05/07/2021
လက်ရှိနိုင်ငံရေး အခြေအနေ နဲ့ Covid အခြေအနေအရ ကျောင်းသား/သူများ စဉ်ဆက်မပြတ် ပညာရေးအတွက်
အသင့်တော်ဆုံးကတော့ လူနည်းနည်းနဲ့ထိရောက်တဲ့ Off-Line ပါ ....
ယုံကြည်စွာအပ်နှံကြတဲ့ကျောင်းသားမိဘများကြောင့် လူနည်းနည်းနဲ့ Off-Line ( ဝိုင်းတန်းများ) စတင်နေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ....
>> core subjects များဖြစ်တဲ့ English and Mathematics သီးသန့်သင်တန်းများဖြစ်ပါတယ် ....
>> သင်တန်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
ဖုန်း - 09 798546607 သို့ ဆက်သွယ်မေးမြန်းနိုင်
ပါတယ် ....
30/06/2021
Mastery Academy ( Quality Education ) မှ ....
( KG , Grade 1/2/3/4 & Grade 5 )အတန်းများအတွက် ....
English and Mathematics Classes များ ဖွင့်လှစ်ပေးသွားပါမည် ....
28/06/2021
ကျောင်းတက်သည်ဖြစ်စေ၊မတက်သည်ဖြစ်စေ ....
အင်္ဂလိပ်၊ သချင်္ာ ကိုတော့ မဖြစ်မနေ လေ့လာသင်ယူထားပါ ....
>> Grade 6/7/8/9/10 အားလုံးအတွက် English and Mathematics အတန်းများ သင်ကြားပေးနေပါတယ် ....
>> Text book , four skills , Grammar သင်ယူလိုတဲ့
အပိုင်းကို ရွေးချယ်သင်ယူနိုင်ပါတယ် ....
KO KO NAING
( International Certified English Teacher )
🎓 B.Sc (Maths;)
🎓 Dip In English (MUFL)
Preparation Courses,TKT (British Council,
MDY)
🎓 TKT (Module 1,2,3)[CAMBRIDGE UNIVERSITY (UK) ]
🎓 Certified in TEFL / TESOL
🎓 Cert: in Math Olympaid Trainer
Phone - 𝟎𝟗-𝟕𝟗𝟖5𝟒𝟔𝟔𝟎𝟕
21/06/2021
လက်ရှိနိုင်ငံရေး အခြေအနေ နဲ့ Covid အခြေအနေအရ ကျောင်းသား/သူများ စဉ်ဆက်မပြတ် ပညာရေးအတွက်
အသင့်တော်ဆုံးကတော့ လူနည်းနည်းနဲ့ထိရောက်တဲ့ Off-Line ပါ ....
ယုံကြည်စွာအပ်နှံကြတဲ့ကျောင်းသားမိဘများကြောင့် လူနည်းနည်းနဲ့ Off-Line ( ဝိုင်းတန်းများ) စတင်နေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ....
18/06/2021
ကျောင်းတက်နေတဲ့ သားသား၊မီးမီးလေးတွေပဲဖြစ်ဖြစ် ....
ကျောင်းမတက်တဲ့ သားသား၊မီးမီးလေးတွေပဲဖြစ်ဖြစ် ....
မဖြစ်မနေ သိထား၊တက်ထားရမယ့် English and Mathematics မှာ .....
▪️အခြေခံအားနည်းလို့ အခြေခံကောင်းချင်ရင်
▪️အခြေခံကောင်းပြီးသား ပိုပြီးတိုးတက်လာစေချင်ရင်
Mastery Academy ( Quality Education )
English and Math Special Classes မှ နွေးထွေးစွာကြိုဆိုနေပါတယ် ....
>> အဆက်မပြတ်လေ့လာသင်ယူမှုအတွက် English &
Math Classes .....
သင်တန်းစုံစမ်းရန် - 𝟎𝟗-𝟕𝟗𝟖5𝟒𝟔𝟔𝟎𝟕
ကျောင်းအပ်ရန်နေရာ - 𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐀𝐜𝐚𝐝𝐞𝐦𝐲
(𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧)
မြို့မဈေးမြောက်ဘက်၊
အပ်ချုပ်စုလမ်း၊
အပ်ချုပ်စုရပ်၊
စစ်ကိုင်းမြို့။
17/06/2021
"ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်"
--------------------------------------------------------------------
၁။ နေ့တိုင်း အနည်းဆုံး နာရီ၀က်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။
၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။
၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။
၄။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။
၅။ ကလေးက်ို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့
၆။ ကလေးအပြစ်တစ်ခုခု လုပ်မိရင် လေးလေးနက်နက် သဘောထားပြီး ရှင်းပြပါ။ ဆုံးမပါ။
ရ။ မိဘဆိုပြီးတော့မှ အမြဲတမ်း မျက်နာကြီး တည်မနေပါနှင့်၊ ကလေးတွေနဲ့ အတူ ရယ်မောနိုင်ပါစေ။ရယ်မောသံဟာ ကလေးတွေကို သူတို့ဘ၀ကို ပိုမို နှစ်သက်စေပါတယ်။
အပြုသဘော ပိုဆောင်ပါတယ်။ဘယ်အရာမဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး ကြည့်မြင်တတ်တဲ့ အကျင့် ရှိသွားစေတတ်ပါတယ်။
၈။ ကလေးတွေကို ပုံ ပြင်ပြောပြတဲ့အခါ စိတ်ရှည်ပါ။ အကျိုးဖြစ်ထွန်းစေမဲ့ ပုံပြင်ကို ရွေးဖတ်ပြပါ။
၉။ ကိုယ်ဘ၀မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ကလေးအပေါ် ပုံမလွှဲပြောင်းပါနဲ့၊ မပုံချပါနဲ့
၁၀။ ကလေးရဲ့ အခြေအနေမှန်အပေါ် မူတည်ပြီး နေ့စဉ်နေ့တိုင်း ကလေးရဲ့ တိုးတက်ဖြစ်ထွန်းမူ တစ်ခုခု ကို စဉ်းစား အကြံအဥာဏ်ထုတ်ကြည့်ပါ။
၁၁။ ငယ်ရွယ်တဲ့ ကလေးများကို သူတို့ အဖိုးအဖွားတွေနဲ့ အချိန်အကြာကြီး မထားပါနှင့်၊ သားမှာအချစ်၊ မြေးမှာ အနှစ်၊ အနှစ်လွန်သွားရင် ကလေးကို လမ်းမှန်ပြန်ရောက်အောင် ပြန်ခေါ်ဆောင်ရတာ ခက်ခဲတတ်တယ်။ သုတေသန အရ မျိုးဆက်ကျော် ပျိုးထောင်မူ ဟာ ကလေးကို ထိခိုက်တတ်တဲ့ သာဓကတွေ အများကြီး တွေ့ရှိနေပါပြီ။
၁၂။ ကလေးများကို ပြုံးတတ်အောင် ငယ်စဉ်ကစပြီး သင်ကြားပေးထားပါ။
၁၃။ ကလေးများကို လွယ်လွယ်နဲ့ ဟိုဟာ၀ယ်ပေးမယ်။ ဒီခေါ်လည်မယ်လို့ ကတိပေးမလွယ်ပါနှင့်၊ ကတိပေးခဲ့ရင် ကတိကို ရအောင်အကောင်အထည်ဖေါ်ပါ။
၁၄။ မိဘများအနေနဲ့ နေရာလဲလည်ပြီး စဉ်းစားတတ်တဲ့အကျင့်ရှိပါစေ၊ ငါသူတို့အရွယ်တုန်းကကောဘယ်လို အနေအထားမျိုး ရှိပါသလဲ၊
၁၅။ အခြားကလေးထက် ညံ့တယ်၊ အခြားကလေးကို ဘယ်နေရာမှာ မမှီဘူး လို့ ဘယ်တော့မှ မပြောမိစေနဲ့
၁၆။ ကလေးကို ချီးကျူးဖို့ အကြောင်းအရာ အမျိုးမျိုး ကို ရှာဖွေပါ။ ရက်ရက်ရောရော အသိအမှတ်ပြုပါ။ ချီးကျူးပါ။
၁၇။ ကလေးကို ဘယ်တော့အခါမှ မခြိမ်းခြောက်ပါနှင့်၊ အထူးသဖြင့် ဘာသာရေး ပုံပြင်များဖြင့် မခြိမ်းခြောက်ပါနှင့်
၁၈။ ကလေးကို လူရှေ့သူရှေ့တွင် မဆဲဆိုမိပါစေနှင့်၊ မလှောင်ပြောင်မိ ပါစေနှင့်၊ ကလေး ကိုယ့်ကိုကို ယုံကြည်ချက် ပျောက်ဆုံးသွားတတ်တယ်။
ကလေးပျိုးထောင်တဲ့ အကြောင်းအရာတွေကို မရေးဖြစ်တာတောင် အချိန်အတော်ကြာနေပါပြီ။ အဓိက ကတော့ ရေးစရာ အချက်အလက်တွေ ရေးရင်းရေးရင်းနဲ့ အပ်ကြောင်းထပ်လာလို့ပါ။ အမှန်တော့ ဘယ်နိုင်ငံပဲ ကြည့်ကြည့် ကလေးတွေ ပျိုးထောင်တဲ့ အခြေခံ အယူအဆတွေ သိပ် အကွာခြားကြီး မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရှည်ရှည် နဲ့ ကုန်ဆုံးအောင် ဖတ်ရူ့သူ မိဘများအားလုံးကို အစဉ် ကျေးဇူးတင်ပါတယ်။ အသုံး၀င် အကျိုး ပြု နိုင်ပါစေ။
;Original Uploader.
13/06/2021
Mastery Academy ( Quality Education)
English & Math Special Classes
>> Grade - 6 / 7 / 8 / 9 တန်းများ
♦️ ဇွန်လ ( ၂၅ )ရက်နေ့စမည် ♦️
11/06/2021
English & Math ( အင်္ဂလိပ် နဲ့ သင်္ချာ )
သင်တန်းကျောင်းကောင်းကောင်းရှာဖွေနေသော မိဘများအတွက် ....
Mastery Academy (Quality Education) မှ ဇွန်လမှစပြီး Grade - 6/7/8/9 သားသား/မီးမီးလေးတို့အတွက်
Eng & Math Special Classes များကို ဖွင့်လှစ်သင်ကြားပေးနေပါပြီ ....
သင်တန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက
09 798546607 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ....
>> အဆက်မပြတ်လေ့လာသင်ယူမှုအတွက် English &
Math Classes .....
သင်တန်းစုံစမ်းရန် - 𝟎𝟗-𝟕𝟗𝟖5𝟒𝟔𝟔𝟎𝟕
ကျောင်းအပ်ရန်နေရာ - 𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐀𝐜𝐚𝐝𝐞𝐦𝐲
(𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧)
မြို့မဈေးမြောက်ဘက်၊
အပ်ချုပ်စုလမ်း၊
အပ်ချုပ်စုရပ်၊
စစ်ကိုင်းမြို့။
09/06/2021
သဒ္ဒါသင်ကြားခြင်းရဲ့ မျက်နှာစာသုံးဘက် (သို့) Diane Larson-Freeman ရဲ့ သဒ္ဒါသင်ကြားခြင်း အယူအဆ
တချို့ကပြောတယ် "သဒ္ဒါမသင်ရင် ဘာသာစကားမတတ်နိုင်ဘူး။သဒ္ဒါသင်မှ ဘာသာစကားကို မှန်မှန်ကန်ကန် သုံးတတ် ရေးတတ်မယ်။ "
တချို့ကပြောတယ် "သဒ္ဒါမသင်ဘဲနဲ့ ဘာသာစကားတတ်နိုင်ပါတယ်။ ရုပ်ရှင်ကြည့် သီချင်းနားထောင်ရင်းနဲ့ စကားတတ်သွားနိုင်တယ်။/ နိုင်ငံခြားမှာ လေးငါးနှစ်သွားနေရင် သဒ္ဒါသင်စရာမလိုဘဲ ဘာသာစကားတတ်နိုင်တယ်။"
ဒီလို ဆန့်ကျင်ဘက်အယူအဆ ပြောဆိုမှုတွေကို ခဏ ခဏကြားဖူးပါလိမ့်မယ်။ သင်ကရော ဘယ်အယူအဆကို ပိုသဘောတူပါသလဲ။
တကယ်တော့ သာမန်လူတွေမှသာ မဟုတ်ပါဘူး။ ဒီငြင်းခုန်မှုတွေဟာ ပညာရှင်တွေကြားထဲမှာလည်းရှိခဲ့ ရှိနေဆဲပါ။
ဟိုးအရင်ကတော့ သဒ္ဒါကို အဓိကထားပြီးသင်ကြားတဲ့နည်းလမ်းတွေဖြစ်တဲ့ ဆရာကတိုင်ပေး ကျောင်းသားလိုက်ဆိုရင်း သဒ္ဒါနည်းတွေကိုသင်သွားတဲ့ audio lingual method ၊ စာဖတ်ပြီးသင်တဲ့ Grammar Translation method၊ သင်ရိုးမှာဆိုလည်း သဒ္ဒါအဓိကထားပြီး အစမှာလွယ်ပြီး တဖြည်းဖြည်း ခက်သွားတဲ့ သင်ရိုးစာအုပ်တွေ ခေတ်စားခဲ့ပါတယ်။
ဒီမှာပညာရှင်တစ်ယောက်ဖြစ်တဲ့ စတီဖင် ခရာရှန်( Stephan Krashen) ရဲ့ input hypothesis နာမည်ကျော်လာတာနဲ့အတူ သဒ္ဒါသင်စရာမလိုဘူး နားထောင်ရုံ ဖတ်ရုံနဲ့တတ်တယ်ဆိုတဲ့အယူအဆတစ်ရပ်က အနိုင်ရလာပြန်တယ်။ ဒီလိုနဲ့ သဒ္ဒါကို ဘယ်လောက်အထိအလေးပေးမလဲဆိုတဲ့ကိစ္စဟာ ခုချိန်ထိငြင်းကြခုန်ကြဆဲ ကိစ္စတစ်ခုဖြစ်နေပါသေးတယ်။
နိုင်ငံတစ်ခုမှာ သွားနေလိုက်ရင် အဲ့ဒီကစကားပြောတတ်တယ်ဆိုတဲ့ အယူအဆရ ကလေးတွေကိုပို့ပြီး စမ်းသပ်တဲ့အခါမှာတော့ ဘာသာစကားကို တတ်လာပေမယ့် ပြောတဲ့နေရာမှာ သဒ္ဒါအမှားတွေရှိနေတာကို တွေ့ရတယ်ဆိုတဲ့ သုတေသနရလဒ်တွေပေါ်လာတယ်။ ရော့ဒ်အဲလစ်စ် (Rod Ellis) ဆိုတဲ့ ပညာရှင်ရဲ့လေ့လာမှုမှာဆိုရင် ဂျပန်ပန်းချီဆရာတစ်ယောက်ဟာ ဟာဝိုင်အီမှာ နေတာကြာပြီး စကားအတော်ပေါက်ပေမယ့် သဒ္ဒါပိုင်းမှာတော့ တလွဲတွေပြောနေတာကို တွေ့ခဲ့တယ်။ ဒီလို သုတေသနတွေက ဖော်ထုတ်လာတဲ့အခါ သဒ္ဒါကို လုံးဝမသင်လို့တော့ မဖြစ်သေးပြန်ဘူးဆိုတဲ့ အယူအဆမျိုးဖြစ်လာကြပြန်တယ်။
ဘာသာစကားကို သင်ကြားတဲ့ ကိစ္စမှာဘယ်အရာကိုပဲ သင်သင်ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကတော့ ဘသူ့ကို သင်မှာလဲ ၊ ဘယ်သူက သင်မှာလဲ၊နဲ့ ဘယ်မှာသင်မှာလဲဆိုတဲ့ အခြေခံကျတဲ့အချက်သုံးချက်ရှိပါတယ်။ အဲ့ဒီအချက်တွေကို ဆင့်ပွားပြီး စဉ်းစားရင် ထပ်မံစဉ်းစားစရာတွေအများကြီးဖြစ်လာမှာပါ။
သဒ္ဒါကိုသင်သင့် မသင့်သင့်ဆိုတဲ့ကိစ္စဟာလည်းဒီလိုပါပဲ။ အင်္ဂလန်နိုင်ငံမှာနေပြီး အင်္ဂလိပ်စကားသင်ယူမယ်ဆိုတဲ့ အခြေအနေနဲ့ မြန်မာပြည်မှာ နေပြီး သင်ယူမယ့် အခြေအနေဟာ လုံးဝကိုကွဲပြားခြားနားသွားပါပြီ။
နိုင်ငံတကာသင်ရိုးစာအုပ်ေတွမှာ Form ဆိုတဲ့ ဘာသာစကားရဲ့ တည်ဆောက်ပုံကို အဓိကထားသင်ကြားတဲ့သင်ကြားပုံကနေ အနက်အဓိပ္ပါယ်ကို အဓိကထားသင်ကြားတဲ့ပုံစံကိုပြောင်းလဲသွားခဲ့ပါတယ်။ Grammar Translation Method လို့ခေါ်တဲ့ စာကြောင်းတွေ ဘာသာပြန်ပြပြီး သင်ကြားတဲ့ စနစ်တွေ၊ ရွတ်ဆိုမှုကို အဓိကထားတဲ့ Audio Lingual Method ဆိုတာတွေဟာ ခေတ်ကုန်သွားခဲ့ကြာပါပြီ။ သင်ရိုးစာအုပ်တွေဟာလည်း သင်ကြားရေး သီအိုရီတွေ ပြောင်းလဲတိုးတက်သလို လိုက်ပြီး ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။
Grammar ကိုအဓိကမထားတဲ့ Communicative Language Teaching တို့လို အယူအဆ နည်းလမ်း ကျင့်သုံးပုံတွေဟာ အားကောင်းလာခဲ့ပါတယ်။ ဘာသာစကားကို သင်မပေးရဘဲ လုပ်ရမယ့် လုပ်ငန်းတာဝန်တစ်ခုပေးလိုက်ပြီးအဲ့တာကို လုပ်ကိုင်ရင်း ဘာသာစကားက ကျွဲကူးရေပါ ပါသွားရမယ်ဆိုတဲ့ Task Based Language Teaching တို့လို သင်ကြားနည်းတွေ ခေတ်စားလာတဲ့ အချိန်မှာ သဒ္ဒါရဲ့ အခန်း က ကဘယ်နေရာမှာလဲဆိုတာမေးလာရပါတယ်။
Form Meaning and Use (Diane Larsen Freeman)
ဒီမှာ ဒိုင်ယန်း လာဆန် ဖရီးမန်းဆိုတဲ့ ဆရာမကြီးက သဒ္ဒါကိုသင်တာက အဲ့ဒီသဒ္ဒါကို မှန်မှန်ကန်ကန်၊ အဓိပ္ပါယ်ရှိရှိ သင့်လျော်အောင် သုံးစွဲတတ်ဖို့ဖြစ်တယ်။ သဒ္ဒါစည်းမျဉ်းတွေကိုသိပြီး သုံးတော့ မသုံးတတ်ဘူး ပြောတော့မပြောတတ်ဘူး ဖတ်တော့ မဖတ်တတ်ဘူးဆိုရင် သင်ယူမှုမအောင်မြင်ပါဘူးတဲ့။ ဒါကြောင့် သူက သဒ္ဒါကိုသင်ကြား သင်ယူတဲ့အခါမှာ ပုံသဏ္ဌန်၊ အဓိပ္ပါယ် နဲ့ အသုံး ဆိုတဲ့ အစိတ်အပိုင်းသုံးခုပါဝင်ရမယ်လို့ဆိုပါတယ်။
သူပြောတဲ့ မျက်နှာစာသုံးခု ဆိုတာဘာတွေလဲဆိုေတာ့
(1) Form
(ဘယ်လိုပုံသဏ္ဌန်ဖွဲ့စည်းထားသလဲ (has + pasticiple လား / s ထည့်လညးမထည့်ဘူးလား စသဖြင့်)
(2) Meaning
(ဘာအဓိပ္ပါယ်ရှိလဲ)
(3) Use
(ဘယ်အခါမှာ / ဘာကြောင့် အသုံးပြုရတာလဲ
တို့ပဲဖြစ်တယ်။
မြန်မာပြည်မှာ အငယ်တန်းတွေကနေ တက္ကသိုလ်ဝင်တန်းအထိ သဒ္ဒါတွေကို သင်ကြားပါတယ်။ ဆယ်နှစ်ကျော်သင်ပြီးတဲ့အခါမှာတောင် သဒ္ဒါကညံ့နေကြတာဟာဘာဖြစ်လို့ပါလဲ။ အဖြေကရှင်းပါတယ်။ grammar တွေကို သင်တဲ့ အခါ ဘယ်အခါမှာသုံးရမယ် ဘယ်လိုအဓိပ္ပါယ်နဲ့သုံးတာဆိုတဲ့ ဟာတွေမပါဘဲ ပုံစံတစ်ခုကနေ နောက်ပုံစံတစ်ခုသုံးတတ်ရုံပြောင်းတတ်အောင်သင်ပေးလိုက်တာမျိုးပါ။
အထူးသဖြင့် သဒ္ဒါကိုသင်တဲ့အခါ အဲ့ဒီသဒ္ဒါကို ကိုယ်ပြောချင်တာကို အဓိပ္ပါယ် မှန်မှန်ကန်ကန်နဲ့ ပြန်လည်အသုံးချခွင့်မရကြတာပါပဲ။
ကလေးတွေက activeကနေ passive ပြောင်းတာ၊ direct ကနေ indirect ပြောင်းတာ သင်ပေးပေမယ့် သူတို့ ဘာလို့ အင်္ဂလိပ်စာမတတ်လာသလဲဆိုတော့ သင်ပေးလိုက်တာက Form ကိုချည်းသင်ပေးလိုက်တာကြောင့်ပါ။
ဒီတော့ သဒ္ဒါတစ်ခုကိုသင်ရင် မျက်နှာစာသုံးခုဖြစ်တဲ့
- ဘယ်ပုံစံနဲ့ရေးသလဲ၊ေပြာသလဲ
- ဘယ်လို အဓိပ္ပါယ်ရှိသလဲ
- ဘယ်အခါမှာသုံး၊ ဘယ်လိုနေရာမှာသုံးသလဲ
ဆိုတာတွေကို မမေ့ဖို့လိုပါတယ်လို့ ဒိုင်ယန်းလာဆန်ဖရီးမန်းကေပြာခဲ့ပါတယ်။
ဒီသဒ္ဒါသင်ကြားတဲ့အယူအဆဟာ Paul Nation ရဲ့ four strands အယူအဆနဲ့ ပြန်ချိတ်ဆက်ပါတယ်။ဘာသာစကားသင်တယ်ဆိုရင် Langauge focused learning (သဒ္ဒါနဲ့ဝေါဟာရကိုပဲမဲသင်ခြင်း) ချည်းပဲ နဲ့မရဘူး၊ meaning focused Input / meaning focused output (အဓိပ္ပါယ်ကို အဓိကထားသင်ခြင်း)လည်းရှိရမယ်လို့သူကပြောခဲ့တယ်မဟုတ်လား။။
ဒါကတော့ Diane Larson- Freeman ရဲ့ နာမည်ကြီး အယူအဆတစ်ခုပါ။ သူ့ရဲ့ Grammaring တို့ ၊ Complexity Theory တို့ဆိုတာတွေဟာလည်း ကျော်သွားချန်သွားလို့ မရတဲ့သီအိုရီတွေဖြစ်လို့ ဆက်လက်ပြီး လေ့လာသင့်ပါတယ်။
ဥပမာတွေကို ပုံများမှာကြည့်ပါဦး။
Credit:
08/06/2021
English & Math Classes
(Grade - 6/7/8/9)