ILBC Nay Pyi Taw

ILBC Nay Pyi Taw ILBC International School
(The Official ILBC Nay Pyi Taw page)
(1)

ILBC was established in 1995 with a small language class of twenty students.Since then, it has gained the trust and support of the populace, and has now become the leading institution among private education sector in Myanmar. Today, the company has established 12 schools in 7 major cities of the country, providing quality education and language training to about 6000 students. The Board of Educat

ion, consisting of the Managing Director & Founder, the Superintendent, the Principal, Division heads and Department heads, is the governing body of ILBC. Currently 929 teachers and 583 support staff are working under the guidance of the Board of Education. There are two semesters in one academic year, normally commencing in the first week of June and ending in the last week of March. For those students who are unable to attend the regular week-day school, ILBC offers weekend English Proficiency Course (EPC) and IGCSE-oriented courses.

15/06/2026

🎉🎓 A Proud Moment for Our Young Graduates! 🩵 🩵

အခုမြင်တွေ့နေရတာကတော့ ILBC Nay Pyi Taw Preschool မှာတက်ရောက်နေတဲ့ သားငယ်သမီးငယ်လေးတွေရဲ့ မူကြိုအတန်းပြီးမြောက်ကြောင်း ဂုဏ်ပြုချီးမြှင့်ပေးတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားလေးပဲ ဖြစ်ပါတယ်။ မိဘတွေ၊ ဆရာ၊ ဆရာမတွေအားလုံး ပီတိဖြာပြီး ကြည်နူးဂုဏ်ယူရတဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတွေကို သိမ်းဆည်းထားနိုင်စေဖို့အတွက် အခုလိုမျိုး Video လေးနဲ့တကွ တင်ဆက်ဖော်ပြပေးလိုက်ရပါတယ်။

What you are seeing is the graduation ceremony of the young students from ILBC Nay Pyi Taw Preschool, held to celebrate the successful completion of their preschool journey. This meaningful occasion is filled with pride and joy for parents, teachers, and all who have supported them along the way. It is shared through this video to preserve and showcase these valuable and heartwarming moments.

👩🏻‍🏫ကလေးချစ်တတ်ပြီး International School တွင် ဆရာ/ မ အဖြစ် ရပ်တည်လိုသူများအတွက် နေပြည်တော်ရှိ ILBC International School ...
15/06/2026

👩🏻‍🏫ကလေးချစ်တတ်ပြီး International School တွင် ဆရာ/ မ အဖြစ် ရပ်တည်လိုသူများအတွက် နေပြည်တော်ရှိ ILBC International School တွင် လုပ်ကိုင်ရန်

✅ Teacher Assistant
✅ Trainee Teacher များ ခေါ်ယူနေပါသည်။
အထက်ပါ ရာထူးများအတွက် စိတ်ပါဝင်စားသူများအားလုံး ကျား/မ မရွေး လျှောက်ထားနိုင်ပါသည်။

▃▃▃

လျှောက်ထားသူသည်

🟢 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

🟢 အသက် (၃၀) နှစ်အောက် ဖြစ်ရပါမည်။

🟢 အင်္ဂလိပ်စာ အခြေခံ ရှိပြီး အသင့်အတင့် ပြောဆိုနိုင်သူ ဖြစ်ရပါမည်။

🟢 စာနာစိတ်ရှိပြီး အကောင်းမြင်စိတ်ရှိရမည်။

🟢 အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ရပါမည်။

🟢 အသင်းအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာလုပ်ကိုင်နိုင်ပြီး ကလေးများကို စိတ်ရှည်စွာဆက်ဆံပေးနိုင်သူ ဖြစ်ရပါမည်။

🟢 ရွေးချယ်ခံရသူသည် ILBC International School (Nay Pyi Taw) တွင် Teacher Assistant, Trainee Teacher အဖြစ် စတင်တာဝန် ထမ်းဆောင် ရပါမည်။

🟢 Teacher Training Department မှ ဖွင့်လှစ်မည့် Intensive Training Course ကိုလည်း တက်ရောက်ရပါမည်။

🟢 အစမ်းခန့်ကာလ (၃)လ ဖြစ်ပါသည်။

🟢 အစမ်းခန့်ကာလ (၃) လပြည့်လျှင် သင်တန်းဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်တို့ အားလုံး၏ ထောက်ခံမှုရရှိမှသာ အတည်ပြုခန့်အပ်ပါမည်။ သင်တန်း ဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်များအားလုံး၏ ထောက်ခံမှု (မရရှိလျှင်) အတည်ပြုခန့်အပ်မည် မဟုတ်ပါ။

▃▃▃

အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
📍 ကိုယ်ရေးအကျဥ်း
📍 ရောင်စုံဓာတ်ပုံ (၂) ပုံ
📍 ဘွဲ့လက်မှတ်မိတ္တူ
📍 သန်းခေါင်စာရင်းမိတ္တူ
📍 သင်တန်းအောင်လက်မှတ်မိတ္တူ
📍 မှတ်ပုံတင်မိတ္တူ

စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာများကို 30th June, 2026 (Tuesday) နောက်ဆုံးထားပြီး ILBC International School (Nay Pyi Taw) ကျောင်းလိပ်စာ - သဇင်လမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်သို့ လူကိုယ်တိုင် လာရောက်၍ လျှောက်ထားနိုင်သလို၊ အောက်ပါ Link မှတစ်ဆင့်လည်း လျှောက်လွှာတင်နိုင်ပါသည်။

📩 Job Application Form: https://bit.ly/TT_TA_JV_NPT

စိစစ်ရွေးချယ်ပြီး လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။


ILBC English Class စဖွင့်ဖို့ (၁) ရက်ပဲလိုပါတော့တယ်!  ဇွန်လ (၁၃) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမဲ့ 2026-2027 ILBC TBL-EPC (...
12/06/2026

ILBC English Class စဖွင့်ဖို့ (၁) ရက်ပဲလိုပါတော့တယ်!

ဇွန်လ (၁၃) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမဲ့ 2026-2027 ILBC TBL-EPC (Batch 1) အင်္ဂလိပ်စာအတန်းတွေအတွက် Registration Form ကို ဖွင့်ထားဆဲဖြစ်လို့ တက်ရောက်ချင်တဲ့ အသက် (၅) နှစ်မှ (၁၆) နှစ်အရွယ် သားသားမီးမီးတိုင်း ဆက်လက် အပ်နှံလို့ ရနေပါသေးတယ်။

ကျောင်းစာမှာရော နေ့စဥ် ဘဝမှာရော၊ အနာဂတ် အခွင့်အလမ်းတွေအထိ ကူညီပေးနိုင်မဲ့ English 4 Skills ကို သင်ကြားပေးမှာဖြစ်လို့

🟢 အင်္ဂလိပ်စာ အခြေခံ လုံးဝမရှိသေးတဲ့ ကလေးတွေ
🟢 Intermediate, Advanced Level တွေအထိတက်ပြီး Skills ထပ်မြှင့်လေ့ကျင့်ချင်တဲ့ ကလေးတွေအားလုံး တက်ရောက်နိုင်ပါတယ်။

✦ ILBC Campus တွေမှာ တက်ရောက်နိုင်မဲ့ On Campus Class
✦ Face-to-Face (တိုက်ရိုက် Live) သင်နိုင်မဲ့ Online Class
နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

-------------------------

📅 သင်တန်းစဖွင့်မည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်

📅 သင်တန်းပြီးဆုံးမည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်

🔵 ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး၊ မုံရွာ၊ မြိတ်
အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ - မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

🔵 တောင်ကြီး၊ မြစ်ကြီးနား
အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ - မနက် (၉) နာရီမှ နေ့လယ် (၁) နာရီ

🔵 သင်တန်းကြေးအပြီးအစီး
Online Class: 700,000 MMK
On Campus Class: 1,000,000 MMK

🔵 ကျောင်းဝင်ကြေး
New Students: 200,000 kyats
Old Students: 50,000 kyats

အတန်းလေးမီအောင်လို့ ဒီကနေတစ်ဆင့် Register လုပ်လို့ရပါတယ်။

✦ ကျောင်းသားသစ်များအပ်နှံရန်
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-1

✦ 2025-2026 Summer English Class မှ ကျောင်းသားများဟောင်းအပ်နှံရန်
https://tinyurl.com/26-27-EPC-OldStd-Batch-1

အသေးစိတ်စုံစမ်းရန် 🔎
Front Office: 09 400 7777 80 , 09 400 7777 90
Viber: 09 400 7777 80 , 09 400 7777 90

🟢အင်္ဂလိပ်စာအတန်းတွေ တက်ပေမဲ့ အင်္ဂလိပ်လို တကယ်ရော ကောင်းကောင်းပြောတတ်ပြီလား?🟢အသံထွက် မှန်ရဲ့လား?🟢ကိုယ့်ကိုယ်ကိုယ် ယုံကြ...
08/06/2026

🟢အင်္ဂလိပ်စာအတန်းတွေ တက်ပေမဲ့ အင်္ဂလိပ်လို တကယ်ရော ကောင်းကောင်းပြောတတ်ပြီလား?

🟢အသံထွက် မှန်ရဲ့လား?

🟢ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား?

စကားပြောတင်မဟုတ်ဘဲ ကျောင်းစာထဲမှာ အတန်းကြီးလာတာနဲ့အမျှ ထိတွေ့လာရမဲ့

● Read the passage, Grammar, Punctuation, Essay & Letter ပိုင်းတွေမှာပါ သိသိသာသာ တိုးတက်လာဖို့

● အင်္ဂလိပ်စာဆိုတာနဲ့ ကျွမ်းကျင်ပိုင်နိုင်မှု အပြည့်ရှိဖို့

● အင်္ဂလိပ်သီချင်းတွေ၊ အင်္ဂလိပ်ရုပ်ရှင်ကားတွေကို Subtitle မထိုးလည်း နားလည်နိုင်ဖို့

● AI ခေတ်မှာ Prompt ပေးတာကအစ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် ကလေးတွေရဲ့ အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကို မြှင့်တင်ချင်တယ်ဆိုရင် ILBC TBL-EPC English Class (Batch 1) မှာ အပ်နှံ ထားရှိနိုင်ပါတယ်။

အသက် (၅) နှစ်မှ (၁၆) နှစ်အရွယ် ကလေးတွေ တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာကို အခြေခံကနေစသင်နိုင်ဖို့အတွက် Beginner Level ကနေ စတက်လို့ရပါတယ်။
🟢 On Campus Classes
🔵 Online Classes ဆိုပြီး ရွေးချယ်တက်ရောက်နိုင်တာဖြစ်လို့ Campus ဖွင့်ထားတဲ့ မြို့တွေမှာ လူကိုယ်တိုင် လာတက်နိုင်ရုံမကဘဲ ပြည်တွင်း/ ပြည်ပ ဘယ်နေရာပဲရောက်ရောက် အွန်လိုင်းကနေတစ်ဆင့် အင်္ဂလိပ်စာကို တစိုက်မတ်မတ် သင်ယူနိုင်ပါတယ်။

ဘာသာစကားတစ်မျိုး (အထူးသဖြင့်) International Language ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို ငယ်ငယ်ကတည်းက အခြေခံပိုင်ထားမယ်ဆိုရင်
🔹တက္ကသိုလ်တက်ရောက်တဲ့အခါ
🔹နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် လျှောက်ထားတဲ့အခါ
🔹Exam တွေဖြေဖို့ လေ့ကျင့်တဲ့အခါ
🔹အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Competition တွေ ဝင်ပြိုင်တဲ့အခါ
🔹အသက်အရွယ်တစ်ခုရောက်လို့ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ အားသာချက် တစ်ခု ဖြစ်လာမှာပါ။

ကလေးတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့အတွက်တော့ ILBC ရဲ့ Professional Development Programme ကိုတက်ရောက်ထားပြီး ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ Child Psychology ကအစ နားလည်တတ်ကျွမ်းတဲ့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေကိုယ်တိုင်က စာတွေ့၊လက်တွေ့ နှစ်မျိုးစလုံးကို သင်ပေးမှာမို့
» အင်္ဂလိပ်စာကိုတကယ်တတ်မြောက်ပြီး
» တကယ်လက်တွေ့အသုံးချတတ်ချင်ရင်တော့ ILBC TBL-EPC (Batch 1) အင်္ဂလိပ်စာအတန်းတွေကို တက်ရောက်နိုင်ပါပြီ။

📅 Commencing Date – 13th June, 2026
📅 Completion Date – 17th October, 2026

💰 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲 𝗖𝗼𝘂𝗿𝘀𝗲 𝗙𝗲𝗲
● On Campus – 1,000,000 MMK
● Online – 700,000 MMK
● Admission Fees:
New Students – 200,000 kyats
Old Students – 50, 000 kyats
● One-Time Payment for the Entire Course

📚 𝗖𝗹𝗮𝘀𝘀 𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲𝘀
Yangon, Mandalay, Nay Pyi Taw, Lashio, Monywa, Myeik
⏰ Saturday & Sunday – 8:00 am to 12:00 noon

Taunggyi, Myitkyina
⏰ Saturday & Sunday – 9:00 am to 1:00 pm

𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 𝗧𝗼𝗱𝗮𝘆!
🔴 Registration Link (New Student): 2026-2027 ILBC TBL-EPC (Batch 1)
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-1

🟢 Student ID ရှိပြီးသား 2025-2026 Summer English Class တက်ရောက်ထားသူများသာအပ်နှံရန်
Registration Link (Existing Student): https://tinyurl.com/26-27-EPC-OldStd-Batch-1

Registration Form မှာ ဖြည့်ထားတဲ့ Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။

အသေးစိတ်ကိုတော့ အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါပြီ။
☎️ Front Office: 09 400 7777 80 , 09 400 7777 90
📲 Viber: 09 400 7777 80 , 09 400 7777 90

▬▬ ▬▬ ▬▬

On Campus Classes ဖွင့်လှစ်ပေးသွားမည့်ကျောင်းခွဲများ

🏫 ILBC International School Yangon (Thuwana Campus)
Address: Lay Dauk Kan Road, Thuwana Football Stadium, Thingankyun Township, Yangon.
Phone: 09262773009, 09 400777780, 09 400777790
Google Map: https://goo.gl/maps/PsPT32q83rpzhmod7

🏫 ILBC International School Mandalay (IGCSE 1 Campus)
Address: 30th Street, Between 53rd & 54th Street, Kankauk Ward, Chan Aye Thar Zan Township, Mandalay.
Phone: 09 402641280, 09 443771372

🏫 ILBC International School Nay Pyi Taw
Address: Thazin St, Near Diplomat Zone, Dekkhinathiri Tsp, Nay Pyi Taw.
Phone: 09 940881860, 09 940881861

🏫 ILBC International School Myitkyina (ON CAMPUS ONLY)
Address: No.11, Zawkyun St., Thidar Block, Myitkyina, Myanmar.
Phone: 09 429326678, 09 970942753, 09 880923597

🏫ILBC International School Taunggyi (Shan Queen Campus)
Address: 167, B Road, Between 6th & 7th Street, Shwe Taung Kyar Housing, Shan Queen, Kan Gyi Quarter, Taunggyi.
Phone: 09 940881875, 09 404404802

🏫 ILBC International School Lashio
Address: No. (11/ kha), Lwe Kan Mein Block, Dhamma Yeikthar Street, Region (16), 8th Quarter, Lashio.
Phone: 09 757179659, 09 256072478

🏫 ILBC International School Myeik
Address: Maharsi Sarsana Yeikthar St., La Min Yard, La Min Qtr, Yaypone Estate, Myeik.
Phone: 09 8627077, 09 8763521, 09 897 366132, 09 752766132, 09 955266132

🏫ILBC International School Monywa (ONLINE ONLY)
Phone: 09967733334

🏫 The First Day of a New Academic Journey 📚✏️🎒 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမဆုံး ကျောင်းတက်ရက်ကတော့ ဇွန်လ (၁) ရက်နေ့ကနေ ...
06/06/2026

🏫 The First Day of a New Academic Journey 📚✏️🎒

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမဆုံး ကျောင်းတက်ရက်ကတော့ ဇွန်လ (၁) ရက်နေ့ကနေ စတင်ပါတယ်။ ILBC International School Nay Pyi Taw မှာတက်ရောက်နေကြတဲ့ Kindergarten to Secondary 6 ကျောင်းသူ၊ ကျောင်းသားဟောင်းတွေရော ယခုနှစ်မှ စတင်တက်ရောက်လာတဲ့ ကျောင်းသားအသစ်တွေကိုပါ Assembly အတွင်းမှာ ကြိုဆိုနှုတ်ဆက်ရင်း၊ ကလေးတွေကို အချင်းချင်းမိတ်ဆက်စေပြီး ပျော်ပျော်ပါးပါး Activity လေးတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်စေကာ ကျောင်းတက်ရက် အစမှာတင် နွေးထွေးလုံခြုံ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယခုလိုမျိုး ပထမဦးဆုံးကျောင်းတက်ရက်မှာ ကလေးတွေရဲ့ ကျောပိုးအိတ်ကိုယ်စီ၊ ကျောင်းဝတ်စုံကိုယ်စီနဲ့ ကျောင်းလာတက်ကြတဲ့မြင်ကွင်းတွေ၊ အချင်းချင်းမိတ်ဆွေကြတဲ့ အခိုက်အတန့်တွေ၊ မိဘအုပ်ထိန်းသူတွေရဲ့ လိုက်လံပို့ဆောင် ပံ့ပိုးပေးမှုတွေနဲ့အတူ ဆရာ၊ ဆရာမတွေရဲ့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ကြတဲ့ ပုံရိပ်တွေကို ကျောင်းတက်နှစ်စရဲ့ အမှတ်တရပုံရိပ်တွေအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ 🤝🤝

The 2026-2027 academic year began on June 1st, as ILBC International School Nay Pyi Taw warmly welcomed students from Kindergarten to Secondary 6, including both existing and new students. An opening assembly marked the first day, where students were welcomed, introduced to one another, and engaged in joyful activities that helped create a warm, safe, and friendly learning environment. On this first day, students arrived with school bags in hand and uniforms neatly worn, accompanied by the care of their parents and the warm greetings of their teachers. It marked a gentle and meaningful start to a new chapter of learning and growth.

🎉𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐛𝐚𝐜𝐤, 𝐚𝐧𝐝 𝐥𝐞𝐭’𝐬 𝐤𝐢𝐜𝐤 𝐨𝐟𝐟 𝐭𝐡𝐞 𝐧𝐞𝐰 𝐜𝐡𝐚𝐩𝐭𝐞𝐫!🎉

🧸🧩 First Day Highlights of Move & Groove ClassPhotos: Part (2)  အသက် (၂) နှစ်ခွဲအရွယ် သားသားမီးမီးတွေအတွက် စီစဥ်ပေးထားတဲ...
05/06/2026

🧸🧩 First Day Highlights of Move & Groove Class

Photos: Part (2)

အသက် (၂) နှစ်ခွဲအရွယ် သားသားမီးမီးတွေအတွက် စီစဥ်ပေးထားတဲ့ ILBC Move & Groove Class ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်းလေးတွေကို ဖေဖေ၊ မေမေ၊ မိဘအုပ်ထိန်းသူတွေ ကြည့်ရှုနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။ ဒီလိုအရွယ် ကလေးတွေအနေနဲ့ လမ်းလျှောက်ပြေးလွှား ဆော့ကစားရာမှာ ဟန်ချက်ညီစေဖို့၊ လက်မောင်းနဲ့ လက်ချောင်းကြွက်သားလေးတွေ ကြံ့ခိုင်သန်မာလာစေဖို့၊ တစ်ဦးနဲ့တစ်ဦးပူးပေါင်းလုပ်ဆောင်တတ်ဖို့ အပြင် ဘာသာစကားပိုင်းဆိုင်ရာ သိမြင်မှုစွမ်းရည်တွေ တိုးတက်လာစေဖို့အတွက် Activity မျိုးစုံနဲ့ Child Psychology ကို နားလည်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေက သင်ကြားပေးနေတာမို့ ကလေးတွေရဲ့ တိုးတက်မှုကိုလည်း သိသိသာသာမြင်တွေ့ရမှာပါနော်။

We are pleased to share glimpses from the first day of ILBC Move & Groove Class, designed for children from two and a half years onward. Through joyful movement and guided play, children build balance, strength, coordination, and early social and language skills. Led by teachers trained in child psychology, each moment supports steady growth in confidence and development.

🧸🧩 First Day Highlights of Move & Groove ClassPhotos: Part (1)  အသက် (၂) နှစ်ခွဲအရွယ် သားသားမီးမီးတွေအတွက် စီစဥ်ပေးထားတဲ...
05/06/2026

🧸🧩 First Day Highlights of Move & Groove Class

Photos: Part (1)

အသက် (၂) နှစ်ခွဲအရွယ် သားသားမီးမီးတွေအတွက် စီစဥ်ပေးထားတဲ့ ILBC Move & Groove Class ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်းလေးတွေကို ဖေဖေ၊ မေမေ၊ မိဘအုပ်ထိန်းသူတွေ ကြည့်ရှုနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။ ဒီလိုအရွယ် ကလေးတွေအနေနဲ့ လမ်းလျှောက်ပြေးလွှား ဆော့ကစားရာမှာ ဟန်ချက်ညီစေဖို့၊ လက်မောင်းနဲ့ လက်ချောင်းကြွက်သားလေးတွေ ကြံ့ခိုင်သန်မာလာစေဖို့၊ တစ်ဦးနဲ့တစ်ဦးပူးပေါင်းလုပ်ဆောင်တတ်ဖို့ အပြင် ဘာသာစကားပိုင်းဆိုင်ရာ သိမြင်မှုစွမ်းရည်တွေ တိုးတက်လာစေဖို့အတွက် Activity မျိုးစုံနဲ့ Child Psychology ကို နားလည်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေက သင်ကြားပေးနေတာမို့ ကလေးတွေရဲ့ တိုးတက်မှုကိုလည်း သိသိသာသာမြင်တွေ့ရမှာပါနော်။

We are pleased to share glimpses from the first day of ILBC Move & Groove Class, designed for children from two and a half years onward. Through joyful movement and guided play, children build balance, strength, coordination, and early social and language skills. Led by teachers trained in child psychology, each moment supports steady growth in confidence and development.

𝚄.𝚂. 𝙷𝚒𝚐𝚑 𝚂𝚌𝚑𝚘𝚘𝚕 𝙳𝚞𝚊𝚕 𝙳𝚒𝚙𝚕𝚘𝚖𝚊 𝙿𝚛𝚘𝚐𝚛𝚊𝚖 👇
03/06/2026

𝚄.𝚂. 𝙷𝚒𝚐𝚑 𝚂𝚌𝚑𝚘𝚘𝚕 𝙳𝚞𝚊𝚕 𝙳𝚒𝚙𝚕𝚘𝚖𝚊 𝙿𝚛𝚘𝚐𝚛𝚊𝚖 👇

Welcome to School! 📖🏀🎒ILBC International School ရဲ့ 2026-2027 ပညာသင်နှစ်ကို ယနေ့ June 1, 2026 မှာ စတင်ဖွင့်လှစ်လိုက်ပါပြ...
01/06/2026

Welcome to School! 📖🏀🎒

ILBC International School ရဲ့ 2026-2027 ပညာသင်နှစ်ကို ယနေ့ June 1, 2026 မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။ 🎉🎉🎉

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ILBC ကျောင်းခွဲအသီးသီးက Kindergarten ကနေစလို့ Secondary 6 အထိ ကျောင်းသူ၊ ကျောင်းသား အားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ ကြိုဆိုလိုက်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ စာသင်ခန်းတွေထဲမှာ အသစ်အသစ်သော သင်ယူမှုတွေ၊ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေ၊ အောင်မြင်မှုအသစ်တွေကို ဖန်တီးနိုင်မယ့် ပညာသင်နှစ်သစ်တစ်နှစ် ဖြစ်ပါစေလို့ ILBC ကနေ ဆုတောင်းပေးလိုက်ပါတယ်။ 📢📢 ပထမဆုံးကျောင်းတက်ရက်ကနေစလို့ ယုံကြည်မှုအပြည့်နဲ့ အတူတကွ စတင်လိုက်ကြရအောင်။

As ILBC International School opens the 2026-2027 Academic Year, we warmly welcome our students from Kindergarten to Secondary 6 across Myanmar. May this new academic year be filled with inspiring learning, cherished friendships, and achievements that shape the future. Step into this new chapter with confidence, curiosity, and endless possibilities ahead.

Congratulations, students!! 🎉👏🏆20th Preschool Graduation & Summer Classes Certificate Awarding Ceremony 👩‍🎓💐✨️ꪜ Photos: ...
29/05/2026

Congratulations, students!! 🎉👏🏆
20th Preschool Graduation & Summer Classes Certificate Awarding Ceremony 👩‍🎓💐✨️

ꪜ Photos: Part (2)

မူကြိုသားသားမီးမီးလေးတွေအတွက် (၂၀) ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Preschool Graduation Ceremony နဲ့အတူ ILBC Nay Pyi Taw ကျောင်းကြီးရဲ့ နွေရာသီတန်းခွဲအသီးသီးကို အောင်အောင်မြင်မြင် တက်ရောက်ပြီးဖြစ်တဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေအတွက် Certificate ပေးအပ်ခဲ့တဲ့ အခမ်းအနားကို မေလ (၂၃) ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ဂုဏ်ပြုတဲ့ပွဲလေး ဖြစ်သလို၊ မိဘတွေ၊ ဆရာ၊ ဆရာမတွေရဲ့ အဖက်ဖက်ကနေ ပံ့ပိုးပေးမှု၊ ILBC ကျောင်းကြီးအပေါ် ယုံကြည်ပေးမှု၊ ကျောင်းနဲ့ တသားတည်းရှိနေပေးမှုတွေကို အကောင်အထည်လိုက် မြင်တွေ့ခွင့်ရတဲ့ နွေးထွေးဂုဏ်ယူဖွယ် အခိုက်အတန့်လေးလည်း ဖြစ်ပါတယ်။ ဂုဏ်ယူပီတိဖြစ်ရတဲ့ မိဘတွေရဲ့ အပြုံးမျက်နှာတွေ၊ ဘွဲ့ဝတ်စုံတွေနဲ့ ခန့်ခန့်ညားညား ချစ်ဖို့ကောင်းနေတဲ့ ကလေးငယ်တွေရဲ့ အမှတ်တရတွေအားလုံးကိုတော့ ဓာတ်ပုံတွေထဲမှာ မြင်တွေ့ခံစားနိုင်ပါတယ်။ ပွဲအခမ်းအနားကို အချိန်ပေးတက်ရောက်ပေးကြတဲ့မိဘတွေကို ကျေးဇူးတင်စကားဆိုရင်း အခုလိုမျိုး ကျောင်းသား - မိဘ - ဆရာ သုံးဦးသုံးဖလှယ် လက်တွဲညီညီ ရှေ့ဆက်ရင်းနဲ့ ကလေးတွေရဲ့အနာဂတ်မှာ အောင်မြင်မှုပုံရိပ်တွေကို အလှပဆုံး ပုံဖော်ပေးနိုင်ဖို့ကိုလည်း ILBC ကျောင်းကြီးအနေနဲ့ အထူးလိုလား ဆန္ဒရှိကြောင်းဖော်ပြလိုက်ရပါတယ်။

The 20th Preschool Graduation Ceremony together with the Certificate Presentation for ILBC Nay Pyi Taw summer programme students was celebrated in a joyful and memorable atmosphere on May 23. A meaningful occasion that honored the children’s efforts and achievements while reflecting the strong support and trust of parents and teachers. Proud smiles, tiny graduates in gowns, and warm shared moments made the day truly special, a memory to cherish while continuing to shape brighter futures together. 🎓🕊️

Address

Near Diplomat Zone, Dekkhina Thiri Township, Nay Pyi Taw
Pyinmana

Alerts

Be the first to know and let us send you an email when ILBC Nay Pyi Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category