07/03/2026
Sensei လက်ရှိမှာ ဂျပန်ရဲ့ 大企業(Large Company)ဖြစ်တဲ့ 三菱 (Mitsubishi Cooperation)ရဲ့ Public Relations Foreign Department မှာ အလုပ်ဝင်တာ ၃လပြည့်ပြီး 正社員ဖြစ်ခဲ့ပါပြီ။
ဂျပန်ရဲ့ 大企業မှာ အလုပ်ဝင်ဖို့ဆိုတာ ဂျပန်မှာ တက္ကသိုလ်မပြီးပဲ နိုင်ငံခြား ဘွဲ့လက်မှတ်သာရှိပြီး ဂျပန်မှာ Work Experience မရှိတဲ့သူအတွက် အရမ်း Challenging ဖြစ်ခဲ့ရပါတယ်။
📌လက်ရှိအလုပ်မှာ ဘာတွေလုပ်နေလဲ?
နိုင်ငံခြား Media နဲ့ ဆက်သွယ်တာတွေ၊ ကုမ္ပဏီ Image ကို နိုင်ငံတကာမှာ Promote လုပ်ဖို့ Global website / SNS (LinkedIn, X) ကို update လုပ်တာတွေ၊ နိုင်ငံခြား Investor တွေကို Company information ပေးတာတွေ၊ Global meeting တွေမှာ communication supportလုပ်တာတွေ၊ Overseas branch တွေနဲ့ contactလုပ်တာတွေလုပ်နေပါတယ်။ 社内မှာအကုန် English နဲ့ Japanese ကိုပဲ သုံးပါတယ်။
📌ဒီအလုပ်ကို ဝင်ဖို့ ဘာတွေလုပ်ခဲ့ရလဲ?
ပညာရေးပိုင်း- ကျွန်တော်ဟာ စီးပွါးရေး Master ဘွဲ့ရရှိထားပြီး ဂျပန်စာ N1 Level ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်လုပ်ချင်တဲ့ Department ဟာ ဂျပန်လိုထက် အင်္ဂလိပ်လိုပိုအသုံးများတဲ့ နေရာမို့ IELTS 8.0 above or TOEIC 900 above မှ အလုပ်ဝင်နိုင်မှာပါ။ ဒါကြောင့် TOEIC ဖြေဖို့ထပ်လုပ်ရပြီး TOEIC 921 မှတ်ရရှိပြီး ဂျပန်ရဲ့ Business Japanese Test (BJT) ကိုပါ ထပ်ဖြေခဲ့ပါတယ်။ BJT 680မှတ်နဲ့ Certificate Holder ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Oxford Business School ရဲ့ Certificate တွေဖြစ်တဲ့ Artificial Intelligence for Business၊ Strategic Management နဲ့ Digital Marketing ကိုပါ ယူခဲ့ပါတယ်။
📌အလုပ်နဲ့ အင်တာဗျူး
အမှန်တော့ ဂျပန်မှာ Foreigner Friendly ဖြစ်တဲ့ Company တွေဖြစ်တဲ့ Rakuten, Apple, Google, Microsoft, Netflix, Fujitsu, Mitsubishi တို့လို အနာဂတ်အတွက် အာမခံချက်ရှိတဲ့ 大企業မှာအလုပ်လိုချင်ခဲ့တာပါ။ အကုန်လုံးကို အလုပ်လိုက်လျှောက်ခဲ့သေးတယ်။ ဒီထဲမှာ အင်တာဗျူးခေါ်တာတော့ Microsoft၊ Rakuten၊ Fujitsu နဲ့ Mitsubishi ပါ။ အကုန်အင်တာဗျူးဝင်ဖြေပါတယ်။ အလုပ်ကိုတော့ Company Website တွေရဲ့ အလုပ်ခေါ်စာကနေ တိုက်ရိုက်လျှောက်တာပါ။ Microsoft နဲ့ Fujitsu ကတော့ IT အခြေခံမရှိသလို ကိုယ်တိုင်လည်း JD နဲ့မကိုက်လောက်တာမို့ တခါထဲငြင်းခဲ့ပါတယ်။ Rakuten နဲ့ Mitsubishi လွန်ဆွဲသလိုကို ဆုံးဖြတ်ရခက်ခဲ့ပါတယ်။ Interview နဲ့ Screening မှာ Rakuten ဟာ အလွန် Comfort ဖြစ်ခဲ့ပြီး Mitsubishi ဟာအလွန်ကို ကြိုးစားခဲ့ရပါတယ်။ Commutation Skill နဲ့ ဂျပန်စာ၊ အင်္ဂလိပ်စာ Skill တွေအကုန်စစ်ခဲ့သလို IQ,EQ skill တွေစစ်ပြီး Market Trend အကြောင်းတွေပါမေးခဲ့တာပါ။ ဖြေဖို့ခက်တဲ့ Psychology ဆန်ဆန်မေးခွန်းတွေအပေါ် ဘယ်လောက် Handle လုပ်နိုင်ပြီး Problem Solving Level ဘယ်လောက်ရှိလဲပါကြည့်ပါတယ်။ စကားပြောရင် あの、ええとဆိုပြီး အာမေဠိတ်တွေပါနေရင် ၊ အရမ်းစိတ်လှုပ်ရှားနေပုံပေါ်ရင် ဆက်မမမေးတော့ပဲ အဲ့လူတွေကိုကျော်ပြစ်တာပါ။ ကိုယ်ကဘာမေးမေးပြုံးပြုံးလေးနဲ့ မေးခွန်းတိုင်းအတွက် အဖြေရှိနေဖို့အဓိကလို့ထင်ပါတယ်။
📌လစာနဲ့ အခွင့်အရေး
年収 ယန်းသောင်း ၆၅၀ ကနေစပြီးမိသားစုရှိတဲ့သူဆိုမိသားစုထောက်ပံကြေး၊ Transportation fees၊ Insurance နဲ့ Company ရဲ့စျေးဝယ်ခွင့်ကူပွန်တွေလည်းရပါတယ်။
ဂျပန်ရောက်ပြီး ဒီတိုင်းမနေပဲ အသစ်သစ်တွေဖြစ်အောင် Motivation လေးဖြစ်အောင်ဒီစာလေးကိုတင်လိုက်ရခြင်းဖြစ်ပါတယ်။