22/11/2025
Study in Canada with BridgeBlue Myanmar 🇨🇦✨
(English Version)
BridgeBlue Myanmar ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။
အခုတစ်ခေါက်မှာတော့ ကနေဒါမှာကျောင်းတက်ချင်ကြတဲ့သူတွေအတွက် လွယ်ကူမြန်ဆန်ပြီး အာမခံချက်ရှိတဲ့ Pathway အချို့အကြောင်းကို ပြောပြပေးသွားပါ့မယ်။
🇨🇦 မြန်မာကျောင်းသားတွေဘက်ကကြည့်မယ်ဆိုရင် ကနေဒါဟာ Quality Education နဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာပေးအပ်နိုင်တဲ့ နိုင်ံငံတစ်ခုပါ။ ဒါတင်မကသေးဘဲနဲ့ ရေရှည်ကိုစဉ်းစားမယ်ဆိုရင်လည်း PR Pathway မှာ EU, US တို့နဲ့နှိုင်းစာရင် အများကြီးလွယ်ကူတဲ့နိုင်ငံဆိုလည်း ဟုတ်ပါတယ်။
အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်းများပြားတာပါ။ ဒါ့အပြင် ထူးချွန်တဲ့ကျောင်းသားတွေကို
ပညာသင်ဆုအသီးသီးက စောင့်ကြိုလို့နေပါတယ်။ ✨
👉 BridgeBlue Myanmar ကနေတစ်ဆင့် ကနေဒါကို လျှောက်ထားမယ်ဆိုရင် ကျိန်းသေတဲ့ Visa Process တစ်ခုရရှိနိုင်မှာဖြစ်ကြောင်း အာမခံချက်ပေးနိုင်ပါတယ်။ ပြီးရင် ကျောင်းလျှောက်ထားခြင်းဆိုင်ရာ ကိစ္စအဝဝကိုလည်း ခေါင်းအစခြေအဆုံး ပံ့ပိုးပေးသွားမှာပါ။
အောက်မှာတော့ ကနေဒါရဲ့ ရွေးချယ်သင့်တဲ့ကျောင်းတချို့ကို မျှဝေပေးထားပါတယ်ရှင့်။ 💯
University of Toronto
ဒါကတော့ ကတော့ ကနေဒါမှာ No.1 နေရာမှာရှိတဲ့ကျောင်းပေါ့နော်။ ထူးချွန်တဲ့ကျောင်းသားတွေအတွက် Full Scholarship ပေးတဲ့ Lester B. Pearson Scholarship ကို ကြိုးစားခွင့်ရှိပါမယ်။ နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်ဖြစ်တဲ့အလျောက် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ဒါကြောင့် အကယ်၍ လျှောက်ထားမယ်ဆိုရင် ကျောင်းသားရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ်မူတည်တဲ့ ကိစ္စရပ်တွေကလွဲလို့၊ ကျန်တာတွေအားလုံးကို BridgeBlue ကနေ အတတ်နိုင်ဆုံး ကူညီပံ့ပေးသွားမှာဖြစ်ပါတယ်။
🔷 Humber College ကတော့ ကနေဒါရဲ့ နာမည်ကြီးတက္ကသိုလ်တွေထဲက တစ်ခုပါ။ Employability မြင့်မားမှုကြောင့် လူသိများပါတယ်။ တက္ကသိုလ်တက်ဖို့ ကျောင်းစရိတ်စုချင်တဲ့ ကျောင်းသားအများစုက ကနေဒါကို College Program နဲ့လာကြပါတယ်။ ကောလိပ်ပြီးသွားရင် တက္ကသိုလ်တန်းမတက်ဘဲနဲ့ လုပ်ငန်းခွင်တန်းဝင်ပြီး၊ တစ်နှစ်၊ နှစ်နှစ်ခန့် အတွေ့အကြုံစုဆောင်းပြီး တက္ကသိုလ်အတွက် ပြင်ဆင်လေ့ရှိကြပါတယ်။ အကယ်၍ ကိုယ့်မှာ ငွေကြေးအခက်အခဲရှိတယ်ဆိုရင် ဒီနည်းလမ်းက အဆင်အပြေဆုံးပါပဲ။ Humber College ကတော့ အခုလိုမျိုးကျောင်းသားတွေအတွက် အရွေးချယ်သင့်ဆုံးကျောင်းတစ်ခုလို့ပြောရင်မမှားပါဘူး။ ဘာလို့ဆို Employability Rate မြင့်တဲ့ကျောင်းတစ်ခုဖြစ်လို့ပါ။ ဒီကျောင်းဟာ BridgeBlue Myanmar နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့၊ ဝင်ခွင့်အတွက် အာမခံချက်တစ်ခုပေးနိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ Page မှာ Consultation Appointment ရယူနိုင်ပါတယ်။
🔷 University of British Columbia (UBC)
ကနေဒါရဲ့ No. 2 ကျောင်းတစ်ခုဖြစ်တာနဲ့အညီ အနည်းနဲ့အများဝင်ခွင့်ခက်ခဲပါတယ်။ International Major Entrance Scholarship လို့ခေါ်တဲ့ နိုင်ငံတကာကျောင်းသားတွေကို သီးသန့်ပေးအပ်တဲ့ ပညာသင်ဆုတွေလည်းရှိပါသေးတယ်။ Requirement ပြည့်စုံမယ်ဆိုရင်တော့ September Intake အတွက် ယခုအချိန်ကစပြီး လျှောက်ထားနိုင်ပါတယ်။ Requirement နဲ့ပတ်သက်လို့ ဒီ့ထပ်ပိုသိချင်တယ်ဆိုရင် Appointment ယူထားလို့ရနိုင်ပါတယ်။
🔷 Niagara College
ယခုနောက်ပိုင်းမှာ တစ်စထက်တစ်စပိုမိုကြီးထွားလာတဲ့ Industry တစ်ခုဖြစ်တဲ့ Hospitality Business ပိုင်းမှာ နာမည်ကြီးတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။ Hospitality Industry ဟာ Demand များတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါများပါတယ်။ ဒီကျောင်းဟာလည်း BridgeBlue Myanmar နဲ့ချိတ်ဆက်ထားတာမလို့၊ တိုက်ရိုက်ဝင်ခွင့်အပါအဝင် အခြားအခွင့်အလမ်းတွေကို ပေးအပ်နိုင်ပါတယ်။
🔷 McGill University
ကနေဒါမှာ အကောင်းဆုံး ဆေးကျောင်းဖြစ်တဲ့ McGill University ကိုလည်း ယခုနှစ်မကုန်ခင်လျှောက်ထားနိုင်ပါသေးတယ်။ Medical Field ဖြစ်တဲ့အလျောက် Requirement တွေကမြင့်တာမလို့၊ ကျောင်းသားတွေအနေနဲ့ အများကြီးကြိုတင်ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ ဘာတွေပြင်ဆင်ထားဖို့လိုလဲဆိုတာကို On-on-one Consultation ရယူနိုင်ပါတယ်။
ဒါကတော့ ကနေဒါမှာကျောင်းတက်လိုတယ်ဆိုရင် ဦးစားပေးထည့်သွင်းစဉ်းစားသင့်တဲ့ကျောင်းအချို့ပဲဖြစ်ပါတယ်ရှင့်။ BridgeBlue Myanmar ကတော့ လက်ရှိ ကနေဒါမှာရှိတဲ့ ကျောင်းပေါင်း ၄၀ ကျော်နဲ့ ချိတ်ဆက်ထားပါတယ်။
👉 ဒါကြောင့် Requirement တွေ၊ အခြားသောလမ်းကြောင်း Option တွေနဲ့၊ Career Opportunity တွေကို သိလိုတယ်ဆိုရင် BridgeBlue Myanmar ကို တိုက်ရိုက်ဆက်သွယ်ပြီး Consultation ရယူနိုင်ပါတယ်။
__________________
Welcome back from BridgeBlue Myanmar.
This time, we will be sharing some easy, fast, and guaranteed pathways for those who want to study in Canada.
🇨🇦 For Myanmar students, Canada is a country that offers quality education and many job opportunities. Not only that, but if you think long-term, Canada’s PR Pathway is much easier compared to the EU or the US.
The main point is the abundance of job opportunities. In addition, outstanding students are welcomed with various scholarships. ✨
👉 If you apply to Canada through BridgeBlue Myanmar, we can guarantee a secure Visa Process. And we will support you from start to finish with all matters related to school applications.
Below, we have shared some of the recommended schools in Canada. 💯
🔷 University of Toronto
This is the No.1 university in Canada. Outstanding students have a chance to compete for the Lester B. Pearson Scholarship, a full scholarship. As the best university in the country, the competition for entry is very intense. Therefore, if you plan to apply, apart from the parts that depend on the student’s own qualifications, BridgeBlue will assist with everything else as much as possible.
🔷 Humber College
One of Canada’s well-known institutions. Famous for high employability. Many students who want to save money before entering a university often come to Canada through college programs. After finishing college, most students gain one or two years of work experience before applying to university. If you have financial difficulties, this is the most suitable pathway. Humber College is one of the top recommended choices for students because of its high employability rate. This school is directly partnered with BridgeBlue Myanmar, so we can provide guaranteed entry. If you want more details, you can book a consultation appointment on our page.
🔷 University of British Columbia (UBC)
Canada’s No.2 university, and naturally, very competitive with a low acceptance rate. They also offer special scholarships for international students called the International Major Entrance Scholarship. If you meet the requirements, you can start applying now for the September intake. If you want to know more about the requirements, you can book an appointment.
🔷 Niagara College
A well-known school in the hospitality business field, one of the fastest-growing industries today. Because hospitality is in high demand, job opportunities are abundant. This school is also partnered with BridgeBlue Myanmar, so we can offer direct entry and other opportunities.
🔷 McGill University
You can still apply to McGill University — the best medical school in Canada — before the end of this year. Since it is a medical field, the requirements are high, so students will need to prepare a lot in advance. If you want to know what you need to prepare, you can book a one-on-one consultation.
These are just some of the top schools you should consider if you want to study in Canada. BridgeBlue Myanmar is currently partnered with more than 40 institutions in Canada.
👉 So if you want to know about requirements, alternative pathways, or career opportunities, you can directly contact BridgeBlue Myanmar and book a consultation.
__________________
Contact Info:
Phone: 09 452 777 507, 09 452 777 508
Location: No. 73, 3AB Corner of Ma Poe & Myaynigone Zay Street, Sanchaung, Yangon 11111