Learning with Teacher Ei

Learning with Teacher Ei သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် Teacher Ei နဲ့သင်ယူကြပါစို့

16/08/2026

Oxford Phonics Level 2 အကြောင်းလေး sharing




11/08/2026

အင်္ဂလိပ်စာ Grammar ဆိုတာ စည်းကမ်းတွေကို အလွတ်ကျက်ခိုင်းရုံနဲ့ ကလေးတွေ စကားပြော၊ စာရေးတဲ့အခါ လွတ်လပ်စွာ မသုံးနိုင်ကြပါဘူး။
​ဥပမာ - Direct Object နဲ့ Indirect Object ကို သင်တဲ့အခါ စာအုပ်ထဲက စာကြောင်းတွေကို အလွတ်မကျက်ခိုင်းဘဲ ကလေးကိုယ်တိုင် စဉ်းစားခွဲခြားတတ်အောင် လေ့ကျင့်ပေးတာဟာ အထိရောက်ဆုံး သင်ကြားရေး နည်းလမ်းဖြစ်ပါတယ်။

စနစ်ကျတဲ့ နည်းလမ်းနဲ့ လေ့ကျင့်ပေးရင် အင်္ဂလိပ်စာဟာ ခက်ခဲတဲ့ ဘာသာရပ်တစ်ခု မဟုတ်တော့ပါဘူးရှင်။ 😉
​ကလေးများ၏ အင်္ဂလိပ်စာ စွမ်းရည်ကို အခြေခိုင်ပြီး ယုံကြည်မှုရှိလာစေရန် Teacher Ei's Classes တွေမှာ သင်ကြားပေးပါတယ်နော်။ 💕

10/08/2026

"တီချယ်အိရဲ့ သမီးလေး (အသက် 2 နှစ် 11 လ) စာအုပ်ကို စနစ်တကျ လက်ညှိုးလေးထိုးပြီး very first sentences လေးတွေ ဖတ်ပြနေတာပါရှင်

ကလေးတိုင်းမှာ ကိုယ်ပိုင် စာသင်ယူနိုင်စွမ်းအရှိန် (Learning Pace) ဆိုတာ သီးသန့်ရှိကြပါတယ်။

​တီချယ့် သမီးလေး စာဖတ်နိုင်တာဟာ တီချယ့်သမီး မို့လို့ မဟုတ်ပါဘူး။

အတန်းထဲမှာ တီချယ်အိ ကလေးတွေကို သင်ပေးသလိုပဲ -
✨ ဖုန်းကြည့်ချိန် လျှော့ပြီး စာအုပ်နဲ့ မိတ်ဆက်ပေးတာ

✨ အဓမ္မ မကျက်ခိုင်းဘဲ ပျော်စရာ ကစားနည်းလေးတွေနဲ့ လေ့ကျင့်ပေးတာ

✨ နေ့စဉ် ၅ မိနစ်/ ၁၀ မိနစ် ပုံမှန်လေး အချိန်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

​"အရေးကြီးတာ စနစ်ကျတဲ့ နည်းလမ်း (Right Method) နဲ့ ပျိုးထောင်ပေးဖို့ပါပဲ"

​မိဘတို့ရဲ့ ကလေးလေးတွေကိုလည်း တီချယ့် သမီးလေးလိုပဲ စာအုပ်ကို မြတ်နိုးပြီး စနစ်တကျ ဖတ်တတ်လာအောင် တီချယ်အိရဲ့ အတန်းလေးတွေမှာ မေတ္တာပါပါနဲ့ စနစ်တကျ ပျိုးထောင်ပေးလျက်ရှိပါတယ်ရှင်။ 🥰

သင်ယူမှာမှာ အရေးကြီးဆုံးအရွယ်မို့ မှန်ကန်တဲ့ သင်ကြားမှုမျိုးနဲ့ပဲ သင်ကြားပေးပါတယ်ရှင်



09/08/2026





#စလင်းမြို့

08/08/2026

အင်္ဂလိပ်စာမှာ စာလုံးပေါင်းကျက်စရာမလိုဘဲ အသံထွက်အတိုင်း စနစ်တကျ ဖတ်တတ်ဖို့..." 🔤✨

‎ကလေးတွေကို စာကျက်ခိုင်းတဲ့အခါ "h-e-he", "s-h-e-she" ဆိုပြီး အလွတ်ကျက်ခိုင်းနေတုန်းပဲလား? 🤔

‎အင်္ဂလိပ်စာမှာ Phonics Rules တွေကို စနစ်တကျ နားလည်သွားရင် စာလုံးတွေကို အလွတ်ကျက်စရာမလိုဘဲ အသံထွက်အတိုင်း အလိုလို ပေါင်းဖတ်နိုင်သွားပါတယ်။

‎ဒီနေ့ Oxford Phonics Level 5 အတန်းလေးထဲမှာတော့ Long Vowels (Open Syllables) ဖြစ်တဲ့ he, she, tiger, child စတဲ့ စကားလုံးလေးတွေကို -

‎✨ သံပြိုင်အော်ဆိုရင်း

‎✨ အပြန်အလှန် မေးခွန်းလေးတွေမေးပြီး ပျော်ပျော်ရွှင်ရွှင် သင်ယူနေကြတာဖြစ်ပါတယ်ရှင်။

07/08/2026

ဒီအတန်းလေးက အငယ်ဆုံးဆိုတော့ English language learning ကို ခုမှစတဲ့ very young learner တွေပါ ငယ်စဉ်ကတည်းက မှန်ကန်တဲ့သင်ကြားမှု သင်ယူမှုကို ရရှိအောင် သင်ပေးရတာမို့တခြားအရွယ်‌လေးတွေကို သင်ရတာထက် ပိုပင်ပန်းပါတယ်




#စလင်းမြို့

weekend (Saturday and Sunday)အတန်းလေးတွေက ဒီအပတ်ကစပြီး ဝါတွင်းကျောင်းပိတ်ရက်ဖြစ်တဲ့ ဥပုသ်၊တနဂ်နွေ ရက်လေးပြောင်းသွားပါမယ်...
05/08/2026

weekend (Saturday and Sunday)အတန်းလေးတွေက ဒီအပတ်ကစပြီး ဝါတွင်းကျောင်းပိတ်ရက်ဖြစ်တဲ့ ဥပုသ်၊တနဂ်နွေ ရက်လေးပြောင်းသွားပါမယ် အချိန်ကတော့ ပုံမှန်အတိုင်းပါပဲနော်


23/07/2026

၅ နှစ်အောက် ကလေးတွေကို စာတစ်လုံးကို စာတစ်မျက်နှာလုံး ရေးခိုင်းတာမျိုး လုံးဝ (လုံးဝ) ရှောင်ကြဉ်ပေးပါ! 🛑
​ကလေးကို အင်္ဂလိပ်စာလုံး လှလှလေး ရေးတတ်စေချင်တဲ့ မိဘတွေ၊ ဆရာမတွေရဲ့ စေတနာကို နားလည်ပါတယ်ရှင်။ ဒါပေမဲ့ ၅ နှစ်အောက် Pre-KG အရွယ် ကလေးတစ်ယောက်ကို "A တစ်မျက်နှာလုံး ရေး၊ B တစ်မျက်နှာလုံး ရေး" ဆိုပြီး အတင်းဖိအားပေး ရေးခိုင်းတာဟာ ကလေးရဲ့ သင်ယူလိုစိတ်ကို သတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။
​ဘာကြောင့် ဒီလို ရှောင်ကြဉ်သင့်တာလဲ? 🤔
​1️⃣ Fine Motor Skills (လက်ချောင်း ကြွက်သား) မဖွံ့ဖြိုးသေးခြင်း:
၅ နှစ်အောက် ကလေးတွေရဲ့ လက်ချောင်း ကြွက်သားအသေးလေးတွေဟာ ခဲတံကို ကြာကြာကိုင်ပြီး စာမျက်နှာတစ်ပြင်လုံး ရေးဖို့အထိ မသန်မာသေးပါဘူး။ အတင်း ရေးခိုင်းရင် လက်ညောင်းပြီး စာရေးရမှာကို ကြောက်သွားတတ်ပါတယ်။
​2️⃣ Quality Over Quantity (အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးသည်):
A တစ်မျက်နှာလုံး စက်ရုပ်လို ရေးလိုက်ရလို့ ကလေးက အက္ခရာကို ပိုမှတ်မိသွားတာ မဟုတ်ပါဘူး။ စာရွက်တစ်ရွက်မှာ ၃ ကြိမ်ကနေ ၅ ကြိမ်အထိ စနစ်တကျ၊ ပျော်ပျော်ပါးပါးနဲ့ အသံထွက်ရင်း (Proper strokes & Phonics sound) သေချာ ရေးတာကမှ ခေါင်းထဲ ပိုစွဲမြဲတာဖြစ်ပါတယ်။
​3️⃣ စာရေးရတာကို ငြီးငွေ့သွားခြင်း (Loss of Interest):
ထပ်ခါတလဲလဲ အဓိပ္ပာယ်မရှိ ရေးနေရတဲ့အခါ ကလေးတွေဟာ စာရေးတာကို "ပျော်စရာ လှုပ်ရှားမှု" လို့ မမြင်တော့ဘဲ "အပြစ်ဒဏ်တစ်ခု" လို မြင်လာပြီး စာသင်ချိန်ကို ပုန်းပြေးတော့တာပါပဲ။
ဒါကတော့ တီချယ်ရဲ့ Phonics for pre Kg အတန်းက အငယ်ဆုံးလေးတွေပါ 5 နှစ်အောက်ဆိုတော့ အရေးကို ဒီလိုက စသင်ပေးပါတယ်


#စလင်းမြို့

21/07/2026

Test Result လေးတွေ
စာမေးပွဲဆိုတာကို မကြောက်‌အောင် ငယ်စဉ်ကတည်းက ကလေးတွေကို လေ့ကျင့်ပေးထားတာပါ ကျမဆီက ကလေး‌တွေဆိုတာ test ဖြေရမှာဆို
မကြောက်တဲ့အပြင် ပျော်နေကြတဲ့ ကလေးတွေပါ





#စလင်းမြို့

Address

Salin

Telephone

+959780333448

Website

Alerts

Be the first to know and let us send you an email when Learning with Teacher Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category