10/05/2025
ဂျပန်မှာ Black Company ၀င်မိရင်ဘာလုပ်ရမလဲ။
ブラック企業 (Black Company)ဝင်မိသွားရင် ဘာလုပ်ရမလဲ? – လိုအပ်တဲ့အချက်4 ချက်!
မင်္ဂလာပါ။AKC Japan ပါ!
အလုပ်ခေါ်စာကြည့်ပြီးအလုပ်ကောင်းလို့ထင်တာနဲ့လျှောက်လိုက်တာ…၀င်ပြီးမှ「 ブラック企業 (Black Company) ဖြစ်နေရင်」လုပ်ရမဲ့အရာတွေနဲ့ပတ်သက်ပြီးSharingလုပ်ပေးပါရစေ။
⸻
🍀【ブラック企業 に တွေ့ရတတ်တဲ့အခြေအနေများ】
✔︎ 長時間残業(ざんぎょう) အချိန်ပိုအများကြီးလုပ်ရတယ်
✔︎ 残業代(ざんぎょうだい) အချိန်ပိုကြေးမပေးဘူး
✔︎ 有給休暇(ゆうきゅうきゅうか) လစာရခွင့်မပေးဘူး
✔︎ 上司 က パワハラ(အထက်လူကြီးရဲ့ဆဲဆို/စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်ဆက်မှု) တွေလုပ်တယ်
✔︎ လစာ ချေတာနောက်ကျတယ်၊ 明細(めいさい) လစာစာရွက်မပေးဘူး
Black Company တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဒီpostမှာဖတ်ရှုပါ။
https://www.facebook.com/share/p/1EksgvdtBw/?mibextid=wwXIfr
→ အထက်ပါအကြောင်းအရာတွေဖြစ်လာရင် “အန္တရာယ်ရှိတဲ့လက္ခဏာ”တွေ ဖြစ်ပါတယ်!
⸻
🍀【ブラック企業 にဝင်မိသွားတဲ့အခါ လုပ်ဆောင်သင့်တဲ့ 4 ချက်】
① နေ့စဉ်အလုပ်အခြေအနေကို မှတ်တမ်းတင်ထားပါ။(記録は証拠になる!)မှတ်တမ်းကသက်သေဖြစ်လာနိုင်ပါတယ်။
• 出勤・退勤 時間(しゅっきん・たいきんじかん)
အလုပ်တက်/ဆင်းချိန်
• 残業時間(ざんぎょうじかん)
အချိန်ပိုလုပ်ချိန်
• 上司 の発言内容(じょうしのはつげんないよう)
အထက်လူကြီးပြောတဲ့စကားလုံးအကြောင်းအရာတွေ
→ ノート, スマホ, メール, LINE
Note, Smartphone,mail,Lineစတဲ့အရာတွေနဲ့ မှတ်ထားပါ
✔︎ タイムカード (Time Card)ရဲ့ ဓာတ်ပုံ
✔︎ 給料明細(きゅうりょうめいさい)လစာစာရွက်copy
✔︎ メッセージ・チャット・メール記録
Message, Chat, Mailမှတ်တမ်းတွေ
⸻
② အရင်ဆုံး ကုမ္ပဏီကိုတိုင်ပင်ပါ
🍀တစ်ချို့Companyတွေမှာက コンプライアンス部門 (compliance department)ရှိပါတယ်။
အဲ့ဒီကိုတိုင် ကြားဆွေးနွေးအကြံပြုပါ။
🍀上司(じょうし) အထက်လူကြီး ဒါမှမဟုတ် 人事部(じんじぶ)HRကိုဆွေးနွေးပါ။
→ ကိစ္စအသေးဘာညာဆိုရင် အဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်!
→ ဒါပေမယ့်「我慢しろ」သည်းခံပါ「みんな一緒だ」 အားလုံး ဒီလိုပဲ ဆိုတဲ့အဖြေဆိုရင်တော့
→ Next Stepကိုသွားရမယ်!
🍀ဒီမှာ 派遣社員(はけんしゃいん) ဆိုရင် 派遣元会社 (ခန့်တဲ့company) ကို ချက်ချင်းတိုင်ကြားပါ
• 派遣先 (သွားလုပ်ရတဲ့အလုပ်) မှာ ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ 派遣元(စေလွှတ်နေရာ ခန့်တဲ့နေရာ)က တာ၀န် ရှိပါတယ်!
⸻
③労働基準監督署(ろうどうきじゅんかんとくしょ) အလုပ်သမားရေးရာအစိုးရဌာန ကို တိုင်ကြားပါ
• အစိုးရအဖွဲ့အစည်းဖြစ်တဲ့အတွက်တိုင်ပင်ဆွေးနွေးတာကိုနားထောင်ပေးပါလိမ့်မယ်။သို့သော် အထက်ပါအတိုင်း သက်သေစုဆောင်းထားဖို့တော့လိုအပ်ပါလိမ့်မယ်။
• သက်သေသေသေချာချာရှိပြီးသည်းမခံနိုင်ဘူးဆိုရင်တော့တရားစွဲလို့လည်းရပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းအစိုးရရှေ့နေတွေကို မိတ်ဆက်ပြောပြပါလိမ့်မယ်။
⁉️တရားဆွဲတာနိုင်ရင်တော့ ရော်ကြေးငွေရနိုင်တယ်။Companyအနေနဲ့လည်းနိုင်ငံခြားသားထပ်ခန့်ဖို့အဆင်မပြေနိုင်တော့ဘူး။ နောက်လူတွေအတွက်စဉ်းစားရင်တော့ကောင်းတယ်။ ဒါကကောင်းတဲ့အချက်ပေါ့။
❌မကောင်းတဲ့အချက်က ကိုယ့်အနေနဲ့ ငွေအရင်ကုန်မယ်။ရုံးချိန်းတွေသွားရမယ်။အချိန်ကုန်မယ်ပေါ့နော်။
Japanရဲ့Business လောကကကျဉ်းကျဉ်းလေးမို့ Companyကိုတရားပြန်ဆွဲထားတဲ့သူဆိုသိရင် နောက်Company ကခန့်ဖို့စဉ်းစားတာတွေရှိနိုင်တယ်။
ဘယ်လောက်ပဲ တိုးတက်တိုးတက် အချို့နေရာတွေမှာတော့ ရှေးရိုးဆွဲအတွေးတွေဂျပန်မှာ ရှိနေဆဲမို့ပါ။
တတ်နိုင်ရင်တော့တရားတဘောင်အထိဖြစ်တာကိုအားမပေးပါ။မိမိcareerအတွက်ထိခိုက်မှာစိုးရိမ်လို့ပါ။
⸻
④転職(てんしょく)or退職(たいしょく) လုပ်တာကိုRecommend ပေးပါတယ်
• အရမ်းသည်းခံနေဖို့မလိုပါဘူး/ဆုံးဖြတ်ချက်ရဲရဲနဲ့အလုပ်ရှာပါ။ ခွင့်မပေးရင်ကျန်းမာရေးအကြောင်းပြပြီး ခွင့်ယူပြီးJob Hunting လုပ်ပါ။လက်ရှိ အလုပ်လုပ်နေရင်းနောက်Companyမှာ အလုပ်ရသွားတာကအကောင်းဆုံးပါ။ကိုယ့်အနေနဲ့လည်း Appeal Point(PR) ဖြစ်ပါတယ်။
• စိတ်ဓာတ်ကျစရာမလိုပါ!planသေချာချလုပ်ဖို့ပဲလိုပါတယ်။
→ နောက်ဆုံး ဘယ်လိုမှသည်းမခံနိုင်ရင်သတ္တိမွေးပြီးအလုပ်ထွက်လိုက်ပါ။ မထွက်ခင် Hello Workက 失業保険(しつぎょうほけん) အာမခံရမရတိုင်ပင်ပြီး/ရနိုင်ရင် အလုပ်ထွက်ပြီး အေးအေးဆေးဆေး အာမခံ ယူရင်းအလုပ်သစ်ရှာလိုက်ပါ။
失業保険(しつぎょうほけん) အာမခံနှင့်ပတ်သက်ပြီးအောက်တွင်အသေးစိတ်ဖတ်ရှုပါ။
https://www.facebook.com/share/p/1AptB6ft51/?mibextid=wwXIfr
——————————————————————
ဂျပန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တင်တာတွေကို ဖတ်ချင်ရင်AKC Japan Vlog ကို Like & Follow လုပ်ထားပေးပါ။
THET THET ZAW
BA(Japanese Language Education)
Tsukuba University (Japan)
写真出典:いらすとや
#ブラック企業 #退職の勇気 #転職活動 #外国人の働き方 #労基署相談 #仕事を変える