Teaching Agency

Teaching Agency Teacher Trainings & Free Education Services for Parents
(561)

21/08/2026

“ဒီလိုပဲ သင်ပေးနေတာပဲ” ဆိုပြီး ECCD ကို မသိဘဲ ကျော်သွားရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ❓
===========================
😔 “ကလေးက စာမလုပ်ဘူး” ၊ “Attention မရှိနေဘူး” ၊ “အမြဲတမ်ဆော့နေတယ်” ၊ “ပြောတာလည်း နားမထောင်ဘူး” ........
ဒီလိုအခြေအနေတွေ ကြုံလာတဲ့အခါ “ဒီကလေးက စာမကြိုးစားဘူး”၊ “အရမ်းဆော့တယ်”၊ “နားမထောင်ဘူး” ဆိုပြီး ကလေးရဲ့အပြုအမူကို ပြဿနာတစ်ခုအဖြစ်ပဲ မြင်မိတတ်ကြပါတယ်။ ဒါပေမယ့် Early Childhood အရွယ်မှာတော့ ကလေးတစ်ယောက်ရဲ့ အပြုအမူတိုင်းမှာ သူ့အရွယ်နဲ့သူ့Development ဆက်စပ်နေတဲ့ အကြောင်းရင်းတစ်ခုခု ရှိနေနိုင်ပါတယ်။
ဥပမာ -
🔹 စာမလုပ်တာက မကြိုးစားလို့ မဟုတ်ဘဲ အသက်အရွယ်နဲ့ မကိုက်ညီတဲ့ Learning Activity ဖြစ်နေနိုင်တာမျိုး ၊
🔹 Attention ရှိမနေတာက နားမထောင်လို့ မဟုတ်ဘဲ Young Children တွေရဲ့ Attention Span နဲ့ သင်ကြားပုံ မကိုက်ညီတာမျိုး ၊
🔹 အမြဲဆော့နေတာကလည်း စာမသင်ချင်လို့ မဟုတ်ဘဲ Playing ကနေတဆင့် သင်ယူနေတာမျိုး ဖြစ်နေနိုင်ပါတယ်။ဒါကြောင့် ကလေးကို “ဘာဖြစ်နေတာလဲ?” လို့ပဲ မေးမယ့်အစား
“ကလေးက ဘာကြောင့် ဒီလိုပြုမူနေတာလဲ”၊ “သူ့ Development နဲ့ ကိုက်ညီတဲ့နည်းလမ်းကို ငါသုံးနေရဲ့လား” ဆိုတာကိုပါ သတိထားသင့်ပါတယ်ခင်ဗျာ။

🔷တစ်ခါတလေမှာ ကလေးက မသင်ချင်တာလား ဒါမှမဟုတ် ကျွန်တော်တို့က ကလေး အသက်အရွယ်နဲ့ Development Stage မကိုက်ညီတဲ့နည်းလမ်းတွေ သင်နေမိတာလားဆိုတာ ထည့်စဉ်းစားဖို့လိုအပ်လာပါတယ်။ ကလေးတစ်ယောက်က အထက်မှာပြောခဲ့တဲ့ အပြုအမူတွေကိုလုပ်နေတယ်ဆိုတာနဲ့ “ဒီကလေးက စာမကြိုးစားဘူး” လို့ အလွယ်တကူတံဆိပ်ကပ် ဆုံးဖြတ်လိုက်လို့ မရပါဘူးခင်ဗျာ။ Early Childhood အရွယ် ကလေးတွေအတွက် ကစားတာ၊ လှုပ်ရှားတာ၊ စူးစမ်းတာနဲ့ မေးခွန်းမေးတာတွေက သင်ယူမှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးတွေမြင်တဲ့ “ဆော့နေတယ်” ဆိုတာက ကလေးအတွက်တော့ Learning by Doing ဆိုတဲ့ “သင်ယူနေမှု” ဖြစ်နေနိုင်ပါတယ်။

Attention မစိုက်တာကိုလည်း “နားမထောင်ဘူး” လို့ပဲ သတ်မှတ်မယ့်အစား -
❓Activity က သူ့အသက်အရွယ်နဲ့ ကိုက်ညီရဲ့လား၊
❓သင်ကြားတဲ့အချိန်က သူ့ Attention Span နဲ့ သင့်တော်ရဲ့လား၊
❓ကလေးကို ကိုယ်တိုင်ပါဝင်ခွင့်ပေးထားရဲ့လား၊ Play နဲ့ Learning ကို ပေါင်းစပ်ပေးထားရဲ့လား
ဆိုတာတွေကို ပြန်စဉ်းစားဖို့လိုအပ်ပါတယ်။ အရေးကြီးတာက ကလေးကို ပြောင်းလဲဖို့ပဲ ကြိုးစားတာမဟုတ်ဘဲ ကိုယ်သင်ကြားနေတဲ့နည်းလမ်းကိုလည်း ပြန်လည်သုံးသပ်ဖို့ပါပဲခင်ဗျာ။ ကလေးတိုင်းဟာ အသက်အရွယ်နဲ့ Development အဆင့်အလိုက် သင်ယူပုံ၊ အာရုံစိုက်ပုံ၊ တုံ့ပြန်ပုံ တွေလည်းမတူကြပါဘူး။ ဒါကြောင့် ကလေးတွေရဲ့ မတူကွဲပြားမှု (Diversity) ကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။

🔷ECCDကို နားမလည်ဘဲ ကလေးတွေကို သင်ကြားမိတဲ့အခါ အသက်အရွယ်နဲ့ မကိုက်ညီတဲ့ သင်ကြားနည်းတွေ အသုံးပြုမိတာ၊ ကလေးတွေရဲ့ Behavior ကို မှားယွင်းနားလည်မိတာနဲ့ သင်ယူချင်စိတ်ကို မရည်ရွယ်ဘဲ ထိခိုက်စေတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ကလေးရဲ့ Development Stage ကို မသိဘဲ စာကို အလွန်အကျွံဖိသင်တာ၊ အချိန်ကြာကြာထိုင်ခိုင်းတာ၊ မသင့်တော်သေးတဲ့ Activities တွေ ပေးတာမျိုး ဖြစ်လာနိုင်သလို ကလေးရဲ့ Behavior တွေကိုလည်း အကျင့်ဆိုးတစ်ခုလို သတ်မှတ်မိနိုင်ပါတယ်။ ဒီလိုနဲ့ ကလေးရဲ့အသက်အရွယ်နဲ့ မကိုက်ညီတဲ့ မျှော်မှန်းချက်တွေ၊ နှိုင်းယှဉ်မှုတွေနဲ့ ဖိအားပေးမှုတွေ များလာတဲ့အခါ Learningကို ပျော်စရာအတွေ့အကြုံအဖြစ် မခံစားတော့ဘဲ သင်ယူချင်စိတ်(Learning Motivation)ပါ လျော့လာနိုင်ပါတယ်။ ဒါကြောင့် Early Childhood မှာ ကလေးကို ဘာသင်ပေးမလဲဆိုတာထက် ကလေးရဲ့ Development ကို နားလည်ပြီး ဘယ်လိုသင်ပေးမလဲဆိုတဲ့ ECCD Knowledge ရှိဖို့ ပိုအရေးကြီးလာပါတယ်။

🔷Early Childhood ကလေးတွေကို စနစ်တကျပြုစုပျိုးထောင်ပေးချင်တဲ့ ဆရာဆရာမတို့အတွက် ကျနော်တို့ရဲ့ Teaching Agency ကနေ ECCD & ECCE for Parents & Teachers (Batch-46)ကို August (24)မှာ ဖွင့်လှစ်ပေးလိုက်ပါပြီ။ သင်ကြားပေးမယ့် Trainer Teacher Honey ကိုယ်တိုင်ကလည်း ECCD အတွေ့အကြုံများစွာရှိပြီး သင်တန်းအပတ်စဉ်ပေါင်းများစွာ အောင်အောင်မြင်မြင် ဖွင့်ခဲ့ပြီဖြစ်လို့ သင်ကြားမှုအရည်အသွေးကို စိုးရိမ်ဖို့ မလိုအပ်ပါဘူးခင်ဗျာ။ သင်တန်းအပ်ဖို့အတွက် ကောမန့်မှာ “ECCD” လို့ရေးခဲ့ပေးပါခင်ဗျာ။ ကျနော်တို့ Teaching Agency ကနေ အမြန်ဆုံးဆက်သွယ်ပေးပါမယ်ခင်ဗျာ။

Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်။
ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။




Preschool နဲ့ Primary ကျောင်းသားလေးတွေအတွက် စာသင်ခန်းထဲ တကယ်ထိရောက်တဲ့ Jolly Phonics Classroom Activities (၆) ခုကလေးတွေက...
20/08/2026

Preschool နဲ့ Primary ကျောင်းသားလေးတွေအတွက် စာသင်ခန်းထဲ တကယ်ထိရောက်တဲ့ Jolly Phonics Classroom Activities (၆) ခု

ကလေးတွေကို အင်္ဂလိပ်စာ ဖတ်တတ်၊ ရေးတတ်အောင် သင်ပေးတဲ့အခါ Jolly Phonics စနစ်ဟာ ကမ္ဘာတစ်ဝန်းမှာ အအောင်မြင်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက စာလုံးတွေကို အလွတ်ကျက်ခိုင်းတာ မဟုတ်ဘဲ အသံ (Sounds)၊ လက်သင်္ကေတ (Actions)၊ သီချင်း (Jingles) နဲ့ ကစားနည်း (Games) တွေကို ပေါင်းစပ်ပြီး Multi-sensory (အာရုံငါးပါးလုံး ပါဝင်လှုပ်ရှားတဲ့) နည်းလမ်းနဲ့ သင်ကြားပေးလို့ဖြစ်ပါတယ်ခင်ဗျာ။

Phonics သင်ကြားရေး ဆရာ၊ ဆရာမအဖြစ် စတင်လုပ်ကိုင်ချင်သူတွေနဲ့ အိမ်မှာ ကလေးကို ကိုယ်တိုင် သင်ကြားပေးချင်တဲ့ မိဘတွေအတွက် စာသင်ခန်းထဲမှာရော အိမ်မှာပါ ပျော်စရာကောင်းပြီး အမှန်တကယ် ထိရောက်မှုရှိတဲ့ Jolly Phonics Activities (၆) ခုကို ကျွန်တော်တို့ (TA) ကနေ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

🔷️၁။ Sound Hunt

ကလေးတွေဟာ ငြိမ်ငြိမ်ထိုင် စာကျက်ရတာထက် ထလှုပ်ရှားရတာကို ပိုသဘောကျပါတယ်။
စာသင်ခန်းထဲမှာ ဒါမှမဟုတ် အိမ်ထဲမှာ သီးသန့် အသံတစ်ခု (ဥပမာ - /s/ sound) ကို သတ်မှတ်လိုက်ပါ။ ပြီးရင် အဲဒီအသံနဲ့ စတဲ့ ပစ္စည်းတွေကို ခန်းထဲမှာ လိုက်ရှာခိုင်းပါ။ (ဥပမာ - Spoon, Sock, Sun picture)စသဖြင့်

ဒီလိုလုပ်မယ်ဆိုရင် ကလေးတွေရဲ့ အကြားအာရုံနဲ့ စာလုံးအသံ ဆက်စပ်မှုကို ပိုမိုခိုင်မာလာစေနိုင်ပါတယ်ခင်ဗျာ။

🔷️၂။ Magic Air Writing & Back Writing (လေထဲမှာနဲ့ ကျောပေါ်မှာ စာရေးခြင်း)

Phonics မှာ စာလုံးပုံစံ (Letter Formation) ကို မှတ်မိဖို့ ကစားနည်းလေးတွေနဲ့ လေ့ကျင့်ပေးလို့ ရပါတယ်။ ဆရာ/မက စာလုံးတစ်လုံးရဲ့ Action ကို လုပ်ပြပြီး ကလေးကို လေထဲမှာ လက်ညှိုးလေးနဲ့ ပုံဖော်ရေးခိုင်းပါ။ ဒါမှမဟုတ် ကလေးရဲ့ ကျောပေါ်မှာ ဒါမှမဟုတ် လက်ဝါးလေးပေါ်မှာ စာလုံးလေးကို ပွတ်ဆွဲရေးပြပြီး ဘာစကားလုံးလဲဆိုတာ ခန့်မှန်းခိုင်းပါ။

ဒီနည်းလမ်းက Kinesthetic Learning (ခန္ဓာကိုယ် လှုပ်ရှားမှုဖြင့် သင်ယူခြင်း) ကို အားပေးပြီးတော့ ကလေးတွေရဲ့ Fine Motor Skills (လက်ချောင်းလေးများ သန်မာမှု) ကို တိုးတက်စေပါတယ်ခင်ဗျာ။

🔷️၃။ Sound Hopscotch (အသံခုန်တမ်း ကစားနည်း)

ဒီနည်းကတော့ ကလေးတွေ အကြိုက်ဆုံး တန်းစီခုန်ရတဲ့ ကစားနည်းဖြစ်ပါတယ်ခင်ဗျာ။
ဒီကစားနည်းလေးအတွက် ကြမ်းပြင်မှာ စာရွက်ပေါ်မှာ ရေးထားတဲ့ Phonics စာလုံးလေးတွေကို ရောယှက်ခင်းထားပါ။ ဆရာ/မက အသံတစ်ခု (ဥပမာ - /t/) လို့ အော်လိုက်တာနဲ့ ကလေးက အဲဒီစာလုံးရှိတဲ့ နေရာကို ခုန်သွားရပါမယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီအသံရဲ့ Action ကိုပါ လုပ်ပြရပါမယ်။

ဒီနည်းလေးက ကလေးတွေရဲ့ တုံ့ပြန်မှု မြန်ဆန်စေပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက် ပေါင်းစပ်လှုပ်ရှားမှုကို အားကောင်းစေပါတယ်ခင်ဗျာ။

🔷️၄။ Blending Bus (စာလုံးပေါင်း ဘတ်စ်ကား)

Blending busက Phonics ရဲ့ အဓိက သော့ချက်ဖြစ်တဲ့ Blending (အသံတွေကို ပေါင်းစပ်ပြီး စကားလုံး ဖတ်ခြင်း) ကို သင်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်ခင်ဗျာ။

စာရွက်ပေါ်မှာ ဘတ်စ်ကား ပုံစံလေး ဆွဲထားပြီး ကားမှတ်တိုင် တိုင်းမှာ စာလုံးတစ်လုံးစီ (ဥပမာ - c ... a ... t) တင်သွားပါ။ ကားလေး တဖြည်းဖြည်း မောင်းထွက်သွားချိန်မှာ အသံတွေကို ဖြေးဖြေးချင်း ပေါင်းဖတ်ခိုင်းပြီး ကားမြန်မြန်မောင်းချိန်မှာ cat လို့ အသံမြန်မြန် ပေါင်းဖတ်ခိုင်းပါ။

ကလေးတွေ စာလုံးပေါင်း ဖတ်ရှုရတာကို ကြောက်ရွံ့မှု မရှိတော့ဘဲ ပျော်စရာ ကစားနည်းတစ်ခုလို သဘောပေါက်သွားစေပါတယ်ခင်ဗျာ။

🔷️၅။ Sound Dough / Sensory Tracing (မြေပလာစတာဖြင့် စာလုံးပုံဖော်ခြင်း)

လက်နဲ့ ထိတွေ့မှုမှတစ်ဆင့် သင်ယူရတာကို ကြိုက်တဲ့ Preschool ကလေးလေးတွေအတွက် ဒီနည်းလမ်းလေးက အထူးသင့်တော်ပါတယ်ခင်ဗျာ။

Playdough (ကစားစရာ ပလာစတာ) ကို သုံးပြီး သင်ထားတဲ့ Phonics စာလုံး ပုံစံလေးတွေ လှိမ့်ပြီး လုပ်ခိုင်းပါ။ ပြီးရင် အဲဒီစာလုံးပေါ် လက်ညှိုးလေးနဲ့ ပွတ်ဆွဲရင်း အသံထွက်ခိုင်းပါ။ ဒီနည်းလေးကSensory Skill နဲ့ Letter Recognition (စာလုံး မှတ်မိနိုင်စွမ်း) ကို ဒွန့်တွဲ တိုးတက်စေပါတယ်ခင်ဗျာ။

၆။ Jolly Jingles & Action Songs (သီချင်းနားထောင်ပြီး အမူအရာ လုပ်ခြင်း)

Jolly Phonics ရဲ့ ထူးခြားချက်က အသံ ၄၂ ခုလုံးအတွက် သီးသန့် သီချင်းတိုလေးတွေနဲ့ လက်သင်္ကေတ (Actions) တွေ သီးသန့်ရှိပါတယ်ခင်ဗျာ။

သင်ခန်းစာ စတင်ချိန် သို့မဟုတ် ပြီးခါနီးမှာ Jolly Jingles သီချင်းလေးတွေကို ဖွင့်ပြပြီး သီချင်းထဲက အသံတိုင်းအတွက် Action လေးတွေကို တစ်တန်းလုံး အတူတူ လိုက်လုပ်ခိုင်းပါ။

အသံသီချင်းလေးတွေနဲ့မှတ်တာက ရေရှည် မှတ်ဉာဏ် (Long-term memory) မှာ စာလုံးအသံတွေကို စွဲမြဲသွားစေပါတယ်ခင်ဗျာ။

ဒီလိုမျိုး Jolly Phonics ကို စနစ်တကျနဲ့ ပျော်စရာကောင်းအောင် သင်ကြားပေးနိုင်ဖို့ဆိုရင် နည်းလမ်းမှန်နဲ့ လေ့ကျင့်ထားတဲ့ Phonics Educator တစ်ယောက် ဖြစ်ဖို့ လိုအပ်ပါတယ်။

ကလေးတွေကို စနစ်တကျနဲ့ ကျွမ်းကျင်စွာ Phonics သင်ပေးချင်တဲ့ ဆရာ၊ ဆရာမလောင်းတစ်ယောက် ပဲဖြစ်ဖြစ်၊ မိမိကလေးကို အိမ်မှာပဲ ကမ္ဘာ့အဆင့်မီ Phonics စနစ်နဲ့ ကိုယ်တိုင် သင်ပေးချင်တဲ့ မိဘတစ်ယောက် ပဲဖြစ်ဖြစ်…

ကျွန်တော်တို့ Teaching Agency (TA) ကနေ အထူးဖွင့်လှစ်ထားတဲ့ "Jolly Phonics Teacher Training Class" လေးမှာ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီ Class မှာ ဘာတွေ သင်ယူရမလဲ။
✨️Jolly Phonics ရဲ့ အသံ ၄၂ ခုလုံးကို တိကျမှန်ကန်သော Native Accent အသံထွက်များ။
✨️Phonics Actions, Blending & Segmenting နည်းလမ်းများ။
✨️စာသင်ခန်းထဲမှာ တကယ်သုံးနိုင်မယ့် Lesson Plan ရေးဆွဲနည်းများနှင့် Teaching Aids ပစ္စည်းများ အသုံးပြုပုံ။

ကလေးတွေရဲ့ အင်္ဂလိပ်စာ အခြေခံကို ခိုင်မာအောင် တည်ဆောက်ပေးနိုင်တဲ့ ကျွမ်းကျင် ဆရာ/မတစ်ယောက် ဖြစ်လာဖို့ comment မှာ "Jolly' လို့ရေးပြီး စာရင်းသွင်းအတန်းအပ်လိုက်ပါခင်ဗျာ။

🔹 Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။






20/08/2026

စိတ်လုံခြုံမှုရှိတဲ့ကလေးက ဘာကြောင့် ပိုပြီးကောင်းကောင်းသင်ယူနိုင်တာလဲ
====================
ကလေးတစ်ယောက်ကို စာသင်တဲ့အခါ "ဒီလောက်လွယ်တာကို ဘာလို့မမှတ်မိရတာလဲ" ဆိုပြီး ဒေါသထွက်ဖူးပါသလား။တကယ်တော့ ကလေးက ညံ့လို့မဟုတ်ဘဲ သူတို့ရဲ့ ဦးနှောက်က 'အသက်ရှင်သန်ရေး' (Survival Mode) ကို ရောက်သွားလို့ ဖြစ်နိုင်ပါတယ်။

ဦးနှောက်သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ လူသားတွေရဲ့ ဦးနှောက်မှာ ကြောက်ရွံ့မှုနဲ့ စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့ Amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းလေးတစ်ခု ရှိပါတယ်။ ကလေးတစ်ယောက် ကြောက်ရွံ့နေတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတဲ့အခါ ဦးနှောက်ရဲ့ Stress Response System က ပိုမိုတက်ကြွလာနိုင်ပါတယ်။ အဲဒီအခြေအနေမှာ အာရုံစူးစိုက်မှု၊ Working Memory နဲ့ အခြား Executive Function skills တွေကို ထိထိရောက်ရောက် အသုံးချဖို့ ပိုခက်ခဲလာနိုင်ပါတယ်။ အော်ဟစ်ဆူပူမှုနဲ့ စိတ်ဖိစီးမှုတွေ မြင့်လာတဲ့အခါ ကလေးအတွက် အာရုံစိုက်ပြီး သင်ယူဖို့ ပိုခက်ခဲလာနိုင်ပါတယ်။

လက်တွေ့ ဥပမာလေးတစ်ခုနဲ့ ကြည့်ရအောင်။ ကလေးက စာလုံးပေါင်းတစ်ခု မှားရေးမိတဲ့အခါ "ဒီလိုမရေးရဘူးလို့ ဘယ်နှခါပြောရမလဲ" လို့ အော်ငေါက်လိုက်ရင် ကလေးက နောက်ထပ် ထပ်မှားမှာကို ကြောက်ပြီး ဘာမှဆက်မလုပ်ရဲတော့ပါဘူး။ ဒါပေမဲ့ "ငါမှားသွားရင် အဆူခံရမှာမဟုတ်ဘူး၊ သေချာရှင်းပြပေးမဲ့သူတွေ ရှိတယ်" လို့ စိတ်လုံခြုံမှု (Psychological Safety) ကို အပြည့်အဝ ခံစားရတဲ့ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကတော့ ရေမြှုပ်လေးတစ်ခု လိုပါပဲ။ "သား/သမီးရေ... ဒီနေရာလေးနည်းနည်းလွဲသွားတယ်၊ ပြန်စမ်းကြည့်ရအောင်" လို့ ပြောပေးလိုက်တာက
ကလေးကို ချက်ချင်း သင်ယူဖို့ အာရုံစိုက်စေပါတယ်။

စိတ်လုံခြုံမှုအပြည့်အဝရထားတဲ့ ကလေးတွေရဲ့ ထူးခြားချက်တွေကတော့...

🔳 စူးစမ်းချင်စိတ် ပိုများတယ်
သူတို့ကိုယ်သူတို့ လုံခြုံတယ်လို့ ခံစားရတဲ့အတွက် အရာရာကို စိတ်ဝင်တစားနဲ့ အမြဲစမ်းသပ်ချင်ကြတယ်။

🔳မေးခွန်းတွေ ပိုမေးရဲတယ်
နားမလည်တာရှိရင် ကြောက်မနေဘဲ ပွင့်ပွင့်လင်းလင်း မေးတတ်တယ်။ ဒါက သူတို့ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) ကို အများကြီး တိုးတက်စေပါတယ်။

🔳ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving) အားကောင်းတယ်
အမှားလုပ်မိမှာကို မကြောက်တဲ့အတွက် အခက်အခဲကြုံလာရင် နောက်ဆုတ်မသွားဘဲ နည်းလမ်းသစ်တွေနဲ့ ဖြေရှင်းဖို့ ကြိုးစားကြတယ်။

🔳လူမှုဆက်ဆံရေး ပိုကောင်းတယ်
သူတို့ကိုယ်တိုင်က နားလည်လက်ခံမှုကို ရရှိထားတဲ့အတွက် တခြားသူတွေအပေါ်မှာလဲ ကိုယ်ချင်းစာတရား (Empathy) ထားတတ်လာကြတယ်။

ဒီလို စိတ်လုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ဆိုတာ ကလေးကို အလိုလိုက်တာ၊ အမှားလုပ်တာကို လျစ်လျူရှုပေးတာမျိုးမဟုတ်ပါဘူး။ ကလေးရဲ့ အသက်အရွယ်အလိုက် ဦးနှောက်ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို သေချာနားလည်ပြီး၊ ကစားရင်းသင်ယူခြင်း (Play-based learning)၊ မှန်ကန်တဲ့ အပြုသဘောဆောင် ချဉ်းကပ်မှုတွေနဲ့ စနစ်တကျ လမ်းပြပေးနိုင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ကလေးကို "စာ" အတင်းကျက်ခိုင်းဖို့ထက် သူတို့ကိုယ်တိုင် သင်ယူချင်စိတ်ပေါက်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့၊ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့ မိဘ၊ ဆရာတွေ ဖြစ်ဖို့က ကလေးတစ်ယောက်ရဲ့ တစ်သက်တာ အောင်မြင်မှုအတွက် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါတယ်။

ဒီလို ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဉာဏ်ရည်ပိုင်းကို စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင်မဲ့ နည်းလမ်းတွေကို Teaching Agency က ဖွင့်လှစ်မဲ့ "ECCD & ECCE for Parents and Teachers (Batch-46)" သင်တန်းမှာ အသေးစိတ် လေ့လာသင်ယူနိုင်ပါပြီခင်ဗျာ။ သင်တန်းနဲ့ပတ်သက်တဲ့ အချက်အလက်များ သိရှိလိုပါက 'ECCD' လို့ရေးခဲ့ပေးပါ။

🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹



Jolly Phonics သင်ကြားရေးအကြောင်းကို တစုတစည်းတည်းဖတ်ဖို့ ရှာနေပါသလား=======================A, B, C ကို သိပေမယ့် စကားလုံးတ...
19/08/2026

Jolly Phonics သင်ကြားရေးအကြောင်းကို တစုတစည်းတည်းဖတ်ဖို့ ရှာနေပါသလား
=======================
A, B, C ကို သိပေမယ့် စကားလုံးတွေကို ကိုယ်တိုင်မဖတ်နိုင်သေးတဲ့ ကလေးတွေ ရှိနေတယ်ဆိုရင်… Phonics ကို ပြန်စဉ်းစားဖို့ အချိန်ရောက်ပါပြီ။ အထူးသဖြင့် Young Learners တွေအတွက် Jolly Phonics က ဘာကြောင့် အရေးကြီးလာတာလဲ။ကလေးတွေ English စာကို သင်ယူတဲ့အခါ စာလုံးတွေကို မှတ်မိရုံနဲ့ မလုံလောက်ပါဘူး။ စာလုံးတွေရဲ့ အသံ (Sounds) ကို မှန်မှန်ကန်ကန် သိရှိပြီး အသံတွေကို ပေါင်းစပ်ဖတ်တတ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် Jolly Phonics ဟာ Young Learners တွေရဲ့ Early Literacy နဲ့ English Reading Foundation တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်တဲ့ Phonics Approach တစ်ခုအဖြစ် ပိုပြီး အရေးပါလာပါတယ်။
Jolly Phonics ဆိုတာ ဘာလဲ။ ❓
Jolly Phonics ဆိုတာ
✅ Sounds တွေကို သင်ယူခြင်း
✅ Actions တွေနဲ့ Sounds တွေကို ချိတ်ဆက်မှတ်သားခြင်း
✅ အသံထွက်ကို လေ့ကျင့်ခြင်း
✅ Sounds တွေကို Blend လုပ်ပြီး စာဖတ်တတ်လာအောင် လေ့ကျင့်ပေးခြင်းပဲ ဖြစ်ပါတယ်။
ဒီလို Sound + Action + Practice တွေကို ပေါင်းစပ်သင်ယူစေတာက Young Learners တွေအတွက် သင်ယူရတာ ပိုစိတ်ဝင်စားစရာကောင်းပြီး Reading နဲ့ Spelling အတွက် အခြေခံကောင်းတစ်ခု တည်ဆောက်ပေးနိုင်ပါတယ်။

⛔ဒါပေမဲ့ Jolly Phonics ကို သိရုံနဲ့တော့ မလုံလောက်ပါဘူး။
ကလေးတွေရဲ့ အသက်အရွယ်၊ Learning Level နဲ့ Classroom Context အလိုက်
👉 ဘယ်လိုသင်မလဲ
👉 ဘယ်လို Activities တွေသုံးမလဲ
👉 ဘယ်လို Practice ပေးမလဲ
👉 ကလေးတွေကို Sounds တွေ Blend လုပ်တတ်လာအောင် ဘယ်လို Guide လုပ်မလဲ ဆိုတာတွေကလည်း ဆရာ/ဆရာမတွေအတွက် အရေးကြီးပါတယ်။

📌 ဒါကြောင့် Teaching Agency ကနေ အရင်က မျှဝေပေးခဲ့ဖူးတဲ့ Jolly Phonics နဲ့ပတ်သက်တဲ့ Content တွေကို စုဆောင်းပြီး ပြန်လည်မျှဝေပေးသွားပါမယ်ခင်ဗျာ။
Jolly Phonics skills (5)ခုကို စနစ်တကျ အဆင့်ဆင့်ဘယ်လိုသင်ကြားပေးမလဲ
https://www.facebook.com/share/p/1BumKUXUFn/
Jolly Phonics က ဘာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဒီလောက်အောင်မြင်နေရတာလဲ
https://www.facebook.com/share/p/192p7L3TZ1/
ကလေးတွေအတွက် Jolly Phonics သင်ကြားခြင်းရဲ့ အကျိုးကျေးဇူးများ
https://www.facebook.com/share/p/19PRTvFudK/
Jolly Phonics ကို အောင်မြင်စွာသင်ကြားနည်း
https://www.facebook.com/share/p/17uKFjbafu/
Phonics လား၊ IPA လား။ ဘာကို အရင်လေ့လာသင့်လဲ
https://www.facebook.com/share/p/14vofsJbGpS/
မူကြိုကျောင်းတွေမှာ Jolly Phonics ကို ဘယ်လို ထည့်သွင်းသင်ကြားမလဲ
https://www.facebook.com/share/p/17jPsaVwwS/
Jolly Phonics သင်ကြားတဲ့အခါသိထားရမယ့် Skills ၅ခု အကြောင်း
https://www.facebook.com/share/p/19X9q5ies6/
Jolly Phonics တတ်မြောက်မှုစစ်ဆေးခြင်း
https://www.facebook.com/share/r/1CDYmKse83/
Jolly သင်ထားတဲ့ကလေးမှာစာဖတ်စွမ်းရည်ဘယ်လိုထူးချွန်‌သွားစေလဲ
https://www.facebook.com/share/p/1ChDLnVcrE/
Jolly Grammar ကို ဘယ်အသက်အရွယ်မှာ စတင်သင်ကြားလို့ရသလဲ
https://www.facebook.com/share/p/19DQewxK8P/
Jolly Phonics Oxford Phonics
https://www.facebook.com/share/p/1cc1fVsbLH/
Jolly Phonics Method ဆိုတာဘာပါလဲ
https://www.facebook.com/share/p/1D4iFBSG5Q/
Jolly Phonics သင်ဖို့သင်ထောက်ကူဘယ်လိုဖန်တီးမလဲ
https://www.facebook.com/share/p/19PPpCW3dF/

Jolly Phonics ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင်သင်ကြားပေးနိုင်ဖို့အတွက် August လ (20) ရက်နေ့မှာ Jolly Phonics Teacher Training Batch (28) ကို ဖွင့်လှစ်ပေးထားပါတယ်ခင်ဗျာ။ Trainer Teacher Thanduh ကိုယ်တိုင်သင်ကြားပေးသွားမယ့်ဒီသင်တန်းကို တက်ရောက်ချင်တယ်ဆိုရင်တော့ “Jolly” လို့ ကောမန့်ရေးခဲ့ပေးပါခင်ဗျာ။

Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်။
ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။



19/08/2026

စာသင်ခန်းတွင်း အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက်က ပတ်ဝန်းကျင်ကို ဘယ်လိုမျိုးတုံ့ပြန်လေ့ရှိသလဲ
=====================
ကျောင်းဆိုတာ ကလေးတွေအတွက် အသိပညာရှာမှီးရာတင်မကဘဲ စိတ်ဓာတ်နဲ့ လူမှုဆက်ဆံရေးပိုင်းတွေကို ပျိုးထောင်ပေးရာ လုံခြုံစိတ်ချရတဲ့ ဝန်းကျင်တစ်ခု ဖြစ်သင့်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ စာသင်ခန်းတိုင်းလိုလိုမှာ ချက်ချင်းမမြင်နိုင်တဲ့ အရိပ်မည်းတစ်ခုအဖြစ် “အနိုင်ကျင့်မှု (Bullying)” က အမျိုးမျိုးရှိနေတတ်ပါတယ်ခင်ဗျာ။

အနိုင်ကျင့်ခံရတဲ့ ကလေးတွေက သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲကို နှုတ်ကနေ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ဖို့အတွက် ဝန်လေးတတ်ကြပါတယ်။ ဒါပေမဲ့ အနိုင်ကျင့်ခံရတဲ့ ကလေးတွေရဲ့ ပြုမူနေထိုင်ပုံနဲ့ ပတ်ဝန်းကျင်အပေါ် တုံ့ပြန်ပုံတွေကတဆင့် ဆရာ၊ ဆရာမများအနေနဲ့ ရိပ်မိသိရှိနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့TAအနေနဲ့ ကလေးတွေရဲ့ ဒီလိုတုံ့ပြန်မှုမျိုးတွေကို အကဲခတ်နိုင်ဖို့ရာ အဓိက အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။

၁။ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ (Emotional Responses)

အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာဟာ ပထမဆုံး စိတ်ခံစားချက်ကတစ်ဆင့် သဲလွန်စပြလေ့ရှိပါတယ်ခင်ဗျာ။
✅️အလွန်အမင်း တုံ့ဆိုင်း/ဆုတ်ရွံ့လာခြင်း (Withdrawal)
အရင်က ဘာလုပ်လုပ် တက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ ကလေးတစ်ယောက်က စာသင်ခန်းထဲမှာ group discussionတွေ၊ အုပ်စုလိုက် လှုပ်ရှားမှုတွေနဲ့ အားကစားပွဲတွေမှာ ရုတ်တရက် ပါဝင်လိုစိတ် မရှိတော့ဘဲ သီးသန့်ခွဲနေလေ့ရှိပါတယ်။

✅️စိုးရိမ်စိတ်နှင့် ဂနာမငြိမ်ဖြစ်ခြင်း (Anxiety & Hyper-vigilance)
ပတ်ဝန်းကျင်ကို အမြဲမပြတ် သတိထားကြည့်ရှုနေတတ်ပြီးတော့ ရုတ်တရက် လန့်ဖြန့်တာမျိုး ဒါမှမဟုတ် အမြဲစိုးရိမ်ပူပန်နေတတ်တဲ့ မျက်နှာပေးမျိုးလေး ဖြစ်နေတတ်ပါတယ်။

✅️စိတ်ဆတ်လာခြင်း ဒါမှမဟုတ် ဒေါသပေါက်ကွဲခြင်း (Irritability)
ဖိအားတွေကို ရေရှည်တောင့်ခံထားရတဲ့အတွက် ကလေးငယ်မှာ မလိုအပ်ဘဲ ခံပြင်းနေခြင်း၊ ဒေါသထွက်လွယ်ခြင်း ဒါမှမဟုတ် အသေးအဖွဲကိစ္စလေးတွေမှာတောင် ငိုယိုခြင်းမျိုးတွေ ဖြစ်တတ်ပါတယ်။

၂။ အပြုအမူနှင့် ပညာရေးပိုင်းဆိုင်ရာ တုံ့ပြန်မှုများ (Behavioral & Academic Changes)

အနိုင်ကျင့်ခံရမှုဟာ ကလေးရဲ့ သင်ယူမှုစွမ်းရည်နဲ့ စာသင်ခန်းတွင်း အမူအကျင့်တွေကို တိုက်ရိုက်သက်ရောက်စေပါတယ်ခင်ဗျာ။

✅️စာသင်ခန်းတွင်း အာရုံစူးစိုက်မှု လျော့ကျလာခြင်း
ခြိမ်းခြောက်မှုနဲ့ စိတ်ဒဏ်ရာတွေကိုသာ အာရုံရောက်နေတဲ့အတွက် စာသင်ချိန်တွင် စိတ်လွင့်နေခြင်း၊ စာမလိုက်နိုင်တော့ခြင်းနဲ့ အမှတ်များ သိသိသာသာ လျော့ကျလာခြင်းတို့လည်း ဖြစ်ပေါ်တတ်ပါတယ်ခင်ဗျာ။

✅️ကျောင်းတက်ရန် ငြင်းဆန်ခြင်းနှင့် ဆင်ခြေပေးခြင်း
ကျောင်းသွားရမှာကို အလွန်ကြောက်ရွံ့လာပြီး မကြာခဏ ဗိုက်နာတယ်။ ခေါင်းကိုက်တယ်လို့ ဆင်ခြေပေးပြီး ကျောင်းပျက်ချင်နေလေ့ရှိပါတယ်။
ကိုယ်ပိုင်ပစ္စည်းများ ပျက်စီး/ပျောက်ဆုံးခြင်း
ကလေးဟာ သူ့ရဲ့ စာအုပ်၊ ခဲတံ ဒါမှမဟုတ် မုန့်ဖိုးတွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ ပြောဆိုတတ်ပြီး အကြောင်းရင်းကို မရှင်းပြနိုင်ဘဲ ရေငုံနှုတ်ပိတ် နေတတ်ပါတယ်ခင်ဗျာ။

၃။ ရုပ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ဘာသာစကား (Physical & Body Language)

ပါးစပ်က မပြောပေမယ့်လည်း ခန္ဓာကိုယ်တုံ့ပြန်မှုတွေက အမှန်တရားကို ဖော်ပြနေတတ်ပါတယ်။ ဒါတွေကို ကျနော်တို့က သတိထားပေးမယ်ဆိုရင် အနိုင်ကျင့်ခံရတာတွေ လျော့နည်းလာနိုင်ပါတယ်။

✅️ခန္ဓာကိုယ် ပုံစံပြောင်းလဲခြင်း
ပုခုံးနှစ်ဖက်တွန့်၍ ခေါင်းငုံ့ထားခြင်း၊ ဆရာ ဒါမှမဟုတ် အခြားသူတွေနဲ့ မျက်လုံးချင်းဆုံမကြည့်ဝံ့ခြင်း (Eye Contact ရှောင်လွှဲခြင်း) တို့ ပြုလုပ်တတ်ပါတယ်။

✅️ကျောင်းဆင်းချိန် ဒါမှမဟုတ် မုန့်စားချိန်တွေမှာ ငေးငိုင်နေခြင်း၊
အိမ်သာ၊ စာကြည့်တိုက် ဒါမှမဟုတ် ဆရာ/ဆရာမများတွေရှိတဲ့ အနီးအနားမှာ တစ်ယောက်တည်း ပုန်းကွယ်နေတာမျိုး သီးသန့်ဆန်ဆန်နေတာမျိးရှိတတ်ပါတယ်။

"ဆရာ၊ ဆရာမဆိုတာ စာသင်ပေးရုံသာမကဘဲ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို စောင့်ရှောက်ပေးရမယ့် အကူအညီမဲ့နေချိန်မှာ အားကိုးရာလည်း ဖြစ်သင့်ပါတယ်ခင်ဗျာ။"

ကလေးတစ်ယောက်ရဲ့ တိတ်ဆိတ်သွားမှု ဒါမှမဟုတ် ရုတ်တရက် အမူအကျင့် ပြောင်းလဲသွားမှုတွေဟာ ကူညီပါလို့ အသံမထွက်ဘဲ အော်ဟစ်နေခြင်း ဖြစ်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဆရာ၊ ဆရာတွေအနေနဲ့ စာသင်ခန်းတွင်း ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေကို နားလည်ထားမယ်ဆိုရင် ဒီအချက်ပြတာမျိုးတွေကိုာ ရိပ်မိပြီး ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

🎓 ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စာသင်ခန်းတွင်း မတူညီတဲ့ ပြဿနာတွေကို Professionalကျကျ ကိုင်တွယ်ဖြေရှင်းနည်းတွေနဲ့ ECCD အသိပညာတွေကို အသေးစိတ် လေ့လာချင်ပါသလား?

🟦ကျွန်တော်တို့ TA က ဖွင့်လှစ်ထားတဲ့ "ECCD Class" မှာ -
ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်တွေကို သေချာစနစ်တကျ အကဲခတ်နည်းများ၊အနိုင်ကျင့်ခံရမှုနှင့် တခြားသော စိတ်ဒဏ်ရာများကို နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ကူညီပေးနိုင်မဲ့ နည်းလမ်းများ၊လုံခြုံစိတ်ချရပြီး တက်ကြွသော စာသင်ခန်းဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်နည်းများကို အပတ်စဉ် လက်တွေ့ကျကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဆရာ၊ ဆရာမကောင်းတစ်ယောက်အဖြစ် ယုံကြည်မှုရှိရှိ ခြေလှမ်းသစ်စတင်ဖို့ ကျွန်တော်တို့နဲ့အတူ လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

👉 သင်တန်းအသေးစိတ်ကို စုံစမ်းဖို့နဲ့ စာရင်းပေးသွင်းဖို့အတွက် ကောမန့်မှာ "ECCD" လို့ရေးခဲ့ပေးပါခင်ဗျာ။

🔹 Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။





19/08/2026

📘📘ကလေးတွေ Reading နဲ့ Spelling Skills တိုးတက်လာအောင် Jolly Phonics ကို ဘယ်လိုအသုံးချမလဲ📘📘

​ကလေးတွေကို အင်္ဂလိပ်စာဖတ်ခိုင်းတဲ့အခါတိုင်း ငြင်းဆန်တတ်တာ၊ Spelling (စာလုံးပေါင်း) ကျက်ရမှာကို ကြောက်နေတာမျိုးတွေ ကြုံဖူးပါသလား။

Letter Names နဲ့ စာလုံးပေါင်းတွေကိုသာ အလွတ်ကျက်ခိုင်းတဲ့အခါ ကလေးတွေဟာ အလွယ်တကူ ငြီးငွေ့သွားတတ်ပြီး အင်္ဂလိပ်စာ သင်ယူရတာကို ကြောက်သွားတတ်ပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းပေးပြီး ကလေးတွေကိုယ်တိုင် စာဖတ်ချင်၊ ရေးချင်စိတ်ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ Jolly Phonics သင်ကြားနည်းစနစ်ပဲ ဖြစ်ပါတယ်။

​Jolly Phonics က ကလေးတွေရဲ့ Reading နဲ့ Spelling Skills ကို ဘယ်လို တဟုန်ထိုး တိုးတက်လာစေသလဲဆိုတာ ကြည့်လိုက်ရအောင်ခင်ဗျာ။

​💠 Multi-sensory Approach ဖြင့် အလွတ်ကျက်စနစ်ကို ဖျောက်ဖျက်ခြင်း

Jolly Phonics ဟာ အက္ခရာနာမည်တွေ (Letter Names) ကို အရင်မသင်ဘဲ အသံထွက် (အသံ ၄၂ သံ) ကို အရင်သင်ပါတယ်။ ထူးခြားတာက အသံတစ်သံချင်းစီအတွက် မြင်သာတဲ့ (Visual)၊ ကြားနိုင်တဲ့ (Auditory) နဲ့ ကိုယ်တိုင်လှုပ်ရှားရတဲ့ (Kinesthetic) Action လေးတွေ ပါဝင်တာပါ။ ဒါကြောင့် ကလေးတွေက စာကျက်နေရတယ်လို့ မထင်ဘဲ ကစားနေရင်းနဲ့ အသံတွေကို အလိုလို မှတ်မိသွားပါတယ်။

​💠 စကားလုံးအသစ်များကို ယုံကြည်မှုရှိရှိ ဖတ်နိုင်ခြင်း (Mastering Blending for Reading)

ကလေးတွေဟာ အသံတွေကို သိသွားတာနဲ့ စကားလုံးတွေကို ပေါင်းဖတ်တတ်အောင် (Blending) စတင်လေ့ကျင့်ရပါတယ်။ ဥပမာ - "c-a-t" ဆိုတဲ့ အသံသုံးသံကို ပေါင်းပြီး "cat" လို့ အသံထွက်ဖတ်တတ်လာပါတယ်။ ဒီလို စနစ်တကျ Blending Skill ကို ရရှိသွားတဲ့ ကလေးတစ်ယောက်ဟာ သူတစ်ခါမှ မမြင်ဖူးတဲ့စာလုံးအသစ်တွေကို တွေ့ရင်တောင် ကြောက်မသွားဘဲ ရဲရဲဝံ့ဝံ့ အသံထွက်ဖတ်ရဲတဲ့ ယုံကြည်မှု (Reading Confidence) ကို ရရှိလာမှာပါ။

​💠 Segmenting ဖြင့် Spelling Skills တိုးတက်စေခြင်း

မိဘတွေနဲ့ ဆရာတွေ အကြိုက်ဆုံးအချက်ကတော့ ဒါပါပဲ။ ကလေးတွေကို စာလုံးပေါင်း အလွတ်မကျက်ခိုင်းတော့ပါဘူး။ စကားလုံးတစ်လုံးကို ကြားလိုက်တာနဲ့ ဘာအသံတွေပါလဲဆိုတာကို နားထောင်ပြီး (Segmenting လုပ်ပြီး) ချရေးတတ်အောင် သင်ပေးပါတယ်။ ဥပမာ- "dog" လို့ ကြားရင် "d", "o", "g" အသံတွေကို ခွဲခြားသိပြီး အလိုလို ရေးတတ်လာတဲ့အတွက် Spelling Test တွေဆိုတာ ကလေးတွေအတွက် စိတ်ဖိစီးစရာ မဟုတ်တော့ပါဘူး။

​💠 Tricky Words များကို သီးသန့်ကိုင်တွယ်ခြင်း (Handling Tricky Words)

အင်္ဂလိပ်စာမှာ Phonics patterns နဲ့ တိုက်ရိုက် ခန့်မှန်းဖတ်ဖို့ ခက်ခဲနိုင်တဲ့ Tricky Words တွေလည်း ရှိပါတယ်။ (ဥပမာ - the, she, me, was)။ ဒီလို မှတ်ရခက်တဲ့ Tricky Words တွေကို သီးသန့်ခွဲထုတ်ပြီး ကလေးတွေ စိတ်ဝင်စားမယ့် ကစားနည်းတွေနဲ့ ပေါင်းစပ်သင်ပေးပါတယ်။ ဒါကြောင့် ကလေးတွေ မျက်စိမလည်တော့ဘဲ ချောမွေ့စွာ မြန်မြန်ဖတ်နိုင်လာပါတယ်။

​💡 ဒီလို ထိရောက်တဲ့စနစ်ကို ကိုယ်တိုင်
လက်တွေ့အသုံးချပြီး သင်ကြားပေးချင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေအတွက်... Teaching Agency မှ Jolly Phonics Teachers Training (Batch 28) ကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီသင်တန်းမှာ Jolly Phonics ရဲ့ အခြေခံကနေစပြီး စာသင်ခန်းထဲမှာ အမှန်တကယ် အသုံးပြုနိုင်မဲ့ Classroom Games၊ Activity-Based Learning တွေနဲ့ Phonics Rules တွေကို Tr. Thanduh ကိုယ်တိုင် စနစ်တကျ လက်တွေ့လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ August 19 မှာ စတင်မဲ့ ဒီအတန်း လေးကို အချိန်မီ အပ်နှံဖို့ 'Jolly' လို့ရေးခဲ့ပေးပါ ခင်ဗျာ။

🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹


🎁 ❝ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်ကို အဆင့်မြှင့်တင်ပေးမယ့် "Effective Teaching Methods (Batch 1)" ကို အခမဲ့ တက်ရောက...
19/08/2026

🎁 ❝ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်ကို အဆင့်မြှင့်တင်ပေးမယ့် "Effective Teaching Methods (Batch 1)" ကို အခမဲ့ တက်ရောက်ခွင့်ရမယ့် ကံထူးရှင် ဘယ်သူဖြစ်မလဲ... ✨ ❞

ခေတ်နဲ့အညီ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ပြီး၊ ပိုမိုထိရောက်တဲ့ စာသင်ခန်းကို ဖန်တီးချင်ကြတဲ့ ဆရာ၊ ဆရာမများစွာရဲ့ စိတ်အားထက်သန်မှုပေါင်းများစွာပါဝင်တဲ့၊ Comment တစ်ခုချင်းစီကို သေသေချာချာ ဖတ်ရှုစိစစ်ပြီး၊ "Effective Teaching Methods (All Subjects) - Batch 1" ကို သင်တန်းကြေးကင်းလွတ်ခွင့်နဲ့တက်ရောက်နိုင်မယ့် Winner ကို ရွေးချယ်ပြီးစီးခဲ့ပါပြီ။ Batch 1 ရဲ့ ပထမဆုံး အခမဲ့တက်ရောက်ခွင့် ရရှိသူအဖြစ် ရွေးချယ်ခံရတဲ့ ကံထူးရှင်ကတော့
💠 Saw Phoo Kyaw - Facebook Account ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ Teaching Agency အနေနဲ့ အထူးပဲ ဝမ်းမြောက်ဂုဏ်ယူပါတယ်ခင်ဗျာ။

ကလေးတွေရဲ့ သင်ယူချင်စိတ်ကို ဘယ်လိုနှိုးဆွပေးချင်ကြောင်း၊ ကိုယ့်ရဲ့ Teaching Career ကို ဘယ်လို Next Level ထိ တိုးတက်စေချင်ကြောင်း ရေးသားထားတဲ့ ဆရာ၊ ဆရာမတို့ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို Comment တစ်ခုချင်းစီကနေ သေသေချာချာ ခံစားခဲ့ရတာကြောင့်၊ နောက်ထပ် သင်တန်းအသစ်တွေ ဖွင့်လှစ်တဲ့အခါမှာလဲ၊ 100% Free Seat ပိုမို ပံ့ပိုးပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် ကံမထူးခဲ့တဲ့ ဆရာ၊ ဆရာမတို့လဲ စိတ်မကောင်း မဖြစ်ကြပါနဲ့နော်။ Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်မှာ အစဉ်အမြဲ အတူရှိနေမှာဖြစ်လို့၊ နောက်ထပ် "သင်တန်းလက်ဆောင်" အစီအစဉ်တွေနဲ့ အခမဲ့ ပညာဒါန Workshop တွေကို ဆက်လက် ပြုလုပ်ပေးသွားဦးမှာမို့၊ Page ကို See First လုပ်ထားဖို့ မမေ့ကြနဲ့နော်။ 😉

🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

🔹Teaching Agency နဲ့ ချိတ်ဆက်ပြီး သီးသန့်သင်တန်းများ ပို့ချပေးလိုတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအတွက် Cooperative Training နှင့် Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ် 🔹



#သင်ကြားရေးနည်းလမ်းများ
#ခေတ်မီသင်ကြားရေး #ဆရာအတတ်ပညာဖွံ့ဖြိုးရေး

🚨❝ ဩဂုတ်လအတွင်း Educational AI အတန်းတက်ချင်တယ်ဆိုရင်၊ ဒီအခွင့်အရေးက နောက်ဆုံးနော် ❞ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစူးစ...
18/08/2026

🚨❝ ဩဂုတ်လအတွင်း Educational AI အတန်းတက်ချင်တယ်ဆိုရင်၊ ဒီအခွင့်အရေးက နောက်ဆုံးနော် ❞

ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်အောင်၊ ဆရာ၊ ဆရာမတို့ရဲ့ ကိုယ်ပိုင်သင်ကြားရေး အတွေ့အကြုံ၊ ဆန်းသစ်တဲ့အတွေးအခေါ်တွေကို AI နဲ့ ပေါင်းစပ်ပြီး၊ Teaching Quality ပိုမိုမြှင့်တင်နိုင်ဖို့အတွက် "Educational AI Tools for Teachers (Batch-6)" အတန်းလေးကို စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ သင်တန်းသား ဆရာ၊ ဆရာမတို့အားလုံးကြောင့် ဝမ်းသာပီတိဖြစ်ရပါတယ်။

မမျှော်လင့်ထားတဲ့အခြေအနေကြောင့် "Educational AI Tools for Teachers (Batch-6)" ရဲ့ အတန်းချိန်တွေကို ဩဂုတ်လ (၂၁) ရက်နေ့သို့ ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။ ရက်ရွေ့ဆိုင်းမှုကို နားလည်ပေးတဲ့ ဆရာ၊ ဆရာမတွေကို အထူးကျေးဇူးတင်သလို၊ အချိန်မမီလိုက်လို့ အတန်းမအပ်လိုက်ရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့လဲ ဩဂုတ်လ (၂၁) ရက်နေ့ မတိုင်ခင်အထိ အပ်နှံထားနိုင်ပါတယ်ခင်ဗျာ။

🔷Educational AI tools for Teachers (Batch-6)

သင်တန်းဖွင့်ပွဲ - 21. 8. 2026 (Fri)
သင်တန်းစရက် - 22. 8. 2026 (Sat)
သင်တန်းရက် - Aug 22, 23 ,29, 30 & Sep 5, 6
သင်တန်းအချိန် - 7:00 PM - 9:00 PM
သင်တန်းပိတ်ပွဲ - 7. 9. 2026 (Mon)
သင်တန်းကာလ - 3 Weeks
သင်တန်းကြေး - 100000 ကျပ်
TA သင်တန်းသားဟောင်း - 80000 ကျပ်

💠Trainer: Tr. Amelia Yeine

◾️ Australia Awards short course on Improving Digital Readiness
◾️ Master Trainer (Al ready by ASEAN)
◾️ Postgraduate Diploma in Train the Trainer
◾️ Master of Public Administration
◾️ Master of Engineering

💠 သင်တန်းအကြောင်းအသေးစိတ်ကိုဖတ်ရှုရန် - m.me/teaching.agency.official://www.facebook.com/share/p/1C3k1HA4cu/

✅ သင်တန်းချိန်နဲ့ အင်တာနက်လိုင်းအခက်အခဲတွေရှိရင်လည်း သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး သင်တန်းနည်းပြဆရာနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့၊ ဆွေးနွေးပို့ချတဲ့ သင်ခန်းစာတွေကိုပြန်လည်လေ့လာနိုင်အောင်၊ Recorded video တွေကို စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။

AI ကို Teaching Assistant အဖြစ် သုံးချင်တယ်ဆိုရင်၊ ဒီလင့်ခ် m.me/teaching.agency.official ကနေ တဆင့် “TA AI” လို့ စာရင်းပေးထားလိုက်ပါ။ ကျနော်တို့ဘက်ကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်ခင်ဗျာ။

🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

🔷 မိမိတို့ရဲ့ သင်ကြားရေးဆရာ၊ ဆရာမများရဲ့ သင်ကြားမှုစွမ်းရည်ကို တိုးတက်အောင် မြှင့်တင်ပေးလိုကြတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအနေနဲ့လည်း Cooperative Training များ၊ Coach Session များကို ရယူနိုင်ပြီ ဖြစ်ပါတယ်။


❝  GED Board ရဲ့ တကယ့် Scoring Rubrics တွေနဲ့အညီ GED RLA ဘာသာရပ်ကို ထိထိရောက်ရောက် သင်ကြားပေးနိုင်တဲ့ ဆရာတစ်ဦးဖြစ်ချင်လာ...
18/08/2026

❝ GED Board ရဲ့ တကယ့် Scoring Rubrics တွေနဲ့အညီ GED RLA ဘာသာရပ်ကို ထိထိရောက်ရောက် သင်ကြားပေးနိုင်တဲ့ ဆရာတစ်ဦးဖြစ်ချင်လား ❞

🔹 သမားရိုးကျ အလွတ်ကျက်နည်းတွေထက် ကျောင်းသားတွေ အမှတ် ကောင်းကောင်းရရှိအောင်၊ Strategy-Driven သင်ကြားနည်းတွေနဲ့ ကလေးတွေရဲ့ Critical Thinking စွမ်းရည်ကို မြှင့်တင်ပေးတတ်လာအောင်၊ သင်ကြားရေးသက်တမ်း (၁၂) နှစ်ကျော်ရှိထားတဲ့၊ Tr. Maybel ကိုယ်တိုင်၊ How to Teach GED RLA (Batch-13) မှာ ဆရာစားမချန် ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

မမျှော်လင့်ထားတဲ့အခြေအနေကြောင့် How to Teach GED RLA (Batch-13) ရဲ့ သင်တန်းစရက်ကို ဩဂုတ်လ (၂၁) ရက်နေ့သို့ ရက်ရွှေ့ဆိုင်းလိုက်ရတာကြောင့်၊ အခုလို ရက်ရွေ့ဆိုင်းမှုကို နားလည်ပေးတဲ့ ဆရာ၊ ဆရာမတွေကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

How to teach GED RLA (Batch-14)

သင်တန်းဖွင့်ပွဲ- 21. 8. 2026 (Fri)
သင်တန်းစတင်မည့်ရက် -22. 8. 2026 (Sat)
သင်တန်းရက် - Sat & Sun (Weekly)
သင်တန်းပိတ်ပွဲ - 12. 10. 2026 (Mon)
သင်တန်းကာလ - 2 months (8 weeks)
သင်တန်းအချိန် - 8:30 PM - 9:30 PM
သင်တန်းကြေး - 160000 MMK
TA သင်တန်းသားဟောင်း - 140000 MMK

💠 Trainer: Tr. Maybel

❖ B.Ed. (English, Physics, Bio)
❖ M.Ed. (English Language Teaching)
❖ PhD (Thesis) (YUOE)
❖ Cambridge CELTA (International House Bangkok)
❖ Certificate in TEYL Selfpaced OPEN MOOC Summer 2022

❖ သင်တန်းအကြောင်းအသေးစိတ် - https://www.facebook.com/share/p/1GJAvb95Gk/

ဒီသင်တန်းမှာ GED RLA ဘာသာရပ်ကို ထိထိရောက်ရောက် သင်ကြားပေးနိုင်အောင်၊ ပေါင်းစပ်အသုံးပြုသင့်တဲ့ Digital Tools တွေကိုပါ အသေးစိတ် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ GED RLA ကို တက်ရောက်ဖို့ နောက်ထပ် (၃) ခန့် မစောင့်ချင်တဲ့ ဆရာ၊ ဆရာမတို့အနေနဲ့ စာရင်းသွင်းချိန် မမီလိုက်လို့၊ အတန်းလွတ်သွားရတာမျိုးမရှိအောင်၊ ဒီနေ့ပဲ အပ်နှံထားလိုက်ပါတယ်ခင်ဗျာ။

သင်တန်းအပ်နှံရန် - m.me/teaching.agency.official

✅ အင်တာနက်လိုင်းအခက်အခဲတွေရှိရင်လည်း သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး၊ သင်တန်းနည်းပြဆရာနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့၊ ဆွေးနွေးပို့ချတဲ့ သင်ခန်းစာတွေကိုပြန်လည်လေ့လာနိုင်ဖို့ စီစဉ်ပေးထားမှာ ဖြစ်သလို၊ သင်တန်းပြီးဆုံးပါက Professional Certificate တစ်ခုကိုပါ ပိုင်ဆိုင်ရရှိသွားမှာ ဖြစ်ပါတယ်။

🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

🔹Teaching Agency နဲ့ ချိတ်ဆက်ပြီး သီးသန့်သင်တန်းများ ပို့ချပေးလိုတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအတွက် Cooperative Training နှင့် Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

18/08/2026

💠 Preschool Founder တစ်ယောက်ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပေးတဲ့ အချက် (၅) ချက် 💠
====================
မူကြိုကျောင်းတစ်ကျောင်းဖွင့်ဖို့ ငွေကြေးနဲ့ နေရာရှိရင် စတင်နိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ နာမည်ကောင်းရပြီး ဝင်ငွေတည်ငြိမ်တဲ့ "အောင်မြင်တဲ့ကျောင်း" တစ်ကျောင်းအဖြစ် ရပ်တည်နိုင်ဖို့ဆိုတာကတော့ Founder တစ်ယောက်ရဲ့ အမြော်အမြင်နဲ့ စီမံခန့်ခွဲမှုစွမ်းရည်ပေါ်မှာ ရာနှုန်းပြည့် မူတည်နေပါတယ်။

Founder တစ်ယောက်ရဲ့ အောင်မြင်မှုကိုအဓိက ဆုံးဖြတ်ပေးနိုင်တဲ့ အချက် ၅ ချက်ကို ဆွေးနွေးသွားပါ့မယ်ခင်ဗျာ။

📍 ခိုင်မာတဲ့ အုတ်မြစ်နဲ့ တိကျတဲ့ စီမံကိန်းချမှတ်နိုင်စွမ်း (Strategic Foundation)

အဆောက်အဦတစ်ခုငှားပြီး ကျောင်းဖွင့်လိုက်ရုံနဲ့ အောင်မြင်မှုမရနိုင်ပါဘူး။ ကျောင်းတည်ထောင်ခွင့်ပြုမိန့် ရယူတာကစလို့၊ ကလေးတွေနဲ့ အကိုက်ညီဆုံး School Building ကို မှန်ကန်စွာ ရွေးချယ်နိုင်မှသာ နောက်ပိုင်းမှာ ပြဿနာကင်းကင်းနဲ့ လည်ပတ်နိုင်မှာပါ။ အစကတည်းက စနစ်တကျ Plan ချနိုင်တဲ့ Founder တွေဟာ အောင်မြင်မှုရဲ့ ထက်ဝက်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။

📍 အရည်အသွေးကို ထိန်းချုပ်နိုင်စွမ်း (Quality Control & Lesson Planning)

ကျောင်းတစ်ကျောင်းရဲ့ Product ဟာ "ပညာရေးအရည်အသွေး" ပါပဲ။ ကလေးတွေ တကယ်ပျော်ရွှင်ပြီး တိုးတက်မှုရှိမှ မိဘတွေက သဘောကျမှာပါ။ ဒါကြောင့် ခိုင်မာတဲ့ Lesson Plan တွေ ရေးဆွဲနိုင်မှုနဲ့ ကလေးတွေအတွက် စိတ်ချလုံခြုံတဲ့ သင်ယူမှုပတ်ဝန်းကျင် (Child-friendly Environment) ကို စနစ်တကျ ဖန်တီးပေးနိုင်တဲ့ Founder ရဲ့ အမြင်က ကျောင်းရဲ့ ရေရှည်အောင်မြင်မှုကို အာမခံပါတယ်။

📍 စီမံခန့်ခွဲနိုင်စွမ်း (Teacher Recruitment & Management)

Founder တစ်ယောက်က ဘယ်လောက်ပဲတော်တော်၊ ကလေးတွေနဲ့ နေ့စဉ်ထိတွေ့ပြီး ကျောင်းရဲ့ပုံရိပ်ကို ကိုယ်စားပြုနေတာက ဆရာ/ဆရာမတွေပါ။ ကိုယ့်ကျောင်းရဲ့ ရည်မှန်းချက်၊ စံနှုန်းတွေနဲ့ ကိုက်ညီမဲ့ ဆရာ/မတွေကို မှန်ကန်စွာ ရွေးချယ်ခန့်အပ်နိုင်ခြင်းနဲ့ သူတို့ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခြင်းက Founder တစ်ယောက်ရဲ့ အောင်မြင်မှုကို တိုက်ရိုက်ဆုံးဖြတ်ပေးပါတယ်။

📍 မိဘများရဲ့ "ယုံကြည်မှု" ကို တည်ဆောက်နိုင်စွမ်း (Trust & Parent Communication)

ကျောင်းလခပေးသွင်းသူက မိဘတွေဖြစ်တဲ့အတွက် မိဘတွေရဲ့ ယုံကြည်မှုမရှိဘဲ ကျောင်းတစ်ကျောင်း အောင်မြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကလေးတွေရဲ့ လစဉ်တိုးတက်မှုကို စနစ်တကျ အကဲဖြတ် မှတ်တမ်းတင်ပြီး မိဘတွေကို Report လုပ်ပေးနိုင်ခြင်း၊ မိဘတွေနဲ့ တွေ့ဆုံတဲ့အခါ Parenting Education ကို ပညာရှင်ပီပီ မျှဝေပေးနိုင်တဲ့ Founder ဟာ ပြိုင်ဘက်ကျောင်းတွေထက် အမြဲသာလွန်နေမှာပါ။

📍 ဝင်ငွေနဲ့ ရေရှည်တည်တံ့မှုကို ဖန်တီးနိုင်စွမ်း (Marketing & Student Retention)

ကျောင်းသားသစ်တွေ ဝင်လာဖို့ မှန်ကန်တဲ့ Marketing ဗျူဟာတွေကို နားလည်အသုံးချနိုင်ရပါမယ်။ ဒါ့ထက်ပိုအရေးကြီးတာက ရောက်လာတဲ့ ကျောင်းသားတွေ ပြန်ထွက်မသွားဘဲ၊ နှစ်စဉ်ဆက်တက်အောင် (Student Retention) ဘယ်လိုထပ်ဆောင်းဝန်ဆောင်မှုတွေ ပေးရမလဲဆိုတာကို သိတဲ့ Founder မှသာ စီးပွားရေးအရ အကျိုးအမြတ်ရှိပြီး အောင်မြင်တဲ့လုပ်ငန်းကို တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။

💡 ဒီအချက် (၅) ချက်လုံးဟာ Founder တစ်ယောက်မှာ မဖြစ်မနေရှိရမဲ့ "စီမံခန့်ခွဲမှုနဲ့ စီးပွားရေးအမြင်" တွေပဲ ဖြစ်ပါတယ်။

ဆရာ၊ ဆရာမတို့အနေနဲ့ ကိုယ်ပိုင်မူကြိုကျောင်း ဖွင့်ချင်ပေမဲ့ ဒီအချက်တွေကို လက်တွေ့မှာ ဘယ်လိုအကောင်အထည် ဖော်ရမလဲ ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ Teaching Agency မှ ဖွင့်လှစ်မဲ့ "Intensive Workshop for Preschool Founders (Batch-17)" က အကောင်းဆုံး Roadmap တစ်ခု ဖြစ်လာမှာပါ။

🎯 ဒီ Workshop မှာ သီအိုရီတွေချည်းပဲ သင်သွားမှာမဟုတ်ဘဲ အထက်ပါ အောင်မြင်မှုအချက် (၅) ချက်ဖြစ်တဲ့ ကျောင်းတည်ထောင်ခြင်းဆိုင်ရာ အဆင့်ဆင့်၊ Lesson Plan ရေးဆွဲခြင်း၊ ဆရာ/မ ခန့်အပ်စီမံခြင်း၊ မိဘများနဲ့ ယုံကြည်မှုတည်ဆောက်ခြင်းမှသည် Marketing နဲ့ Student Retention System များအထိ Life Coach & Educational Consultant တစ်ဦးဖြစ်တဲ့ Tr. Honey ကိုယ်တိုင် အသေးစိတ် လမ်းညွှန်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📌 Preschool Founder တစ်ယောက်ရဲ့ တာဝန်တွေကို ယုံကြည်မှုရှိရှိနဲ့ ကျေပွန်စွာထမ်းဆောင်ပြီး၊ အောင်မြင်တဲ့ ကျောင်းတည်ထောင်သူတစ်ဦးအဖြစ်ရပ်တည်နိုင်ဖို့ အခုပဲ 'Founders' လို့ရေးခဲ့ပေးပါ။

🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹





Address

Rangoon Ahlone

Telephone

+959750329303

Website

Alerts

Be the first to know and let us send you an email when Teaching Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teaching Agency:

Shortcuts

Share

Category