20/08/2026
၈ လပိုင်း ၂၇ ရက် (ကြာသပတေးနေ့) ကစပြီး MyJLPT မှာ 2026 ခုနှစ် ပထမအကြိမ် JLPT စာမေးပွဲရလဒ် ကို ကြည့်ရှုနိုင်ပါတယ်။
ရလဒ်ထွက်ပြီးချင်းမှာ လူအများအပြား တစ်ပြိုင်နက်တည်း ဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက် Website ချိတ်ဆက်ရခက်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် ခဏစောင့်ပြီးမှ ပြန်လည်ဝင်ရောက်ကြည့်ရှုပါ။
---
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့ (ကြာသပတေးနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ မှ စတင်၍ ၂၀၂၆ ခုနှစ် အောက်တိုဘာလ၊ ၃၁ရက်နေ့ (စနေနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ အထိ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Certificate များရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။
Result ကြည့်ရှုရမည့် link - https://www.jlpt-overseas.jp/onlineresults/
(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)
Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။
Passcode မေ့လျော့သော စာဖြေသူများ အနေဖြင့် အောက်ပါLink မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
(ဖော်ပြပါလင့်မှတဆင့် > Passcode မှတ်တမ်း သို့ဝင်ရောက်၍ > ခုံနံပါတ် နှင့် သက်သေခံကတ်နံပါတ် ရိုက်ထည့်ရပါမည်။)
https://www.facebook.com/share/p/19MkHNTwA4/