22/09/2026
🌈🛝Playgrounds, Forever a Favourite for Our Little Preschoolers 💕🎈
📅 Nursery, Beginner, Pre-I | 21 September, 2026
မူကြိုအရွယ် ကလေးငယ်တွေကို စာသင်ခန်းပြင်ပဆီခေါ်ဆောင်ပြီး ပြင်ပ ဗဟုသုတ၊ အတွေ့အကြုံ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စတာတွေကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့အတွက် Joyful Play Day Programme အဖြစ် BEE BOX Playground ဆီကို စီစဥ်ပို့ဆောင်ပေးခဲ့ပါတယ်။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုလေးတွေ တိုးတက်ကောင်းမွန်စေဖို့၊ သူငယ်ချင်းတွေနဲ့ အတူ အမှတ်တရတွေ ဖန်တီးပြီး Social Skills တိုးတက်လာစေဖို့၊ ကိုယ်လက်လှုပ်ရှားမှုကောင်းမွန်စေဖို့ အပြင် ပြင်ပ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း ဘာသာစကား စွမ်းရည်တိုးတက်စေဖို့ပါ ရည်ရွယ်ပါတယ်။ တစ်နေ့တာလုံးပျော်ပျော်ပါးပါး ဆော့ကစားခဲ့ကြတဲ့ ကလေးတွေရဲ့ ပုံရိပ်ကို ကြည့်ရှုပြီး မိဘတွေ အမောဖြေနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။🧸🌟
Our Nursery, Beginner, and Pre-I little preschoolers stepped beyond the classroom for a joyful day at BEE BOX Playground, where play became a journey of discovery, confidence, friendship and growth. Through joyful play, they strengthened their social and language skills, explored their surroundings and enjoyed meaningful physical activity with friends. A little glimpse of their big smiles and happy memories, shared for our parents to enjoy.