BarCamp ရဲ့ အဓိပ္ပာယ်ကို သိပါရစေ...?
ဘားကမ့်ဆိုတာ လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင် ဆင်နွှဲနိုင်တဲ့ အတတ်ပညာ၊ နည်းပညာ၊ အသိပညာ ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ သတ်မှတ် ထားရှိခြင်း မရှိဘဲ တက်ရောက် လာသူတွေက ပြောလာတဲ့၊ ပြောချင်တဲ့ အကြောင်း အရာတွေကို တချိန်ထဲ တပြိုင်ထဲ မှာ အများအပြား တင်ပြ ပေးနိုင် တဲ့ နေရာများစွာကို ဖန်တီးပေးမ
ယ့် ပွဲတခု ဖြစ်ပါတယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့ သူတွေက နားထောင် နေရတာမျိုး မဟုတ်ဘဲ တက်ရောက် လာသူတိုင်း ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေ၊ ပညာရပ်တွေကို ဖွင့်ဟ ပြောဆို နိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ ဆက်ဆံ နိုင်ခွင့်ကိုလည်း ရရှိစေမှာပါ။ Seminar တွေလို One to Many သွားတဲ့ ပုံစံမျိုး မဟုတ်ဘဲ Many to Many သွားတဲ့ ပုံစံမျိုးနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။
Alerts
Be the first to know and let us send you an email when Sagaing Technological University Barcamp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.