New Leaf : NLIE

New Leaf : NLIE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Leaf : NLIE, Education, Sagaing.

“Global Exam Prep | GED | IELTS | Young Learners Classes | General English | Business English | Teacher Training | Business & Computer Diplomas | “Sagaing + Mandalay Campus”

ကျွန်မကလေးတွေကို Congratulations အခုမှပဲ လုပ်ရတယ်ရှင်။ ကိုယ်တိုင် အလုပ်တွေ များနေတာနဲ့… 🥹ကျွန်မရဲ့ NLIE New Leaf : NLIEန...
08/08/2026

ကျွန်မကလေးတွေကို Congratulations

အခုမှပဲ လုပ်ရတယ်ရှင်။ ကိုယ်တိုင် အလုပ်တွေ များနေတာနဲ့… 🥹

ကျွန်မရဲ့ NLIE New Leaf : NLIEနဲ့ ASP AcademyASP Academy ရဲ့ first collaboration GED Program ကနေ ဒီလထဲမှာပဲ Social Studies Exam ဖြေခဲ့ကြတာပါ။

၉ ယောက်ဖြေ၊ ၉ ယောက်လုံး Credit ရပြီး၊ ၄ ယောက်က 200 အပြည့် ရခဲ့ပါတယ်ရှင်။ 🎉

ဒီလို Result ရလာအောင် သင်ကြားပေးခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးတွေရော၊
Guide လုပ်ပေးပြီး အနီးကပ် တောက်လျှောက် Mentor လုပ်ပေးခဲ့တဲ့ Tr Thaw Aung Thida Thawကိုရော၊

ဒီ Result ရလာအောင် ကြိုးစားပေးကြတဲ့ ကျွန်မရဲ့ ချစ်ရတဲ့ကလေးတွေရော၊
ကျွန်မကို ယုံကြည်ပေးတဲ့ မိဘတွေရော၊

ပြီးတော့ ကျွန်မရဲ့ System တစ်ခုက Downfall ဖြစ်နေတဲ့အချိန်မှာ Collaboration ကို သတ္တိရှိရှိ Offer လုပ်ပေးခဲ့တဲ့ Tr Tr Winnieကိုရော

အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်ရှင်။ ❤️

ASP AcademyNew Leaf : NLIEHnin Oo

လေးစားအပ်ပါသော မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများရှင့်၊ဝါတွင်း (၃) လကာလအတွင်း New Leaf International Education (NLIE...
01/08/2026

လေးစားအပ်ပါသော မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများရှင့်၊

ဝါတွင်း (၃) လကာလအတွင်း New Leaf International Education (NLIE) ၏ သင်တန်းများကို အထက်ဖော်ပြပါရက်များတွင် ပုံမှန်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ သတ်မှတ်ထားသော အတန်းချိန်များအတိုင်း ပုံမှန်တက်ရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

NLIE မှ ဝါတွင်းကာလအတွင်း အေးချမ်းသာယာ၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဝါတွင်းသုံးလNewLeafကျောင်းဖွင့်ရက်

24/07/2026

“အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေကသာ အရည်အသွေးမြင့်တဲ့ သင်ယူသူတွေကို ဖန်တီးပေးနိုင်ပါတယ်။”

New Leaf မှာ Teaching Quality ကို အဓိကထားပြီး သောကြာနေ့တိုင်း Teacher Training ကို ပုံမှန်ပြုလုပ်ပေးနေပါတယ်။

ဒီတစ်ပတ်ရဲ့ Training Topic ကတော့ ICQs (Instruction Checking Questions) နဲ့ CCQs (Concept Checking Questions) ဖြစ်ပြီး၊ ကျောင်းသားများ နားလည်မှုကို ထိရောက်စွာ စစ်ဆေးနိုင်တဲ့ classroom techniques တွေကို လေ့ကျင့်ခဲ့ကြပါတယ်။

New Leaf က ဆရာ၊ ဆရာမများရဲ့ Professional Development ကို အစဉ်တစိုက် မြှင့်တင်ပေးလျက်ရှိပါတယ်။

We believe that investing in our teachers means investing in every student’s success. 💙

💡 Pre-GED (အခြေခံ) မှသည် GED အောင်မြင်မှုဆီသို့...💡ပညာရေးအခြေခံနည်းနေလို့ GED တက်ဖို့ တွန့်ဆုတ်နေပါသလား?GED preparationအ...
16/07/2026

💡 Pre-GED (အခြေခံ) မှသည် GED အောင်မြင်မှုဆီသို့...
💡ပညာရေးအခြေခံနည်းနေလို့ GED တက်ဖို့ တွန့်ဆုတ်နေပါသလား?

GED preparationအတန်းက‌နေ စတက်ပြီး စာမလိုက်နိုင်မှာ စိုးရိမ်နေသလား?

အနာဂတ်အတွက် GED ကို ရွေးချယ်လိုက်ပေမဲ့ အင်္ဂလိပ်စာ လိုအပ်ချက်ကြောင့်ဖြစ်စေ၊ ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်တွေ စိမ်းနေလို့ဖြစ်စေ စိတ်ပူနေရတဲ့ ကျောင်းသား/သူတွေအတွက် Pre-GED အတန်းက အကောင်းဆုံး အဖြေရှာပေးပါလိမ့်မယ်။ 🥰

🎯 Pre-GED အတန်းဟာ ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ?
၁။ Confidence ကို တည်ဆောက်ပေးခြင်း - GED ရဲ့ ခက်ခဲတဲ့ ဘာသာရပ်တွေကို တန်းမသင်ဘဲ၊ အခြေခံကစပြီး နားလည်လွယ်အောင် တဖြည်းဖြည်းချင်းအချိန်ယူပြီး သင်ယူသွားတာမို့ စာသင်ရတာ ပျော်စရာကောင်းလာပါမယ်...
၂။ အချိန်နဲ့ ငွေကြေးကို အလဟဿ မဖြစ်စေခြင်း - အခြေခံမပါဘဲ GED ကို တန်တက်ရင် စာမလိုက်နိုင်လို့ အတန်းတွေ ပြန်ပြန်တက်ရတတ်ပါတယ်.. Pre-GED က ဒါကို ကြိုတင်ကာကွယ်ပေးပါတယ်
၃။ စွမ်းရည်မြှင့်တင်ပေးခြင်း - အလွတ်ကျက်စနစ်ကနေ ကိုယ်တိုင်တွေးခေါ်နိုင်တဲ့ နိုင်ငံတကာအဆင့် မေးခွန်းပုံစံတွေကို အသားကျအောင် လေ့ကျင့်ပေးပါတယ်..

🔥 SPECIAL PROMOTION (အထူးသက်သာခွင့်များ): 🎁 အတန်းမစခင် ကြိုတင်အပ်နှံသူများအတွက် Early Bird Discount 10% ရရှိမည့်အပြင်၊ 🎁 သင်တန်းကြေးကို တစ်ခါတည်း အပြတ်ပေးသွင်းလိုသူများအတွက် Cash Down Discount 20% အထိ အထူးလျှော့ဈေး ပေးထားတာမို့ အမြန်ဆုံး အပ်နှံဖို့ လက်မလွှတ်သင့်ပါဘူးနော်။ အခွင့်အရေးကို အရယူလိုက်ပါ။ ⏰✨

🤝 ASP Academy & New Leaf International Education
🚀 Pre GED (Online Course)
မန္တလာမြေက ASP Academy နဲ့ ဇေယျာရွှေမြေက New Leaf International Education တို့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ ရုံးချိန်လွတ် Pre GED Online အတန်းလေး လာပါပြီ!

⏰ Class Details:
📅 စတင်မည့်ရက်: 12/7/2026 (ဇူလိုင်လ ၁၂ ရက်)
⏳ သင်တန်းကာလ: 4 Months (၄ လ)
🗓 အတန်းချိန်: တစ်ပတ်လျှင် (၄) ရက် - ရုံးချိန်လွတ် ညနေပိုင်းအတန်း

“အုတ်မြစ်ကောင်းမှ အဆောက်အအုံ ခိုင်ခံ့မှာပါ။" သားသားမီးမီးတို့ရဲ့ အိပ်မက်တွေဆီကို လုံခြုံစိတ်ချစွာ လှမ်းလှမ်းနိုင်ဖို့ Pre-GED ကနေ စတင်လိုက်ကြရအောင်။ 🎓✨

📞 ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်များ:
09 753 611 714 (Viber Available)
09 949 211 883
09 966 757 550
09 973 875 051

🤝 ; We Guarantee Your Progress and Success…

#

💡 Pre-GED (အခြေခံ) မှသည် GED အောင်မြင်မှုဆီသို့...💡ပညာရေးအခြေခံနည်းနေလို့ GED တက်ဖို့ တွန့်ဆုတ်နေပါသလား?GED preparationအ...
17/06/2026

💡 Pre-GED (အခြေခံ) မှသည် GED အောင်မြင်မှုဆီသို့...
💡ပညာရေးအခြေခံနည်းနေလို့ GED တက်ဖို့ တွန့်ဆုတ်နေပါသလား?

GED preparationအတန်းက‌နေ စတက်ပြီး စာမလိုက်နိုင်မှာ စိုးရိမ်နေသလား?

အနာဂတ်အတွက် GED ကို ရွေးချယ်လိုက်ပေမဲ့ အင်္ဂလိပ်စာ လိုအပ်ချက်ကြောင့်ဖြစ်စေ၊ ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်တွေ စိမ်းနေလို့ဖြစ်စေ စိတ်ပူနေရတဲ့ ကျောင်းသား/သူတွေအတွက် Pre-GED အတန်းက အကောင်းဆုံး အဖြေရှာပေးပါလိမ့်မယ်။ 🥰

🎯 Pre-GED အတန်းဟာ ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ?
၁။ Confidence ကို တည်ဆောက်ပေးခြင်း - GED ရဲ့ ခက်ခဲတဲ့ ဘာသာရပ်တွေကို တန်းမသင်ဘဲ၊ အခြေခံကစပြီး နားလည်လွယ်အောင် တဖြည်းဖြည်းချင်းအချိန်ယူပြီး သင်ယူသွားတာမို့ စာသင်ရတာ ပျော်စရာကောင်းလာပါမယ်...
၂။ အချိန်နဲ့ ငွေကြေးကို အလဟဿ မဖြစ်စေခြင်း - အခြေခံမပါဘဲ GED ကို တန်တက်ရင် စာမလိုက်နိုင်လို့ အတန်းတွေ ပြန်ပြန်တက်ရတတ်ပါတယ်.. Pre-GED က ဒါကို ကြိုတင်ကာကွယ်ပေးပါတယ်
၃။ စွမ်းရည်မြှင့်တင်ပေးခြင်း - အလွတ်ကျက်စနစ်ကနေ ကိုယ်တိုင်တွေးခေါ်နိုင်တဲ့ နိုင်ငံတကာအဆင့် မေးခွန်းပုံစံတွေကို အသားကျအောင် လေ့ကျင့်ပေးပါတယ်..

🤝 ASP Academy & New Leaf International Education
🚀 Pre GED (Online Course)
မန္တလာမြေက ASP Academy နဲ့ ဇေယျာရွှေမြေက New Leaf International Education တို့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ ရုံးချိန်လွတ် Pre GED Online အတန်းလေး လာပါပြီ!

⏰ Class Details:
📅 စတင်မည့်ရက်: 12/7/2026 (ဇူလိုင်လ ၁၂ ရက်)
⏳ သင်တန်းကာလ: 4 Months (၄ လ)
🗓 အတန်းချိန်: တစ်ပတ်လျှင် (၄) ရက် - ရုံးချိန်လွတ် ညနေပိုင်းအတန်း

“အုတ်မြစ်ကောင်းမှ အဆောက်အအုံ ခိုင်ခံ့မှာပါ။" သားသားမီးမီးတို့ရဲ့ အိပ်မက်တွေဆီကို လုံခြုံစိတ်ချစွာ လှမ်းလှမ်းနိုင်ဖို့ Pre-GED ကနေ စတင်လိုက်ကြရအောင်။ 🎓✨

📞 ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်များ:
09 753 611 714 (Viber Available)
09 949 211 883
09 966 757 550
09 973 875 051

🤝 ; We Guarantee Your Progress and Success…
#

13/06/2026

New Leaf ရဲ့ Summer Classes တွေ အပြီးမှာတော့ New Leaf ရဲ့ ယန္တရားကြီး အခုလို အောင်အောင်မြင်မြင် လည်ပတ်နိုင်အောင် အဓိက ပံ့ပိုးပေးနေကြပြီး ကျရာတာဝန်ကို မညီးမညူ ထမ်းဆောင်ရင်း အခုထိ ကျွန်မအနားမှာ ရပ်တည်ပေးနေကြတဲ့ ဆရာ၊ ဆရာမလေးတွေကို ကျေးဇူးတင်စိတ်နဲ့ ၁ ညအိပ် ၂ ရက် အပန်းဖြေခရီးလေး လိုက်ပို့ဖြစ်ခဲ့ပါတယ်။ 🤍

ဒီတစ်ခေါက် တည်းဖြစ်တာက အဓိပတိ Hill Resort က မိသားစု ၁၀ ယောက်လောက် နေလို့ရတဲ့ bungalow လေးမှာပါ။

စျေးနှုန်းလည်း သင့်တင့်ပြီး ရှုခင်းလေးကလည်း လှတယ်။ မြို့ရဲ့ hilly part မှာရှိတော့ အပေါ်စီးကနေ တစ်မြို့လုံးရဲ့ ရှုခင်းကို မြင်ရတာ အရမ်းသဘောကျစရာကောင်းတယ်။ ပေးရတဲ့စျေးနဲ့ဆို တန်တယ်လို့ပဲ ပြောရမယ်။ မနက်စာ breakfast လည်း ပါသေးတယ်။ ☕️

ဒီခရီးက သူတို့လေးတွေ အပန်းဖြေဖို့ သက်သက်သွားတာမို့ ဘာလုပ်ချင်လဲဆိုတာ သူတို့ကိုယ်တိုင် ရွေးခိုင်းထားတာပေါ့။

ပထမဆုံး Governor’s House ထဲ ဝင်လေ့လာချင်တယ်ဆိုလို့ အရင်ဆုံး အဲ့ဒီကို သွားဖြစ်ကြတယ်။

ပြီးတော့ BE Falls…

အခါတိုင်း ကျောင်းသား၊ ကျောင်းသူတွေနဲ့ သွားရတော့ ဆရာ၊ ဆရာမလေးတွေက တာဝန်တွေနဲ့ပဲ အလုပ်ရှုပ်နေရတာ။ စိတ်လွတ်ကိုယ်လွတ် လည်ဖို့ အချိန်မရဘူး။

ဒီတစ်ခေါက်တော့ “BE Falls ကို အနှံ့ပတ်ပြီး လည်လိုက်ရတာ အရမ်းပျော်တယ်” ဆိုပြီး ပြောနေကြတာ ကြားရတော့ ကျွန်မပါ ပျော်မိတယ်။ 🤭

ညနေဘက်မှာတော့ ညစျေးတန်းက စားစရာလေးတွေ ဝယ်လာပြီး Resort မှာပဲ ဝိုင်းဖွဲ့စားကြတယ်။

ကျောင်းက ယူသွားတဲ့ projector လေးနဲ့ ရုပ်ရှင်ကြည့်ကြတယ်။

ပြီးတော့ Truth or Dare ဆော့ကြတယ်။ 🤭😅

နောက်နေ့ကျတော့ အားရပါးရ အိပ်ကြပြီး နေမြင့်မှ အိပ်ရာထကြတယ်။

Resort က မနက်စာ စားပြီးတာနဲ့ သုင်္မလာစျေးက Go Go Ninja Park ကို သွားဆော့ကြပြန်တယ်။

ကျွန်မလည်း သူတို့နဲ့အတူ လိုက်ဆော့တာပေါ့။ 🤭

Anyhow…

ကျွန်မတို့အားလုံးမှာ recharge လုပ်ဖို့၊ recreation နဲ့ relaxation လေးတွေ လိုအပ်တယ် မဟုတ်လား။

သူတို့လေးတွေ ပျော်ရွှင်နေကြတာကို ကြည့်ရင်း ကျွန်မက ပိုပျော်ရပါတယ်။

New Leaf ရဲ့ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ အမြဲတမ်း အားစိုက်ပေးနေကြတဲ့ ဒီချစ်စရာ ဆရာ၊ ဆရာမလေးတွေကို အမြဲကျေးဇူးတင်ပါတယ်။ 🤍🌱

07/06/2026

🤔စာသင်ခန်းထဲ ဝင်လာတဲ့ ကလေးတိုင်းဟာ စာသင်ဖို့ရာအဆင်သင့်ဖြစ်နေကြတာ မဟုတ်ပါဘူး။

🔥Warming-up လို့ခေါ်တဲ့ “သွေးပူလေ့ကျင့်ခန်း” ဟာ ဘယ်လိုသင်ယူမှု၊ လေ့ကျင့်မှု၊ တိုးတက်မှုမျိုးမှာမဆို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

🏋️‍♀️ဥပမာအားဖြင့် Warming-up မလုပ်ဘဲ Workout လုပ်မယ်ဆိုရင် ကြွက်သားဒဏ်ရာရနိုင်သလို နာကျင်မှုတွေ ခံစားရနိုင်ပြီး လိုချင်တဲ့ Result ကို ရရှိဖို့လည်း ပိုမိုခက်ခဲနိုင်ပါတယ်။

📖အလားတူပဲ Young Learners လေးတွေကို Warming-up Activity မလုပ်ဘဲ စာသင်ကြားမယ်ဆိုရင်လည်း ထိရောက်တဲ့ သင်ကြားသင်ယူမှု ဖြစ်ပေါ်လာဖို့ မလွယ်ကူပါဘူး။

ကလေးတွေ သွေးပူသွားတဲ့အခါ…

✨ ဒီစာသင်ခန်းက လုံခြုံတယ်
✨ ပျော်စရာကောင်းတယ်
✨ နွေးထွေးတယ်
✨ ကိုယ့်ကိုယ်ကို ယုံကြည်စွာ ပါဝင်နိုင်တယ်

ဆိုတဲ့ ခံစားချက်တွေ ရရှိလာပါတယ်။💛

🌱💁‍♀️အဲဒီလို စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်သွားတဲ့အခါ တစ်နေ့တာ သင်ခန်းစာတွေကို ပိုမိုတက်ကြွစွာ၊ ပိုမိုပျော်ရွှင်စွာ၊ ပိုမိုအာရုံစိုက်စွာ သင်ယူနိုင်ပြီး သင်ယူမှုရလဒ်တွေလည်း ပိုမိုကောင်းမွန်လာပါတယ်။

🎯New Leaf ရဲ့ Weekend English Classes တွေမှာတော့ သင်ခန်းစာမစခင် Warming-up Activities တွေကို အမြဲထည့်သွင်းအသုံးပြုပြီး ကလေးတွေရဲ့ သင်ယူမှုကို ပိုမိုထိရောက်စေဖို့ရာ အမြဲဦးစားပေး ပါတယ် …

New Leaf: NLIE တွင် အောက်ပါ Teaching Positions များအတွက် လျှောက်ထားနိုင်ပါသည်။🌟 1) Assistant Teacher (1) ဦး📌 CEFR Pre-In...
07/06/2026

New Leaf: NLIE တွင် အောက်ပါ Teaching Positions များအတွက် လျှောက်ထားနိုင်ပါသည်။

🌟 1) Assistant Teacher (1) ဦး

📌 CEFR Pre-Intermediate Level နှင့်အထက်
📌 တက္ကသိုလ်တက်ရောက်ဆဲ သို့မဟုတ် ဘွဲ့ရ
📌 စာသင်ကြားခြင်းကို အသက်မွေးဝမ်းကျောင်းအဖြစ် ရပ်တည်လိုသူ
📌 ကလေးများကို ချစ်ခင်နားလည်သူ
📌 စိတ်ရှည်၍ သင်ယူလိုစိတ်ရှိသူ
📌 Teamwork ကောင်းမွန်သူ

🌟 2) English Class Teacher (1) ဦး

📌 CEFR B1 Level နှင့်အထက်
📌 Young Learners Teaching Experience (2) နှစ်နှင့်အထက်
📌 ဘွဲ့ရရှိပြီးသူ
📌 ကလေးများကို နားလည်ချစ်ခင်စွာ သင်ကြားနိုင်သူ
📌 Classroom Management & Lesson Planning တတ်မြောက်သူ
📌 တာဝန်ယူမှု အပြည့်အဝရှိသူ

🎁 အခွင့်အလမ်းများ (Both Positions)

🌱 Professional Teacher Training Programs များတွင် ဆက်လက်တက်ရောက်ခွင့်
🌱 Teaching Skills & Classroom Experience တိုးတက်စေမည့် အခွင့်အလမ်း
🌱 Experienced Teachers များနှင့် လက်တွဲသင်ယူခွင့်
🌱 June 12 Training Program တွင် အခမဲ့ ပါဝင်ခွင့်

New Leaf တွင် အောက်ပါ Teaching Positions များအတွက် လျှောက်ထားနိုင်ပါသည်။🌟 1) Assistant Teacher (2 ) ဦး📌 CEFR B1Level📌 တက...
07/06/2026

New Leaf တွင် အောက်ပါ Teaching Positions များအတွက် လျှောက်ထားနိုင်ပါသည်။

🌟 1) Assistant Teacher (2 ) ဦး

📌 CEFR B1Level
📌 တက္ကသိုလ်တက်ရောက်ဆဲ သို့မဟုတ် ဘွဲ့ရ
📌 စာသင်ကြားခြင်းကို အသက်မွေးဝမ်းကျောင်းအဖြစ် ရပ်တည်လိုသူ
📌 ကလေးများကို ချစ်ခင်နားလည်သူ
📌 စိတ်ရှည်၍ သင်ယူလိုစိတ်ရှိသူ
📌 Teamwork ကောင်းမွန်သူ

🌟 2) English Class Teacher (1) ဦး

📌 CEFR B3 Level နှင့်အထက်
📌 Young Learners Teaching Experience (2) နှစ်နှင့်အထက်
📌 ဘွဲ့ရရှိပြီးသူ
📌 ကလေးများကို နားလည်ချစ်ခင်စွာ သင်ကြားနိုင်သူ
📌 Classroom Management & Lesson Planning တတ်မြောက်သူ
📌 တာဝန်ယူမှုရှိပြီးအသင်းအဖွဲ့ကို ဦးဆောင်လက်တွဲဆောင်ရွက် နိုင်သူ

🎁 အခွင့်အလမ်းများ (Both Positions)

🌱 Professional Teacher Training Programs များတွင် ဆက်လက်တက်ရောက်ခွင့်
🌱 Teaching Skills & Classroom Experience တိုးတက်စေမည့် အခွင့်အလမ်း
🌱 Experienced Teachers များနှင့် လက်တွဲသင်ယူခွင့်
🌱 June 12 Training Program တွင် အခမဲ့ ပါဝင်ခွင့်

📩 လျှောက်ထားလိုပါက

🏫 New Leaf Education Centre
လေးကျွန်းမြေရပ်၊ စစ်ကိုင်းမြို့

📧 [email protected]

လူကိုယ်တိုင်ဖြစ်စေ / Email ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

New Leaf မှ Teacher Training Program (4 Weeks) ဖွင့်လှစ်ပါမည်ဘယ်သူတွေ တက်ရောက်နိုင်လဲ ❓ ✨စစ်ကိုင်းမြို့တွင်း နေထိုင်ပီး ...
03/06/2026

New Leaf မှ Teacher Training Program
(4 Weeks) ဖွင့်လှစ်ပါမည်

ဘယ်သူတွေ တက်ရောက်နိုင်လဲ ❓
✨စစ်ကိုင်းမြို့တွင်း နေထိုင်ပီး လက်ရှိ အင်္ဂလိပ်စာသင်ကြားနေသူ ( တခြားဘာသာသင်ကြားသူများလည်း တက်ရောက်နိုင်သည် ) …

✨(English) စာသင်ကြားမှုမှာ ပိုမိုယုံကြည်မှုရှိပြီး ထိရောက်တဲ့ဆရာ/ဆရာမတစ်ယောက် ဖြစ်ချင်သူ…

✅4-Week Practical Teacher Training Program မှာ လက်တွေ့အသုံးဝင်တဲ့ Teaching Skills များကို လေ့လာနိုင်ပါသည်။

📚 သင်ကြားမည့် အကြောင်းအရာများ
✔️ ကလေးများ၏ သင်ယူပုံ (How Children Learn)
✔️ ဆရာ၏ အခန်းကဏ္ဍ (Role of the Teacher in Modern Classroom)
✔️ မေးခွန်းမေးနည်းများ (Effective Questioning Techniques)
✔️ Instruction ပေးနည်းများ (Giving Clear Instructions)
✔️ Assessment ပြုလုပ်နည်းများ (Classroom Assessment Techniques)

🎯 Program ထူးခြားချက်များ
✔️ လက်တွေ့ Teaching Practice
✔️ Weekend Teaching Demonstration
✔️ Classroom Activities
✔️ Certificate ပေးအပ်မည်

📅 သင်တန်းကာလ – 4 Weeks
စတင်မည့်ရက် - 12.6.2026
🕐 သောကြာနေ့တိုင်း
⏰ 1:00 PM – 3:00 PM

🎤 Weekend Teaching Demonstration ပါဝင်မည်

📍 သင်တန်းနေရာ
New Leaf International Education (NLIE Sagaing Campus)
လေးကျွန်းမြေရပ်၊ စစ်ကိုင်းမြို့
ဆက်သွယ်ရန် ရုံးဖုန်း - 09 973875051

Address

Sagaing

Alerts

Be the first to know and let us send you an email when New Leaf : NLIE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to New Leaf : NLIE:

Shortcuts

Share

Category