28/08/2025
Dear Parents and Students,
I am delighted to share the wonderful news that all of our Movers and Flyers students achieved full shields and excellent results in their Cambridge English Exams this July. This outstanding accomplishment is a reflection of the children’s hard work, perseverance, and commitment to learning.
I would like to sincerely congratulate each student on this remarkable success. Your determination and effort have truly paid off, and I am so proud of the progress you have made.
To our dear parents, I extend my heartfelt thanks for your unwavering trust and support. Your encouragement at home, combined with our efforts in the classroom, has been the foundation of these achievements. Together, we have shown that teamwork between teachers, students, and families creates powerful results.
I also wish to express my deepest appreciation to Teacher Thae and Teacher Shoon. Their dedication, guidance, and care have played an essential role in nurturing the students throughout this journey. This achievement belongs not only to the children but also to the entire teaching team who supported them along the way.
Once again, congratulations to all of our students for this milestone success. May this achievement inspire them to continue learning with confidence and passion.
With pride and gratitude,
Teacher Ei Phyu Phyu Zaw
ချစ်ခင်ရပါသော မိဘများနှင့် ကျောင်းသား/ကျောင်းသူများရှင့်
၂၀၂၅ခုနှစ် ဇူလိုင်လတွင် ကျွန်မတို့၏ Movers နှင့် Flyers ကျောင်းသား/သူများသည် Cambridge English စာမေးပွဲများတွင် full shields များနှင့် ထူးချွန်သောရလဒ်များရရှိခဲ့ကြောင်း ဝမ်းသာစွာ အသိပေးလိုက်ပါတယ်။
ဤထူးခြားသော အောင်မြင်မှုသည် ကလေးများ၏ ကြိုးစားအားထုတ်မှု၊ မလျော့သောကြိုးပမ်းမှုနှင့် တစိုက်မတ်မတ်သင်ယူမှု၊ နာခံလိုစိတ်ရှိမှု တို့၏ ရလဒ်ဖြစ်ပါသည်။ဤထူးချွန်သော အောင်မြင်မှုအတွက် ကျောင်းသား/သူ တစ်ဦးချင်းစီအား စိတ်ရင်းမှ ဂုဏ်ပြုအပ်ပါတယ်။ သားတို့ သမီးတို့ရဲ့ ဆုံးဖြတ်ချက်နှင့် ကြိုးစားအားထုတ်မှုများသည် အမှန်တကယ် အကျိုးဖြစ်စေခဲ့ပြီး တစ်ဦးချင်းဆီရဲ့English စွမ်းရည်များ သိသိသာသာတိုးတက်မှုများအပေါ် တီချယ်မှ အလွန်ဂုဏ်ယူပါတယ်။
ချစ်ခင်ရပါသော မိဘများအားလုံးကိုလည်း တီချယ့်အပေါ်ယုံကြည်ပေးမှုနှင့် အထောက်အပံ့ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ မိဘများရဲ့လှုံ့ဆော်အားပေးမှုနှင့် စာသင်ခန်းထဲမှ တီချယ်တို့၏ ကြိုးစားမှုတို့က ယခုလိုအောင်မြင်မှုများ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ နှင့် မိဘများပူးပေါင်းဆောင်ရွက်မှုက ထိရောက်သော ရလဒ်များကို ဖန်တီးနိုင်တယ်ဆိုတာ သားတို့၊သမီးတို့က သက်သေပင်ဖြစ်ပါသည်။
ထို့အပြင် တီချယ်သဲ (Teacher Thae) နှင့် တီချယ်ရွှန်း(Teacher Shoon) တို့အား အထူးကျေးဇူးတင်ရှိပါသည်။ တီချယ်တို့ရဲ့ ချစ်ခင်စိတ်၊ လမ်းပြမှုနှင့် စောင့်ရှောက်မှုများက ကျောင်းသား/သူများအား ပျိုးထောင်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ တစ်လျှောက်လုံး ပါဝင်ခဲ့ပါသည်။
ထပ်မံ၍ တီချယ်တို့ရဲ့ ကျောင်းသား/သူများအားလုံးကို ဤ၀မ်းမြောက်စရာ အောင်မြင်မှုအတွက် ဂုဏ်ယူရပါကြောင်းပြောကြားလိုပါတယ်။ ယခုအောင်မြင်မှုကို အခြေခံကာ မိမိကိုယ်ကိုပိုမိုယုံကြည်၍ စိတ်အားထက်သန်စွာ အဆင့်မြင့်သော ပညာအသစ်သစ်တွေကို
ဆက်လက်ဆည်းပူးနိုင်ပါစေကြောင်း ဆုတောင်းကောင်းချီးပေးပါရစေ။
ဂုဏ်ယူစွာနှင့် ကျေးဇူးတင်စွာဖြင့်
တီချယ် အိဖြူဖြူဇော်