင်မရှိသေးတဲ့နေရာတွေ၊ အတွေ့အကြုံတွေရဲ့အခြေအနေတွေအပေါ် စူးစမ်းလေ့လာနိုင်ပြီး အတွေးအခေါ်အသစ်တွေနဲ့ စဉ်းစားတွေးခေါ်တတ်လာအောင် ကူညီပါလိမ့်မယ်။

4️⃣ အပန်းဖြေမှုကို ခံစားရမဲ့အပြင် မိဘ၊ဆရာသမားတို့က သင်ကြားပြသဆုံးမမှုကိုနာခံတတ်ပြီး နားထောင်ခြင်းစွမ်းရည်ကိုပါ မြှင့်တင်ပေးမှာပါ။

5️⃣ စာဖတ်ရမှာ စိတ်ဝင်စားလာပြီး စာဖတ်အားကောင်းတဲ့ ကလေးတွေဖြစ်လာမဲ့အပြင် ကိုယ်တိုင်လုပ်ဆောင်ရမဲ့ လုပ်ငန်းတာဝန်တွေကို ခွဲခြားသိလို့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ပျော်ပျော်ရွှင်ရွှင် ကျောင်းသွားကြမှာပါ။

6️⃣ ကျောင်းသားဘဝမှာ ကြုံတွေ့ရမဲ့ သူငယ်ချင်း အပေါင်းအသင်း ဆက်ဆံရေး၊ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အိမ်နဲ့ကျောင်းမှာ ဖြတ်သန်းရတဲ့ မတူညီတဲ့ အတွေ့အကြုံတွေကို ပုံပြင်ကပေးတဲ့ ဉာဏ်ပညာနဲ့ ကျိုးကြောင်းဆီလျော်အောင် ဝေဖန်ပိုင်းခြားတတ်လာမှာပါ။

🥰 ဘယ်အချိန်လေးတွေ ဖြစ်မလဲ။

👉 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️
မြန်မာလို ဖတ်ပြပေ:မယ်။
တနင်္လာနေ့ - ၂ : ၀၀ - ၃ : ၀၀

👉 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️
အင်္ဂလိပ်လို ဖတ်ပြပေ:မယ်။
ဗုဒ္ဓဟူးနေ့ - ၂ : ၀၀ - ၃ : ၀၀

🥰 အွန်လိုင်းအစီအစဉ်လေးဖြစ်နေတော့ 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️အစီအစဉ်လေးမှာဘယ်လို ပါဝင်နိုင်မလဲ။

👉 အရမ်းလွယ်ပါတယ်နော်။
ဒီ 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️ပိုစ့်လေးရဲ့အောက်မှာ ပါဝင်မယ့် အကောင့်ကလေးကနေ မြန်မာစာအစီအစဉ်အတွက် “ add - mya - free ” နဲ့ အင်္ဂလိပ်စာအစီအစဉ်အတွက်တော့ “ add - eng - free ” လို့ စာတိုရိုက်ထားပေးပါနော်။

🥰 ကျမတို့ရဲ့ကလေးတွေ သူငယ်ချင်းတွေအများကြီးနဲ့ အတူတူ ပုံပြင်နားထောင်လို့ရအောင် ဒီ 🧚‍♀️ပုံပြင်နားထောင်မယ် 🧚‍♀️ပိုစ့်လေးကို လက်လှမ်းမှီသလောက်လေး မျှဝေပေးကြပါနော်။

သီတင်းကျွတ်လပြည့်နေ့မှသည်နောင်နှစ်ပေါင်းများစွာတွင်“ CHERISH ”မိသားစုအပေါင်းကျန်းမာ၊ ပျော်ရွှင်၊ စိတ်ချမ်းမြေ့ ကြပါစေ။
31/10/2020

သီတင်းကျွတ်လပြည့်နေ့မှသည်
နောင်နှစ်ပေါင်းများစွာတွင်
“ CHERISH ”မိသားစုအပေါင်း
ကျန်းမာ၊ ပျော်ရွှင်၊ စိတ်ချမ်းမြေ့ ကြပါစေ။

26/08/2020
25/08/2020

Cherish မှ မေမေတို့အတွက်

07/05/2020

မေမေတို့ရေ ကျောင်းတွေ ပိတ်နေတော့ baby တို့ အရင်လေ့ ကျင့်ထားတာလေးတွေကို မေ့မသွားအောင်ရယ် သူငယ်ချင်းတွေ အတူတူ လေ့လာထားပြီးသားလေးတွေပါ ကိုယ်တိုင်ပါဝင်ထားတာရော သူငယ်ချင်းတွေနဲ့ senior ကိုကို မမ တို့ ရဲ့ presentation တွေရော အားပေးရင်း သင်ယူမှုတွေ ဆက်ရအောင် !!!!

Address

16/B , SHAN GONE Street , MYAYNIGONE , SANCHAUNG TOWNSHIP , YANGON , MYANMAR
Sanchaung

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959443257424

Website

Alerts

Be the first to know and let us send you an email when Cherish Pre-School & Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Cherish Pre-School & Language Academy:

Shortcuts

Share

Category