12/07/2020
#မပြိုင်မီကရှုံးနှင့်ပြီ တော့ မဖြစ်စေချင်🙂
ဥပမာ ။ ။
ကျောင်း(သို့)အလုပ် တခုခုနဲ့
ဂျပန်ကိုသွားဖို့အစီအစဉ်ရှိလို့
ဂျူလိုင်၂၀၂၀ JLPTမှာ N4ကိုဖြေဘို့
ရည်ရွယ်ထားခဲ့တယ်ဆိုပါစို့
တကယ်လို့သာ Covidကြောင့် စာမေးပွဲက
တနှစ်တိတိနောက်ဆုတ်သွားခဲ့ပြီဆိုရင်
ဟိုလိုလိုသည်လိုလို မတွေဝေ/အချိန်မဆွဲပဲ
ပြတ်ပြတ်သားသားရွေးချယ်စရာက
(ဒီအတိုင်းလေး အရှုံးပေးလိုက်တော့မှာလား
ဆက်ပြီးနိုင်အောင်တိုက်မှာလား)၂ခုပဲရှိမှာပါ
ဂျပန်စာ/စကားကို ဆက်မလေ့လာတော့ပဲ
တခြားလမ်းကြောင်းအသစ်တခုပြောင်းမယ်လို့
ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့
ဘာမှပြောစရာမရှိတော့ပေမယ့်
ဂျပန်လို ဆက်လေ့လာမယ်ဆိုရင်တော့
ရင်းနှီးမြုတ်နှံမှုကို အတိုးရောအရင်းပါပေါင်းပြီး ၂ဆတိုး ကြိုးစားမှ တန်ပါလိမ့်မယ်
လေ့လာနေတာကို N4အဆင့်မှာပဲခနရပ်ထား
နောက်နှစ်ဆန်းကျမှပဲ ပြန်နွေးလိုက်ပြီး
ဂျူလိုင်မှာ N4ဝင်ဖြေမယ်လို့လည်း
လူပြိန်းတွေး တွေးလို့ရပေမယ့်
ပြိုင်ဘက်နိုင်ငံတွေက လူငယ်တွေကတော့
အဲ့ဒီလိုတွေးကြမယ်မထင်ပါဘူး
N4အဆင့်ကနေ ဒီတနှစ်လုံးကုံးကြုံးကြိုးစားပြီး
N2လက်မှတ်ကို ရအောင်ယူသွားကြမယ်လို့သာ
သူတို့တွေးကြရင်တော့
(လုပ်ငန်းရှင်တွေက လူရွေးဖို့အင်တာဗျူးချိန်မှာ
အရည်အချင်းတွေက ပြတ်၂သား၂ကွာနေမှာပါ)
အဲ့ဒီလိုသာဖြစ်သွားမယ်ဆိုရင်
အနိုင်မခံအရှုံးမပေး အပြိုင်အဆိုင်နွှဲကြရမယ့် နိုင်ငံတကာပွဲမှာ မပြိုင်ခင်အခုကတည်းက
(ငါတို့)ရှုံးနှင့်နေပြီပေါ့
ကဲ ဘာလုပ်ကြမှာလဲ ပြောကြည့် ကြည့်
COVIDအခါ ခွင့်မသာ
#ကစားမလား #နားမလား
အမိုးအကာအောက်မှာ အဲယားကွန်းခန်းထဲမှာ
လုံလုံခြုံခြုံသန့်သန့်ပြန့်ပြန့် လုပ်ချင်တာလား
ရာသီဥတုဒဏ်ခံပြီး စိုက်ပျိုး/ဆောက်လုပ်ရေး အလုပ်ကြမ်းတွေ လုပ်ချင်တာလား
ကိုယ့်ကိုကိုယ်ပဲ ပြန်မေးကြည့်ကြပါ
Credit to kyaw myint oo
11/07/2020
2020 July တွင် ကျင်းပမည့် Japanese-Language Proficiency Test (JLPT) စာမေးပွဲကြေးပြန်လည်ထုတ်ပေးခြင်း နှင့်ပတ်သက်၍
အသိပေးကြေညာခြင်း
၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) စာမေးပွဲ လျှောက်လွှာတင်ထားသည့် စာဖြေသူများကို စာမေးပွဲကြေး ပြန်လည်ထုတ်ပေးခြင်း (သို့) စာမေးပွဲကြေး ပြန်လည်မထုတ်ယူလိုသူများအား ဒီဇင်ဘာလတွင် စာမေးပွဲဖြေရန်လျှောက်ထားခွင့်ပြုမည်ဟု ၂၀၂၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
သို့သော်လည်း ဒီဇင်ဘာလတွင် စာမေးပွဲကျင်းပရန်အတွက်စာဖြေဌာန (Test Site)များ အဖြစ်ပြုလုပ်မည့် တက္ကသိုလ်နှင့် ကျောင်းစသည့်နေရာများမှ လက်ခံကျင်းပခွင့်များကို ယခုအချိန်တွင် အတည်ပြုချက် မရယူနိုင်သေးပါ။ ထို့ပြင် စာမေးပွဲကျင်းပခွင့်ကိုလည်းရရှိနိုင်ရန် မသေချာသေးသည့်အတွက်၊ ဇူလိုင်လ စာမေးပွဲအတွက် လျှောက်လွှာတင်ထားသူ အားလုံး အား စာမေးပွဲကြေးများကို ပြန်လည်ထုတ်ပေး သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လူစုလူဝေးဖြစ်ပေါ်မှုအား ရှောင်ရှားနိုင်ရန် စာမေးပွဲကြေးပြန်လည်ထုတ်ယူခြင်းအား အောက်ဖော်ပြပါ အတိုင်း Online မှသာ လျှောက်ထားရန်နှင့် AYA PAY ၊ KBZ PAY ၊ ဘဏ်အကောင့်များဖြင့် ငွေလွှဲပေးမည် ဖြစ်ပါသည်။ ဂျပန်ဘာသာသင်တန်းကျောင်းများအနေဖြင့် မိမိတို့သင်တန်းကျောင်းမှ လျှောက်လွှာတင်ထား သော စာဖြေသူများ အတွက် တစုတစည်းတည်း ပြန်လည်လျှောက်ထား ထုတ်ယူနိုင်ပါသည်။
ကိုဗစ်ရောဂါပြန့်ပွားမှုအား ထိန်းချုပ်နေရသည့် ကာလဖြစ်ပါသောကြောင့် စာဖြေသူများအနေဖြင့် သဘောပေါက်နားလည်ပြီး၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁။ တစ်ဦးချင်း လျှောက်ထားသူများ အတွက်
(၁) ပြန်လည်ထုတ်ယူရန် လျှောက်ထားခြင်း
ပူးတွဲပါ လျှောက်လွှာတွင်ဖြည့်သွင်းပြီး အောက်ဖော်ပြပါ သတ်မှတ်စာရွက်စာတမ်းများ၏ ဓါတ်ပုံ(သို့) Scan ဒေတာကို သက်ဆိုင်ရာ စာဖြေဌာန အလိုက် သက်မှတ်ထားသော E-mail (သို့မဟုတ်) Viber သို့ ပေးပို့လျှောက်ထားရမည်။
**(လူကိုယ်တိုင် လာရောက်လျှောက်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။)
(က) လျှောက်ထားသော စာဖြေသူများ၏ စာမေးပွဲဖြေဆိုခွင့်လက်မှတ် (စာမေးပွဲဖြေဆိုခွင့် လက်မှတ်ထုတ်ပြီးသူများ) (သို့မဟုတ်) ငွေသွင်းပြေစာ (စာမေးပွဲဖြေဆိုခွင့်လက်မှတ် မထုတ်ရသေးသူများ)
(ခ) လျှောက်ထားစဉ်က အသုံးပြုထားသော စာဖြေသူ၏ သက်သေခံကတ်ပြားများ
AYA PAY (https://play.google.com/store/apps/details?id=com.ayaplus.subscriber&hl=en)
KBZ PAY (https://play.google.com/store/apps/details?id=com.kbzbank.kpaycustomer&hl=en)
စာဖြေသူများအနေဖြင့် KBZ PAY (သို့မဟုတ်) AYA PAY အကောင့် (LEVEL-2) ရှိရမည်ဖြစ်သည်။ (မရှိပါက Play Store/App Store မှ Download ပြုလုပ်နိုင်ပါသည်။) (မှတ်ချက်။ စာဖြေသူအမည်ဖြင့် ကိုယ်ပိုင်အကောင့် (LEVEL-2) ဖြစ်ရပါမည်။)
မှတ်ချက်။ တစ်ဦးချင်း လျှောက်ထားသည့်စာရင်းတွင် တစ်ဦးထက် ပိုပါက လာရောက်လျှောက်ထားသူ က ကျန်စာဖြေသူများအတွက် တာ၀န်ယူထားသူဖြစ်ရမည်။
၂။ သင်တန်းကျောင်းအနေဖြင့် လျှောက်ထားသူများအတွက်
သင်တန်းကျောင်းမှ မိမိသင်တန်းသားများအတွက် လျှောက်လွှာတင်ထားသော စာမေးပွဲကြေးများကို ကျောင်းအနေဖြင့် တစုတစည်းတည်း လျှောက်ထားထုတ်ယူနိုင်ပါသည်။ စာမေးပွဲကြေး ငွေပမာဏ များပြားသည့်အတွက် AYA Bank (သို့မဟုတ်) KBZ Bank ဘဏ်အကောင့်သို့ တိုက်ရိုက်လွှဲပေးသည့် စနစ်ဖြင့် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ကျောင်းအနေဖြင့် ပြန်လည်ထုတ်ယူရာ တွင် ပူးတွဲပါ လျှောက်လွှာတွင်ဖြည့်သွင်းပြီး အောက်ဖော်ပြပါ သတ်မှတ်စာရွက်စာတမ်းများ၏ ဓါတ်ပုံ(သို့) Scan ဒေတာကို သက်ဆိုင်ရာ စာဖြေဌာန အလိုက် သက်မှတ်ထားသော E-mail (သို့မဟုတ်) Viber သို့ ပေးပို့လျှောက်ထားရမည်။
(က) လျှောက်လွှာတင်ထားသည့် ကျောင်းသားစာရင်း (Level ခွဲရေးပေးပါရန်)
(ခ) စာမေးပွဲဖြေဆိုခွင့်လက်မှတ်များ (စာမေးပွဲဖြေဆိုခွင့်လက်မှတ်ထုတ်ပြီးသူများ) (သို့မဟုတ်)
ငွေသွင်းပြေစာ (စာမေးပွဲဖြေဆိုခွင့်လက်မှတ် မထုတ်ရသေးသူများ)
(ဂ) ဘဏ်အကောင့် ပိုင်ရှင်၏ မှတ်ပုံတင်
၃။ စာမေးပွဲကြေးပြန်လည်ထုတ်ယူခြင်းလျှောက်လွှာအား လက်ခံမည့်ကာလ
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက် မှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၁)ရက် အတွင်း
၄။ လျှောက်ထားသူများအား စာမေးပွဲကြေးပြန်လည်ထုတ်ပေးမည့် ကာလ
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက် မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် အတွင်း
၅။ လျှောက်လွှာပေးပို့ရန်
- ရန်ကုန် စာဖြေဌာန
Email- [email protected] (သို့မဟုတ်) Viber- 09962751373
- မန္တလေး စာဖြေဌာန
Email- [email protected] (သို့မဟုတ်) Viber- 09255162533
- ပဲခူး စာဖွဌောန
- Email- [email protected] (သို့မဟုတ်) Viber- 09692288751
ရုံးချိန် - မနက် ၁၀:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။ (၁၂:၃၀ နာရီမှ ၁:၀၀နာရီ ထမင်းစားခနပိတ်ပါသည်။) စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်။
၆။ အထက်ပါ နည်းလမ်းများဖြင့် ငွေပြန်ထုတ်ရန် အဆင်မပြေသူများအနေဖြင့် ယခုဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် (၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ မှ ၂၀၂၀ ခုနှစ် နို၀င်ဘာလ (၃၀) ရက်နေ့ အတွင်း) ဖုန်းဖြင့်ကြိုတင် ရက်ချိန်း (Appointment) ယူပြီးလျှောက်ထားရမည်ဖြစ်သည်။ အသေးစိတ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလကုန်တွင် ထပ်မံကြေညာပေးသွားပါမည်။
JLPT စာမေးပွဲကျင်းပရေး ကော်မတီ (မြန်မာ)
အသေးစိတ်၀င်ေရာက်ကြည့်ရှုရန် နှင့် ဖောင်ဒေါင်းလုပ်ရယူရန် -
https://www.ascoja-maja.org.mm/frontend/jlptDetail/42
Notification concerning the Refund of Exam Fee for
Japanese Language Proficiency Test July 2020
It has already been notified and announced on April 29th 2020 regarding the refund for applicants who had applied for the Japanese Language Proficiency Test (JLPT) exam in July 2020 ( OR ) for those applicants who did not want the refund yet and were willing to carry it over for the JLPT exam in December 2020.
Up till this moment, we have NOT received any approval nor confirmation from the universities, schools and various test sites concerned for JLPT exams to be conducted.
That is why we have decided to REFUND JLPT exam fee for ALL applicants for July 2020.
To avoid a huge public gathering, please apply ONLY online as instructed below and money will be transferred VIA bank accounts ONLY at AYA PAY, KBZ PAY, and/or individual bank accounts.
For Japanese Language schools, you can re-apply refund for your students that have applied as ONE group and NOT as individuals.
We request and hope that each and everyone will cooperate with us, for all this inconvenience so as to control and avoid spread of the Coronavirus.
I. FOR INDIVIDUAL APPLICANTS
1. To apply for refund :
Fill out the attached application form and submit a photo ( or ) a scan data to Email(or ) Viber according to your individual designated test site.
(You are requested NOT to come and apply in person).
(a) Test Voucher (for those who already have it) OR a receipt ensuring the payment of exam fee (for those who haven’t received the Test Voucher).
(b) Examinee’s ID Card
Remark: For the application of more than one examinee, the applicant much be a person who can take a responsibility for all applicants.
AYA PAY (https://play.google.com/store/apps/details?id=com.ayaplus.subscriber&hl=en)
KBZ PAY (https://play.google.com/store/apps/details?id=com.kbzbank.kpaycustomer&hl=en)
Applicants MUST have a AYA / KBZ PAY account (LEVEL-2) at any one of the above mentioned. (If NOT, please download from Play store/App store and create an account at the above mentioned.)
NOTE: It is necessary the personal account MUST be under your own name.
II. FOR APPLICANTS FROM JAPANESE LANGUAGE SCHOOLS.
A large amount of exam fee is involved. So that large sum will be transferred directly to either AYA Bank OR KBZ Bank accounts.
Please fill out the attached form, download the photo or Scan data and send to Email OR Viber according to your individual designated test sites.
(a) Student list should be according to their levels.
(b) Test Voucher (for those who already have it OR receipt showing your payment for exam fee (for those who have not yet received the Test Voucher).
(c) NRC Card of bank account holder ( Owner )
III. Date to apply for refund
From 13th July 2020 Till 31st August 2020
IV. Date for refund
From 21st July 2020 Till 30th September 2020
V. Online Submission of Applications
- Yangon Test Site
Email- [email protected] ( or ) Viber- 09962751373
-Mandalay Test Site
Email- [email protected] ( or ) Viber- 09255162533
-Bago Test Site
Email- [email protected] ( or ) Viber – 09692288751
VI. For those who have difficulty or any inconvenience for the above, please ring and ask for appointment (From 1st October 2020 till 30th November 2020) to control and avoid spread of the Coronavirus.
Further detailed information will be announced at the end of September 2020.
Get more information and for application form download link
https://www.ascoja-maja.org.mm/frontend/jlptDetail/42
JLPT Exam Committee ( Myanmar )
25/06/2020
「特定技能」တိုခုတဲဂိနိုး ဗီဇာနဲ့Convenience store(コンビニ)အတွက်အလုပ်သမားခေါ်ယူဖို့ လက်ရှိအာဏာရပါတီ(LDP)စီမံဆောင်ရွက်နေသည်ဟုသိရှိရပါတယ်။
#ဦးစားပေးခေါ်ယူမည့်နိုင်ငံ၅နိုင်ငံတွင်မြန်မာနိုင်ငံထိပ်ဆုံတည်ရှိနေ။
#မြန်မာ
#ကမ်ဘောဒီယား
#နီပေါ
#အင်ဒိုနီးရှာ
#ဖီလစ်ပိုင်
၂၀၂၁ခုနှစ်တွင်လက်ရှိဂျပန်နိုင်ငံတွင်းရှိနိုင်ငံခြားသား(၄၅၅၀)ဦးနှင့်ပထမဦးစားပေး၅နိုင်ငံမှာလုပ်သား(၁၅၀၀)ဦး
၂၀၂၂ခုနှစ်တွင်လက်ရှိဂျပန်နိုင်ငံတွင်းရှိနိုင်ငံခြားသား(၄၅၅၀)ဦးနှင့်ပထမဦးစားပေး၅နိုင်ငံမှာလုပ်သား(၅၀၀၀)ဦး
၂၀၂၃ခုနှစ်တွင်လက်ရှိဂျပန်နိုင်ငံတွင်းရှိနိုင်ငံခြားသား(၄၅၅၀)ဦးနှင့်ပထမဦးစားပေး၅နိုင်ငံမှာလုပ်သား(၇၅၀၀)ဦး ခေါ်ယူသွားမည်ဟုသိရှိရ။
အနိမ့်ဆုံးဂျပန်ဘာသာအရည်အချင်းJLPT N3
#လက်ရှိဂျပန်စာသင်ကြားနေသောကျောင်းသားများနောက်၆လအတွင်းN3အောင်ဖို့အစွမ်းကုန်ကြိုးစားဖို့လိုအပ်ပါတယ်။
https://r.nikkei.com/article/DGXMZO60296810S0A610C2EA3000?n_cid=DSPRM1489
Credit
Pin
2020/06/13(土)
コンビニも「特定技能」に 外国人受け入れで自民提言
自民党は外国人労働者の受け入れに関する提言を近くまとめる。「特定技能」対象業種にコンビニエンスストアを追加するよう求める。新型コロナウイルスの感染拡大で解雇された場合の救済措置も盛り込む。政府が7月
29/04/2020
2020 July တွင် ကျင်းပမည့် Japanese-Language Proficiency Test (JLPT) ရပ်ဆိုင်းခြင်းအား
အသိပေးကြေညာခြင်း
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Novel coronavirus ရောဂါ (COVID-19) ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက် နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၇ ရက် နေ့စွဲပါ ထုတ်ပြန်ချက်တွင် တတ်နိုင်သလောက် အိမ်တွင်းတွင်သာ နေထိုင်ပါရန်၊ လူစုလူဝေး ရှိရာနေရာသို့ မသွားပါရန်၊ တခြားသူများနှင့် အနည်းဆုံး ၆ပေ အကွာမှသာ ပြောဆိုဆက်ဆံပါရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုအပြင်သို့ ထွက်သည့်အခါတိုင်း နှင့် တခြားသူများနှင့် ၆ ပေ အတွင်းတွင် ပြောဆိုဆက်ဆံ ရသည့်အခါတိုင်း စနစ်တကျအသုံးပြုပါရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အခြေအနေများမှ လွဲ၍ လူ ၅ ဦး အထက် စုဝေးခြင်းကို လုံးဝ ရှောင်ကြဉ်ပါရန် စသည်တို့ ညွှန်ကြားပါရှိပါသည်။
၂။ သို့ဖြစ်ပါ၍ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်) နှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း ( MAJA ) တို့ အနေဖြင့် အဆိုပါ ညွှန်ကြားချက်များကို အလေးအနက်ထား လိုက်နာသောအားဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၅ရက်နေ့တွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပဲခူး မြို့တို့၌ ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို မကျင်းပရန် ဆုံးဖြတ်ပါသည်။
၃။ အလားတူ အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင် တို့မှလည်း မကျင်းပဖြစ်ကြောင်း သိရှိရပါသည်။ (https://www.jlpt.jp/e/topics/202004141586826111.html)
၄။ စာမေးပွဲရပ်ဆိုင်းမှုနှင့် ပတ်သက်၍ ဖြေဆိုလိုသူတို့၏ အဆင်မပြေမှုများအတွက် အနူးအညွတ်ထားတောင်းပန်အပ်ပါသည်။
၅။ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ရပ်ဆိုင်းခြင်း နှင့်ပတ်သက်၍ လျှောက်လွှာတင်ထားသူများ အတွက် (ဂျပန်ဖောင်ဒေးရှင်း မှ သက်ဆိုင်ရာ နိုင်ငံများရှိ JLPT စာမေးပွဲ ကျင်းပရေး အဖွဲ့အစည်းများအတွက် ထုတ်ဝေထားသော (Instruction for Host Institution) ) အရ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၂၀၂၀ ခုနှစ် ဇူလိုင်လ စာမေးပွဲအတွက် လျှောက်လွှာတင်ထားသူများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် စာမေးပွဲကြေး (လျှောက်လွှာကြေးမပါ) များကို ပြန်လည်ထုတ်ယူနိုင်ပါသည်။
မှတ်ချက် +++ စာမေးပွဲကြေး ပြန်လည်ထုတ်ယူနိုင်မည့် နေ့ရက်ကို နိုင်ငံတော် အစိုးရ၏ ကြေငြာချက်များအပေါ် မူတည်၍ ထပ်မံ အသိပေးကြေငြာပေးမည်ဖြစ်ပါသည်။ +++
(၁) စာမေးပွဲကြေး ပြန်လည်မထုတ်ယူလိုသူများ
(က) ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် စာမေးပွဲတွင်သာ ၀င်ရောက်ဖြေဆိုခွင့်ရှိပါမည်။
(ခ) ၂၀၂၀ ခုနှစ် ဇူလိုင်လအတွက် လျှောက်ထားခဲ့သည့် LEVEL နှင့် Test Site အတိုင်းသာ ပြန်လည်ဖြေဆိုခွင့်ရှိပါမည်။
(ဂ) ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ဖြေဆိုရန် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွက် သက်မှတ်ထားသော လျှောက်လွှာကို ၀ယ်ယူ ဖြည့်သွင်းပြီး လျှောက်ထားရပါမည်။
မှတ်ချက် ++ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွက် လျှောက်လွှာလက်ခံမည့် အချိန်ဇယား အသေးစိတ်ကို
ထပ်မံအသိပေး ကြေငြာပါမည်။
(၂) စာမေးပွဲကြေး ပြန်လည်ထုတ်ယူလိုသူများ
စာမေးပွဲကြေး (လျှောက်လွှာကြေးမပါ) များကို စာမေးပွဲ ကျင်းပရန် စီစဉ်ထားသည့်ရက် (ဇူလိုင်လ ၅ ရက်) မှ တစ်လအတွင်း ထုတ်ပေးမည်ဟု ဂျပန်ဖောင်ဒေးရှင်း မှ သတ်မှတ်ထားသောကြောင့် အောက်ပါအစီအစဉ်အတိုင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။
(က) ကျောင်းအနေဖြင့် အုပ်စုလိုက် လျှောက်ထားသူများ
ကျောင်းအနေဖြင့် အုပ်စုလိုက် လျှောက်ထားသူများအား ငွေသားပြန်လည်ထုတ်ပေးခြင်း (သို့မဟုတ်) ဘဏ်မှ လွှဲပေးခြင်းများ ဆောင်ရွက်ပေးပါမည်။
(ခ) တစ်ဦးချင်း လျှောက်ထားသူများ
တစ်ဦးချင်းလျှောက်ထားသူများ အနေဖြင့် ငွေသားထုတ်ယူနိုင်ပါမည်။
*** စာမေးပွဲကြေး ပြန်လည်ထုတ်ယူရာတွင် TEST VOUCHER (သို့မဟုတ်) ငွေသွင်းလက်ခံ (Receipt) တင်ပြရပါမည်။ ***
မှတ်ချက် ++ COVID-19 ကြောင့် နိုင်ငံတော်အဆင့် လမ်းညွှန်မှုများနှင့် အညီ စာမေးပွဲကြေး ထုတ်ယူနိုင်မည့် ရက်ကို ပြန်လည်ကြေငြာပေးသွားမည်ဖြစ်ပါသည်။
၂၀၂၀ ခုနှစ် ဇူလိုင်လ စာမေးပွဲအတွက် လျှောက်လွှာတင်စဉ်အတွင်း အဆင်မပြေမှုများ ရှိခဲ့သည့်အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။
စာဖြေသူအရေအတွက်များပြားလာနိုင်မှု့ကို ခန့်မှန်းပြီး အားလုံးအဆင်ပြေအောင် ပြင်ဆင်ထားခဲ့ပါသည်။ ပဲခူး ကိုလည်း စာဖြေဌာန အသစ် တိုးချဲ့ပြီး အသုံးပြုထားပါသည်။ လျှောက်လွှာတင်ချိန်တွင် မှန်းထားသည်ထက် အလွန်များပြားသည်ကို တွေ့ရပါသည်။ အချိန်ယူကာ တန်းစီ စောင့်ဆိုင်းရသည်ကိုလည်း တွေ့ရပါသည်။
နှစ်စဉ် Download Form များဖြည့်သည့်အခါတွင် အမှားများ တွေ့ရသည့်အတွက် လျှောက်လွှာများ ကုန်သည့်အချိန်မှ Download Form Link ကို ချပေးခဲ့ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ ပြုလုပ်လိုက်သည့်အတွက် စာဖြေသူများကို ပိုပြီး အနှောက်အယှက်ဖြစ်စေခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံခြင်းကို ဖြေဆိုလိုသူများအားလုံး ဖြေဆိုနိုင်ရန် နှင့် အဆင်ပြေချောမွေ့စွာ လျှောက်ထားနိုင်ရန် ကြိုးစားစီစဉ်ပေးသွားပါမည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ထိန်းချုပ်နိုင်ပြီး အမြန်ဆုံးပျောင်ကင်းစေရန်နှင့် စာဖြေသူများအားလုံး ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးပြီး စိတ်ချမ်းသာ လူကျန်းမာစွာဖြင့် ဒီဇင်ဘာလ စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
“ Mask လည်းတပ်ကြပါ၊ လက်လည်း မကြာခဏ ဆေးကြပါ၊ အိမ်မှာနြေ့ပီး ဂျပန်စာလေ့လာရင် COVID-19 ကို ကာကွယ်ကြပါစို့” နော် ။။။။
JLPT စာမေးပွဲကျင်းပရေး ကော်မတီ (မြန်မာ)
Notification of cancellation of JLPT Exam to be held in July 2020
1. The WHO declared Novel Coronavirus (COVID-19) as Global Pandemic on March 11th, 2020. In Myanmar also, the Ministry of Health and Sports issued a statement on 17th April that it had also spread in Myanmar. So strict orders were issued for people to stay home as much as possible, to avoid crowded places, to keep social distance, to use face mask at all times whenever you leave the house and to keep a distance of at least 6 feet when communicating with others and to refrain from gathering of more than 5 persons at any one time.
2. Therefore, based on the above strict orders, the Japan Foundation (Yangon) and Myanmar Association of Japan Alumni (MAJA) decided on 5th July 2020, not to hold the forthcoming July JLPT exam scheduled to be held in Yangon, Mandalay and Bago in July 2020.
3. We have been informed similarly that some South East Asian countries such as Singapore, Thailand, Indonesia, The Philippines also have cancelled their JLPT exam.
(https://www.jlpt.jp/e/topics/202004141586826111.html).
4. We would like to apologize for any inconvenience caused by this.
5. Concerning the cancellation of exam. The Japan Foundation Office of countries concerned, will carry out for applicants in accordance with the Instruction for Host Institution in JLPT as follows:
Applicants for July 2020 exam, can get back their exam fee (EXCLUDING APPLICATION FEE)
NOTE**** Date will be announced again based on Government announcement ****
1. For those applicants who do not wish to withdraw the exam fee,
a) This fee will be carried over to the next December 2020 JLPT exam.
b) Applicants may ONLY apply in accordance with LEVEL and TEST SITE applied in July 2020.
c) Must complete and submit NEW application for the month of December 2020 to sit for exam in December.
NOTE*** Date for December exam will be announced at a later date.
2. For those applicants who wish to withdraw their exam fee (full amount will be reimburse), (EXCLUDING application form fee ) The Japan Foundation has planned to do it from 5th July (date of JLPT exam) within about 1 month as follow :
a) For applicants as school group :
Cash refunds or bank transfers will be done.
b) Individual applicants :
Cash withdrawal can be done.
***** When retrieving exam fee; TEST VOUCHER or RECEIPT must be submitted.****
NOTE:
The dates for retrieving exam fee will be announced in line with the COVID-19 National guidelines.
Our humble apologies for all the inconveniences caused during the submission of application and most unfortunately, this 2020 July exam has been cancelled due to the current global pandemic.
We had expected certain increase of the applicants for all levels and made as much preparation as possible to make it smooth. Adding Bago as a new test site was one of the actions we took for the cause. However, when we started the application procedure, we found out more people than we had expected standed in long line and had to wait so long hours outside. Annually there are a lot of mistakes in filling up the downloaded form. That is why this year we distributed the downloadable forms only after the paper form had all finished. We regret to say that, this method seemed to have caused more confusion among the users.
We will try our utmost to make application for the forthcoming December 2020 exam as convenient and smoothly as possible.
I sincerely hope and wish the global pandemic will soon be under control and all of you to be safe and be able to take the forth coming December JLPT successfully.
Lastly, please use mask, wash your hands often, study your Japanese well during your stay home period and let's fight COVID-19 together.
JLPT Exam Committee (Myanmar)
Cancellation of the test in 2020 (July) in some overseas host cities | JLPT Japanese-Language Proficiency Test
The Official Worldwide Japanese-Language Proficiency Test Website is operated by the Japan Foundation and Japan Educational Exchanges and Services.
24/03/2020
အားလုံးပဲ တတ်နိုင်သလောက် 👇👇👇
皆さん出来るだけ👇👇👇
24/03/2020
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက မြန်မာပြည်အတွင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
Public Health Emergency Operation Center (ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေး ဌာန) 067- 3420268
Yangon Regional Department of Public Health (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-449001261, 09-794510057
Mandalay Regional Department of Public Health (မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-2000344, 09-43099526
Yangon Airport Health Quarantine Unit 09-799983833
24/03/2020
အားလုံးပဲ မြန်မာနိူင်ငံမှာ ၂ ယောက် COVID-19 စတင်တွေ့ရှိကြောင်းတရားဝင်ကြေငြာထားပါပြီ အားလုံးတတ်နိုင်သမျှ အပြင်မထွက်ကြဘဲ ဂရုစိုက်ကြပါ🚑🚑
18/03/2020
ကိုရိုနာ ဗိုင်းရက်စ်နဲ့ သက်ဆိုင်သော မီးနင်းစကားလုံးများ
コロナウイルス - (corona virus)
新型肺炎(しんがたはいえん) - ပုံစံအသစ်အဆုတ်ရောင်ရောဂါ
感染者(かんせんしゃ) - ကူးစက်ခံရသူ
感染者が出た(かんせんしゃがでた)- ကူးစက်ခံရသူပေါ်ထွက်လာခဲ့သည်
マスクをする - နှာခေါင်းစည်းတပ်သည်
マスクを着用する(マスクをちゃくようする)- နှာခေါင်းစည်းကို၀တ်ဆင်(တပ်ဆင်)သည်
咳が出る(せきがでる) - ချောင်းဆိုးသည်
熱がある(ねつがある) - အဖျားရှိသည်
37.5度以上の発熱(37.5どいじょうのはつねつ)-37.5 ဒီဂရီအထက်ထွက်တဲ့အပူချိန်
検査を受ける(けんさをうける)- ကျန်းမာရေးစစ်ဆေးမူ့ကိုလက်ခံသည်
陰性(いんせい)- Negative ( ရောဂါမရှိခြင်း)
陽性(ようせい)- positive (ရောဂါရှိခြင်း)
マスク不足(マスクふそく)- နှာခေါင်းစည်း မလုံလောက်ခြင်း
売り切れ(うりきれ) - ရောင်းကုန်ခြင်း /ပစ္စည်းပြတ်ခြင်း
在庫がない(ざいこがない)- stock မရှခြင်း
予防する(よぼうする) - ကြိုတင်ကာကွယ်သည်
対策(たいさく) - ဖြေရှင်းသည်
在宅勤務(ざいたくきんむ)- အိမ်ကနေအလုပ်လုပ်ခြင်း
隔離される(かくりされる)- သီးသန့်ထားရှိခြင်းခံရသည်
感染者数が増えている(かんせんしゃすうがふえている)-ကူးစက်ခံရသူအရေတွက်တိုးပွားနေသည်
死者数が増えている(ししゃすうがふえている) - သေဆုံးသူအရေတွက် တိုးပွားနေသည်
緊急事態宣言(きんきゅうじたいせんげん) - အရေးပေါ်အခြေနေကိုထုတ်ပြန်ခြင်း
それは駄目です。(それはだめです) - အဲ့တာတော့ မရပါဘူး
免疫力を高める(めんえきりょくをたかめる) - ကိုယ်ခံစွမ်းအားကို မြှင့်တင်သည်
満員電車を避ける(まんいんでんしゃをさける)- လူပြည့်ကျပ်သော ရထားကို ရှောင်ရှားသည်
重症者(じゅうしょうしゃ) - အသည်းအသန်အဖျားလူနာ
入国禁止(にゅうこくきんし) - ပြည်၀င်ခွင့်တားမြစ်ခြင်း
入国制限(にゅうこくせいげん) -ပြည်၀င်ခွင့်ကန့်သတ်ခြင်း
影響が広がる(えいきょうがひろがる)- အကျိုးသက်ေ၇ာက်မူ့က(effect) ပြန့်ပွားလာသည်
感染の疑いがある(かんせんのうたがいがある)- ကူးစက်ခံရမူ့ သံသယရှိသည်
消毒する(しょうどくする) - ပိုးသတ်သည်
感染拡大を食い止める(かんせんかくだいをくいとめる)-ကုးစက်ပြန့်ပွားမူ့ကိုထိန်းချုပ်သည်
くしゃみをする - နှာချေသည်
咳エチケット - ချောင်းဆိုးမူ့ကျင့်၀တ်
手洗いが大切です(てあらいがたいせつです)-လက်ဆေးခြင်းသည်အရေးကြီးသည်
医療崩壊(いりょうほうかい) - ဆေးကုသမူ့နည်းလမ်းပျက်ယိုယွင်းပျက်ပြားခြင်း
院内感染(いんないかんせん)- ဆေးရုံတွင်းကူးစက်ခြင်း
入院する(にゅういんする) - ဆေးရုံတက်သည်
退院する(たいいんする) - ဆေးရုံဆင်းသည်
医療従事者(いりょうじゅうじしゃ)- ဆေး၀န်ထမ်းများ
危機的な状態(ききてきなじょうたい)- အသည်းအသန်ဖြစ်နေသောအခြေနေ
症状がでる(しょうじょうがでる)- ရောဂါလက္ခနာပြသည်/ ရှိသည်
症状が出ない(しょうじょうがでない)- ရောဂါလက္ခနာ မပြပါ/မရှိပါ
#မူရင်းရေးအားလေးစားစွာcrd ပါ #
18/03/2020
🌸🌸理由もなく会えるのが友達で、
☘️☘️တွေ့ဆုံဖို့အကြောင်းပြချက်တွေ မရှိလည်းဘဲ တွေ့ဆုံကြတဲ့သူတွေကတော့ သူငယ်ချင်းတွေပါ!
🌼🌼理由がないと会わないのが知り合いで、
🍀🍀တွေ့ဆုံဖို့အကြောင်းပြချက်တွေ မရှိရင် မတွေ့ဆုံကြတာကတော့ ခင်မင်ရုံအသိမိတ်ဆွေပါ!
🌺🌺理由を作って会いたいたくなるのが好きな人、
🌿🌿တွေ့ဆုံနိုင်ဖို့အကြောင်းပြချက်တွေမရှိရင်တောင်မှ ဖန်တီးပြီး အရမ်းတွေ့ဆုံချင်နေတဲ့သူကတော့ ကိုချစ်ခင်နှစ်သက်မြတ်နိုးနေရတဲ့သူပါဘဲ!
#今日も愉快に
#翻訳
.Y.J.C Japanese Language Center
08/03/2020
🎌🎌🎌ဂျပန်နိုင်ငံရဲ့ ငွေကြေးအမျိုးအစားလေးတွေပါ ဗဟုသုတအနေနဲ့လေ့လာရအောင်ပါ🇯🇵🇯🇵🇯🇵
Photo to Crd