22/08/2022
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှအခြေခံအမှတ်များနှင့်သိမှတ်ဖွယ်ရာများ
ဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၆၀% မ ၄၀%
ဆေးဝါးတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
သူနာပြုတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၁၀% မ ၉၀%
အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၈၀% မ ၂၀%
တိုင်းရင်းဆေးတက္ကသိုလ်-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%
ရန်ကုန်နည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ကျား ၂၂၀ဦး မ ၁၈၀ဦးလက်ခံမည်။
မန္တလေးနည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ဇီဝနည်းပညာသင်တန်းအတွက် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ဇီဝ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
ကျား ၂၃၅ဦး မ ၁၈၅ဦးလက်ခံမည်။
နည်းပညာတက္ကသိုလ်(မန္တလေး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၆၀% မ ၄၀% စုစုပေါင်း ၄၁၅ယောက်လက်ခံမည်။
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။ ၆ဘာသာရမှတ်စုစုပေါင်း ၄၂၀နှင့်အထက် ရရမည်။
ကျား ၅၀% မ ၅၀% စုစုပေါင်း၃၅၀ယောက်လက်ခံမည်။
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၇၀% မ ၃၀% စုစုပေါင်း ၃၅ယောက်လက်ခံမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။
နည်းပညာတက္ကသိုလ်များ
ရန်ကုန်အနောက်ပိုင်း၊သန်လျင်၊မှော်ဘီ၊ပြည်၊ကျောက်ဆည်၊မိတ္ထီလာ၊စစ်ကိုင်း၊မုံရွာ၊မကွေး၊ပခုက္ကူ၊တောင်ငူ၊မော်လမြိုင်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
မြစ်ကြီးနား၊ဗန်းမော်၊လွိုင်ကော်၊ဘားအံ၊ကလေး၊တောင်ကြီး၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ရမည်းသင်း၊ပုသိမ်၊ဟင်္သာတ၊မအူပင်၊စစ်တွေ၊ထားဝယ်၊မြိတ်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၄၀နှင့်အထက်ရရမည်။
ကျား ၆၀% မ ၄၀% လက်ခံမည်။
အစိုးရနည်းပညာကောလိပ်များ-သိပ္ပံတွဲ၊ဝိပ္ပံတွဲတစ်ခုခုဖြင့်အောင်ရမည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေးဘာသာရပ်ကို အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်းရမှတ် (လိုအပ်ပါက ၆ဘာသာပေါင်းရမှတ်)ကိုကြည့်၍ ကျောင်းသားကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်ပေါ်တွင်မူတည်ပြီး ခွဲဝေသတ်မှတ်ပေးမည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၅၀၀ဦး လက်ခံမည်။
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်-၄၃၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။
ကွန်ပျူတာတက္ကသိုလ်များ
မြစ်ကြီးနား၊ဗန်းမော်၊ဘားအံ၊သထုံ၊စစ်တွေ၊တောင်ကြီး၊မန္တလေး၊မိတ္ထီလာ၊မုံရွာ၊မကွေး၊ပခုက္ကူ၊ပြည်၊တောင်ငူ၊ပုသိမ်၊ဟင်္သာတ၊မအူပင်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၄၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
လွိုင်ကော်၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ကလေး၊ထားဝယ်၊မြိတ်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၂၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
ရန်ကုန်တက္ကသိုလ်
မြန်မာစာ-မြန်မာစာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
မြန်မာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
အင်္ဂလိပ်စာ-အင်္ဂလိပ်စာ ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ပထဝီဝင်-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
သမိုင်း-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဒဿနိကဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
စိတ်ပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
အရှေ့တိုင်းပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
နိုင်ငံတကာဆက်ဆံရေးပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခံရမည်။
နိုင်ငံရေးသိပ္ပံ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
မနုဿဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ရှေးဟောင်းသုတေသနပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
စာကြည့်တိုက်နှင့်သုတပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဥပဒေပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၄၀၀ရရမည်။
ဓာတုဗေဒ-ဓာတုရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ဇီဝဓာတုဗေဒ-ဓာတုနှင့်ဇီဝ ၇၀စီရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ကုန်ထုတ်ဓာတုဗေဒ-ဓာတု ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။
ရူပဗေဒ-ရူပရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
သင်္ချာ-သင်္ချာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
သတ္တဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ရုက္ခဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
အဏုဇီဝဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဘူမိဗေဒ-၆ဘာသာရမှတ် ၃၈၀ရရမည်။
အမျိုးသမီးဦးရေကို ၁၀%အထိသာ လက်ခံမည်။
မိုင်၂၀လမ်းလျှောက်နိုင်ရမည်။
ကျန်းမာရေး (က)အဆင့် ရှိရမည်။
ကွန်ပျူတာသိပ္ပံ-သင်္ချာရမှတ် ၆၅မှတ်ရရမည်။ ၆ဘာသာရမှတ် ၃၈၀ရရမည်။
ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်-အင်္ဂလိပ် ၆၀၊ဇီဝ ၇၀ ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။
ရေပညာ-အင်္ဂလိပ်စာ၆၀ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။
မန္တလေးတက္ကသိုလ်-ရန်ကုန်နှင့် အားလုံးနီးပါးတူပါသည်။
စီးပွားတက္ကသိုလ်များ
လှိုင်နယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၈၀နှင့်အထက် ရရမည်။
ရွာသာကြီးနယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
မုံရွာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်
မိတ္ထီလာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
ပညာရေးတက္ကသိုလ်များ
စစ်ကိုင်းနှင့်ရန်ကုန်တွင် ကျောင်းသားကျောင်းသူ ၆၀၀စီ လက်ခံမည်။
သိပ္ပံတွဲ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
အယောက် ၃၀၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ဝိပ္ပံတွဲ-၆ဘာသာရမှတ်၃၆၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ဝိဇ္ဇာတွဲ-၆ဘာသာရမှတ်၃၅၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
နိုင်ငံခြားသာတက္ကသိုလ်များ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်၊ဂျပန်၊ကိုရီးယား၊ရုရှား၊ထိုင်းဘာသာတို့ကို ပို့ချမည်။
ရန်ကုန်တွင် တိုးချဲ့ပို့ချမည့် English for Professional Communicationဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၅မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
မန္တလေးတွင် တိုးချဲ့ပို့ချမည့် English for Business Purposesဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၀မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
ပညာရေးဒီဂရီကောလိပ်များ-အမှတ်ကန့်သတ်မထား။
ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းခံရမည်။
သတင်းစာများတွင် သီးခြားကြော်ငြာခေါ်၍ တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်များ
အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်
မန္တလာတက္ကသိုလ်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆင်း
သစ်တောတက္ကသိုလ်၊ရေဆင်း
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ
သမဝါယမကောလိပ်များ
ယွန်းပညာကောလိပ်၊ပုဂံ
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
ရန်ကုန်နှင့်မန္တလေးမဟုတ်သော အခြားဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှာ ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲတွင် အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ပါ။
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။