22/10/2025
BreakingNews
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ပညာရေးဝန် ကြီးဌာန၊အသိပေးကြေညာစာ၊၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Grade (12) သင်ရိုးအပြောင်းအလဲအကြောင်း။
(၁) ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ပညာသင် နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း (Grade 12) သင်ရိုးအကြောင်းအရာများကို ပြင်ဆင်ပြောင်းလဲမည့်အကြောင်း အသိပေးကြေညာအပ်ပါသည်။ ဤပြောင်းလဲမှုကို ဒီနေ့ (၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့) မှစ၍ ဌာနအဆင့်အလိုက် အစည်းအဝေးများကျင်းပကာ သက်ဆိုင်ရာဌာနများအကြား ညွှန်ကြားဆောင်ရွက်နေပါသည်။
(၂) လျော့ချသွားမည့်အကြောင်းအရာများတွင် သီအိုရီအခြေခံအပိုင်းများထဲမှ ထပ်တူဖြစ်သောအခန်းများ၊ သင်ကြားချိန်မလိုအပ်သည့်အပိုင်းများနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် မရှိသင့်သည့်အချက်အလက်များ ပါဝင်ပါသည်။
(၃) သင်ကြားမှုနှင့် စာမေးပွဲဆောင်မှုများ ပိုမိုတိကျမှန်ကန်စေရန်အတွက် အသစ်ပြင်ဆင်ထားသော “Updated Syllabus Guide for Grade 12 (2025–2026)” ကို မကြာမီ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။ ထိုအညွှန်းစာအုပ်အတိုင်း သင်ကြားရေးဆောင်ရွက်ရန် လိုအပ်ပါသည်။
(၄) ထို့အပြင် တက္ကသိုလ်ဝင်တန်းဆရာအုပ်များ၊ သက်ဆိုင်ရာ ပညာရေးဌာနအဖွဲ့များနှင့် သင်ကြားရေးဝန်ထမ်းများအား အဆိုပါ သင်ရိုးအပြောင်းအလဲအပေါ် သေချာသိရှိပြီး သင်ကြားရေးဆောင်ရွက်မှုများတွင် တိကျစွာအကောင်အထည်ဖော်ရန် အသိပေးအပ်ပါသည်။