The Civil Engineering Hub

The Civil Engineering Hub Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Civil Engineering Hub, No. 194, Bogyoke Road, Pyay.

Professional Civil Engineering Services specializing in Structural Analysis & Design, AutoCAD Drafting, Quantity Surveying & Cost Estimation, Design & Build Services, and Engineering Training.

🏡 အိမ်တစ်လုံးရဲ့တန်ဖိုးကို ဘာက ဆုံးဖြတ်ပေးတာလဲ?လှပတဲ့ မျက်နှာစာတစ်ခုက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။ဒါပေမယ့် အိမ်တ...
09/07/2026

🏡 အိမ်တစ်လုံးရဲ့တန်ဖိုးကို ဘာက ဆုံးဖြတ်ပေးတာလဲ?

လှပတဲ့ မျက်နှာစာတစ်ခုက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။

ဒါပေမယ့် အိမ်တစ်လုံးရဲ့ တကယ့်တန်ဖိုး ကိုတော့ အပြင်ပန်းအလှတရားတစ်ခုတည်းက မဆုံးဖြတ်ပေးနိုင်ပါဘူး။

အရည်အသွေးရှိတဲ့ အိမ်တစ်လုံးရဲ့ နောက်ကွယ်မှာ...

✔️ မှန်ကန်တဲ့ Structural Design

✔️ မြေအခြေအနေနဲ့ ကိုက်ညီတဲ့ Foundation

✔️ အရည်အသွေးပြည့်မီတဲ့ Construction Materials

✔️ စနစ်တကျ အကောင်အထည်ဖော်တဲ့ Workmanship
..ဆိုတဲ့ အခြေခံအချက်တွေ ရှိနေပါတယ်။

အိမ်တစ်လုံးဆောက်တာဟာ မိသားစုတစ်စုရဲ့ ဘဝအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

ဒါကြောင့် ဈေးနှုန်းတစ်ခုတည်းကိုသာ မကြည့်ဘဲ၊ လုံခြုံမှု၊ အရည်အသွေးနဲ့ ရေရှည်တန်ဖိုးကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဒီ Page မှာတော့ အိမ်ဆောက်လုပ်ခြင်း၊ Structural Design၊ Estimate နဲ့ ဆောက်လုပ်ရေးဆိုင်ရာ အသုံးဝင်တဲ့ ဗဟုသုတတွေကို အတွေ့အကြုံအပေါ် အခြေခံပြီး မျှဝေပေးသွားပါမယ်။

💬 သင့်အမြင်မှာ အိမ်တစ်လုံးဆောက်တဲ့အခါ အရေးအကြီးဆုံးအချက်က ဘာလဲ?
Comment မှာ မျှဝေပေးခဲ့ပါဦး။ 👇

The Civil Engineering Hub
Design | Plan | Build

🏗️ Welcome to The Civil Engineering Hub 🏗️The Civil Engineering Hub မှ ကြိုဆိုပါတယ်။ကျွန်ုပ်တို့မှ အောက်ပါ Professional ...
27/06/2026

🏗️ Welcome to The Civil Engineering Hub 🏗️
The Civil Engineering Hub မှ ကြိုဆိုပါတယ်။
ကျွန်ုပ်တို့မှ အောက်ပါ Professional Civil Engineering ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

📐 Structural Analysis & Design 📏 AutoCAD Drafting & Detailing 🧮 Quantity Surveying & Cost Estimation 🏠 Design & Build Services 🎓 Engineering Training & Mentorship

📍 Pyay, Myanmar
📞 09444415747 📩 Page Messenger or Viber မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

✨ Learn. Design. Build.✨ Designing Safe Structures, Building Better Futures.

   Online class တွေမှာ အများနဲ့ သင်ရင် အဆင်မပြေတဲ့သူတွေ video lesson တွေကို လေ့လာရတာ အဆင်မပြေတဲ့သူတွေအတွက် zoom meeting ...
25/02/2024



Online class တွေမှာ အများနဲ့ သင်ရင် အဆင်မပြေတဲ့သူတွေ video lesson တွေကို လေ့လာရတာ အဆင်မပြေတဲ့သူတွေအတွက် zoom meeting နဲ့ 1 by 1 သင်ပေးတဲ့ class လေးရှိနေပါပြီနော်

အလုပ်လုပ်ရာမှာအဆင်ပြေစေဖို့ မှတ်သားအတုယူစရာလေးတွေ 🤩
09/12/2022

အလုပ်လုပ်ရာမှာအဆင်ပြေစေဖို့ မှတ်သားအတုယူစရာလေးတွေ 🤩

နဲ့ ပြဿနာ

ခုခေတ်မှာ အဆောက်အဦးတခု ဆောက်တော့မယ်ဆိုရင် အရင်ဆုံးစပီးမေးမြန်းစုံစမ်း စကားပြောကြတာ pae ဘယ်လောက်လဲ ဆိုတာပါဘဲ

အကြမ်းထည်စျေးနှုံး ဘယ်လောက်လဲ ?

အချောထည်စျေးနှုံး ဘယ်လောက်လဲ ?

ဒါလောက်ဘဲ အဓိကထားသိချင်ကြတာပါ

အဲလိုဆိုတော့ ကျနော်တို့က ဘယ်လိုလက်ခံနားလည်ထားကြသလဲ ?

#အကြမ်းထည် ဆိုရင် ဘာတွေပါဝင်မလဲ ?

#အချောထည် ဆိုရင် ဘယ်အဆင့်ကိုပြောတာလဲ ?

#အကြမ်းထည် လေဘာသက်သက်ဆိုရင် ဘယ်အဆင့်အထိ ပါဝင်မလဲ ?

#အကြမ်းထည် ပစ္စည်း +လက်ခ အပြီးဆို ဘယ်အဆင့်ပြီးစီးမှုကိုလဲ ?

#အချောထည် လေဘာသက်သက်ဆို ဘယ်အဆင့်အထိ ပါဝင်မလဲ ?

#အချောထည် ပစ္စည်း +လက်ခ အပြီးဆို ဘယ်အတိုင်းအတာအထိ ပြီးစီး မှုကိုလဲ ?

အတော်ပြောဆို ဆွေးနွေးညှိနှိုင်း ယူရမယ့်ကိစ္စရပ်တွေပါ

ကျနော်ကတော့ ကျနော်လုပ်ပေးနိုင်တဲ့အနေအထားတခု ကို PUBLIC မှာ ချပေးထားပါတယ်

#အကြမ်းထည် လေဘာသက်သက်ဆို ဘယ်အတိုင်းအတာအထိ

#ပစ္စည်း + လက်ခအပြီးဆို ဘယ်အတိုင်းအတာအထိ

#အချောထည် ဆိုရင် ရေမီးဆေး သုံးမျိုးဘဲလား ?
ကြွေပြား ဘယ်လောက်ခင်းပေးရမလဲ ?
မျက်နှာကျက် ပါသေးလား?
ပါရင် 2ပေပတ်လည်လား ?
ဂျက်ဆင်ဘုတ် ပလိန်းလား ?
ဒီဇိုင်း ပါသေးလား ?
ဒီဇိုင်းပါရင် ဆေးနဲ့ မီးက အကျယ်တဝင့်ဆွေးနွေးဖို့လိုပြန်ပါပီ

#ဟိုဟာမပါ ဒီဟာမပါ ပြဿနာတွေရဲ့ မူရင်းဇစ်မြစ်က ဒီဇိုင်း မပြတ်သားမှု ဒီဇိုင်း မရှိမှု တွေအပေါ်မှာ အခြေခံပါတယ်

အိမ်ဆောက်တော့မယ်ဆိုရင် အပ်သူ ဆောက်သူ နှစ်ဦးလုံးအတွက် ဒီဇိုင်းဟာ မဖြစ်မနေရှိရမယ့် အရာတခုလို့ ပြောချင်ပါတယ်

နှုတ်တရာ စာတလုံးဆိုတာထက် ပုံလေးတပုံ မျှ မရှိဘဲ ပါးစပ်ပြော ဒီဇိုင်းနဲ့ ဆောက်နေရင်း မြင်တွေ့ရာရာ ပုံတကာက သူများလုပ်ထားတာ တွေ့တိုင်း ပုံရိုက်ယူ ထည့်လုပ်ခိုင်းနေကြရမယ်ဆိုရင်

PAE မှာ ဒါမပါဘူးလား ?ဆိုတဲ့ပြဿနာတွေ တန်းစီပေါ်လာပါမယ်

ပါးစပ်ပြောနဲ့ အလုပ်လုပ် ရရင် အသံဖမ်းမှတ်သားပါ ,စာတမ်းရေး မှတ်တမ်းထားပါ ,စာချုပ်သည်အခရာ ဖြစ်တဲ့အတွက် ပြည့်ပြည့်စုံစုံ စာချုပ်မဖြစ်မနေ ထည့်ချုပ်ပါ

အောက်ထစ်ဆုံး ဆောက်လုပ်ရေး လုပ်ငန်းသုံး ရေ လျှပ်စစ်မီး စက်မီး မစ်ဆာအိုးကအစ စက်ဆီ အဆုံး စာချုပ်မှာရှင်းရှင်းလင်းလင်း ပါဝင်ပါစေ

လူပုဂ္ဂိုလ် အပေါ် ခင်မင်မှုလေးစားမှု နဲ့ ရေရှည် အလုပ်လုပ်လို့မရပါခမျာ
ကိုယ့်တာဝန် သူ့တာဝန် ကျေပြွန်မှုဖြင့်သာ အလုပ်ပိုင်းဆိုင်ရာ ပြီးမြောက်အောင်မြင်နိုင်ကြောင်းပါခမျာ

နှစ်ဦး နှစ်ဖက် မျှတခြင်း ကျေနပ်ခြင်းများ ရရှိပြီး စိတ်ချမ်းသာစရာ နေ့ရက်များဖြင့် ခရီးဆက်နိုင်ကြစေဖို့

#ကပ္ပိယကြီး

#အရှေ့ဒဂုံ

#09777573878

Photo internet

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာလူကြီးဆန်ခြင်း တစ်မျိုးပါ။အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာခွင့်လွ...
25/09/2022

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။

အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။

အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...

ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...

နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။

လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....

ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။

# CREDIT #

မှတ်ဖွယ်မှတ်ရာ
21/09/2022

မှတ်ဖွယ်မှတ်ရာ

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား

ကိုရင်သာအေး

&


*09777573878
*09953206665

Photo ,internet

Address

No. 194, Bogyoke Road
Pyay

Telephone

+959267248822

Website

Alerts

Be the first to know and let us send you an email when The Civil Engineering Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Civil Engineering Hub:

Shortcuts

Share