Genius Stars Preschool & Language Center

Genius Stars Preschool & Language Center Education Service

ယနေ့ခေတ် ကလေးများနှင့် ပညာရေးယနေ့ခေတ်ဟာဆိုရင်ဖြင့် ပညာရယူနိုင်တဲ့ platform တွေ အများကြီးရှိလာပါတယ်။ ပညာကိုငွေနဲ့ ဝယ်ယူနေ...
15/03/2026

ယနေ့ခေတ် ကလေးများနှင့် ပညာရေး

ယနေ့ခေတ်ဟာဆိုရင်ဖြင့် ပညာရယူနိုင်တဲ့ platform တွေ အများကြီးရှိလာပါတယ်။ ပညာကိုငွေနဲ့ ဝယ်ယူနေရသေးတယ် ဆိုပေ
မယ့် လိုချင်စိတ်၊ သင်ယူချင်စိတ်ရှိတဲ့ကလေးတွေအတွက်တော့ သင်ယူစရာနေရာတွေအများကြီးရှိလာပါတယ်။ ကျွန်မတို့
ငယ်ငယ်က နွေပိတ်ရက်ဟာ လွတ်လပ်ရေးအပြည့်အဝရခဲ့ကြပါတယ်။ တက်စရာ ထားစရာ သင်တန်းရယ်လို့လည်း များများစားစားမရှိသလို ခေတ်လည်းမစားပါဘူး။ ဒီနေ့ ခေတ်ကလေးတွေမှာတော့ နွေမှာ တက်စရာသင်တန်းတွေများလွန်းလို့ အချိန်တောင် မနည်း လုနေကြရတဲ့ အနေအထားပါ။ အဲဒါကြောင့်လည်း ဒီနေ့ခေတ်ကလေးတွေဟာ အရမ်းတော်ကြပါတယ်။ စာသင်နေတဲ့ ကျွန်မအနေနဲ့ အရမ်းလိုချင် သိချင် တတ်ချင်ပြီး
လိုက်မှတ်တဲ့ ကလေးတွေကို သင်ကြားပြသပေးရတဲ့အခါ အားရဝမ်းသာ ပီတိဖြစ်ရသလို မိဘထားလို့သာ သင်တန်းစုံ လိုက်တက်နေရပေမယ့် သင်ယူချင်စိတ် မှတ်လိုစိတ် လိုချင်
စိတ် စိုးစဉ်းမှမရှိတဲ့ ကလေးတွေလည်း ဒုနဲ့ဒေး စိတ်မကောင်းဖွယ် ရင်လေးဖွယ် တွေ့ရ ပြန်ပါတယ်။ မိဘတွေအနေနဲ့ မိမိရဲ့ သားသမီးအခြေအနေအစစ်အမှန်ကို သိအောင်သေချာလုပ်ပြီး ကြပ်မတ်သင့်က ကြပ်ကြပ်မတ်မတ်လုပ်ဖို့ရာ အချိန်မနှောင်းဖို့တော့ လိုနေပါတယ်။ ပညာရေးဟာ အမှီလိုက်နိုင်မှသာ တော်ကာကြမယ့်ခေတ်ပါ။ အားချိန်မရှိ သင်တန်းစုံ ပတ်တက်ခိုင်းထားတိုင်း လိုက်နိုင်နေတယ် တော်နေတယ်ဆို လွှတ်ထားလို့မရပါဘူး။ အခြေခံအတန်းတွေမှာ အခြေခံပါမလာ၊ အခြေခံပါမလာတော့ စာမလုပ်ချင်၊ မှတ်တတ်တဲ့ အကျင့်ဆိုတာမရှိ၊ အချိန်ကုန်ငွေကုန်ရုံအပြင် ဘာမှ ပိုတတ်မလာ နောက်ဆုံး သင်တဲ့ဆရာတွေ အဆင်မပြေလို့ဆိုတာမျိုးတွေလွှဲချ သံသရာလည်နေပြီး ဟိုရောက် ဒီရောက် မျောက်သစ်ကိုင်းလွတ်ဖြစ်ရမယ့် အခြေအနေမျိုးပါ။ အဆိုးဆုံးကတော့ screen time တွေ အကန့်အသတ်မဲ့ပေးသုံး မိဘတွေကလည်း ပြောမရတော့ လွှတ်ထား၊ ရလဒ်ကတော့ ဘယ်လို သင်သင် ဘယ်လိုပြောပြော နားမလည် မမှတ်နိုင် မှတ်ရကောင်းမှန်းမသိဘဲ သိသင့်တဲ့ အခြေခံအကြောင်းတရားတွေကို မသိတော့ဘဲ အခြေခံပါမလာတဲ့ ကလေးလေးတွေ ဖြစ်လာပါတော့တယ်။ ကျောင်းတွေမှာ ဝင်ခွင့် စနစ်ကျင့်သုံးတာ အလကားမဟုတ်ပါဘူး။ အသက်တူတိုင်း level မတူပါဘူး။ level မမျှတဲ့ ကလေးတွေတစ်တန်းတည်း သင်ရတဲ့ အခါ သင်ခန်းစာရှေ့ရောက်သင့် သလောက် မရောက်တာ ပြီးသင့်သလောက် မပြီးတာမျိုးတွေ မဖြစ်ရအောင်ပါ။ Mixed level တွေ ညှိသင်နိုင်ရမှာ ဆရာမတွေ အရည်အချင်းတစ်ရပ်ဆိုပေမယ့် အရမ်းကွာတဲ့ ကလေးတွေကို သင်ရတဲ့အခါ တကယ်ဒုက္ခရောက်ပါတယ်။ ကျွန်မကတော့ level မတူတာလက်ခံနိုင်ပါတယ်။ လိုချင်စိတ် သင်ယူလိုစိတ်မရှိသူတွေနဲ့ ကြုံရရင်တော့ အရမ်းစိတ်ညစ်မိပါတယ်။ ကလေးတစ်ယောက် ပညာရေးကောင်းဖို့ဆိုတာ ဆရာတစ်ယောက်တည်းနဲ့ ပြောင်းလဲလို့မရပါဘူး။ အဓိက ကျောင်းသားပါ။ ဘေးက မိဘ ဆရာက ပံ့ပိုးထိန်းညှိပေးမှရမှာပါ။ အမြဲပြောသလို ကျောင်းသား၊ မိဘ၊ ဆရာ Triangle လေး ညီနေမှ ရမှာပါ။ ပွင့်သောပန်းတိုင်းလန်းစေချင်တဲ့ စိတ်နဲ့ ဒီဆရာမက မနေနိုင် အမုန်းခံ ရေးမိပြန်ပါတယ်။ မိဘတွေ သတိထားမိနိုင်ကြပါစေ။

ချစ်တဲ့
Tr Sandar
B.A. Hons:, M.A. (Eng)
Dip in Eng (MUFL)
TKT, TKT (CLIL,YL)
ECCD (Social Welfare)
Dip in Child Psychology (UK)
Dip in Montessori Education (Lincoln University)

ကျောင်းဆင်းပွဲ photo များ လာရောက်ယူနိုင်ပါပြီရှင့်
12/03/2026

ကျောင်းဆင်းပွဲ photo များ လာရောက်ယူနိုင်ပါပြီရှင့်

Check out Genius Stars Preschool’s video.

26/02/2026

2025-2026 School Year!
တစ်ရွာသားအချစ်

26/02/2026

2025-2026 Year End Ceremony!
ဆယ့်ခြောက်နှစ်တစ်ရက်လျော့

2025-2026 Year End Ceremony!ဂျင်းဘောင်းဘီ
17/02/2026

2025-2026 Year End Ceremony!
ဂျင်းဘောင်းဘီ

Check out Genius Stars Preschool’s video.

2025-2026 Year End Ceremony!Bumble Bee
17/02/2026

2025-2026 Year End Ceremony!
Bumble Bee

Check out Genius Stars Preschool’s video.

2025-2026 Year End Ceremony!အလှကမ္ဘာမြေ
17/02/2026

2025-2026 Year End Ceremony!
အလှကမ္ဘာမြေ

Check out Genius Stars Preschool’s video.

အတန်းအားလုံး လူပြည့်ခါနီးဖြစ်နေပါပြီရှင်။ March လ ၃ ရက်နေ့ စပါ့မယ်ရှင်😉
16/02/2026

အတန်းအားလုံး လူပြည့်ခါနီးဖြစ်နေပါပြီရှင်။ March လ ၃ ရက်နေ့ စပါ့မယ်ရှင်😉

Check out Genius Stars Preschool’s post.

Genius Stars2025-2026 ပညာသင်နှစ်ကျောင်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအမှတ်တရပုံရိပ်များ
14/02/2026

Genius Stars
2025-2026 ပညာသင်နှစ်
ကျောင်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား
အမှတ်တရပုံရိပ်များ

See you tomorrow!Genius StarsYear End Ceremony!နောက်မကျနဲ့နော်
12/02/2026

See you tomorrow!
Genius Stars
Year End Ceremony!

နောက်မကျနဲ့နော်

မနက်ဖြန်တွေ့ကြမယ်နော် 🥰

Hello!👋
11/02/2026

Hello!👋

Feeling excited 😊

Address

Sagaing
02371

Telephone

+959966362345

Website

Alerts

Be the first to know and let us send you an email when Genius Stars Preschool & Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category