Nanda Khin Language Centre

Nanda Khin Language Centre ဘာသာလေ့လာသူများအဖို့ အခွင့်အရေးတစ်ရပ်ကို ပေးစွမ်းနိုင်ရန်အတွက်ဖြစ်ပါတယ်။

" Bulgarian / ဘူဂေးရီးဘားဘာသားစကား "ဒီတစ်ခေါက်ပြောသွားမှာကတော့ Bulgarian ခေါ် ဘူဂေးရီးယား ဘာသာစကားအကြောင်းဘဲဖြစ်ပါတယ်ဗျ။...
03/07/2022

" Bulgarian / ဘူဂေးရီးဘားဘာသားစကား "

ဒီတစ်ခေါက်ပြောသွားမှာကတော့ Bulgarian ခေါ် ဘူဂေးရီးယား ဘာသာစကားအကြောင်းဘဲဖြစ်ပါတယ်ဗျ။ စိတ်ဝင်စားပါက အဆုံးဖတ်ပေးသွားကြပါ။ ဘာလို့ ဒီတစ်ခေါက်မှာ ဒီဘာသာစကားကိုရွေးခဲ့ရသလဲဆိုတော့ မြန်မာနိုင်ငံကလူတွေအနေနဲ့ ဘူဂေးရီးယားတွေနဲ့အရမ်းစိမ်းလို့ဖြစ်ပါတယ်။ ပြီးတော့ အထူးသဖြင့် မြန်မာလူမျိုးများရဲ့နားထဲ ဘူဂေးရီးယား ဆိုတာနည်းနည်းရီစရာကောင်းနေကောင်း ကောင်းနေတတ်ပြီး ထူးဆန်းနေတတ်ပါတယ်။ နောက်ပြီး တော်တော်များများက ဘူဂေးရီးယားဘာသာစကားနဲ့ပတ်သတ်ပြီးအထင်လွဲနေတတ်တာလေးတွေရှိကြတယ်။ ကျွန်တော်အခုပြောမှာ ဘူဂေးရီးယားလူမျိုးအကြောင်းမဟုတ်ပါဘူးဗျာ၊ ဘာသာစကားအကြောင်းပါ။

💭 အရင်းအမြစ်

ဘူဂေးရီးယား ဆိုတာက အာဖရိကစကားလို့ 'အချို့' ကထင်ကြတာကို ကျွန်တော်တွေ့ဖူးတယ်ဗျ။ ဘာလို့လည်းတော့မသိပေမယ့် တစ်ချို့က ဇင်ဘာဘွေ နဲ့ပါရောသွားတတ်ကြတယ်။ အမှန်က အာဖရိကစကားတွေရဲ့အနွယ်ဝင်မဟုတ်သလို Germanic အနွယ်ဝင်လည်းမဟုတ်ပါဘူး Slavic language group ထဲကဘဲဖြစ်ပါတယ်။ သို့သော် Slavic language group ရဲ့အရင်းအမြစ်ကိုထပ်မံကောက်ကြည့်လိုက်ရင် Indo-European language family ဘဲဖြစ်နေတာကိုတွေ့ရမှာပါ။ ဒါပေမယ့် Celtic , Germanic , Slavic တို့လို့ အဓိက Indo-European ရဲ့အဖွဲ့ခွဲကြီးတွေက တစ်ခုနဲ့တစ်ခုလုံးဝကွဲပြားပါတယ်ဗျ။ မြန်မာစကားနဲ့တိဗက်စကားလောက်တောင်မဆင်ပါဘူး။

ကဲဗျာ ~ ဒါဆိုရင် Slavic language group ဆိုတာဘာလဲ၊ ဒီထဲမှာ ဘယ်ဘာသာစကားတွေပါဝင်နေလည်းဆိုတာ တစ်ချက်လောက်ဆက်ကြည့်လိုက်ကြရအောင်။
ပထမဆုံး Porto-Slavic ရှိတယ်ဗျာ။ Proto-Slavic ဆိုတာက Slavic language တွေအကုန်လုံးရဲ့ "ဘုံဘိုးဘေး" ဘာသာစကားပေါ့။ ဒီကနေမှ ထပ်ကွဲသွားတာက East Slavic , West Slavic , South Slavic ဆိုပြီးဘဲဖြစ်ပါတယ်။

ဥပမာပြရရင်
East အုပ်စုထဲမှာဆိုရင် Russian ( ရုရှား ) ၊ Belarusian ( ဘီလာရု ) ၊ Ukrainian ( ယူကရိန်း ) တို့ပါပြီး ၊ West အုပ်စုမှာဆိုရင် Polish ( ပိုလန် ) ၊ Czech ( ချက် ) ၊ Slovak ( စလိုဗက် ) တို့လိုစကားတွေပါဝင်ပါတယ်။ နောက်ဆုံးအနေနဲ့ South အုပ်စုမှာဆိုရင်တော့ Bulgarian ( ဘူဂေးရီးယား ) ၊ Macedonian ( မက်စီဒိုးနီးယား ) ၊ Slovene ( စလိုဗေး ) ၊ Serbo-Croatian ( ဆာဘိုခရိုအေးရှား ) တို့လိုဘာသာစကားတွေပါဝင်နေပါတယ်။
ဒါတွေကအကုန်မဟုတ်သေးပါဘူးဗျ။ ဘာသာစကား branch တစ်ခုဆီတိုင်းမှာ ဘာသာစကားပေါင်းများစွာအမြဲတမ်းပါဝင်နေတာကိုတော့မှတ်ထားပေးပါဗျ။

💭 စာအရေးအသားစနစ်

နောက်ဆောင်းပါးကျရင် အခုခေါင်းစဉ်ငယ်ကို အသေးစိတ်ထပ်မံရှင်းပြပေးပါ့မယ်ဗျာ။ အခုတော့ အကြမ်းဖျဉ်းလေ့လာကြည့်ရအောင်။ Slavic language တွေတော်တော်များများက Cyrillic script ကိုသုံးတာကိုတော့ တော်တော်များများသိပြီးဖြစ်ပါတယ်။ ( ရုရှား နဲ့ ယူကရိန်း တို့ကအစ အဲ့ဒီ စာအရေးအသားကိုဘဲအသုံးပြုပါတယ် ) ~ ဟုတ်ပါတယ်ဗျာ ဘူဂေးရီးယားကလည်း Cyrillic ကိုသုံးပါတယ်ဗျာ။ ဒါပေမယ့် တစ်ချို့ထူးခြားပြီးခြားနားတဲ့ alphabet တစ်ချို့နဲ့ပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဘာသာစကားစိတ်ဝင်စားသူတို့သာ အနုပညာမျက်စိနဲ့ကြည့်တတ်ရင် ဘူဂေးရီးယားစကားလုံးတွေကတကယ်လှပပါတယ်။ မူရင်း main art style ကနေခွဲထွက်ပြီး တမျိုးနည်းတမျိုးဟန်နဲ့လှပနေတဲ့ ပန်းချီကားတစ်ချပ်ကားလို့ပေါ့ဗျာ။

💭 သင်ရတာလွယ်လား

စိတ်မကောင်းစရာလို့ဘဲလို့ပြောရမှာပေါ့ဗျာ။ လုံးဝမလွယ်ပါဘူး။ ဘာသာစကားတစ်ခုရဲ့ ခက်တာလွဲတာကို ကိုယ့်ရဲ့မိခင်စကားပေါ်မူတည်ပြီးတိုင်းတာရတယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ဗမာစကားပြောတဲ့သူတစ်ယောက်အနေနဲ့လေ့လာကြည့်တာ ဘယ်ရှု့ထောင့်ကမှလွယ်မနေပါဘူးဗျ။ ဥပမာပြောမယ်ဆိုရင် ~ နိုင်ငံခြားက ဘာသာဗေဒပညာရှင်တွေတွက်ချက်မှုအရတော့ Bulgarian က ကမ္ဘာမှာ အခက်ခဲဆုံးစကားတွေမှာပါပါတယ်။ ပြီးတော့ အဲ့ဒီရလာဒ်တွေကိုက အဓိကအားဖြင့် အနောက်တိုင်းဘာသာစကားပြောတဲ့သူတွေပေါ်မူတည်ပြီးကောက်ချက်ချထားတာဘဲဖြစ်ပါတယ်။ ထိုသုသေသနရလာဒ်တွေအရတော့ တရုတ်အနွယ်ဝင်ဘာသာစကားတွေနဲ့ ဂျပန်အနွယ်ဝင်ဘာသာစကား ( Japonic language family တွင် လူအများစုသိသော ဂျပန်စကားတစ်မျိုးတည်းပါဝင်ခြင်းမဟုတ်ချေ ) တွေက category 5 အဆင့်ဖြစ်ပြီး ဘူဂေးရီးယားက ခက်ခဲမှု အဆင့်လေးဘာသာစကားတွေထဲက တစ်ခုဘဲဖြစိပါတယ်ဗျာ။
နောက်ပြီး ဗမာစကားပြောတဲ့သူတွေ ( လူမျိုးကိုပြောခြင်းမဟုတ်ပေ ) အတွက်တော့ ဂျပန်စကားက အနောက််တိုင်းဘာသာစကားတွေထက် "သင့်တင့်သလောက်" ပိုလွယ်နေတာကိုတွေ့ရပါလိမ့်မယ်။ ဘူဂေးရီးယားတို့လို့ Slavic language တွေမှာ case တွေအရမ်းသုံးတယ်ဗျ။ ဗမာစကားမှာဆိုရင် grammatical case ဆိုတာလုံးဝမရှိပါဘူး။ ရင်းနှီးမှု အတိုင်းအတာခြင်းလည်းအများကြီးကွာပါတယ်။ အဲ့တာအပြင်ကို ပိုကံမကောင်းတဲ့အချက်က ~ တစ်ချို့ကကျွန်တော့်ကိုမေးဖူးကြတယ် ရုရှားနဲ့ယှဉ်ရင် ဘယ်ဟာပိုခက်လဲ ရုရှားစကားပြောတတ််ရင်သင်ဖို့လွယ်လား။ ယှဉ်ရမယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်ဗျာ ယေဘုယ အားဖြင့်တော့ ဘူဂေးရီးယားကပိုလွယ်ပါတယ်။ ဒါပေမယ့် နောက်မေးခွန်းအတွက်ကတော့ Big No ပါဘဲဗျာ။ Native speaker တွေအတွက်ကျွန်တော့်အဖြေကလုံးဝမသက်ရောက်ပေမယ့် learner တွေအတွက်တော့ No ပါဘဲဗျာ။ ရုရှားနဲ့ဘူဂေးရီးယားကြားထဲ တူတဲ့စကားလုံးတွေရှိတာလွဲရင် grammar ပိုင်းကတော့ လုံးဝကိုခြားနားပါတယ်။ ထူးဆန်းစွာနဲ့ဘဲ ဘူဂေးရီးယား grammar က ရုရှားထက် ဂရိ grammar နဲ့ပိုတူနေတာကို တွေ့ရလို့ဘဲဖြစ်ပါတယ်ဗျာ။ ပြောရရင်ဗျာ ရုရှားမှာဆို Case system ဆိုပေမယ့် ဘူဂေးရီးယားမှာလုံးဝနီးပါးကိုပျောက်ထွက်သွားပါပြီ။ ပြီးတော့ ဘူဂေးရီးယားမှာ ရုရှားမှာမရှိတဲ့ definite article တွေလည်းရှိပါတယ်။ ရုရှားစကားပြောတာအကျင့်ပါပြီး မထည့်မိရင်တော့ သင်ပြောတဲ့စကားတွေက တခြားသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်သွားပါလိမ့်မယ်။ နောက်ထပ် ဘူဂေးရီးယားဘာသာစကားရဲ့ ထင်ရှားတဲ့အချက်က Verb tense system ဘဲဖြစ်ပါတယ်ဗျာ။ Bulgarian verb tense system ကတကယ့်ကို mess ပါဘဲဗျာ။ ဒီလောက်ဆိုရင်တော့ ခက်လားမခက်လားသိလောက်ပါပြီ။ မသင်ခင် အားလျော့အောင်လုပ်တာမဟုတ်ဘူးနော်။ အမှန်တရားကို fact ချပြတာ။

💭 အသံထွက်စနစ်

ဒီအပိုင်းက အရမ်းကျယ်ပြန့်လို့ ရှင်းပြမယ်ဆို အရမ်းစာရှည်သွားပြီး ဖတ်ရတာပျင်းစရာကြီးဖြစ်သွားလိမ့်မယ်။ သိချင်တယ်ဆိုရင် comment မှာပြောထားခဲ့ပါဗျ ဆောင်းပါးသက်သက်ရေးပေးပါ့မယ်။

💭 သင်ရတာတန်ရဲ့လား

ကျွန်တော့်အနေနဲ့ကတော့ ဘယ်တော့မှ ဘာသာစကားတစ်ခုကိုသင်ယူဖို့ နှစ်ခါမတွေးပေမယ့် များသောအားဖြင့် စာဖတ်သူတို့အဖို့ ပြောပြပေးပါ့မယ်။ ဒါပေမယ့် ကျွန်တော်ပြောပြမယ့် အကျိုးကျေးဇူးတွေက သူများတွေလိုမဟုတ်ဘူးနော် နိုင်ငံရေးတွေစီးပွါးရေးတွေဘာမှမသိလို့ ဘာသာဗေဒရှုထောင့်ကဘဲပြောပြမယ်။ ဘူဂေးရီးယား culture နဲ့ history ကကြွယ်ဝတယ်ဆိုရမယ်ဗျ။ စာပေအဆင့်မြင့်တယ်ပေါ့ဗျာ။ အဲ့တော့ ဘူဂေးရီယားသင်ရင် wisdom အသစ်တချို့တော့ရမှာပါ။ သိပ်မတူပေမယ့် ဘူဂေးရီးယားကလည်း Slavic အနွယ်ဝင်ဘဲဆိုတော့ ရုရှားတို့ယူကရိန်းတို့စသဖြင့်သင်ရင်ပိုလွယ်စေမှာပါ။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ဘာသာစကားတစ်ခုလေ့လာရင် ဦးနှောက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်ပါတယ်။ ( ပိုညဏ်ကောင်းလာလိမ့်မယ်မပြောဘူးနော် ညဏ်ကောင်းတာနဲ့ဘာသာစကားတွေအများကြီးတတ်တာဘာမှမဆိုင်ဘူး )

ဒီတစ်ခေါက်ဆောင်းပါးကိုဒီမှာဘဲရပ်လိုက်ကြရအောင်ဗျာ။ ဆွေးနွေးမှုအားလုံးကိုလက်ခံပါတယ်ဗျာ။ ကျွန်တော်ရဲ့ဘာသာစကားတွေနဲ့ပတ်သတ်တာတွေကို မျှဝေတဲ့အကြောင်းအရင်းကိုက ဘာသာစကားတွေနဲ့မရင်းနှီးတဲ့တော်တော်များများကိုအသိပညာပေးဖို့ပါဘဲ။ သူတို့တွေ နည်းနည်းဖြစ်ဖြစ် ဗဟုသုတရသွားရင်ကျေနပ်ပါတယ်ဗျာ။ ဘာသာဗေဒ ပညာရှင်ကြီးတွေကိုရည်ညွှန်းခြင်းမဟုတ်ပါဘူး တကယ်လို့များအမှားများပါသွားခဲ့ရင်ထောက်ပြပေးခဲ့ပါ။

Written by Nanda ko

" တကယ်ထိရောက်မယ့် အင်္ဂလိပ်စာ online သင်တန်းကိုရှာနေရင် ဆရာတို့သင်တန်းဆီကိုလာခဲ့ပါ "ဆရာတို့သင်တန်းမှာ online class ဖွင့်...
02/07/2022

" တကယ်ထိရောက်မယ့် အင်္ဂလိပ်စာ online သင်တန်းကိုရှာနေရင် ဆရာတို့သင်တန်းဆီကိုလာခဲ့ပါ "

ဆရာတို့သင်တန်းမှာ online class ဖွင့်လာတာ batch three ထိပြီးပါပြီဗျာ လူပေါင်း ၄၀ လောက်ကိုသင်ကြားပြီးသွားပါပြီ။ ဆရာတို့သင်တန်းက သင်တန်းသားဦးစားပေးသင်ရိုးဖြစ်ပြီး သင်တန်းသားကိုအကန့်အသက်နဲ့ဘဲထားတာကြောင့် လူမပြည့်ခင် အမြန်လာအပ်ထားပေးကြပါဗျာ။

📢 သင်တန်းအကြောင်း

ဆရာတို့သင်တန်းမှာ အခုလောလောဖွင့်ထားတာက အင်္ဂလိပ်စာ phonetic class ဘဲဖြစ်ပါတယ်ဗျာ။ Speaking skill အတွက် အခြေခိုင်တဲ့အခြေခံအုပ်မြစ်တစ်ခုတည်ဆောက်ဖို့ မဖြစ်မနေကိုလိုအပ်တဲ့အသိပညာတစ်ရပ်ဆိုလည်းဟုတ်ပါတယ်။ အခြေခံစကားပြောတို့ နေ့စဉ်စကားပြောတို့သင်ကြားမှာမဟုတ်ပါဘူးဗျ။

「စကားလုံးတစ်လုံးဆီ စာကြောင်းတစ်ကြောင်းဆီကို အသံအမှန်ကန်ဆုံး၊ လေယူသေသိမ်းအမှန်ဆုံး၊ native speaker တွေနဲ့အတူဆုံးဖြစ်သည်အထိသင်ကြားပေးသွားမှာဘဲဖြစ်ပါတယ်ဗျာ」

📢 သင်တန်းကြေး

အခုလောလောဆယ်တော့ Phonetic class ကို Level 1 နဲ့ Level 2 ဆိုပြီးဘဲခွဲခြားထားတာကြောင့် Level တစ်ခုကို တစ်သောင်းဘဲကျပါတယ်။ တစ်ခါတည်းပေါင်းပေးလို့ရပါတယ်။ ဒါမှမဟုတ် ပထမသင်တန်းတက်ပြီးစိတ်ကျေနပ်လို့ အဆင့်တက်ချင်တယ်ဆိုမှ နောက် တစ်သောင်းထပ်ပေးလို့ရပါတယ်။

📢 သင်တန်းကြာချိန်

ကြာချိန်ကတော့ Level တစ်ခုကိုတစ်လတိတိပါဘဲဗျာ။ တစ်ချို့ကမေးတတ်လိမ့်မယ် " ဆရာတို့တစ်လဆိုတာမနည်းဘူးလားလို့ " ။ မနည်းပါဘူးဗျာ၊ တကယ်သာ လိုက်လေ့ကျင့်ပြီး သင်မယ်တို တစ်လဆိုတဲ့ထဲ သိသိသာသာတိုးတက်လာအောင်ထိသင်ပေးလို့ရပါတယ်။

📢 သင်ကြားသောနည်းစနစ်

ဆရာတို့သင်တန်းမှာ သင်ကြားနည်းကတော့ ဟိုးအရင်ကတည်းက သင်တန်းသားဦးစားပေးစနစ်ပါ။ " တိုးတက်မှုတိုင်းသည်ကျောင်းသားများအပေါ်အဓိကမူတည်နေသည် " ဟူသောဆောင်ပုဒ်ကိုဘဲလက်ကိုင်ထားပါတယ်။ ဆရာတို့ဘက်ကဘယ်လောက်ဘဲသင်နေပါစေ လိုက်မလုပ်ရင်မတက်ပါဘူး။ ဒါကြောင့် ဆရာတို့သင်တန်းမှာ လေ့ကျင့်ချိန်ကို တခြားသင်တန်းတွေထက်အများကြီးပေးထားပါတယ်။
ဆရာတို့သင်တန်းရဲ့သင်ကြားနည်းကတော့ ဟိုးအရင်ကတည်းက သင်တန်းသားဦးစားပေးစနစ်ပါ။ " တိုးတက်မှုတိုင်းသည်ကျောင်းသားများအပေါ်အဓိကမူတည်နေသည် " ဟူသောဆောင်ပုဒ်ကိုဘဲလက်ကိုင်ထားပါတယ်။ ဆရာတို့ဘက်ကဘယ်လောက်ဘဲသင်နေပါစေ လိုက်မလုပ်ရင်မတက်ပါဘူး။ ဒါကြောင့် ဆရာတို့သင်တန်းမှာ လေ့ကျင့်ချိန်ကို တခြားသင်တန်းတွေထက်အများကြီးပေးထားပါတယ်။ အိမ်စာကိုလည်းပုံမှန်ထပ်အောင် ပုံမှန်အသိပေးပေးပါတယ်။ တခါတလေ အိမ်စာတွေမထပ်မချင်းဆက်မတက်တဲ့အထိကို လေ့ကျင့်မှုကိုဦးစားပေးထားပါတယ်။

📢 သင်ကြားပုံ

ဆရာတို့က face-to-face live သင်တာတို့ zoom နဲ့သင်တာတို့မလုပ်ပါဘူးဗျာ။

[ group မှာ ပုံမှန် သင်ခန်းစာနေ့တိုင်း တင်ပေးပြီးပါတယ်ဗျာ။ ပြီးတော့ လေ့ကျင့်ချိန် နှစ်ရက်ထိပေးထားပြီး၊ သောကြာနေ့ညနေ ၆ နာရီကနေ ၉ နာရီကြားတိုင်း အိမ်စာလာထပ်ရမှာဖြစ်ပါတယ် ]

ပြီးတော့ဘယ်ရက်ဖြစ်ဖြစ် messenger group (or) ဆရာတွေရဲ့ personal account မှာလည်း မေးချင်တာတွေ မနားလည်တာတွေ ဆွေးနွေးချင်တာတွေ သွားမေးလို့ရပါတယ်။

[ အဲ့အတွက်ကြောင့်မလို့ ဆရာတို့သင်တန်းက အလုပ်ရှိတဲ့သူတွေ အချိန်သိပ်မပေးနိုင်တဲ့သူတွေ ကျောင်းသားတွေအတွက်အကုန်လုံးနဲ့ အဆင်ပြေပါတယ်ဗျာ။ သင်ခန်းစာတွေကတင်ပေးထားမှာဖြစ်ပြီး ကြိုက်တဲ့အချိန်ဝင်ကြည့်လို့ရပါတယ်။ " သတိထားစရာဆိုပြီး လေ့ကျင့်ချိန်မှာလေ့ကျင့်ပြီး အိမ်စာထပ််မယ့်ရက်မှာ ထပ်ဖြစ်အောင်လာထက်ဖို့ပါ။ အိမ်စာလာမထပ်သ၍ တကယ်လေ့ကျင့်ထားလား တကယ်တက်ရဲ့လားဆရာတို့ဘက်မှာသိနိုင်မှာမဟုတ်လို့ဘဲဖြစ်ပါတယ်။ ဒါဆို သင်တန်းကြေးတွေပါအလကားဖြစ်သွားပါလိမ့်မယ် ]

📢 ဆက်သွယ်ရန်လိပ်စာ

စာရင်းသွင်းမည်ဆိုပါက Page ရဲ့ inbox ကိုလာရောက်ပြောကြားနိုင်ပြီး 09766818750 ဖုန်းဆက်၍လည်းပြောကြားနိုင်ပါတယ်ဗျာ။

📢 အချိန် ဇယား

သင်ခန်းစာနေ့ - တနင်္လာ ၊ အင်္ဂါ
လေ့ကျင့်ရန်ရက် - ဗုဒ္ဓဟူး ၊ ကြာသပေး
အိမ်စာထပ်ရက် - သောကြာ

📢 သင်တန်းဖွင့်ရက်

၇ လပိုင်း ၁၀ ရက်နေ့ဖွင့်မှာဖြစ်ပါတယ်ဗျာ။ ၉ ရက်နောက်ဆုံးထားပြီး စာရင်းသွင်းပေးရင်ရပါတယ်။

“ဘာသာစကားတစ်ခုအတွင်းရှိစကားလုံးများကို သင်ယူမှတ်သားခြင်း”  ကျွန်တော် အခုပြောပြမည့်အကြောင်းအရာကတော့ ဘာသာစကားတစ်ခုကို သင်ယ...
19/05/2022

“ဘာသာစကားတစ်ခုအတွင်းရှိစကားလုံးများကို သင်ယူမှတ်သားခြင်း”

ကျွန်တော် အခုပြောပြမည့်အကြောင်းအရာကတော့ ဘာသာစကားတစ်ခုကို သင်ယူခြင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာနှင့်ပတ်သတ်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

“Four skills ၏အချင်းချင်းဆက်စပ်ထောက်ပံ့ပေးမှု”

ဘာသာစကားတခုကို သင်ယူရာတွင် four skills လေးခုစလုံးပိုင်နိုင်မှ ကျွမ်းကျင်သည်ဟု ပြောနိုင်သည်ကို အများစုသိပြီးဖြစ်လိမ့်မည်။ တချို့ဆိုလျှင် ရှိသည် “နားလည်သည်သို့သော်ကောင်းမွန်စွာမပြောတတ်ပေ” , “စာဖတ်နိုင်သည်သို့သော်ကောင်းမွန်စွာမရေးတတ်ပေ”။

Four skills ထဲကမှ Speaking and Listening နှင့် Reading and Writing တို့ဟူ၍ နှစ်ပိုင်းခွဲ၍ စတင်ပြောပြရလိမ့်မည်။
Speaking ကို Listening ကထောက်ပံ့သကဲ့သို့ Writing ကို Reading ကထောက်ပံ့သည်။ ထို့ကြောင့် ဘာသာစကားတစ်ခုကိုလေ့လာမည်ဆိုလျှင် အဆင့် မှန်ဖို့အရေးကြီးသည်။ ထို့မှသာ လျှင်မြန်ထိရောက်စွာတတ်မြောက်မည်ဖြစ်သည်။ Listening ကိုကျော်ပြီး Speaking ကိုသင်ယူရန်မှာ မဖြစ်နိုင်လုနီးပါး(နားမကြားသောသူများအတွက်”နီးပါး”ကိုသုံးထားသည်) ဖြစ်သည်။ သူတစ်ပါးပြောသည်ကို အတုယူ၍ အမှန်ကို ကိုယ့်ဘက်မှဆွဲယူ ရသည်။ ထို့မှသာ ကိုယ့်ဘက်ကပြောဆိုသည့်အခါ အသံထွက်အမှန်ကိုရသည် ။ ထို့မှတဆင့် သိရသည်မှာ "နားလည်ခြင်းထက် ပြောဆိုခြင်းက ပိုခက်သည်"ဟူသော အချက်ပင်ဖြစ်သည်။ ထိုသကဲ့သို့ ရေးသားခြင်းကလဲ စာဖတ်ခြင်းထက် ခက်ပေသည်။ စာကောင်းစွာဖတ်ခြင်းဖြင့်ရရှိသော လေ့ကျင့်မှုမရှိဘဲ စာရေးလျှင် အမှားမြောက်များစွာပါမည်သာ ဖြစ်သည်။

“မှတ်သားခြင်း” ၊ ဘာသာစကားတစ်ခုကိုသင်ယူခြင်းကာလအတွင်း ကြုံတွေ့ရသော မှတ်သားခြင်း(memorization) ကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်သည်။ ပထမအဆင့် “သာမန်မှတ်မိခြင်း နှင့် ဒုတိယအဆင့် “မှတ်သားခြင်းကိုပြန်လည်ထုတ်ယူခြင်း” တို့ဖြစ်သည်။ ပထမအဆင့်သည် reading and listening တို့နှင့်ဆိုင်ပြီး ဒုတိယအဆင့်သည် writing and speaking တို့နှင့် သက်ဆိုင်သည်။

Reading and listening တွင် လူအများစုသတိထားမိပေလိမ့်မယ်။ မိမိမှတ်သားထားသော အချက်အလက်များအား မှတ်မိရုံအဆင့်မှာသာရှိသည်။ ဤအဆင့်သည်စာကြောင်း၊စကားလုံး ကိုမြင်လျှင် အလိုအလျှောက် အဓိပ္ပာယ်ပေါ်လာခြင်း (သို့) ပြန်လည်စဉ်းစားယူရခြင်း ဖြင့်သာ ဖြစ်ပွါးသည်။ ထို့မှ နောက်တဆင့်ဖြစ်သော Writing and Speaking တွင်မူ မှတ်မိသတိရသည့်အဆင့်တွင် ရပ်နေ၍မရတော့ပေ။ မှတ်မိသော အချက်အလက်ကို အပြင်လောကသို့ ပြန်လည် အသုံးချရန် ထုတ်ယူရတော့မည်။ တိကျသောစကားလုံးအဖြစ်သော်လည်းကောင်း တိကျသော အသံတစ်သံအဖြစ်သော်လည်းကောင်း ထုတ်ယူရတော့ပေမည်။ “ကျွန်တော်အခုပြောသည်ကိုသဘောမတူကောင်းမတူပေလိမ့်မည်။အဘယ်ကြောင့် မှတ်မိရန်နှင့်ပြန်လည်အသုံးချသည့်ဟူသော နှစ်ခုသည် မှတ်သားခြင်း၏အဆင့်နှစ်ခုအနေဖြင့်ကွဲထွက်နေရသနည်းဟု စဉ်းစားကောင်းစဉ်းစားနေလိမ့်မည်” တကယ်တမ်းလဲ မှတ်မိနေသည့် စကားကို ထွက်ပေါ်လာရန်မလွယ်ကူချေ။ reading and writing မှာ စကားလုံးတစ်ခုကို မြင်၍ ထိုစကားတွင်ရှိသော အဓိပ္ပာယ်ကိုဖော်ရန် pattern or form ပြောင်းလဲထားပုံကိုစဉ်းစားရန် မျှသာဖြစ်သည်။ နောက်အဆင့်တွင်မူ “မိမိပြောကြားဖော်ပြလိုသော စကားလုံးကို စာဖတ်ခြင်းကဲ့သို့ သံလွန်စ မရှိဘဲ စဉ်းစားရသည် ။မိမိအသုံးပြုမည့်အခြေအနေ ပုံစံ ပေါ်မူတည်၍ ပြောင်းလဲခြင်း ၊ ပေါင်းစပ်ခြင်း ဟူသော လုပ်ဆောင်ချက်များလည်း ရှိသေးသည်။ ထို့ကြောင့် ဤကိစ္စသည် လုံးဝမလွယ်ကူကြောင်းသိရပေလိမ့်မည်။

“ ဤပြသနာကိုဘယ်လိုဖြေရှင်းမလဲ ? “

ထိုအတွက်အသင့်တော်ဆုံးနှင့်အရိုးရှင်းဆုံးအဖြေမှာ {လေ့ကျင့်ခြင်း} သာဖြစ်သည်။ ဦးနှောက်မှ မှတ်သားသောစကားလုံးများအား ဦးနှောက်ထဲ ကြာကြာမထားပါနှင့်။ မေ့သွားတတ်သည်။ များများလက်တွေ့အသုံးချပေးပါ။ မိမိနှင့်ရင်းနှီးအောင်လုပ်ပါ။ ဥပမာ - အိမ်တွင်းရှိအရာအားလုံးအား label လိုက်တပ်ခြင်းဖြစ်ဖြစ် ၊ မိမိရေးလိုသောအကြောင်းအရာများအား မှတ်မိစေလိုသော ဘာသာစကားနှင့်ရေးခြင်းဖြစ်ဖြစ် ၊ ကိုယ့်နှင့်ရင်းနှီးစေမည့် မည်သည့်နည်းလမ်းမဆိုပြုလုပ်ပါ။

“ မည့်သည့်အလုပ်မဆို ကြိုးစားတိုင်းလဲမဖြစ်ပေ၊နည်းမှန်လမ်းမှန်နှင့်အဆင့်မကျော်ဘဲလဲကြိုးစားဖို့လဲလိုအပ်သည်” ထို့ကြောင့် တစ်ဆင့်ခြင်းစီလုပ်သွားပါ သေချာပေါက် အောင်မြင်ပါလိမ့်မည်။

Written by Nanda ko
(ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံများမှရရှိသော အတွေးများမှ တဆင့် ရေးသားဖော်ပြသည်)

“ဘာသာစကားတစ်ခုကိုမြန်မြန်ဆန်ဆန်နှင့် ကျွမ်းကျင်အောင် လေ့လာနည်း”“အမြန် ဆုံး နှင့် ကျွမ်းကျင်စွာ ပြောဆိုတတ် ရန် မည်ကဲ့သို့...
17/05/2022

“ဘာသာစကားတစ်ခုကိုမြန်မြန်ဆန်ဆန်နှင့် ကျွမ်းကျင်အောင် လေ့လာနည်း”

“အမြန် ဆုံး နှင့် ကျွမ်းကျင်စွာ ပြောဆိုတတ် ရန် မည်ကဲ့သို့ လေ့လာမည်နည်း” ဟူသော မေးခွန်းအတွက် အကြံပေးမှု ပင်ဖြစ်သည် ။ ဤ post တွင်ပါဝင်သော အကြောင်းအရာများမှာ ကျွန်တော့်၏ ကိုယ်ပိုင် အတွေ့အကြုံများမှ အကောင်းဆုံးဟူသော နည်းလမ်းကို သာ ပြန်မျှဝေထားခြင်းဖြစ်သည် ။

(1) မိမိလေ့လာသော ဘာသာစကားသည် မည့်သည့် အမျိုးအစားထဲ တွင် ပါဝင်နေသည်ကိုရှေ့ဦးစွာဆန်းစစ်ပါ ။ example - Abjad , syllabic , phonemic ., etc

(2) လေ့လာမည့်ဘာသာစကားတွင်သုံးနှုန်းသော consonants and vowels များကိုလေ့လာပါ ( Chinese မပါ )
အသံထွက်ပုံထွက်နည်း ၊ combination method များကိုလေ့လာပါ ။

(3) အဓိက အရေးကြီးဆုံးဖြစ်သည် word order (or) sentence pattern ကို အလေးထားပြုလုပ်ပေးပါ

(4) ဘာသာစကားတစ်ခု၏ ဖြတ်လမ်းနည်း လည်း ဖြစ် အဓိက အုတ်မြစ်လဲဖြစ်သည့် grammar points များကိုလေ့လာပါ
( တချို့သော polyglot များသည် grammar မလိုသည့် language acquisition နည်းကိုအားပေးသော်လည်း ကျွန်တော် အားမပေးချေ ၊ ဘာသာစကားတစ်ခုကို လွယ်ကူစွာတတ်မြောက်ရန် grammar သည် အရေးကြီးသောအပိုင်းတွင်ပါဝင်နေသည်)

(5) ဘာသာစကားတိုင်းတွင် အဆင့်သတ်မှတ်ချက်များရှိသည် ။ ထို့အဆင့်သတ်မှတ်ချက်များအား လေ့လာပြီး အဆင့်တစ်ဆင့်ချင်းစီကို သေသေချာချာ လေ့လာပါ

ထို့အဆင့်တွင် ပါဝင်သည့် စကားလုံးများ ၊ သဒ္ဒါနည်းများအား ပိုင်နိုင်စွာလေ့ကျင့်မှတ်သားပါ ။

( ဥပမာ “အငြင်းစာကြောင်းများ မည်သို့ပြုလုပ်သနည်း” ထိုဥပမာခေါင်းစဉ်အတွက် ဘာသာစကားသင်တန်းအများစုမှာ ဥပမာ စာကြောင်းများ ဆက်နွယ်နေသည့် အကြောင်းအရာစာကြောင်းများအား ပြည့်ပြည့်စုံစုံဖော်ပြခဲသည်ပေ ၊ မိမိကိုယ်တိုင် သေချာ အသေးစိတ် ထပ်မံလေ့လာပေးရမည် )

(6) မူလ သင်ပေးထားသော စာကြောင်းများအပြင်

(၁) ကိုယ်တိုင် စကားများလုံးများ အစားထိုးတည်ဆောက်ကြည့်ခြင်း
(၂) စာကြောင်းများအား သေချာ ခွဲခြမ်းစိတ်ဖြာခြင်း များပြုလုပ်သင့်သည် ။

(၇) အိမ်ဆောက်သကဲ့သို့ အိမ်ပုံကြမ်း ရှိနေပြီး ဆောက်လုပ်ရေး ပစ္စည်းတစ်ခုမှမရှိလျှင်မဟုတ်သေးချေ ။

ထို့ကြောင့် ဝေါဟာရ များအား မိမိဘက်မှ ကြွယ်ဝနေစေရန် ဖြည့်ထားပေးရမည် ။

(၈) ချွင်းချက်များ ၊ ဗန်းစကားများလည်း လေ့လာပေးထားရမည်။

(၉) လေယူသေသိမ်းများ အပါအဝင် မိမိလေ့လာနေသော ဘာသာစကား၏ လေသံများနှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရမည် ( listening skill အတွက် အခြေခံအကျဆုံးအပိုင်း ဖြစ်သည် )

(၁၀) မိမိကိုယ်တိုင် လေ့လာ လေ့ကျင့်သည့်အဆင့်မှ တခြားသူနှင့် communicate ပြုလုပ်သည့်အဆင့် သို့ ဖြည်းဖြည်းခြင်း သွားရမည်
( ဘာသာစကားများကို စာအုပ်ထဲတွင်သာ ကျွမ်းကျင်နေခြင်းအပြင် တစ်ဦးနှင့်တစ်ဦး ထိုဘာသာစကားနဲ့ ဆက်သွယ်ရဲအောင်လဲ လေ့ကျင့်သင့်သည် )

(၁၁) စသင်ယူနေချိန် တွင် အင်္ဂလိပ် စာတန်းထိုး ကဲ့သို့ အကူအညီများ နှင့်လေ့ကျင့်ရသော်လည်း ၊ အဆင့်မြင့် သွားသည်နှင့် ဤ အလေ့အကျင့်အား ဖျောက်ဖျက်သင့်ပေသည် ။ မိမ်လေ့လာသော ဘာသာစကားနဲ့ သီသန့်ရေးထားသောစာအုပ်များ များကို အသားပေး ဖတ်ရှုသင့်သည် ။

(12) အရေးအကြီးဆုံး အချက် နှင့်
လူတိုင်းသိသော်လည်း လိုက်နာသူအနည်းဆုံးဖြစ်သည့်အချက် ပင်ဖြစ်သည်။

“စိတ်အားထက်သန်စွာလေ့လာပါ “

Written by Nanda ko

ယူကရိန်းဘာသာစကားကို စိတ်ဝင်စားတဲ့သူတွေအတွက် ပညာဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အဒါကတော့ Cyrillic alphabet ဖတ်နည်းအခြေ...
03/05/2022

ယူကရိန်းဘာသာစကားကို စိတ်ဝင်စားတဲ့သူတွေအတွက် ပညာဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဒါကတော့
Cyrillic alphabet ဖတ်နည်း
အခြေခံစကားပြော
အခြေခံသဒ္ဒါရှင်းလင်းချက် (Conjugation,Cases and Gender)
ကို ဆရာမက telegram channelမှာ free သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ တက်ရောက်လိုသူများ အောက်က telegram linkမှာ ဝင်လို့ရပါတယ်နော်။
«Join this channel»
https://t.me/+ZKkmvsryAQlkZmQ1

ယူကရိန်းလိုဖတ်တက်ရင် တခြားslavic languageတွေလည်း သင်ဖို့ မခဲယဉ်းတော့ပါဘူး။

02/05/2022

Alert !

ဒီနေ့ ဒုတိယ batch သင်တန်းစပါ့မယ်ဗျာ။

ဘာသာစကားတွေ ဘယ်လိုလေ့လာကြမလဲဘာသာစကားတွေဆို သင်တန်းတွေလိုက်တက်နေရုံနဲ့ မရပါဘူး။ ကိုယ်တိုင်ကလည်း ဒီဘာသာစကားကို နေ့တိုင်းသု...
29/04/2022

ဘာသာစကားတွေ ဘယ်လိုလေ့လာကြမလဲ

ဘာသာစကားတွေဆို သင်တန်းတွေလိုက်တက်နေရုံနဲ့ မရပါဘူး။ ကိုယ်တိုင်ကလည်း ဒီဘာသာစကားကို နေ့တိုင်းသုံးကြည့်နေမှ မမေ့မှာ၊သိလာမှာ ဖြစ်ပါတယ်။

ကိုယ်လေ့လာနေတဲ့ဘာသာစကားက YouTuberတွေရဲ့videoတွေ ကြည့်ပါ၊ နားထောင်ပါ။ သိသိမသိသိ၊ နားလည်လည်မလည်လည် နားထောင်ပါ။ အ့တာမှ သူတို့ပြောပုံဆိုပုံတွေကို ကိုယ်ပြောတဲ့အခါ ကြားယောင်ပြီး ပြန်ပြောလို့ရမှာဖြစ်တယ်။ အ့တာမှလည်း နားရည်ဝပြီး သူတို့ပြောတာတွေသိလာမှာပါ။

စာပိုဒ်တွေ အသံထွက်ဖတ်ကြည့်ပါ။ ကိုယ်သင်ယူနေတဲ့ဘာသာစကားက ကလေးပုံပြင်လေးတွေ Googleမှာရှာလို့ရပါတယ်၊ YouTubeမှာလည်းရှိတက်ပါတယ်။ အသံထွက်ဖတ်ပေးခြင်းဖြင့် ကိုယ့်အသံထွက်ပိုကောင်းလာမှာဖြစ်တယ်။ အသံထွက်ကို အင်္ဂလိပ်စာဆို (သိချင်တဲ့စကားလုံး) pronunciation ဆိုပြီးရှာရင် ထွက်လာပါလိမ့်မယ်။ ဥရောပဘာသာတွေလေ့လာနေတာဆိုရင် Google translateလည်း သုံးလို့ရပါတယ်။

Facebookမှာ အ့ဘာသာစကားသုံးတဲ့ ဂရုတွေ၊ ပေ့ခ်ျတွေ (သတင်းပေ့ခ်ျမျိုးတွေ၊ အ့ဘာသာရဲ့အဆိုတော်ပေ့ခ်ျမျိုးတွေ) ဝင်ပါ၊followလုပ်ပါ။ ကော်မန့်တွေ ဖတ်ကြည့်ပါ။ Vocabularyတွေ လိုက်မှတ်ပြီး ဘယ်လိုရေးသွားလဲ နားလည်အောင်လုပ်ကြည့်ပါ။

အဒီ့ဘာသာစကားလို နေ့တိုင်းတစ်ခုခုအကြောင်းရေးကြည့်ပါ။ ကိုယ့်ဘာသာရေးတာ မှန်မှန်မမှန်မှန် ရေးပါ။ အလေ့အကျင့်ဖြစ်အောင်ပါ။

အ့ဘာသာစကားပြောတက်တဲ့သူနဲ့ မိတ်ဖွဲ့ပါ။ အခုအချိန်မှာ fb ပေါ်မှာ Language exchange (ဘာသာဖလှယ်‌) တဲ့ ဂရုတွေ၊ Polyglot ဂရုတွေရှိပါတယ်။ ဝင်ပြီး သူငယ်ချင်းရှာပါ။

ကိုယ့်ရဲ့သင်ယူနေတဲ့ဘာသာစကားကို နေ့တိုငါးအနည်းဆုံးမိနစ်၃၀တော့ အချိန်ပေးပါ။

ဆရာမ့ အင်္ဂလိပ်စာကို ဒီလိုပဲလေ့လာခဲ့တာပါ။ ယူကရိန်းနဲ့တခြားဘာသာတွေလည်း ထိုနည်း၎င်းပါပဲ။ ဖတ်ရှုပေးကြလို့ကျေးဇူးပါ။ 🤗💕

" ကျော်မသွားဘဲ တစ်ခေါက်လောက်တော့ဖတ်သွားလိုက်ပါ "အဆောက်အအုံများ ( ၁ )
27/04/2022

" ကျော်မသွားဘဲ တစ်ခေါက်လောက်တော့ဖတ်သွားလိုက်ပါ "

အဆောက်အအုံများ ( ၁ )

" Welsh is one of the oldest language in Europe "ပထမဆုံးအနေနဲ့ ကျွန်တော်အရမ်းပြောပြချင်နေတဲ့ ဘာသာစကားတွေထဲကတစ်ခုဖြစ်တဲ့ ...
26/04/2022

" Welsh is one of the oldest language in Europe "

ပထမဆုံးအနေနဲ့ ကျွန်တော်အရမ်းပြောပြချင်နေတဲ့ ဘာသာစကားတွေထဲကတစ်ခုဖြစ်တဲ့ Welsh ဘာသာစကားကိုပြောပြပါ့မယ်။ ဗမာလိုတော့ ဝေလ လို့ပြောလေ့ရှိကြတာပေါ့။

⭐️ဖြစ်ပေါ်လာပုံ

ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတော့ 43 AD ရိုမန်တွေကျူးကျော်ခဲ့တဲ့အချိန် Wales ၊ အင်္ဂလန် နဲ့ စကော့တလန်တောင်ပိုင်း မှာပြောခဲ့ကြတဲ့အဓိကဘာသာစကားဖြစ်တဲ့ Brythonic ကနေဆင့်ကဲတိုးတက်ပြီးဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ ဒါနဲ့ဘဲ 400 AD နဲ့ 700 AD ကြားမှာ ကွဲပြားတဲ့ဘာသာစကားအဖြစ် Welsh ဆိုပြီးပေါ်ထွက်လာခဲ့တာဘဲဖြစ်ပါတယ်ဗျာ။ တဖြည်းဖြည်းနဲ့ရာစုနှစ်တွေကြာလာတာနဲ့ Wales နိုင်ငံသားတို့ရဲ့ယဉ်ကျေးမှုတွေနဲ့နေ့စဉ်ဘဝအူတိုင်အဖြစ် ဖြစ်တည်လာခဲ့ပါတယ်။

အလယ်ခေတ်အစောပိုင်း Anglo-norman conquest ဖြစ်နေတဲ့အချိန်မှာတောင် ရုံးသုံးဘာသာစကားတစ်ခုဆက်လက်ပြီးတည်ရှိနေခဲ့တယ်။

Welsh ဘာသာစကားရဲ့အံ့ဩစရာကောင်းတဲ့အချက်တစ်ချက်က ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံးဘာသာစကားဖြစ်တဲ့အင်္ဂလိပ်ဘာသာစကားနဲ့ဘေးချင်းကပ်နေတာတောင် အခုထိကောင်းကောင်းမွန်မွန်ရှင်သန်နေတုန်းဘဲ။ ( native speaker လူဦးရေသိပ်မများတဲ့ပမာဏလောက်လျော့ကျသွားတာလွဲရင်ပေါ့ဗျာ ) Irish တို့ဆိုရင် ပျက်သုန်းဖို့အန္တရာယ်ရှိနေတဲ့ဘာသာစကားစာရင်းထဲတောင်ဝင်နေပြီ။

( Anglo-Norman conquest အကြောင်းနောက်မှအသေးစိတ်ပြောပြမယ်။ အရမ်းစိတ်ဝင်စားဖို့အကောင်းတယ်။ အဓိကက အင်္ဂလိပ်စကားအပေါ်မှာသက်ရောက်မှုအများကြီးရှိခဲ့တာဘဲ )

⭐️ Welsh ဘာသာစကားက သင်ယူဖို့ ခက်ခဲလား

ဘာသာစကားတစ်ခုကိုခက်မခက်ပြောဖို့ဆိုတာ ကိုယ်ပြောတဲ့မိခင်ဘာသာစကားနဲ့ဘဲဆိုင်တာဗျ။ ဘယ်တော့မှ ဘာသာစကားတစ်ခုရဲ့ အလှအပ၊ ခက်ခြင်းလွယ်ခြင်းစံနှုန်းစသဖြင့်တို့ကို အတိအကျတိုင်းတာလို့မရဘူး။ ဒါပေမယ့် ယေဘုယျအနေနဲ့တိုင်းတာရင်တော့ Welsh က ဥရောပအနောက်ပိုင်းကကျွမ်းကျင်ဖို့အခက်ခဲဆုံးဘာသာစကားတွေထဲမှာပါတယ်။

⭐️ Welsh ဘာသာစကား၏ မူလအရင်းအမြစ်

ဒါကိုမပြောပြခင် language family ဆိုတာဘာလဲ အကြမ်းဖျင်းပြောပြမယ်။ ( မသိသေးတဲ့သူတွေအတွက်သာ ) Language family ဆိုတာ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ ဘာသာစကားမိသားစုပေါ့ဗျာ။ တူညီတဲ့ proto-language (ရှေးဦးဘာသာစကား ) တစ်ခုတည်းကနေဆင်းသက်လာတဲ့ ဘာသာစကားအုပ်စုတစ်စုလို့အဓိပ္ပာယ်ရတယ်။ ယဉ်ကျေးမှု၊မျိုးနွယ်စုကွဲတွေရဲ့မျိုးရိုးဗီဇတွေနဲ့ပါ သွယ်ဝိုက်သော်လည်းကောင်းတိုက်ရိုက်သော်ကောင်းဆက်စပ်မှုရှိတယ်လို့ပါ ပြောလို့ရတယ်။ ဥပမာဆိုရင်ဗျာ အင်္ဂလိပ်ဆိုရင် Proto-indo-European ကနေဆင်းသက်လာတာလို့ပြောလို့ရတယ်။ Welsh ကလည်း Indo-European အနွယ်ဝင်ဘဲ။ သို့သော် အင်္ဂလိပ်နဲ့ဘာကွာသွားလဲဆိုတော့ Indo-European ကနေထပ်ကွဲထွက်သွားတာတွေအများကြီးရှိသေးတယ်။ အင်္ဂလိပ်က Indo-European > Germanic ကနေဆင်းသက်လာပြီး Welsh ကကျ Indo-European > Celtic ကနေဆင်းသက်လာတာလို့ပြောလို့ရတယ်။ Irish ( အိုင်ယာလန်ဘာသာစကား ) ကလည်း Celtic အနွယ်ဘဲဗျ။ ဒါပေမယ့် အင်္ဂလိပ်စကား နဲ့ Welsh ဘာသာစကားတို့ရဲ့ နှစ်ပေါင်းများစွာဆက်ဆံခဲ့ကြတဲ့အကျိုးရလာဒ်အဖြစ် လက်ရှိအင်္ဂလိပ်စကားနဲ့ Welsh ဘာသာစကားတို့မှာ အချင်းချင်းတို့ရဲ့စကားလုံးတွေကစိမ့်ဝင်လာခဲ့တယ်။ ပြောရရင် Borrowed words တွေများလာတယ်ပေါ့ဗျာ။

( Phonology ပိုင်းတော့မပြောပြတော့ဘူး Linguistic terms တွေအများကြီးနဲ့ရှုပ်ကုန်မှာစိုးလို့ ဒါပေမယ့် သိချင်တယ်ဆိုရင် comment မှာမေးထားလို့ရတယ် )

⭐️ Welsh ဘာသာစကား၏ ဝါကျထားသိုပုံ

Welsh ရဲ့ အခြေခံအကျဆုံး ဝါကျထားသိုပုံကတော့ VSO ( Verb-subject-object ) ဘဲဖြစ်ပါတယ်။ Irish,Tagalog,Hebrew,Arabic နဲ့ Ge'ez စသဖြင့်ဘာသာစကားတွေကလည်း VSO form ကိုအသုံးပြုတဲ့ဘာသာစကားတွေဖြစ်ပါတယ်။ ဗမာစကားရဲ့ Basic word order ကတော့ SOV ဘဲဖြစ်ပါတယ်ဗျာ။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်က Celtic မျိုးနွယ်ဝင်တွေတော်တော်များများမှာတွေ့ရတယ်ဗျ။ ဥပမာ - Irish လို I have a girlfriend ဆိုတာကိုပြောချင်တယ်ဆိုပါစို့။ ဒါဆိုရင် Irish မှာကျ Tá cailín agam ( Girlfriend is on me ) ဒီလိုမျိုးဘဲပြောကြတယ်ဗျ။ ပြောရရင် Irish မှာ " ရှိသည် " ဆိုတဲ့ verb ကိုဖော်ပြဖို့စကားလုံးမရှိတာဘဲ။ ဒီလိုမျိုးဘဲ Welsh မှာလည်း သိပ်မတူပေမယ့် စိတ်ဝင်စားဖို့ကောင်းတာလေးရှိတယ်။ ငါနင့်ကိုသဘောကျတယ်ဆိုတာကိုပြောချင်ရင် I like you ဆိုပြီးတိုက်ရိုက်ဘာသာပြန်ပြီးသွားရေးလို့မရဘူး။ Dw i'n dy hoffi ( Am I your liking ) ဒီလိုမျိုးဘဲရေးလို့ရတယ်။ ဒါပေမယ့် အင်္ဂလိပ်စာရဲ့လွှမ်းမိုးမှုကြောင့် Dw i'n hoffi ti ( Am I liking you ) တို့လိုစာကြောင်းတည်ဆောက်ပုံမျိုးတွေကတော့ပေါ်ပေါက်လာခဲ့တယ်။

⭐️ Welsh ၏ စိတ်ဝင်စားစရာကောင်းသော အချက်များ

- Welsh မှာ Pronoun Doubling ဆိုတဲ့ပုံစံမျိုးကိုအသုံးပြုပါတယ်။

- Conjugated preposition ဆိုတာမျိုးတွေလည်းအသုံးပြုတယ်။ပြီးတော့ Conjugate proposition ကိုသုံးတဲ့ဘာသာစကားတွေဆိုတာ တော်တော်ရှားတယ်လို့ပြောလို့တောင်ရတယ်။ အဓိပ္ပာယ်ကတော့ သူတို့ရဲ့ object တွေဖြစ်တဲ့ personal pronoun တွေနဲ့ရောစပ်သွားတဲ့ preposition ( ဝိဘတ် ) တွေကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်။

- ကိန်းဂဏန်းရေတွက်ခြင်းပုံစံက ပြင်သစ်စကားနဲ့အရမ်းဆင်ပါတယ်။ ဥပမာပြောရရင်

Un ar ddeg ( 1 on 10 ) = 11

Un ar bymtheg ( 1 on 15 ) = 16

*Deunaw ( 2 x 8 ) = 19

Deg ar hugain ( 10 on 20 ) = 30

*Deugain ( 2 x 20 ) = 40

*Trigain ( 3 x 20 ) = 60

ပြောရရင်တော့ Welsh ရဲ့ counting system က အင်္ဂလိပ်စကား၊ ဗမာစကား၊ တရုတ်စကားတို့ထက် အစများစွာပိုရှုပ်ထွေးပါတယ်ဗျ။ ဒါပေမယ့် ခက်တယ်လို့တော့ ဆိုလို့မရပါဘူး ဘာလို့လည်းဆိုတော့ ပြင်သစ်တွေအတွက်တော့ ဒီ system ကခက်ခဲမှာမဟုတ်လို့ပါဘဲ။

- Welsh စကားက ဗမာစကားလိုဘဲ နေ့စဉ်စကားပြောစကားနဲ့ စာအရေးအသားစကားတို့ကြားမှာ ကွာခြားချက်ပိုများပါတယ်။ အင်္ဂလိပ်မှာကျ စကားလုံးတချို့ကိုရွေးချယ်ပြီးသုံးရတာလွဲရင် သိပ်ကွာခြားချက်မရှိပါဘူး။

- Welsh က moderately inflecting language ဖြစ်ပါတယ်။ ဆိုလိုတာကတော့ verb တွေက အနည်းဆုံးတော့ လူပုဂ္ဂိုလ်၊ အရေအတွက်၊ စိတ်အနေအထား စသဖြင့်တို့ပေါ်မူတည်ပြီး conjugate ( ကြိယာပုံစံပြောင်းလဲခြင်း ) လုပ်တယ်လို့ဆိုလိုတာပါဗျာ။ verb တွေကလည်း consonant mutation ကိုသုံးပြီး gender တွေအလိုက်ပြောင်းလဲပါသေးတယ်။

- Welsh nouns တွေမှာ Russia,Hungarian တို့လို cases တွေမရှိပေမယ့် Masculine (ပုလ္လိင်) နဲ့ Feminine (ဣတ္ထိလိင်) ဆိုပြီးတော့တော့ခွဲခြားထားသေးတယ်။

- Welsh မှာ အင်္ဂလိပ်စာထက် ပိုပြီး plural form ပြောင်းဖို့နည်းလမ်းတွေလည်းအများကြီးပိုရှိပါတယ်။

- နေ့စဉ်သုံး Welsh မှာ မူလ verb ကို conjugate လုပ်တာထက် Auxiliary verbs တွေကိုပိုအသုံးများတယ်။

⭐️ စာရေးသူ၏အမြင်

ကျွန်တော့်ရဲ့အမြင်မှာတော့ဗျာ Welsh ကလှပတဲ့ဘာသာစကားတစ်ခုဘဲပေါ့ဗျာ ( အကုန်လုံးလှပေမယ့်ပေါ့ ) Welsh စာအရေးအသားကိုကြည့်နေတဲ့အခါတိုင်း ထူးခြားတဲ့ ပန်းချီကားတစ်ချက်ကိုကြည့်နေရသလိုခံစားရတယ်။ ဥပမာပြမယ်ဆိုရင်ဗျာ

Welsh လိုနှုတ်ဆက်တဲ့အခါမှာ Shwmae လို့နှုတ်ဆက်ရတယ်။ အသံထွက်ကကျ " ရှူ့မိုင် " လို့အသံထွက်ရတယ် ( အသံထွက်အနီးစပ်ဆုံးကိုသာဆွဲယူအသုံးပြုထားပါသည်။ ) ဘာသာစကားတော်တော်များများမှာ consonant အနေနဲ့သုံးတဲ့ W ကို vowel အနေနဲ့သုံးထားတာကိုသတိပြုမိကြလားဗျ။ နောက်ပြီးတော့ Prynhawn da ( Good afternoon ) ဆိုတာကို " ဖရင်းဟောင်း ဒါ " လို့အသံထွက်ရတယ်။ iawn ( very ) ကို ယောင်း လို့အသံထွက်ပြီးတော့ Sut ( How ) = စစ်ထ် ၊ Diolch ( Thanks ) = ဒီအို့ခ် စသဖြင့်တို့ပေါ့ဗျာ။

Ydw = Yes

Hywl = Bye

Mae’n bwrw glaw = it's raining

ပြီးတော့ Welsh မှာ silent letters မရှိဘူးလို့ပြောလို့ရပေမယ့် တချို့မှာတော့ရှိသေးတယ်။ ဥပမာ Hoffi ကို ɔfi လို့ထွက်တာတွေလည်းရှိတဲ့အတွက်ကြောင့်ပါဗျာ။ F အသံကို V (ဗ) သံထွက်တာတွေလည်းရှိသေးတယ်။ F ကို ဗ သံထွက်တာကတော့တခြားဘာသာစကားတွေတော်တော်များများမှလည်းရှိသေးတဲ့အတွက် မရှားပေမယ့် အင်္ဂလိပ်စကား စံအသံထွက်နဲ့တော့ ကွဲပြားနေတယ်မဟုတ်ပါလား။

📌 ဒီလောက်ဘဲပြီးလိုက်ကြရအောင်ဗျာ။ နောက်ရက်တွေကြ တခြားဘာသာစကားတွေနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေလည်းတင်ပေးပါအုံးမယ်။ ယခု post ကိုသဘောကျတယ်ဆိုရင် တခြားသူတွေလည်းဖတ်ရအောင်လို့ like and share လေးပြုလုပ်ပေးသွားကြပါအုံးဗျာ။

25/04/2022

ကျွန်တော့်ရဲ့ ဝါသနာအရ page မှာ ကမ္ဘာအနှံ့ကဘာသာစကားတွေအကြောင်းဗဟုသုတတွေရယ် ဘာသာဗေဒနဲ့ပတ်သတ်တာတွေကို မျှဝေပေးမယ်။ ဘာသာစကားတွေနဲ့ပတ်သတ်ပြီးမျှဝေတာပိုကောင်းမယ်ထင်လို့ပါ။ ပြီးတော့ ကျွန်တော့်အထင်မှာ မြန်မာနိုင်ငံကလူတော်တော်များများက ဘာသာဗေဒပိုင်းနဲ့ပတ်သတ်ရင် လေ့လာမှုအားနည်းတာကိုတွေ့ရတယ်ဗျ။ ဒါလေးကိုဖြည်းစည်းပေးချင်စိတ်ပေါ်လာလို့ပါ။ ကျွန်တော့်ကို page အဟောင်းကလူတွေ ဒီထဲမှာရှိတယ်ဆို သိကြမှာပါ ဘာသာစကားတွေနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေခဏတိုင်းရေးတဲ့ ဆရာနန္ဒကို ဆိုတာလေ။ အဲ့တော့ အဟောင်းတွေရော အသစ်တွေရော ဗဟုသုတတွေရဖို့မျှော်လင့်ပါတယ်။

📌 စိတ်ဝင်စားကြရဲ့လားဗျ။

" အင်္ဂလိပ်စာအသံထွက် တစ်လအတွင်း သိသိသာသာ တိုးတက်ချင်ပါသလား ကျွန်တော်တို့ရဲ့ သင်တန်းကို လာရောက် ဆက်သွယ်လိုက်ပါ "အင်္ဂလိပ်...
24/04/2022

" အင်္ဂလိပ်စာအသံထွက် တစ်လအတွင်း သိသိသာသာ တိုးတက်ချင်ပါသလား ကျွန်တော်တို့ရဲ့ သင်တန်းကို လာရောက် ဆက်သွယ်လိုက်ပါ "

အင်္ဂလိပ်စာကို ထိထိရောက်ရောက်သင်ကြားလိုသူများအတွက် ကျွန်တော်တို့ သင်တန်းမှ အင်္ဂလိပ်စာသင်တန်း ကို နောက်လ နှစ်ရက်နေ့မှာ စတင်ဖွင့်ပါတော့မယ်ဗျာ။
သင်တန်းသားတွေဆီမှအမြဲတမ်းကောင်းမွန်တဲ့ Review များသာရရှိထားပြီး သင်ကြားတဲ့ဆရာများကလည်း စိတ်ရှည်တဲ့အတွက် မတတ်မှာတော့မပူပါနဲ့ဗျာ။

အင်္ဂလိပ်စာသင်တန်းကိုမှ အခြေခံဘက်စုံ နဲ့ အင်္ဂလိပ်စာအသံထွက်နည်းသင်တန်း ဆိုပြီးလည်း ထပ်မံခွဲခြားထားပါသေးတယ်။ ခွဲခြားရတဲ့ရည်ရွယ်ချက်ကတော့ တစ်ခုဆိုတစ်ခုဘဲပိုပြီးတော့ အထူးပြုသင်ကြားပေးနိုင်အောင်ဖြစ်ပါတယ်။ ပြီးတော့ ဒီအခြေခံ သင်တန်းနှစ်ခုပြီးတာနဲ့ နောက်ထပ် အဆင့်မြင့်သင်တန်းများလည်းထပ်မံတက်ရောက်နိုင်အုံးမှာဖြစ်ပါတယ်ဗျာ။

အခြေခံဘက်စုံသင်တန်းက အင်္ဂလိပ်အခြေခံမပိုင်ခဲ့တဲ့သူတွေအတွက်အဓိကရည်ရွယ်ပါတယ်။

အင်္ဂလိပ်စာအသံထွက်နည်းသင်တန်းကတော့ အင်္ဂလိပ်စာစကားလုံးတွေစာကြောင်းတွေကိုအသံထွက်အမှန်ကန်ဆုံးထွက်တတ်အောင် native တစ်ယောက်လိုထွက်တတ်အောင်သင်ကြားပေးမယ့်သင်တန်းဖြစ်ပါတယ်။ ကိုယ့်အသံထွက်တွေကပြင်ဖို့လိုတယ်ထင်ရင်တော့ ကျွန်တော်တို့သင်တန်းကိုသာလာခဲ့ပါဗျာ။ အခြေခံ IPA တွေကနေစပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်ကြားတဲ့နည်းလမ်းကတော့ facebook group နဲ့ telegram group တွေကဖြစ်ပါတယ်။ zoom နဲ့မဟုတ်ပါဘူးဗျာ။ ဒါကြောင့် အလုပ်တစ်ဖက်နဲ့စာသင်ချင်တဲ့သူတွေ အချိန်မအားလပ်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ ဒါပေမယ့် သင်တန်းကဆရာတွေက စာနဲ့ပတ်သတ်ပြီးမေးမြန်းစရာတွေရှိတာတွေနဲ့ အိမ်စာတွေအတွက် messenger group သက်သက်ဖွဲ့ပေးအုံးမှာဖြစ်တဲ့အတွက် သေချာမတတ်မှာတော့စိတ်ပူစရာမလိုပါဘူး။ page inbox ကိုဖြစ်စေ 09766818750 ကိုဖြစ်စေ ဆက်သွယ်ပြီးသင်တန်းစာရင်းသွင်းနိုင်ပါတယ်။

📌 သင်ကြားမည့်ရက်များ - တစ်ပတ်မှာ စနေ၊တနင်္ဂနွေ နှစ်ရက်ဘဲနားမှာဖြစ်ပြီး အိမ်စာလုပ်ဖို့တစ်ရက်နဲ့ စာသင်တဲ့တစ်ရက် ကိုတစ်လှည့်စီလှည့်သွားမှာဖြစ်ပါတယ်။ အိမ်စာထပ်ရမယ့်အချိန်က အိမ်စာနေ့တိုင်းရဲ့ ည ၆ နာရီကနေ ၁၀ နာရီအထိဘဲဖြစ်ပါတယ်။

📌 ဆက်သွယ်ရန်ဖုန်းနံပါတ် - 09766818750
( အသေးစိတ်စုံစမ်းချင်ပါက page inbox သို့လည်းလာရောက်မေးမြန်းနိုင်ပါသည် )

📌 သင်တန်းကြေး - တစ်သောင်း

ကျွန်တော်တို့သင်တန်းက အင်္ဂလိပ်၊တရုတ်၊စပိန် နဲ့ ယူကရိန်း သင်တန်းများလည်းရှိတဲ့အတွက် သင်တန်းဖွင့်ချိန်တွေနဲ့ ဘာသာစကားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကိုသိဖို့ like & follow ပြုလုပ်ပေးထားဖို့မေတ္တာရပ်ခံချင်ပါတယ်ဗျာ။

💥နောက်ဆုံးအနေနဲ့ကတော့

အခု post ကို share ပြီးတော့ screenshot ကို comment section မှာလာပြပါက share ထားတဲ့သူတွေအထဲကမှ ၃ ယောက်ကို ကြိုက်နှစ်သက်တဲ့သင်တန်းတစ်ခုကို အခမဲ့တက်ခွင့်ပေးမှာဘဲဖြစ်ပါတယ်။

Zootopia နဲ့ Sing ထဲက တိအမျိုးအစားနမည်တွေပါ
20/04/2022

Zootopia နဲ့ Sing ထဲက တိအမျိုးအစားနမည်တွေပါ

Address

Sagaing

Telephone

+959766818750

Website

Alerts

Be the first to know and let us send you an email when Nanda Khin Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share