Jasmine May International Preschool & Private Primary School

Jasmine May International Preschool & Private Primary School THE BEST PLACE TO INVEST IN IMPROVEMENT

17/08/2026

✨🌟ကလေးငယ်တွေရဲ့ ပညာရေးမှာ စာအုပ်ထဲက စာတွေကို ဖတ်ရှုမှတ်သားတာအပြင် လက်တွေ့ တီထွင်ဖန်တီးရတဲ့ Activity လေးတွေကလည်း အရမ်းကို အရေးကြီးပါတယ်။

ဒီနေ့ မှာတော့ ကလေးလေးတွေကိုယ်တိုင် စက္ကူခေါက်နည်း (Origami) ကို အခြေခံပြီး ချစ်စရာကောင်းတဲ့ ကြောင်ရုပ် (Cat Craft) လေးတွေကို အဆင့်ဆင့် ဖန်တီးပြုလုပ်ခဲ့ကြပါတယ်။ 🐱✨

စက္ကူခေါက်ခြင်း (Origami) အတတ်ပညာဟာ ကလေးတွေအတွက် ရိုးရိုးရှင်းရှင်း ဆော့ကစားရုံတင်မကဘဲ အောက်ပါ သင်ယူမှု အကျိုးကျေးဇူးပေါင်းများစွာကို ပေးစွမ်းနိုင်ပါတယ် -

⭐️လက်ချောင်း ကြွက်သားများ သန်မာလာခြင်း (Fine Motor Skills) - စက္ကူကို ခေါက်ခြင်း၊ ဖိခြင်းနဲ့ ပုံဖော်ခြင်းတို့ကြောင့် ကလေးတွေရဲ့ လက်ချောင်းလေးတွေနဲ့ လက်ကောက်ဝတ် လှုပ်ရှားမှု ပိုမို ကြံ့ခိုင်လာပြီး စာရေးတဲ့အခါမှာလည်း ပိုမို ငြိမ်သက်လာစေပါတယ်။

⭐️စိတ်အာရုံ စူးစိုက်မှု မြင့်မားလာခြင်း (Focus & Concentration) - ပုံစံတစ်ခု ထွက်ပေါ်လာဖို့အတွက် အဆင့်လိုက် စိတ်ရှည်လက်ရှည် လိုက်ပါလုပ်ဆောင်ရတာမို့ အာရုံစူးစိုက်နိုင်စွမ်းကို အလွန် အထောက်အကူပြုပါတယ်။

⭐️တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်လာခြင်း (Creativity & Imagination) - စက္ကူခေါက်ပြီးနောက် မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းလေးတွေကို ကိုယ်တိုင် ရေးဆွဲရတာကြောင့် တီထွင်ဖန်တီးချင်စိတ်နဲ့ စိတ်ကူးဉာဏ်ကို ပိုမို ထက်မြက်စေပါတယ်။

⭐️ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာခြင်း (Problem-Solving Skills) - ဘယ်လိုခေါက်ရင် ကြောင်နားရွက်လေး ထွက်လာမလဲ၊ ဘယ်လို ခေါက်ရမလဲဆိုတာကို တွေးခေါ်ရင်း သင်ယူရတဲ့အတွက် အမှတ်မထင် ဉာဏ်ရည်ကို ဖွံ့ဖြိုးစေပါတယ်။

🌟ကလေးတွေရဲ့ လှုပ်ရှားမှု တိုးတက်မှု ပုံရိပ်လေးတွေကို ကြည့်ရှုရင်း ကလေးတို့ရဲ့ ဖန်တီးနိုင်စွမ်းကို အတူတူ အားပေးလိုက်ရအောင်နော်... ❤️

🗓 ဥပုသ်၊ တနင်္ဂနွေမှာ အင်္ဂလိပ်စာ Level မြှင့်ချင်တဲ့ ကလေးတွေအတွက် Oxford Phonics World Level 2 အတန်းလည်း ရှိပါတယ်ရှင် 📢...
17/08/2026

🗓 ဥပုသ်၊ တနင်္ဂနွေမှာ အင်္ဂလိပ်စာ Level မြှင့်ချင်တဲ့ ကလေးတွေအတွက် Oxford Phonics World Level 2 အတန်းလည်း ရှိပါတယ်ရှင် 📢

Level 1 တက်ပြီးတဲ့ကလေးတွေနဲ့ အသက် (၆) နှစ်အထက် ကလေးများတက်ရောက်နိုင်ပါတယ်။

English စာကို native တစ်ယောက်လို အသံနေ၊ အသံထားမှန်မှန်နဲ့ ခပ်သွက်သွက်ပြောရဲဆိုရဲဖို့ Oxford Phonics အတန်းက အများကြီးအထောက်အကူပြုပေးမှာပါ။

Phonics တွေကို ပိုင်နိုင်လာလေလေ ကလေးရဲ့ English Skills ဟာ ရှေ့ပိုရောက်လေလေဆိုတာကိုတော့ Phonics သင်ဖူးတဲ့ သူများ အသိဆုံးပါပဲနော်။

ဒါကြောင့် ဥပုသ်၊ တနင်္ဂနွေပိတ်ရက်မှာ ကလေးကို Oxford Phonics သင်ကြားစေချင်ရင် Level 1 ရော၊ Level 2 ရော အဆင်ပြေရာကို ရွေးချယ်တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင် ❤️

💯 Oxford Phonics World Level 2 အတန်းလေးမှာတော့ Class size maximum (10) students သာ လက်ခံသင်ကြားပေးမှာပါ။

Level 1 finished students &
Age from 6 years students

⏰️ Time - 8:30AM to 10:30 AM
💰 Fees - 60000/-

THE BEST PLACE TO INVEST IN IMPROVEMENT

📍Location

အမှတ် - ၁၅/၁၁၅၀- ၁၁၅၃၊ ချယ်ရီလမ်း၊ ပေါင်းလောင်း (၂)၊ ရွာကောက်ရပ်ကွက်၊ ရာဇဌာနီအနီး၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်။

☎️ 09968543934, 09971071956,
09752772572

Student Service 09256375402/09969799971

သင့်ကလေးအတွက် English Skills ပိုကောင်းစေမယ့် Oxford Phonics World Level 1 Class ✨️Oxford Phonics သင်ဖူးတဲ့ ကလေးတိုင်းက အ...
15/08/2026

သင့်ကလေးအတွက် English Skills ပိုကောင်းစေမယ့် Oxford Phonics World Level 1 Class ✨️

Oxford Phonics သင်ဖူးတဲ့ ကလေးတိုင်းက အင်္ဂလိပ်စာလေ့လာရတာ ပျော်ကြတယ် 📢

English 4 Skills ကို ဘာလာလာ မကြောက်တော့ဘဲ...

📚 Reading ပိုင်းမှာ မြန်ဆန်စွာဖတ်နိုင်ဖို့...
👂Listening ပိုင်းမှာလည်း နားလည်လွယ်ဖို့...
✍️ Writing ပိုင်းမှာ ဝေါဟာရမှန်ကန်လာပြီး...
🗣 Speaking ပိုင်းမှာလည်း အပြောသွက်လာစေဖို့ Oxford Phonics World ရဲ့ သင်ခန်းစာတွေက အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်ရှင်။

Oxford Phonics World ကို Level အလိုက်၊ အသက်အရွယ်အလိုက် တက်ရောက်နိုင်ရန် JMEC မှာ Mon to Thurs အတန်းလေးတွေရော၊ ပိတ်ရက်အတန်းလေးတွေပါ ဖွင့်လှစ်ပေးထားပါတယ်ရှင်။

သင့်ကလေးအတွက်...
English စာကို အခြေခံပိုင်ပိုင်နိုင်နိုင်နဲ့ အစပြုစေချင်ရင် Oxford Phonics World (Level 1) အတန်းလေးကိုသာ Join ခိုင်းလိုက်ပါ 💁‍♀️

📌 (Weekends)Oxford Phonics World Level 1
Class size - maximum 10 students
Age from 4 yrs to 6 yrs
Time - 10:30 AM to 12:30 PM
Fees - 60000/-

📌 (Monday to Thursday) Oxford Phonics World Level 1
Class size - maximum 8 students
Age from 4 yrs to 6 yrs

Fees - 75000/-
Time - 4:00PM to 5:30 PM

THE BEST PLACE TO INVEST IN IMPROVEMENT

📍Location

အမှတ် - ၁၅/၁၁၅၀- ၁၁၅၃၊ ချယ်ရီလမ်း၊ ပေါင်းလောင်း (၂)၊ ရွာကောက်ရပ်ကွက်၊ ရာဇဌာနီအနီး၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်။

☎️ 09968543934, 09971071956,
09752772572

Student Service 09256375402/09969799971

14/08/2026
13/08/2026

သားသားလေးရဲ့ "ဘ" ဗျည်းအက္ခရာ သင်ချိန် 🎈✨

"ဘ" ရဲ့ အသံထွက်လေး ခေါ်၊ "ဘ" ကဗျာလေး ရွတ်ပြီး "ဘ" ပုံပြင်တိုလေးကို ကိုယ်တိုင် တက်ကြွစွာ ပြန်ပြောပြနေတာပါ 🥰

အသံထွက်လေး မှန်မှန်နဲ့ တတ်တတ်ကြွကြွ ပြန်ပြောပြနေတဲ့ သားသားလေးရဲ့ ချစ်စရာ ပုံရိပ်လေးပါနော် ✨❤️

13/08/2026

မီးမီးလေးရဲ့ "ဘ" ဗျည်းအက္ခရာ သင်ချိန် 🎈✨

"ဘ" ရဲ့ အသံထွက်လေး ခေါ်၊ "ဘ" ကဗျာလေး ရွတ်ပြီး "ဘ" ပုံပြင်တိုလေးကို ကိုယ်တိုင် တက်ကြွစွာ ပြန်ပြောပြနေတာပါ 🥰

အသံထွက်လေး မပီတပီနဲ့ ချစ်စရာကောင်းအောင် ပြန်ပြောပြနေတဲ့ မီးမီးလေးရဲ့ ဗီဒီယိုလေးပါနော် ✨❤️

Address

Paung Laung (14) Street
Pyinmana
067

Telephone

+959256375402

Website

Alerts

Be the first to know and let us send you an email when Jasmine May International Preschool & Private Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Jasmine May International Preschool & Private Primary School:

Shortcuts

Share

Category