Rain Moltivation

Rain Moltivation Please like my page. I will post motivational post and English sharing post and guide line to succes

Civil Engineeringနှင့် ပတ်သတ်သောအကြောင်းအရာများအား လေ့လာလိုလျှင်၊ ဆွေးနွေးတိုင်ပင်လိုလျှင် အောက်ပါ telegram channel လေးမ...
07/06/2025

Civil Engineeringနှင့် ပတ်သတ်သောအကြောင်းအရာများအား လေ့လာလိုလျှင်၊ ဆွေးနွေးတိုင်ပင်လိုလျှင် အောက်ပါ telegram channel လေးမှာ ဝင်ရောက်ဆွေးနွေး လေ့လာနိုင်ပါတယ်ခင်ဗျာ။
https://t.me/civiltalksmm

-ဘာတွေဆွေးနွေးသွားမလဲ။
Civil engineerနှင့်ပတ်သတ်သော ဗဟုသုတများအား အခြေခံမှစတင်၍ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ အခြားလေ့လာစရာဗဟုသုတ်များ၊ လိုအပ်သော software အသုံးပြုနည်းအခြေခံများ၊ ဖတ်စရာစာအုပ်များ၊ pdf fileများကိုပါ တင်ပေးသွားမည်ဖြစ်ပါသည်။

-အဓိကရည်ရွယ်ချက်
Uni တက်လက်စဖြစ်နေသော ကျောင်းသားကျောင်းသူ လူငယ်များအတွက် မသိသေးသောအရာများအား လေ့လာနိုင်ရန် သိပြီးသားsenior engineerများမှ နည်းပြအကြံပေးဆွေးနွေးနိုင်ရန် ဖြစ်ပါတယ်။

-မည်သည်တို့ကိုမှီမြန်း၍ဆွေးနွေးပေးမည်နည်း။
Uni lifeမှ engineerဘဝအထိ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ စာအုပ်များ၊ လေ့လာထားသမျှကို မှီမြန်း၍ ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။
Channelလေးအား joinချင်ပါကအောက်ဖော်ပြပါ linkတွင် ဝင်ရောက် ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။

https://t.me/civiltalksmm



10/07/2022

ကျွန်တော်ဟာကျွန်တော်ဟာ 8နှစ်အရွယ်ကောင်လေး။ အအေးသောက်ချင်လိုက်တာ။ မနေ့က ကျောင်းဘောလုံးခြေစမ်းပွဲရှိတယ်။ ရေဘူးခွံတွေကျန်ခဲ့မယ်ထင်တယ်။ အဲ့တာလေးတွေကောက်ပြီးသွားရောင်းရင် အအေးတစ်ဘူးလောက်ရနိုင်တယ်။ မနက်စာထမင်းခြမ်းကို အကြော်တစ်ခုနဲ့စားပြီးထွက်လာခဲ့တယ်။ အမေ့ကိုပြောသွားအုံးမှ မို့ရင်စိတ်ပူနေလိမ့်မယ်။
"အမေရေ သား သူငယ်ချင်းတွေနဲ့ သွားကစားလိုက်အုံးမယ်။"

ကျောင်းဘောလုံးကွင်းက ကျယ်လိုက်တာ။များများရရင်ကောင်းမှာပဲ။ ဟော.... ဟိုမှာရေဘူးခွံ ၊ကြွပ်ကြွပ်အိတ်ကော အရံသင့်လိုက်တာ။
ဟိုက်.... ဟိုမာဖိနပ်တစ်ရံ ၊ အဖေ ဖိနပ်ပျက်နေတာနဲ့အတော်ပဲ။ အဖေ့အတွက်ဖိနပ်ရပြီ။ အဆင်ပြေချက်။

ဟာ...ဟာ... ဟိုနားမှာ ဘူးတွေအများကြီးပဲ။ အကုန်ယူသွားမှပဲ။ ညီလေးကိုပါ colaဝယ်တိုက်လို့ရပြီ။ သူသောက်ချင်နေတာကြာပြီ။ ဒီနေ့ luckyကောင်းတယ်ဟ။ တွေးရင်းဆက်ရှာလိုက် ကောက်လိုက်နဲ့ဘောလုံးကွင်းတစ်ပတ်ပြည့်တော့မယ်။ ဟိုမာ ဘီယာပုလင်း။ ဘီယာပုလင်းဆို တစ်ပုလင်းနှစ်ရာပေးတာ ကောက်မှ။ ဟိုက်....ရှေ့ကဖြတ်သွားတာဘာလဲ။ အော် တောက်တဲ့လေးကို။ ပုလင်းအမြန်ယူလိုက်ပါအုံးမယ်။ ပြန်ရင်ကောင်းမလား ခဏဆက်လျောက်လိုက်ပါအုံးမယ်။ တစ်ခုရလည်းမနဲဘူး။

ဟာ.... ဟိုမှာ ဘိလပ်မြေအိပ်ခွံတွေ လွင့်ထားတာ။ အသုံးမလိုတော့ဘူးထင်တယ်။ ကျေးဇူးပါအကိုတို့ရေ။ ကျွန်တော်ယူသွားမယ်နော်။ အိတ်တွေအကုန်သယ်ပြီး ထွက်လာခဲ့တယ်။

ဒီနေ့မှအိတ်တွေကလေးလိုက်တာ။ ဘောလုံးကွင်းကလည်းပိုကျယ်လာသလိုပဲကွာ။ ဒါမဲ့သယ်သွားမှ။ ဘာပဲဖြစ်ဖြစ် အဖေ့အတွက်ဖိနပ်ရြပီ။ ညီလေးအတွက် colaလည်းရပြီ။ အအေးတစ်ဘူးလောက်သောက်ပြီး အမေ့ကိုပိုက်ဆံပစ်ရင်နိုင်လာတယ်ပြောပြိးပေးလိုက်မယ်။ နှစ်ချက်လောက်တော့အရိုက်ခံရမှာပေါ့။

25/01/2021

ကျွန်တော်ဒီနေ့စာမရေးချင်လို့ ရေနံသာမောင်ကျော်ညွန့်ရဲ့ကဗျာလေးပဲတင်ပေးလိုက်ပါတယ်။

ရေစီးကသန် လှိုင်းကထန်
ကူးရန်မဝံ့ ရွံ့ကြောက်တယ်၊
အလို.....ဘယ့်နှယ် ရွံကြောက်တယ်
ရွံ့စိတ်ကြောက်စိတ် ဖယ်လိုက်ကွယ်၊
ရေပြင်ကျယ်ကျယ် လှိုင်းကြမ်းကြမ်း
ရဲရဲဝံဝံ ကူးလိုက်စမ်း။
ရှေ့မှာကမ်းခြေ ရောက်သူတွေ
နည်းနည်းနောနော မဟုတ်ပေ။
သူတို့တွေလို သတ္တိဇွဲ
သင့်ဆီမှာလည်းရှိသားပဲ။
ရေနံသာမောင်ကျော်ညွန့်

Ambition        အခုအမှတ်စာရင်းတွေထွက်နေပြီဆိုတော့ အမှတ်သိပြီးဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက်၊ရည်မှန်းချက်ပျောက်နေသူတွေအတွက်...
18/01/2021

Ambition

အခုအမှတ်စာရင်းတွေထွက်နေပြီဆိုတော့ အမှတ်သိပြီးဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက်၊ရည်မှန်းချက်ပျောက်နေသူတွေအတွက်၊ရည်မှန်းချက်မပြည့်သူတွေအတွက်အကြံပေးချင်တာလေးရှိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဆယ်တန်းဖြေပြီးတဲ့အထိဘာ့လုပ်ရမှန်းဘာဝါသနာပါမှန်းမသိခဲ့ပါဘူး။ရည်မှန်းချက်ပျောက်နေခဲ့ပါတယ်။အဲ့တာနဲ့ရည်မှန်းချက်ကိုဘယ်လိုရှာရမလဲဆိုတာလေ့လာခဲ့ပါတယိ။ကျွန်တော်သိသွားတဲ့နည်းကတကယ်ထိရောက်ပါတယ်။အဲ့နည်းကတော့စမ်းလုပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ဘာသာစကားလေ့လာတာဝါသနာပါမလားဆိုပြီးလုပ်ကြည့်ပါတယ်။ခဏပဲ။ဝါသနာမှမပါတာကို။ဒီလိုလုပ်ကြည့်ရင်းနဲ့နောက်ဆုံးတွေ့ရှိသွားခဲ့ပါတယ်။အဲ့တာကတော့စီးပွားရေးလုပ်ဖို့ပါ။ဒါကြောင့်ရည်မှန်းချက်ပျောက်နေသူတွေကစမ်းလုပ်ကြည့်ရပါမယ်။ ဒါဆိုရင်ရည်မှန်းချက်ရှိတယ်၊ဒါမဲ့အမှတ်မမီဘူး၊အိမ်ကသဘောမတူဘူးဆိုရင်ကော သူတို့ဖြစ်ချင်တာလုပ်ပေးလိုက်ပါ။ဒါကtradeတစ်ခုပါ။ပြီးမှကိုယ်ဖြစ်ချင်တာကိုအခြားတစ်ဖက်ကနေလေ့လာပါ။ဒါဆိုရင်နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အပြင်သင်ဟာပညာနှစိခုကိုတစ်ပြိုင်နက်တက်မြောက်မာဖြစ်ပါတယ်။ဒါကြောင့်ရည်မှန်းချက်ပျောက်နေသူတွေကစမ်းလုပ်ကြည့်ပါ။ရည်မှန်းချက်မပြည့်တဲ့သူကရည်မှန်းချက်ကိုတွဲလုပ်ပါ။

Stay at Present"သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့အတိတ်အကြောင်းပဲတွေးနေလို့ပါ။""သင်အမြဲစိုးရိမ်ပူပန်နေတယ်ဆိုရင်တော့သင်ဟာအန...
11/01/2021

Stay at Present

"သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့အတိတ်အကြောင်းပဲတွေးနေလို့ပါ။"
"သင်အမြဲစိုးရိမ်ပူပန်နေတယ်ဆိုရင်တော့သင်ဟာအနာဂတ်အကြောင်းပဲအမြဲတွေးနေလို့ပါ။"
"သင်စိတ်ငြိမ်းချမ်းနေတယ်ဆိုရင်တော့သင်ပစ္စုပ္ပန်မှာနေ နေလို့ပါ။"
Lao Tzu
စိတ်ဓာတ်ကျတယ်ဆိုတာကျွန်တော်တို့လူသားတွေရဲ့မွေးရာပါအကျင့်တစ်ခုပါ။စိတ်ဓာတ်မကျအောင်အမြဲတမ်းကိုယ့်ကိုမြင့်တင်နိုင်တာလူတော်တွေရဲ့အကျင့်ပါ။ Lao Tzu ပြောတဲ့စကားကတိုတိုနဲ့ထိရောက်ပါတယ်။ကျွန်တော်တို့ဟာအတိတ်ကိုပြန်တွေး၊အမှားတွေကိုပြန်တွေးပြီးစိတ်ဓာတ်ကျနေတတ်ပါတယ်။ကျွန်တော်တို့ဟာအတိတ်ကကိစ္စတွေကိုပြုပြင်လို့မရပါဘူး။ထပ်မဖြစ်အောင်ပဲလုပ်လို့ရပါတယ်။ဒါ့ကြောင့်အတိတ်မှာနစ်မြုပ်မနေပဲရုန်းထွက်ကြည့်ပါ။ထင်တာထက်ပိုစိတ်ချမ်းသာရပါတယ်။တစ်ခါတလေကျတော့လည်းအနာဂတ်နွံထဲမာနစ်ပြန်ရော။ကျွန်တော်10တန်းတုန်းကလိုပေါ့။စာမေးပွဲအကြောင်းစဥ်းစားလိုက်ရင်အဲ့နေ့စာမလုပ်ဖြစ်တော့ဘူး။ဒါ့ကြောင့်အနာဂတ်ဟာလည်းနစ်မြုပ်ရင်မကောင်းပါ။ဒါကြောင့်နည်းသစ်တစ်ခုကျွန်တော်ပြောပြပါမယ်။အတိတ်ကြောင့်စိတ်ဓာတ်ကျမှုတွေ၊အနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေကိုmoltivationအဖြစ်ပြောင်းလဲပြီးပစ္စုပ္ပန်မှာနေထိုင်ခြင်းပါပဲ။ကျွန်တော်စာခိုးချခဲ့ပါတယ်။ဆရာမကမိပါတယ်။အပြောခံရပါတယ်။အဲ့တာကိုတွေးပြီးစိတ်ဓာတ်ကျနေပါတယ်။ဒါကိုနောက်တစ်ခါငါထပ်မဖြစ်အောင်စာကြိုးစားမယ်ဆိုပြီးmoltivationအဖြစ်ပြောင်းပြီးကြိုးစားလိုက်ပါတယ်။အနာဂတ်ကစာမေးပွဲကိုကြောက်နေမဲ့အစားစာမေးပွဲမှာအေးဆေးဖြစ်အောင်စာလုပ်မယ်ဆိုပြီးပြောင်းလိုက်ပါတယ်။လုံးဝmoltiအပြည့်ဖြစ်သွားပြီးအရင်ထက်ပိုပြီးကြိုးစားချင်လာပါတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာကပစ္စုပ္ပန်မှာနေပါ။ဖြစ်လာသမျှစိုးရိမ်မှုစိတ်ဓာတ့ကျမှုတွေကိုmoltiအဖြစ်ပြောင်းလဲပါ။ဒါဟာသင့်အတွက်အကောင်းဆုံးဆီခေါ်ဆောင်သွားမှာပါ။

Rubbish Theory(အမှိုက်ထုပ်သီအိုရီ)              ဒီအကြောင်းကတော့ ဆရာမိုးရှင်း(I.M.T)ရဲ့  'လက်ဆောင်' ဆိုတဲ့စာအုပ်မှာဖတ်မိပ...
04/01/2021

Rubbish Theory(အမှိုက်ထုပ်သီအိုရီ)
ဒီအကြောင်းကတော့ ဆရာမိုးရှင်း(I.M.T)ရဲ့ 'လက်ဆောင်' ဆိုတဲ့စာအုပ်မှာဖတ်မိပြီးကြိုက်လို့မျှဝေပေးတာဖြစ်ပါတယ်။အကြောင်းအရာကဒီလိုပါ။
မနက်ခင်းတစ်ခုမှာလူတစ်ယောက်ဟာလေဆိပ်သွားဖို့တက္ကစီတစ်စီးကိုငှားလိုက်တယ်။တက္ကစီစထွက်ပြီးမကြာခင်မှာပဲလမ်းဘေးမှာရပ်ထားတဲ့ကားကဝုန်းခနဲဆိုပြီးအရှိန်နဲ့ထွက်သွားတယ်။ကားဆရာကလည်းဘရိတ်ကိုဝုန်းခနဲအုပ်လိုက်ရတာပေါ့။ကံကောင်းလို့မတိုက်တာ။ကားဆရာသွားတာကလမ်းမှန်ပါ။ဒါမဲ့မှားတဲ့သူက ကားရပ်ပြီးပြန်တောင်ဆဲလိုက်သေးတယ်။ဒါပေမဲ့ကားဆရာကပြန်တောင်ပြုံးပြလိုက်တယ်။ကားပေါ်ကလူဟာ​တေ်​တော်အံ့သြ သွားတယ်။ဘာလို့ဒေါသမထွက်ပဲပြန်ပြုံးပြလိုက်လဲလို့မေးတဲ့အခါကားဆရာက"ဒီလိုလူတွေဟာအမှိုက်ကားတွေပဲ။သူတို့မှာအမှိုက်နဲ့တူတဲ့ဒေါသတွေစိုရမ်ပူပန်မှုတွေစိတ်ရှုပ်ထွေးမှုတွေနဲ့ပြည့်နက်နေတာ။အမှိုက်တွေပြည့်လာတဲ့အခါသွန်ဖို့နေရာရှာကြတာပေါ့။တစ်ခါတစ်လေကို့ပေါ်ပုံချတက်တယ်။ဒါပေမဲ့ခင်များလက်မခံရင်ဘာမှမဖြစ်ဘူး။ပြုံးသ်င့ရင်ပြုံးပြလိုက်၊သူတို့ကိုစိတ်မစိုးနဲ့။ကိုယ့်ခရီးကိုဆက်လျှောက်။သူတို့အမှိုက်တွေကိုယူပြီးအခြားသူတွေဆီလက်ဆင့်မကမ်းနဲ့”တဲ့။ဘယ်လောက်ကောင်းလိုက်တဲ့စကားလဲ။ကျွန်တော်လည်းဒီစာကိုဖက်ပြီးတဲ့နေ့ကစပြီးဒေါသလွယ်လွယ်နဲ့မထွက်တက်​တော့ပါဘူး။အရင်ထက်ဆိုင်ရင်အများကြီးစိတ်ချမ်းသာလာပါတယ်။ဒါ့ကြောင့်ဒီအကြောင်းလေးကိုsharingလုပ်ပေးရခြင်းဖြစ်ပါတယ်။
Credict-လက်ဆောင်(မိုးရှင်း(I.M.T))

Chilli       ဒီတစ်ခါတော့ကျွန်တော်ကိုးတန်းလောက်ကဖတ်ဖူးတဲ့ဝတ္ထုတိုလေးတစ်ပုဒ်အကြောင်းကိုပြောပြပါမယ်။ဦးဘုန်း(ဓာတု)ရေးတဲ့ သု...
28/12/2020

Chilli

ဒီတစ်ခါတော့ကျွန်တော်ကိုးတန်းလောက်ကဖတ်ဖူးတဲ့ဝတ္ထုတိုလေးတစ်ပုဒ်အကြောင်းကိုပြောပြပါမယ်။ဦးဘုန်း(ဓာတု)ရေးတဲ့ သုည ဆိုတဲ့စာအုပ်ထဲက ငရုတ်သီးဆိုတဲ့အပုဒ်အကြောင်းပါ။အတွေးနယ်ချဲ့ရေးသားမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ဒီလိုပါ။ကျောင်းသားသုံးယောက်ဟာကျောင်းသားပီပီကျောင်းပြေးကြတာပေါ့။နောက်နေ့ကျတော့သူတို့ဆရာကသူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ငရုတ်သီးစားရမယ်ပေါ့။အစပိုင်းတော့စားကြတာပေါ့။ကြာလာတော့တဖြည်းဖြည်းနဲ့မစားချင်တော့ဘူး။စပ်တာကိုး။အဲ့မှာဆရာကဆုံးမတယ်။ငရုတ်သီးဆိုတာမကောင်းတဲ့လုပ်ရပ်လို့သဘောထားလိုက်။စပ်တဲ့အကြောင်းကိုသိတာဟာ မကောင်းကြောင်းကိုသိတာပေါ့။ငရုတ်သီကစပ်တော့စပ်စားချင်သေးလား။ဒီလိုပဲမကောင်းမှန်းသိရင်မလုပ်နဲ့တဲ့။ဥပမာပေးတာကောင်းချက်ဗျာ။ကဲ အတွေးနယ်ချဲ့ကြည့်ရအောင်။ငရုတ်သီးဆိုတာစပ်ပေမဲ့ထမင်းစားတဲ့အခါထမင်းမိန်စေတယ်လေ။ဒီတော့ကောင်းတဲ့ထဲပါသလားပေါ့။သေချာတွေးကြည့်တော့ငရုတ်သီးဟာဘာအာဟာရဓာတ်မှမပါဘူး။များမာိးစားရင်အစာအိမ်ရောဂါပါရနိုင်တယ်။ဒါကြောင့်မကောင်းတဲ့အရာပဲလို့သိမိတယ်။အကျိုးမဲ့တဲ့ငရုတ်သီးကိုမစားသင့်သလို့မကောင်းတဲ့အရာကိုလည်းရှောင်ကြဉ်သင့်တာပေါ့။ဒီအတွေးကပဲကျွန်တော့်ကိုလမ်းကြောင်းမလွဲအောင်ပဲ့က်ုင်ခဲ့ပါတယ်။ဒါ့ကြောင့်sharingလုပ်ပေးရခြင်းဖြစ်ပါတယ်။

Use You tube instead of other social media                ဒီအပတ်မှာတော့အခြားsocial mediaတွေအစားဘာကြောင့် You tubeသုံးသင်...
21/12/2020

Use You tube instead of other social media

ဒီအပတ်မှာတော့အခြားsocial mediaတွေအစားဘာကြောင့် You tubeသုံးသင့်လဲဆိုတာရှင်းပြပေးသွားပါမယ်။ITခေတ်ရောက်လာတာနဲ့အမျှ လူတိုင်းဟာsocial media တွေသုံးလာကြတယ်။social mediaတွေအားလုံးရဲ့လုပ်ဆောင်ချက်တွေအားလုံးနည်းပါးတူညီကြပါတယ်။လုပ်ဆောင်ချက်တွေထဲကမှအကောင်းဆုံး အရာကိုပြောပါဆိုရင် You tubeလို့ပြောရပါလိမ့်မယ်။သင်ဟာသင့်အတွက်အကျိုးရှိမဲ့အရာကိုရှာချင်တယ်ဆိုပါတော့။You tubeမှာသင်တစ်ခါရှာလိုက်တာနဲ့ You tubeရဲ့new feedမှာသင်ရှာတဲ့အရာနဲ့ပတ်သတ်တဲ့အရာတွေပဲတက်ပါတယ်။အခြားsocial mediaတွေမှာဆိုရင်အခြားလူကြိုက်များတဲ့အရာတွေnew feedမှာတက်ပါတယ်။ဒါကြောင့်ကိုရှာချင်တဲ့အကြောင်းအရာနဲ့လွဲချော်သွားပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ဖူးပါတယ်။ဒါပြင်you tube ရဲ့new feedမှာကိုရှာတဲ့အကြောင်းအကြောင်းကိုတစ်ကမ္ဘာလုံးကပြောပြပေးထားတဲ့ဟာတွေပါတက်လာတဲ့အတွက်အကျိုးပိုရှိတာပေါ့။ဒါ့အပြင်ပျင်းလို့new feedကြည့်ရင်လည်းအကျိုးရှိမဲ့ဟာတွေပဲတက်တော့ကို့အတွက်ပိုအကျိုးရှိတာပေါ့။dataလေးနဲနဲပိုပေးရပင်မဲ့ပေးရကျိုးနက်တာပေါ့။ဒါကြောင့်you tubeကိုသုံးစေချင်ပါတယ်။

Personal Grooming                   Personal grooomingဟာ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့်ပြင်ဆင်ခြင်းအနုပညာပါပဲ။လူတစ်ယောက်...
14/12/2020

Personal Grooming

Personal grooomingဟာ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့်ပြင်ဆင်ခြင်းအနုပညာပါပဲ။လူတစ်ယောက်ကိုတွေ့ရင်အရင်ဆုံးမြင်ရတာimageပါ။imageကောင်းမှသာလူတွေကပေါင်းသင်းဆက်ဆံချင်ကြတာ။ဒါကြောင့်personal groomingက အရေးပါပါတယ်။personal groomingကောင်းဖို့ဆိုရင်
1. Hair(ဆံပင်)
လူတစ်ယောက်မှာဆံပင်ပုံစံကအရမ်းအရေးပါပါတယ်။ယောင်္ကျားလေးတွေဆိုရင်ဆံပင်ကိုတိုတိနဲ့ရှင်းရှင်းထားတာကောင်းပါတယ်။မိန်းကလေးတွေကတော့စည်းထားတာအကောင်းဆုံးပေါ့။
2. Face(မျက်နာ)
လူတိုင်းမျက်နာကိုထိန်းသိမ်းသင့်ပါတယ်။ကိုနဲ့လိုက်ဖက်ညီတဲ့skincareတို့makeupတို့သုံးဖို့လိုပါတယ်။အကောင်းဆုံးကတော့ရိုးရာသနပ်ခါးပေါ့။
3. Nail(ခြေသည်းလက်သည်း)
ခြေသည်းလက်သည်းပုံမှန်ညှပ်ရပါမယ်။အကယ်၍လက်သည်းအရှည်ထားတာဆိုရင်လည်းပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါမယ်။
4. Clothes and acessories
သွားမဲ့နေရာနဲ့ကိုက်ညီတဲ့အဝတ်အစားနဲ့အဆောင်အယောင်ကိုရွေးချယ်တက်ဖို့လိုပါမယ်။ဒါမှသာသင်ဟာconfidenceရှိမှာဖြစ်ပါတယ်။
5. Shoes
သွားမဲ့နေရာနဲ့လိုက်ဖက်တဲ့ဖိနပ်ကိုရွေးချယ်တက်ဖို့လိုတာပေါ့။ဒါမှသာသွားလာရလွယ်ကူမှာပေါ့။

20% Rule           20% Ruleဆိုတာဘာလဲ။ကျွန်တော်တို့နေ့စဥ်ရတဲ့အချိန်တွေကို၅ ပုံ ပုံလိုက်ရအောင်။၁၀၀မှာ၂၀ပေါ့။ပထမ၂၀% က ကိုယ်...
07/12/2020

20% Rule

20% Ruleဆိုတာဘာလဲ။ကျွန်တော်တို့နေ့စဥ်ရတဲ့အချိန်တွေကို၅ ပုံ ပုံလိုက်ရအောင်။၁၀၀မှာ၂၀ပေါ့။ပထမ၂၀% က ကိုယ့်ထက်တော်တဲ့သူတွေနဲ့နေရမယ့်အချိန်ပေါ့။ဥပမာ-ဆရာ၊ဆရာမတွေ၊ကိုယ်အားကျလေးစားရတဲ့သူတွေပေါ့။သူတို့ဆီကနေသင်ယူလေ့လာရမယ်လေ။ဒုတိယ၂၀% ကတော့ကိုယ်နဲ့တန်းတူဖြစ်သူတွေပေါ့။ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေပေါ့။ဒါမှသာလိုအပ်ရင်အကူအညီရနိုင်မှာပေါ့။တတိယ၂၀% ကတော့ကိုယ့်ထက်ညံ့တဲ့သူတွေပေါ့။ဥပမာ-ကိုယ့်ထက်ငယ်တဲ့သူတို့၊ကိုယ့်တပည့်တို့ပေါ့။သူတို့ကိုလမ်းပြပေးခြင်းအားဖြင့်ကိုယ်ကိုယ်တိုင်တိုးတက်နိုင်ပါတယ်။စတုတ္ထ၂၀% ကတော့ကိုယ်ချစ်တဲ့သူတွေပေါ့။ကိုယ့်မိသားစု၊ကိုယ့်ချစ်သူ၊ကိုယ့်သူငယ်ချင်းပေါ့။နောက်ဆုံး၂၀% ကတော့ကိုယ်ပိုင်အချိန်ပေါ့။ဥပမာ-စာအုပ်ဖက်တာတို့၊ကိုယ်ဝါသနာပါတာတို့၊ကိုယ့်ဘဝတိုးတက်ဖို့အတွက်အသုံးပြုရမယ့်အချိန်ပေါ့။ဒီလိုရတဲ့အချိန်ကို၅ ပုံ ပုံပြီးအသုံးပြုရင်တော့သင့်ဘဝဟာပုံမှန်တိုးတက်သွားမှာပါ။ဒါပေမယ့်အောင်မြင်ချင်တယ်၊ကျော်ကြားချင်တယ်ဆိုပေမယ့်ကိုယ်ပိုင်အချိန်ကိုပိုထားသင့်ပါတယ်။ဥပမာပြောရရင်ကိုယ်ပိုင်အချိန်ကို50% လောက်ထားပြီးကျန်တာအားလုံးပေါင်းမှ50% ပဲထားမှာပေါ့။ဒါဆိုရင်သင်ဟာသင်အချိန်တွေကိုအကျိုးရှိရှိအသုံးပြုနေသူတစ်ယောက်ဖြစ်လာမှာပါ

Address

Maung Khin Street
Pyinmana

Website

Alerts

Be the first to know and let us send you an email when Rain Moltivation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share