04/08/2023
✅IELTS Writing မှာ Linking words မှန်ကန်စွာအသုံးပြုပုံ
IELTS Writing မှာ Coherence & Cohesion မှာ အမှတ်ရဖို့ Linking Words တွေသုံးရပါမယ်
- Coherence ဆိုတာက Essay တစ်ပုဒ်လုံးအစီအလျော် တည့်အောင်ရေးတတ်တာဖြစ်ပြီး
- Cohesion က စာကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်း ဆက်စပ်မှုရှိအောင်ရေးတာဖြစ်ပါတယ်
ဒီနေရာမှာ Linking words ဖြစ်တဲ့
- however
- Moreover
- But
- Additionally
- Nevertheless စတာတွေနဲ့ idea တွေကို ချိတ်ဆက်ရတယ်
ဒီမှာ တီချယ် အဓိကမှာချင်တာက ကျောင်းသားတွေသည် ဒီ Linking words ဆိုတဲ့ သဘာဝကို သေချာသိထားဖို့ပါပဲ
- အမှတ်ပိုရလိုဌား အတွေ့နည်းတဲ့ Linking words
- မှားနေတဲ့ linking words
- ကိုယ်တိုင်ထွင်ထားတဲ့ linking words
- မလိုအပ်ပဲ အများကြီးထည့်ထားတဲ့ Linking words (word limit ပြည့်အောင်/ အမှတ်ပိုရမယ်ထင်လို့)
ဒါတွေကြောင့် Essay ကို မလိုအပ်ပဲ အမှတ်တွေလျော့စေတယ်
အဲ့လိုမဖြစ်အောင် ဒီ Rule လေးကို သေချာမှတ်ထားပေးပါ
🟢 “ကိုယ့် Essay တစ်ပုဒ်သည် ရန်ကုန်-မန္တလေး ခရီးသွားနေသလိုပါပဲ”
ဒီနေရာမှာ
- linking words တွေဟာ လမ်းညွှန်ဆိုင်းဘုတ်များဖြစ်တယ် (ဒါကြောင့် Signposting words လို့လဲ ခေါ်သေးတာကိုး)
အရမ်းရှင်းပါတယ်
1️⃣ဆိုင်းဘုတ်တွေကို လမ်းတွေမှာ သိသာထင်ရှားတဲ့ အစိမ်း/အပြာ တွေနဲ့ပဲရေးတယ်
🔺ဒါဆို Linking words တွေသည် ထင်ရှားပြီး လိုရင်းရောက် ရပါမယ်
2️⃣ဆိုင်းဘုတ်တွေကို လိုအပ်တဲ့နေရာ (အကွေ့/ အရှိန်လျော့/မိုင်တိုင်ညွှန်ပြ) တွေမှာပဲထားတယ်
🔺ဒါဆို Linking words တွေသည် လိုအပ်တဲ့နေရာပဲထားရမယ်။ ပိုမရေးရဘူး။
3️⃣ဆိုင်းဘုတ်မှာ ရေးထားတဲ့ အချက်အလက်တွေဟာ မှန်ကန်တယ်
🔺ဒါဆို သုံးမယ့် linking words တွေရဲ့ အဓိပ္ပါယ်ကို သေချာသိပြီး မှန်ကန်စွာ အသုံးပြုရမယ်
4️⃣ဆိုင်းဘုတ်မှာ ရိုးရှင်းတဲ့ စကားလုံး (font) နဲ့ပဲရေးတယ်
🔺ဒါဆို linking words တွေသည် Native တွေသုံးနေကြ / sample essays တွေမှာ မြင်နေကြပဲ သုံးရမယ်။ ကိုယ်တိုင်ထွင်ရေးလို့မရဘူး။
ဒီလိုဆို ကိုယ့်ရဲ့ Essay တစ်ပုဒ်ဟာ ရန်ကုန်ကနေ မန္တလေးကို ချောချောမွေ့မွေ့ရောက်သွားပါပီ။
💯*Bonus*
လွယ်ကူရိုးရှင်းတဲ့ Linking words & Example sentences တွေကို Telegram မှာတင်ထားပေးပါမယ်။ Group link— Post အောက်မှာရှိမယ်နော်။
Essay ကောင်းတစ်ပုဒ်ဖြစ်ဖို့ စာစစ်သူကို အစအဆုံးဆွဲခေါ်သွားနိုင်ရပါမယ်
ခုနကလို Linking words မှားလို့ စာစစ်သူက Essay ကိုအစကနေ ပြန်ဖတ်ရတာမျိုးဆို English Vocabulary & Grammar ဘယ်လောက်ကောင်းကောင်း Band Score လိုအပ်တာရမှာ မဟုတ်ပါဘူး။
ဒါကြောင့်သေချာဂရုစိုက်ကြနော်
With love
Teacher Ivy
*Coherence & Cohesion အတွက် Idea ချိတ်ဆက်မှုလည်း အရေးပါလို့ အဲ့တာအတွက် သီးသန့်ရေးပေးပါမယ်။
သင်တန်းစုံစမ်းရန် - https://m.me/ieltsivymay
Telegram group link: https://t.me/ieltsivy
02/08/2023
🌟Golden Score Band 7+ ရဖို့ သေချာတဲ့ နည်းလမ်း
ကျောင်းသားတွေ တိုင်းအတွက် IELTS မှာ Band 7 ရတာနဲ့ ကျောင်း ၉၀% လောက်ကို ဝင်ခွင့်ရနိုင်ပါတယ်!
ဒီ Post ထဲမှာ Band 7+ ရဖို့ အလွယ်ကူဆုံးနည်းလမ်းကို တီချယ် 4 skills လုံးအတွက်ပြောပြပေးမယ်
အရေးကြီးဆုံးတစ်ခုက IELTS သည် အမှတ်ပေးစည်းမျဉ်းနဲ့သွားတာပါ။ ဒါကြောင့် အမှတ်ဘယ်လိုပေးလည်းဆိုတာကို သိကိုသိထားရမယ်။ ဒါမှလည်း ကိုယ်က Band 7 အလွယ်တကူရမှာကိုး
ပုံမှန် Band 6 to Band 7 တိုးဖို့အတွက် နာရီ ၂၀၀ အနည်းဆုံး စာလုပ်ရပါတယ်။
ဒီ နာရီ ၂၀၀ ကို
1. ဘယ်လိုစာတွေလုပ်ရမလဲ
2. ဘာတွေကိုအလေးထားရမလဲ
3. တွေ့သမျှ အင်္ဂလိပ်စာတွေပဲလုပ်နေရမလား
4. ခုပဲ ရှိသမျှ အင်္ဂလိပ်စာ သင်တန်းတွေပဲအပ်ရမလား
ဆိုတာတွေ ဖြေရှင်းဖို့ ပုံတစ်ခုချင်းဆီကို သေချာကြည့်ပြီး လိုက်လုပ်ကြည့်နော်
Teacher Ivy
30/07/2023
🤔 Did you know?
Babies who regularly hear more than one language in their environment continue to respond to those differences for a longer period. (Werker,Weiken and Yoshida 2006)
ငယ်စဉ်ဘဝမှာ ဘာသာစကားမျိုးစုံကို နားရည်ဝခဲ့တဲ့ကလေးတယောက်က အသက်ကြီးတဲ့ အထိနားလည်နိုင်စွမ်းရှိတယ်တဲ့
နောက်ထပ်တစ်ခုက - ကလေးဘဝမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ပြောနေကြစကားအသံထွက်တွေကိုပဲ ကြီးလားရင် နားကခွဲခြားနိုင်တော့တယ်။ မြန်မာမှာ ‘သ’ နဲ့ ‘တ’ သံကွဲသလိုပဲပေါ့။
ကြီးလာမှ ဘာသာစကားအသစ်တစ်ခုသင်ယူမယ်ဆို ဒီအခက်အခဲလေးတွေတော့ကျော်လွှားရမယ်
ဒါကြောင့် ကလေးတွေကို ဘာသာစကားကျွမ်းကျင်စေချင်ရင် ငယ်စဉ်ကတည်းက အရေးကြီးတဲ့
- မိခင်ဘာသာစကား
- အင်္ဂလိပ်
- တရုတ်
စတာတွေကို ထိတွေ့ထားပေးထားပါ။
Teacher Ivy
28/07/2023
😍 All Ivy Teachers (Ygn) in one frame!
တကယ်ကိုတော်တဲ့ ဆရာတွေကို ဦးဆောင်ခွင့်ရတာလည်း ကျွန်မ အတွက် အရမ်းကောင်းတဲ့ကံတစ်ခုပါပဲ
မီးဖွားဖို့ ခနအနားယူထားပေမယ့် တာဝန်ကို မပျက်မကွက်ပဲ လိုတာထက်ကို ပိုပြီးကြည့်ပေးကြလို့ ကျေးဇူးတင်ရပါတယ်
ဆရာတွေ အားလုံးအတွက် ဘဝမှာ အမြဲတိုးတက်နေဖို့
Personal Development
Professional Development Programs တွေနဲ့အတူ မကြာခင်မှာပဲ Teacher Ivy ပြန်လာပါမယ်။
ခုတော့ Theodore လေးမွေးလိုက်ပါဦးမယ် 😍
ခေတ္တ Farewell meeting မှ Screenshot 🤩
21/07/2023
Group Presentations by IELTS Premium Students led by our Main Teacher Tr Harry!
Preparing students for the challenges they might face ahead in their life!
This will definitely be a memorable moment which teaches them the values of team work, public speaking and leadership skills!
21/07/2023
The art of questioning 🤔
“မေးစရာရှိလား”
“နားလည်ကြလား”
ဒီမေးခွန်း ၂ ခုကို ကိုယ်ကိုယ်တိုင်ရော ၊ ကိုယ်တက်ဖူးတဲ့ အတန်းတွေမှာရော ဆရာတွေမေးတာ ကြုံဖူးမယ် ထင်ပါတယ်။
ဒီလိုမေးလိုက်လို့ ရလာနိုင်တဲ့ အဖြေ ၉၀% က
-မရှိပါဘူး
- နားလည်ပါတယ်ပဲ ဖြစ်လိမ့်မယ်။
English level မြှင့်တဲ့ ကျောင်းသားတွေအတွက်က တခါတလေ ဒီလိုသုံးလို့ရပေမယ့် ခုမှ English ကိုစထိတွေ့တဲ့ ကလေးတွေကတော့ ဘယ်လိုမှ မထိရောက်နိုင်ဘူး။
ဒါဆို ကိုယ်သင်လိုက်တဲ့ Lesson ကဘယ်လောက်ထိရောက်လဲဆိုတာ ဆရာ တယောက်အနေနဲ့ ဘယ်လို သိနိုင်မလဲ၊ ဘယ်လိုဆန်းစစ်မလဲ? ဒီအဖြေနဲ့ပဲ ဆရာတယောက်က ကျေနပ်လိုက်မှာလား။
ဒီနေရာမှာ အရမ်းကောင်းတဲ့ Bloom’s Taxonomy (6 levels of questioning) ဆိုတာရှိတယ်။
ကလေးတယောက်ရဲ့ နားလည်နိုင်စွမ်းပေါ်မူတည်ပြီး ဆရာတယောက်က မေးမယ့်မေးခွန်းရဲ့ ခက်ခဲမှု Level ပြောင်းတဲ့နည်းဖြစ်တယ်။
🔹Level 1: Knowledge
ဒီ Level က Knowledge ကိုဆန်းစစ်တဲ့ Level ဖြစ်ပြီး အလွယ်ဆုံးဖြစ်တယ်၊ English level basic ဖြစ်တဲ့ ကျောင်းသားတွေကစပြီး သုံးလို့ရတယ်။ ကိုယ်ပြောပြလိုက်တဲ့ ပုံပြင်တစ်ပုဒ်ဆိုပါစို့။ ဒါကို ကျောင်းသားတွေက နားလည်လား ဆိုတာကို ရိုးရှင်းတဲ့ Facts recall ပုံစံနဲ့ မေးကြည့်မယ်။ ဥပမာ-
- Who are the main characters?
- What is the book called?
🔹Level 2: Comprehension
ဒီ Level ကျတော့ ခုနကလိုမျိုး Facts တွေကို မှတ်မိလားမေးတာမဟုတ်တော့ပဲ စာပိုဒ်ရဲ့ ဆိုလိုရင်းကို နားလည်ရဲ့လား စစ်တယ်။ ပိုပြီးတော့ ကျောင်းသားတွေက တွေးရတယ်။ ဥပမာ မေးခွန်း-
- What is the main idea of the story?
- If you could combine the story, what events would you include and why?
🔹Level 3: Application
ဒီ Level မှာကျတော့ စာပိုဒ်ထဲက information ကိုအသုံးပြုပြီး မတူညီတဲ့ အခြေအနေမှာ အသုံးပြုခိုင်းကြည့်လိုက်တယ်။
- Have you had any similar experiences?
- Can you think of another story with a similar theme?
🔹Level 4: Analysis
ဒီ Level မှာ စာပိုဒ်ထဲက စာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဆန်းစစ်ကြည့်ခိုင်းလိုက်တယ်။
- Can you divide the story into 3 sections and give each one a title?
- Choose one character- can you tell the story from their point of view?
🔹Level 5- Synthesis
ဒီ Level မှာကျတော့ ကျောင်းသားတွေရဲ့ တီထွင်နိုင်စွမ်း (Creative thinking) ၊ ပြဿနာတွေ ဖြေရှင်းနိုင်စွမ်း(Problem-solving skills) ဖော်ထုတ်ပေးရမယ်။ Brainstorming လုပ်ရမယ်ပေါ့။ Yes/No ပဲဖြေလို့မရဘူး။ အဖြေမှာ အမှား/အမှန်လည်း မရှိဘူး။
- If you were the main character what would you do?
- Can you think of a different ending to the book?
🔹Level 6- Evaluation
နောက်ဆုံး Level မှာကျတော့ ကျောင်းသားတွေကို Story ကိုသုံးသပ်ခိုင်းတာပါ။ ဒီမှာလည်း အဖြေက မှန်/မှား မရှိဘူး။ အဓိကက ကလေးတွေ အတွေးအခေါ်ပိုင်းမှာ လေ့ကျင့်ပေးတာဖြစ်တယ်။
- If the story happened in a different land, can you compare that place with here?
- How does this book compare to the last book we read?
ဒီ Level 6 ခုကိုကြည့်လိုက်ရင် ကျောင်းသားဖက်က ဖြေရမယ့် အဖြေက တဖြေးဖြေး ခက်လာတာကို သတိထားမိပါလိမ့်မယ်။ ပိုစဉ်းစားရတယ် Language skill ပိုလိုတယ်။
ဒါကြောင့် ကလေးရဲ့ အသက်ရယ်၊ English level ကို ဆရာက အမြဲထည့်သွင်းစဉ်းစားရမယ်။ အစပိုင်းမှာ Level နှိမ့်တဲ့ မေးခွန်းတွေနဲ့ စမေးကြည့်ပြီးမှ တဖြေးဖြေး မေးခွန်း Level ကို မြှင့်သွားကြည့်ပါ။
Storytelling, guided reading, individual reading activities တွေမှာ အရမ်းအထောက်အကူပြုပါလိမ့်မယ်။
With Love
Teacher Ivy