14/05/2022
ဖတ်ရင်းနားထောင်.....နားထောင်ရင်းမှတ်
မှတ်ရင်းနဲ့စဉ်းစား....စဉ်းစားပြီးမှရေး
ရေးနိုင်ရင်ပြောကြမယ်....🌺
Read to listen.... listen to note
Note to think....tink to write
Write to speak....🌺
Welcome to "Mercy Educare" 🤗
4skill လို့ပဲလူသိများပေမယ့် ကလေးငယ်တွေအတွက်
ပိုအကျိုးရှိတာက Basic အနေနဲ့ 6 skill လောက်မှ
သူတို့လေးတွေ အဆင်ပြေပါတယ်။
Step by Step တဆင့်ခြင်းဆိုတာ သာမန် 4 skill ထဲမှာ
2 step(read & listen) ပြီးတဲ့အခါ သူတို့ရဲ့ Level
လေးအလိုက် အလုပ်(၂)ခုကို အပိုထည့်ပေးသင့်တယ်။
တစ်ခုက Note Skill နဲ့နောက်တစ်ခုက Think skill ပါပဲ။
ဖတ်ပြတာ(သို့မဟုတ်)ဖတ်ခိုင်းတာကတဆင့်
နားထောင်စေပါ။
နားထောင်မှုပြီးတဲ့အခါမှာတော့ ကလေးတစ်ယောက်ခြင်း
စီရဲ့ မှတ်ဉာဏ်မှာ ပုံသဏ္ဍာန်မတူတဲ့မှတ်သားမှုတွေက
တယောက်နဲ့တယောက်မတူအောင်မှတ်သားတတ်ကြပါ
တယ်။
အရေးကြီးတာ သူတို့ကို "လှေနံဓားထစ်"မှတ်သားခိုင်း
တာမျိုးထက် သူတို့မှတ်ဉာဏ်ကပေးတဲ့ memo အတိုင်း
မှတ်ပါစေ။
ဥပမာ Blue(အပြာရောင်)ကို သာမန် color ဆိုတာကြီး
အတိုင်း တထစ်ချမမှတ်ယူစေပဲ Sky Blue(ကောင်းကင်ပြာ)
စသဖြင့် သူတို့ မှတ်ဉာဏ်မှာအစထဲက ရှိနေတဲ့
အရာတစ်ခုခုနဲ့ တွဲပြီးမှတ်မိစေပါ။
နောက်တစ်ဆင့်က Think skill လုပ်တဲ့အခါ ပထမ 3 Step
ကိုအခြေခံပြီး ရလာတဲ့ Knowledge ကို သူတို့ဖာသာ
သူတို့ ဖြစ်တည်ရာဉာဏ်အရေအသွေးတိုင်း စဉ်းစား
စေပါ။
စဉ်းစားဖို့အချိန်ပေးပါ....လုံးဝမလောမိပါစေနဲ့။
ရလာတဲ့ ရလဒ်ကို ပြည့်ပြည့်ဝဝလက်ခံပေးပါ။
ဒီ 4 Step ပြီးမှ Writing skill & Speaking skill ကို
ဖြေးဖြေးချင်းဆွဲခေါ်ယူပါ။
ဒီလို စနစ်တကျ 6 Step အတိုင်းသွားမယ်ဆို
ကလေးတစ်ယောက်အတွက် အရာတစ်ခုရဲ့သိရှိမှုကို
(6)ခါအထိ repeat လုပ်ရမှာဖြစ်လို့ ပိုပြီးမှတ်မိစေပါတယ်။
တခါတစ်လေ တချို့ကလေးတွေအတွက်တော့ Step တွေကို
ပြောင်းပြန်လုပ်ရတဲ့ အနေအထားလည်းဖြစ်သွားနိုင်ပါတယ်။
▪️တချို့အချိန်တွေမှာတော့ Sharing skill အနေနဲ့ ပမာလေး
တွေပေးပြီး မှတ်သားခိုင်းရတာမျိုးလည်း ထည့်သွင်း
ပေးနိုင်ပါတယ် ▪️
ပျော်ရွှင်စရာသင်ကြားမှုတွေနဲ့ထိတွေ့ပေးစေလိုလျှင်
ကျွန်တော်တို့ "Mercy Educare"နဲ့ချိတ်ဆက်လိုက်ပါ။
သင်တို့ရဲ့ မျိုးဆက်သစ်များကို English & Arabic
Languages များနဲ့ထိတွေ့မှုဖြစ်စေဖို့ ကျွန်တော်တို့
ရည်ရွယ်ပါတယ် 💐