ကျော် စာသင်စာကျက်ဝိုင်း

ကျော် စာသင်စာကျက်ဝိုင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကျော် စာသင်စာကျက်ဝိုင်း, Education, Sanchaung.

IGCSE နဲ့ GED ဆရာ့တပည့်တွေ အိမ်မှာ စာကြည့်ကြပါ ။စာလုပ်ကြပါ ။ဆရာက နားမလည်တာ မရှိရအောင် ၊Concept လုံးဝပိုင်အောင် Textbook ...
30/10/2025

IGCSE နဲ့ GED ဆရာ့တပည့်တွေ အိမ်မှာ စာကြည့်ကြပါ ။စာလုပ်ကြပါ ။ဆရာက နားမလည်တာ မရှိရအောင် ၊Concept လုံးဝပိုင်အောင် Textbook ရော ၊past paper တွေနဲ့ရော လေ့ကျင့်ပေးမယ်။(အေး အိမ်မှာ စာမလုပ်ရင် ဆရာ့ကျောင်းခန်းမှာ စာလာလုပ်ရမယ် ။ဆရာခေါ်ထားမယ်)

ဒီနေ့ညနေ3နာရီ IGCSE O level MathsPaper 1 (Global exam =တစ်ကမ္ဘာလုံး မေးခွန်းတစ်စုံတည်း )ဖြေရတော့မယ်။ကိုယ့်ကလေးတွေကို Top...
30/10/2025

ဒီနေ့ညနေ3နာရီ IGCSE O level MathsPaper 1 (Global exam =တစ်ကမ္ဘာလုံး မေးခွန်းတစ်စုံတည်း )
ဖြေရတော့မယ်။ကိုယ့်ကလေးတွေကို Topic အားလုံး တစ်ခုမကျန်သင်ပြီး ၊Revision ပြန်ပြီး ၊Past paper တွေ 2025 June အထိ သင်ပြီးတဲ့အတွက် ကောင်းစွာ ဖြေနိုင်ပါလိမ့်မယ်။

မြန်မာကျောင်းသားများအားလုံး A star ရရှိပြီး နိုင်ငံတကာအဆင့်မီ University ကြီးတွေမှာ သင်ယူခွင့်ရကြပါစေ ။ပညာမြင့်မှ လူမျိုးမြင့်မယ်လေ ။
(အချိန်အားလုံးပြည့်နေလို့ ဆရာနှင့်သင်လိုလျှင် March အထိ စောင့်ပေးကြပါ။ph 09793004430)

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မိတ်ဆွေအားလုံး ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်း ၊ပျော်ရွှင်ခြင်း၊ငြိမ်းချမ်းကြွယ်ဝခြင...
06/10/2025

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မိတ်ဆွေအားလုံး ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်း ၊ပျော်ရွှင်ခြင်း၊ငြိမ်းချမ်းကြွယ်ဝခြင်းအားလုံးနှင့် ပြည့်စုံကြပါစေ ။
(သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပေမယ့် IGCSE O level သင်တန်းအားလုံး ဖွင့်ပါတယ်။သင်ပါတယ်။ယခု October လကုန် ဖြေရမှာမို့ ဆရာအနားမယူဘဲ သင်ပေးတာပါ။ဆရာ့ကလေးတွေကို ဆရာက ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်လေ )

ဆရာ့သမီးတပည့် 4 ဘာသာဂုဏ်ထူးရှင် ယမင်းသူ Japan နိုင်ငံသို့ Full scholarship (နေ၊စား၊လေယာာဥ်လက်မှတ်အားလုံး စားရိတ်ငြိမ်း) ...
30/08/2025

ဆရာ့သမီးတပည့် 4 ဘာသာဂုဏ်ထူးရှင် ယမင်းသူ Japan နိုင်ငံသို့ Full scholarship (နေ၊စား၊လေယာာဥ်လက်မှတ်အားလုံး စားရိတ်ငြိမ်း) ဖြင့် ပညာတော်သင် သွားရောက်ရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်ဂုဏ်ယူပါတယ်။
ကျော်စာသင်စာကျက်ဝိုင်းမှာ 9 တန်းရော တက္ကသိုလ်ဝင်တန်း ရော တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို 4 ဘာသာဂုဏ်ထူးနှင့် အောင်မြင်ခဲ့တဲ့သမီး ဖြစ်ပါတယ်။

ဂုဏ်ထူးထွက်ခဲ့တဲ့ 4 ဘာသာစလုံး (Maths,Physics,Chemistry.Eco)ကို
ဆရာ ဦးကျော်လွှမ်းမိုး BE( Mechanical) YTU,
Diploma in Engineering.
MOT 2nd class Part A.
တက္ကသိုလ်ဝင်တန်း 4 ဘာသာဂုဏ်ထူးရှင် တစ်ဦးတည်းမှ သင်ကြားပါတယ်။

ဆရာဦးရွှေမိုး BA( Myanmar) ။တီချယ်ဒေါ်မျိုးသူဇာ BE(Ec)YTU ။ဆရာ ဦးရဲနောင်စိုး BE(Ec) YTU။တီချယ်ဒေါ်စိုးစိုး BA( English) Diploma in English, Diploma in English Teaching Methodology မှ သားသမီးရင်းနှင့်မခြား သင်ကြားပေးခဲ့ပါတယ်။

ပုံကတော့ ပညာတော်သင်သွားမယ့် သမီးနဲ့အတူ လက်ရှိကျော်စာသင်ဝိုင်းမှာ တက်ရောက်နေတဲ့ ဂုဏ်ထူးရှင်လောင်း သားသမီးတွေ ဖြစ်ပါတယ်။

ဒီနေ့ဟာ ကိုယ့်ရဲ့ညီအရင်းလို ချစ်ခင်လေးစားယုံကြည်အားကိုးရတဲ့ မြန်မာစာဂုဏ်ထူးရှင်များစွာရဲ့ဆရာ ဆရာဦးရွှေမိုးရဲ့ မွေးနေ့ရက...
09/07/2025

ဒီနေ့ဟာ ကိုယ့်ရဲ့ညီအရင်းလို ချစ်ခင်လေးစားယုံကြည်အားကိုးရတဲ့ မြန်မာစာဂုဏ်ထူးရှင်များစွာရဲ့ဆရာ ဆရာဦးရွှေမိုးရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။Happy birthday ပါ ညီလေးဆရာ ။အသက်ရာကျော်ရှည်ပြီး ကျန်းမာချမ်းသာပါစေ ။
ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်ရဲ့တူအရင်းဖြစ်ပြီး ကျော် စာသင်စာကျက်ဝိုင်း စတင်တည်ထောင်ချိန်တည်းက မြန်မာစာဂုဏ်ထူးရှင်များစွာကို ပေါ်ထွန်းစေခဲ့သူပါ။မြန်မာစာ ဘာသာရပ်ကို ကိုယ်လှည့်ကြည့်စရာမလိုအောင် တာဝန်သိသိ တာဝန်ကျေကျေ သင်ကြားပေးခဲ့တဲ့ တကယ့် ဒေါင်ဒေါင်မြည် ဆရာစစ်ဆရာမှန် ဖြစ်ပါတယ်။

Geometryဆိုတဲ့စကားလုံး ကဂရိဘာသာစကားကနေ ဆင်းသက်လာတာပါ။Geo= Earth (ကမ္ဘာ)Metry=Measurement(တိုင်းတာခြင်း)အဲဒီတော့ ကမ္ဘာကို တ...
11/06/2025

Geometryဆိုတဲ့စကားလုံး က
ဂရိဘာသာစကားကနေ ဆင်းသက်လာတာပါ။
Geo= Earth (ကမ္ဘာ)
Metry=Measurement(တိုင်းတာခြင်း)
အဲဒီတော့ ကမ္ဘာကို တိုင်းတာတယ်လို့အဓိပ္ပါယ်ရတယ်။
ကမ္ဘာမြေပြင်မှာ ဖြစ်နေတဲ့ Geometry နဲ့ဆိုင်သော အကြောင်းအရာများကို တိုင်းတယ်တယ်လို့ပြောလို့ရတယ်။
Geometry ကို Egyptian ကနေ စခဲ့ပါတယ်။ဟိုးရှေးတုန်းက နိုင်းမြစ်ဝှမ်းနားမှာ နေတဲ့ Egyptian က မြစ်ရေအတက် အကျ ဖြစ်တဲ့အခါ သူတို့ပိုင်ဆိုင်တဲ့ မြေဝိုင်းတွေ မပျောက်အောင် မှတ်သားရကနေ စပြီး Geometry ကပေါ်ပေါက်ခဲ့တာပါ။အဲဒီလိုတိုင်းတာကို
Land Measurements (မြေတိုင်းထွာတဲ့စနစ်)လို့ခေါ်တယ်။ဒီလိုနဲ့ Egyptian တွေက လယ်ယာမြေ၊မြစ်၊ချောင်း၊အင်းအိုင်တွေကိုပါ တဖြည်းဖြည်းတိုင်းတာ လာကြတယ်။ Egyptian တွေက ဒီလိုနဲ့ Geometry ကို Areaတွေ Volume တွေလောက်အထိ Develop ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ခဲ့ကြတယ်။
ဒီလိုနဲ့ ဂရိနိုင်ငံသားဖြစ်သူ Thales က
ကုန်ကူးသန်းရောင်းဝယ်ရင်းနဲ့ အီဂျစ်နိုင်ငံကိုရောက်လာတဲ့အခါ Egyptဘုန်းတော်ကြီးများဆီက
Geometry ရဲ့အစ ဖြစ်သော အတိုင်းအတွာပညာရပ်တွေကို လေ့လာသင်ယူခဲ့တယ်။
Thales က ဂရိလူ့အဖွဲ့အစည်းကြီးဆီကို Geometry ပညာရပ်များကို စတင် ဖြန့်ဖြူးခဲ့တယ်။
သူက အီဂျစ်တို့ ဆီက တတ်ထားသော Area တွေ Volume တွေပဲ တွက်နိုင်တဲ့ ပညာရပ်များကို
အမှတ်၊မျဉ်း၊ထောင့်တွေ အဖြစ်သို့ ပြောင်းလဲ လေ့လာနိုင်အောင် အားထုတ်ကြိုးပမ်းခဲ့ပါတယ်။
Thales သည် Geometry
အဆိုပြုချက် ၅ချက်ကို စတင်ချမှတ်ခဲ့ပေးနိုင်တာ
ကြောင်း အထောက်အထားခိုင်မာစွာ ရှိသဖြင့် သူ့အား က မ္ဘာ့ပထမ ဂျီဩမေတြီ ပညာရှင်အဖြစ်
အများက လက်ခံသတ်မှတ်ထားကြပါတယ်။
ဒါကြောင့် "အသိပညာအစGeometryက၊ Geometry အစ သေးလ်က"
လို့ဆိုရိုးရှိခဲ့တာပါ။ သေးလ်၏ Geometry ပညာ
ရပ်များကို အမွေဆက်ခံတဲ့သူကတော့ ဂရိပညာရှင်
အမာရိက ဖြစ်ပါတယ်။သို့ပေမယ့် သူက ဂျီဩ
မေတြီမှာ ကျော်စောမူမရှိခဲ့ပါ။ အမှန်တကယ်
ဆက်ခံသူက တော့ သေးလ်၏ တပည့်တစ်ဦး
ဖြစ်သူ ပိုက်သာဂိုရဖြစ်တယ်။ ပိုက်သာဂိုရ လက်ထက်မှာ ဂျီဩမေတြီ လေ့လာမူက အလွန်ကျယ်ပြန့်လာခဲ့ပြီး ပညာတစ်စုံသို့ ရောက်လာခဲ့ပါတယ်။ Pythagoras သည် သင်္ချာမှာ Proof ဆိုတဲ့သက်သေပြချက်ကို ပထမဦးဆုံးတင်သွင်းခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သင်္ချာပညာရှင်ယူကလစ်ကတော့ သင်္ချာ
ပညာရပ်တစ်ခုကို အသစ်ထီထွင်ခဲ့တာမျိုးမဟုတ်ဘဲThalesတို့ Pythagorasတို့ ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်စုစည်းဖော်ပြခဲ့တာပဲဖြစ်ပါတယ်။
အဲလိုနဲ့ ယူကလစ်ရဲ့ Elements ကျမ်းဆိုပြီး ပေါ်
လာခဲ့ပြီးယူကလစ်က Geometryပညာရပ်မှာ နာမည်ကျော်ခဲ့တာဖြစ်ပါတယ်။

May9/2025
#သင်္ချာဦးရှိန်းထက်ဇော်

သားတပည့် ဘုန်းဝင့်ထွန်း (3D)သားတပည့် ရဲမင်းနိုင် ရူပနှင့် ဇီဝ Dသမီးတပည့် အေးမြတ်သူ English နှင့် Bio D သမီးတပည့် သင်းသင်...
09/06/2025

သားတပည့် ဘုန်းဝင့်ထွန်း (3D)
သားတပည့် ရဲမင်းနိုင် ရူပနှင့် ဇီဝ D
သမီးတပည့် အေးမြတ်သူ English နှင့် Bio D
သမီးတပည့် သင်းသင်းသူ Bio D
စနစ်ဟောင်းတက္ကသိုလ်ဝင်တန်း နောက်ဆုံးနှစ်ကို ဂုဏ်ထူးတွေနဲ့ ကျော်ဖြတ်ခဲ့တဲ့ 2023 အောင်စာရင်း 2နှစ်ပြည့် အမှတ်တရ။
ကျော် စာသင်စာကျက်ဝိုင်း မှာ ဆယ်ယောက်ပဲ လက်ခံပါတယ်။ကျောင်းသားနည်းနည်းနဲ့ဖိဖိစီးစီးသင်ပေးပြီး ကျောင်းလခလည်း မများစေရပါ။

ကိုယ့်သားတပည့် ဟန်ညီသန့် ထိုင်းနိုင်ငံရဲ့ နံပတ်( 1 ) အကောင်းဆုံး ချူလာလောင်ကွန်း တက္ကသိုလ်မှာ Bechlor of Arts and Scienc...
30/05/2025

ကိုယ့်သားတပည့် ဟန်ညီသန့် ထိုင်းနိုင်ငံရဲ့ နံပတ်( 1 ) အကောင်းဆုံး ချူလာလောင်ကွန်း တက္ကသိုလ်မှာ Bechlor of Arts and Science တက်ရောက်သင်ယူခွင့်ရတဲ့အပြင် စကောလားရှစ်(ပညာတော်သင်ဆု) ရရှိတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါတယ်။ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးတစ်ခုမှာ ပညာသင်ယူခွင့်ရတဲ့အတွက် Congratulations ပါ သား ။ဒီ့ထက်ပိုအောင်မြင်ပြီး နိုင်ငံခြားတိုင်းပြည်မှာ နိုင်ငံခြားသားတွေကို ပြန်ဦးဆောင်နိုင်တဲ့ ပညာတတ်ကြီး ဖြစ်ပါစေ ။
ဟန်ညီလေးဟာ ပေါင်းတည်က ဆရာကြီးဦးအုန်းနိုင်ရဲ့မြေး၊အစ်မ မခင်လေးငယ်ရဲ့သား ၊ကိုယ်လေးစားရတဲ့ တီချယ်ဒေါ်နီနီမာနဲ့မမယုတို့ရဲ့တူလေးဖြစ်ပါတယ်။ပေါင်းတည်မျိုးဆက်တွေအတွက် တစ်စုံတစ်ရာ အကျိုးပြုနိုင်လို့ ပိုပြီးပီတိဖြစ်ရပါတယ်။သားက ကိုယ့်ကိုလှမ်းပြောတည်းက ကိုယ်အရမ်းရွှင်နေလို့ မမစုကတော့ နင်ပါးစပ်တောင် စေ့လို့မရတော့ဘူး တဲ့။
သားက Critical thinking အရမ်းအားကောင်းတယ်။ကိုယ် သားကို IGCSE O level ရော GED ရော သင်ခဲ့ပါတယ်။ကရာတေးခါးပတ်နက် 2nd Dan ဖြစ်ပြီး အရပ်6 ပေကျော်တဲ့ လူချောကြီး ဖြစ်ပါတယ်။
(ကိုယ်စာသင်ရင် စာအုပ်ကြီးတန်းဖွင့်ပြီး စာအုပ်ထဲကရေးထားတာတွေ ဖတ်ပြတဲ့အလွန်ညီးငွေ့စရာ သင်ကြားနည်းမျိုးနဲ့ ဘယ်တုန်းကမှ မသင်ခဲ့ဖူးဘူး။သင်မယ့်အပိုင်းနဲ့ဆိုင်တာလေးတွေ သူတို့နားလည်လွယ်မယ့် အနီးဆုံးဥပမာလေးတွေပေးတယ်။သူတို့သိသလောက် အပြန်အလှန်ပြေားခိုင်းတယ်။ကိုယ်တွက်ပြတဲ့နည်းနဲ့မတူတဲ့တွက်နည်းတွေကို ပြန်ဆွေးနွေးလို့ရတယ်။ကျောင်းသားက ဒီလိုတွက်လို့မရဘူးလား ပြန်မေးလို့ရတယ်။တချို့ဟာတွေဆို Google က ကြိုဖတ်ခိုင်းထားတယ်။သူတို့ပြောလာတဲ့ နည်းအမျိုးမျိုးကို ပြန်ဆွေးနွေးလို့ရအောင် ကိုယ် ညတစ်နာရီ နှစ်နာရီအထိ လေ့လာပါတယ်။)
ကိုယ်က မြန်မာကျောင်းသားလေးတွေကို ပညာတတ်ကြီးတွေ အရမ်းဖြစ်စေချင်ပါတယ်။
ချစ်စွာဖြင့်
ဆရာကျော်
( အချိန်အားလုံး နေ့ရောညရောပြည့်နေလို့ သင်ကြားလိုလျှင် October အထိ စောင့်ပေးကြပါ)

IGCSE O level မှာ Pearson Edexcel နဲ့ Cambridge (CIE) ဆိုပြီး အဓိက ၂မျိုးရှိပါတယ် Physics ဘာသာရပ်မှာ Edexcel မှာ Paper 1...
27/05/2025

IGCSE O level မှာ Pearson Edexcel နဲ့ Cambridge (CIE) ဆိုပြီး အဓိက ၂မျိုးရှိပါတယ်
Physics ဘာသာရပ်မှာ
Edexcel မှာ Paper 1နဲ့ Paper 2 ဖြေရပါတယ်
Cambridge မှာတော့ Paper 2 (Multiple choice )၊Paper 4 (Theory )၊Paper 6 (Experiment )
ဆိုပြီး Eperiment မေးခွန်းတစ်မျိုး ပိုဖြေရပါတယ်

Edexcel နဲ့ Cambridge ဘယ်ဟာပိုကောင်းလဲဆိုရင်
(ဆရာ့အမြင်အရ )Cambridge ဟာ Physics အရမ်းကျွမ်းဖို့လိုပြီး
Pearson Edexcel ဟာ Maths ပိုကျွမ်းဖို့လိုတယ် လို့ မြင်ပါတယ်
အားလုံးကတော့ All Unseen မို့ မြန်မာကျောင်းမှာလို ဒါသင် ဒါမေး မဟုတ်ဘဲ တကယ်ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပါတယ်။
မြန်မာလူငယ်တွေ ပညာတတ်ကြီးဖြစ်ကြပါစေ
ဆရာကျော်
( အချိန်အားလုံးပြည့်နေလို့ သင်ကြားလိုလျှင် Novemberထိစောင့်ပေးပါ)

23/05/2025

G12ကျောင်းသားများ
မနက်ဖန်Bio Examရှိတယ်။
အပိုင်စာကြည့်လာပါ

အလို တော်လိုက်တာ ကျော် စာသင်စာကျက်ဝိုင်း က ကျောင်းသားဖြစ်ရမယ် 😀😁😂Crd
12/05/2025

အလို တော်လိုက်တာ
ကျော် စာသင်စာကျက်ဝိုင်း က ကျောင်းသားဖြစ်ရမယ် 😀😁😂
Crd

ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့)မှာ post ကိုဖတ်မိသူအားလုံး သာယာအေးချမ်းပြီး ကျန်းမာချမ်းသာကြပါစေ(ယနေ့ ဆရာ့ IGCSE ရော GEDရော မ...
11/05/2025

ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့)မှာ post ကိုဖတ်မိသူအားလုံး သာယာအေးချမ်းပြီး ကျန်းမာချမ်းသာကြပါစေ
(ယနေ့ ဆရာ့ IGCSE ရော GEDရော မြန်မာကျောင်းG12 ရော G11 ရော လုံးဝ မပိတ်ပါ။ဆရာ အနားယူချင်ပေမယ့် ကျောင်းသားအားလုံး ဆရာနဲ့တစ်ချိန်သင်ရင် တစ်ချိန်စာ အကျိုးရှိပါတယ်။ကလေးတွေကို တန်ဖိုးထားလို့ ပညာရေးကို အလေးထားလို့ မပိတ်တာပါ)

Address

Sanchaung

Telephone

+959779696396

Website

Alerts

Be the first to know and let us send you an email when ကျော် စာသင်စာကျက်ဝိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ကျော် စာသင်စာကျက်ဝိုင်း:

Shortcuts

Share

Category