PKA International School

PKA International School 𝙋𝙧𝙚𝙘𝙞𝙤𝙪𝙨 𝙇𝙚𝙖𝙧𝙣𝙚𝙧𝙨, 𝙐𝙣𝙞𝙦𝙪𝙚 𝙇𝙚𝙖𝙙𝙚𝙧𝙨

21/08/2026

သင့်ကလေးဟာ ဖုန်းအရမ်းစွဲလမ်းနေပြီဆိုရင် ဒီအချက် (၇) ချက်ကို လုပ်ဆောင်ပေးပါ။ 📌📌




#ဖုန်းအကြည့်များ

19/08/2026

🌟 Weekend ကို အကျိုးရှိရှိ ဖြတ်သန်းကြမယ်! 🌟

စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ သားသားမီးမီးတို့ရဲ့ အားလပ်ချိန်တွေကို ဖုန်းအသုံးပြုရင်း အချိန်ကုန်ဆုံးမယ့်အစား English Language ကိုသူငယ်ချင်းသစ်တွေနဲ့ပျော်ရွှင်စွာသင်ယူရင်း လေ့လာနိုင်မယ့် English Weekend Class ကို

✨PKA International School ရဲ့ English Weekend Class လေးမှာ လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ 💙
😍သားသားမီးမီးတို့ရဲ့ အားလပ်ရက်တွေကို
ပျော်ရွှင်စရာ သင်ယူမှုအချိန်လေးတွေအဖြစ် အခုပဲပြောင်းလဲလိုက်ရအောင်.....🔥

📌 Registration Now!
📞 အသေးစိတ်သိရှိလိုပါက 09257096834(Viber) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်





17/08/2026

Our kids had an amazing time playing the Arrange the Sentence Game during our Weekend Class! 🎉

🌟 Join our Weekend Class! ✅ Interactive learning activities ✅ Fun educational games ✅ Speaking, reading, and writing practice ✅ A positive and engaging learning environment

📩 Enroll now and let your child learn, play, and grow with us every weekend!

14/08/2026

ကလေးအချင်းချင်း အနိုင်ကျင့် (Bullying) လုပ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း (၅) ခု 🚨🚨

၁။မြင်တွေ့နေရတဲ့ အရာတွေကို အတုယူခြင်း

✅ကလေးရဲ့ ပတ်ဝန်းကျင်မှာ ရန်ဖြစ်အော်ဟစ်ဆဲဆိုတာတွေ၊
✅အိမ်မှာ မောင်နှမအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျတာတွေ၊
✅လူကြီးတွေက ကလေးကို ရိုက်နှက်ဆုံးမတာတွေ
ဒါမျိုးတွေကို မကြာခဏ မြင်နေကြားနေကြုံနေရတဲ့အခါ အနိုင်ကျင့်တာက ပုံမှန်နည်းလမ်းတစ်ခုလို့ ထင်မြင်သွားတတ်ပါတယ်။

ဒီနေရာမှာ "ကလေးတွေဟာ လူကြီးတွေရဲ့ စကားကို နားထောင်တာထက် အပြုအမူတွေကို ပိုပြီး အတုယူကြတယ်"ဆိုတာ သတိပြုစေချင်ပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ မပြည့်ဝခြင်း

တချို့ကလေးတွေဟာ

✅မိဘဆီကနေ ဂရုစိုက်မခံရတဲ့အခါ၊
✅ချစ်ခြင်းမေတ္တာကို မခံစားရတဲ့အခါ၊
✅သူတို့ကို နားလည်ပေးမယ့်သူ မရှိတဲ့အခါမျိုးတွေမှာ အခြားသူတွေကို အနိုင့်ကျင့်ခြင်းအားဖြင့် သူတို့ရဲ့ ဖြစ်တည်မှုကို သတိထားမိလာအောင် လုပ်တတ်ကြပါတယ်။

၃။ ကိုယ်ချင်းစာစိတ် (Empathy) မဖွံ့ဖြိုးသေးခြင်း

"ကိုယ်ချင်းစာစိတ်" ဆိုတာဟာ မွေးရာပါစွမ်းရည်တစ်ခု မဟုတ်ပါဘူး။

တချို့ကလေးတွေဟာ
✅ကိုယ့်စကားတစ်ခွန်းက သူများကို ဘယ်လောက်ထိ နာကျင်သွားစေမလဲ..
✅ကိုယ့်လုပ်ရပ်က သူတပါးရဲ့ စိတ်ကို ဘယ်လိုဒဏ်ရာရစေနိုင်လဲ..
✅ကိုယ်လုပ်လိုက်တဲ့ အပြုအမူရဲ့အကျိုးဆက်က ဘယ်အထိ ဆိုးရွားသွားစေမလဲ
ဆိုတာတွေကို နားမလည်ကြသေးပါဘူး။

ဒါ့ကြောင့် မိမိလုပ်ရပ်ရဲ့ အကျိုးဆက်ကို သေချာနားမလည်ကြတဲ့အတွက် အပြုအမူတွေကိုလည်း ကောင်းစွာ မထိိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေရခြင်း

ကလေးရဲ့ မိသားစုပတ်ဝန်းကျင်မှာ
✅အိမ်တွင်းအကြမ်းဖက်မှု၊
✅မိသားစုပြဿနာ၊
✅မိဘ ကွာရှင်းမှု၊
✅သူတို့ချစ်ရတဲ့သူ ဆုံးရှုံးခြင်း၊
✅နေရာအပြောင်းအရွှေ့ မကြာခဏလုပ်ရခြင်း၊
✅ငွေကြေးအခက်အခဲနှင့် ကြုံရခြင်း
စတဲ့ ဒီလို စိတ်ဖိစီးစရာ ကိစ္စတွေကြောင့်လည်း ကလေးရဲ့ အပြုအမူကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။

၅။ အင်အားကြီးကြောင်း ခံစားလိုခြင်း

တချို့ကလေးတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ "သူတို့က အားနည်းနေတယ်၊ အရေးပေးမခံရဘူး"လို့ ခံစားရတဲ့အခါ

✅ကိုယ်က စွမ်းအားကြီးကြောင်း၊
✅ပတ်ဝန်းကျင်မှာ အရေးပါကြောင်း၊
✅မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေကြောင်း
ပြသလိုတဲ့အတွက် အခြားကလေးတွေကို အနိုင်ကျင့်ပြတာမျိုးလည်း ရှိတတ်ပါတယ်။

🚨ဒီနေရာမှာ မိဘတွေ သတိပြုရမှာက
ကလေးတစ်ယောက်ဟာ Bully လုပ်တဲ့အခါ "သူများကို ဒီလို အနိုင်မကျင့်ရဘူး" လို့ ပြောပြီး ဆုံးမလိုက်ရုံနဲ့ မလုံလောက်ပါဘူး။

"ငါ့ကလေးက သူများကို ဒီလိုအနိုင်ကျင့်ရလောက်အောင်အထိ သူ့မှာ ဘယ်လိုအခက်အခဲတွေများ ရှိနေမလဲ"
ဆိုပြီး နောက်ကွယ်က အကြောင်းအရင်းကို ကွဲကွဲပြားပြားသိရအောင် အဖြေရှာရပါမယ်။ ပြီးမှသာ ကလေးတကယ်လိုအပ်နေတဲ့ အရာကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

"သူတပါးကို အနိုင်ကျင့်တယ်ဆိုတာဟာ ကလေးကြောင့် မဟုတ်ပါဘူး၊ သူတို့ နေ့စဥ်ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကြောင့်ပါ။"

သင့်အနေနဲ့ရော ကလေးတွေအချင်းချင်း bully လုပ်တာဟာ နောက်ကွယ်က ဘယ်လိုအချက်ကြောင့် ဖြစ်နိုင်မလဲဆိုတဲ့ ကိုယ့်ရဲ့ အမြင်ကိုလည်း ပြောပြသွားလို့ ရပါတယ်...




#အနိုင်ကျင့်

12/08/2026

သမီးလေး “Shwe Ou” ရဲ့ English Noun လေးတွေကို category ခွဲခြားနိုင်တဲ့ Cognitive and Language Skills ကို အတူတူကြည့်ကြရအောင်✨

🧩သမီးလေးဟာဆိုရင် ပေးထားတဲ့ category အလိုက် English Noun လေးတွေကို အချိန်တိုအတွင်းမှန်ကန်စွာ ရွေးချယ်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

🧠 ဒီလိုရွေးချယ်နိုင်ခြင်းဟာ သမီးလေးရဲ့
✅ Observation Skill (ကြည့်ရှုသိမြင်နိုင်စွမ်း)
✅ Classification Skill (အမျိုးအစားခွဲခြားနိုင်စွမ်း)
✅ Language Skill (ဘာသာစကား လေ့လာသင်ယူနိုင်စွမ်း) အစရှိတဲ့ Cognitive & Language Skills တွေတိုးတက် နေတဲ့လက္ခဏာတွေဖြစ်ပါတယ်။

💫ယခုလို ရလဒ်ကောင်းများ ရရှိလာအောင် အကောင်းဆုံး ကြိုးစားပေးသော သမီးလေး “Shwe Ou” နဲ့ PKA ရဲ့ Right Brain Enrichment Program မှာယုံကြည်စိတ်ချစွာဖြင့် အပ်နှံပေးပါသော ဖေဖေမေမေတို့ကိုလည်း PKA International School မှ အထူးကျေးဇူးတင်ရှိပါတယ်။ 💝💝

PKA ၏ Right Brain Enrichment အတန်းလေးကို စိတ်ဝင်စားသည့် မိဘများအနေဖြင့်✅ Page Messenger မှ မေးမြန်းနိုင်ပါသည်။

✅ ကျောင်းဖုန်း 09 257096834, 053 2024500 သို့ ဆက်သွယ်နိုင်ပါသည်။

✅ အမှတ် (၁၅)၊ ရတနာဒီပလမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့သို့ ရုံးချိန်အတွင်း ကိုယ်တိုင်လာရောက်၍လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

"Precious Learners, Unique Leaders"

10/08/2026

Let’s play Guess the Word! 🧩

Precious kids try to figure out words made from two or more combined words. Can you guess them faster? Join the fun and play along! 🤔🔥


ကလေးတစ် ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ ဖေဖေ မေမေတို့ရဲ့အချိန်ပေးမှုက အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်....🔥ဒီတစ်ခါမှာ...
07/08/2026

ကလေးတစ် ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ ဖေဖေ မေမေတို့ရဲ့အချိန်ပေးမှုက အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်....

🔥ဒီတစ်ခါမှာတော့ ဖေဖေ၊မေမေတို့ရဲ့ သားသားမီးမီးတို့အပေါ် ဘယ်လိုမျိုး အချိန်ပေးဖြစ်လဲဆိုတာ အမှတ်လေးတွေပေါင်းသွားပေးပါအုံး

Team Dad 🧔 vs Team Mom 👩 ဘယ် Team က အမှတ်ပိုရမလဲ? 😍
Challenge တစ်ခုချင်းစီကို လိုက်လုပ်ပြီး Comment မှာ မျှဝေပေးပါအုံးနော် 💬



05/08/2026

👀 Picture Card လေးတွေကို အမြင်နဲ့တင် မှတ်သားနိုင်တဲ့ သမီးလေး Khit Tone 🧠✨

✨Video လေးထဲမှာတော့ အချိန်တိုတိုအတွင်း တီချယ်ပြသပေးထားတဲ့ Picture Card လေးတွေကို လျင်မြန်တိကျစွာ မှတ်သားပြီး မှန်ကန်စွာ ပြန်လည်ရွေးချယ်နိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

🧩ဒီ Activity က သမီးလေးရဲ့ Visual Skill နဲ့Visual Memory တို့ ကောင်းမွန်လာစေရန် အထောက်အကူပြုသည့် Right Brain Enrichment Activity တစ်ခု ဖြစ်ပါတယ်။

ယခုလို ရလဒ်ကောင်းများ ရရှိလာအောင် ကြိုးစားပေးသော သမီးလေး Khit Tone နှင့် ယုံကြည်စိတ်ချစွာဖြင့် အပ်နှံပေးပါသော ဖေဖေမေမေတို့ကိုလည်း PKA International School မှ အထူးကျေးဇူးတင်ရှိပါတယ်။ 💝💝

PKA ၏ Right Brain Enrichment အတန်းလေးကို စိတ်ဝင်စားသည့် မိဘများအနေဖြင့်
✅ Page Messenger မှ မေးမြန်းနိုင်ပါသည်။
✅ ကျောင်းဖုန်း 09 257096834, 053 2024500 သို့ ဆက်သွယ်နိုင်ပါသည်။
✅ အမှတ် (၁၅)၊ ရတနာဒီပလမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့သို့ ရုံးချိန်အတွင်း ကိုယ်တိုင်လာရောက်၍လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။
------
At PKA International School, we love celebrating our students' breakthrough moments! In this video, our bright learner Khit Tone showcases incredible focus in our Right Brain Enrichment Class—instantly processing, recalling, and accurately picking out the picture cards shown by her teacher in just a split second.

This specialized training is designed to supercharge early childhood development by boosting sharp visual skills, building a photographic memory, and developing laser focus. A huge shoutout to little Khit Tone for her amazing effort, and our heartfelt thanks to her parents for trusting PKA with her early education journey! 💝💝
"Precious Learners, Unique Leaders"

03/08/2026

We are currently seeking qualified and committed candidates to join PKA International School .📌📌

𝐎𝐩𝐞𝐧 𝐩𝐨𝐬𝐢𝐭𝐢𝐨𝐧𝐬 :
➡ Maths Teachers - 2 posts
➡ English Teachers - 2 posts
➡ ICT Teachers - 2 posts
➡ Science Teachers - 2 post
➡ Trainee Teachers - 2 posts
➡ Assistant Teachers - 2 posts

📌 အလုပ်ချိန် - 8:00 AM to 4:00 PM
📌 အကျိုးခံစားခွင့်များ
✅Basic Salary
✅Accommodation Fee
✅Travelling Allowance
✅Annual trip
✅Public holidays

📌 လျှောက််ထားမည့်သူများအနေဖြင့်

- ဘွဲ့ရ (သို့) တက္ကသိုလ်တက်ရောက်ဆဲ(အဝေးသင်) ဖြစ်ရပါမည်။
- အင်္ဂလိပ်စာ Intermediate level ပြောနိုင်၊ ရေးနိုင်ရမည်။ အတန်းတွင်း၌ E to E သင်ကြားနိုင်သူဖြစ်ရပါမည်။
- ကျောင်းမှ ပို့ချပေးသော training များအား စိတ်ဝင်တစား သင်ယူလိုစိတ် ရှိသူဖြစ်ရပါမည်။
- တစ်ကိုယ်ရည်သန့်ရှင်းပြီးသပ်ရပ်စွာနေထိုင်တတ်သူ၊ ရိုးသားကြိုးစား၍ ကျောင်းကိစ္စများတွင် တက်ကြွစွာလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- အသင်းအဖွဲ့နှင့် လိုက်လျောညီထွေစွာ လုပ်ကိုင်နိုင်ရပါမည်။
- ရေရှည်လက်တွဲနိုင်သူ ဖြစ်ရပါမည်။
- သက်ဆိုင်ရာအထူးပြု ဘာသာရပ်အလိုက် သင်ကြားရေးအတွေ့အကြုံရှိသူ ဖြစ်ရပါမည်။

(Placement test ဖြေဆိုကြည့်ရပါမည်။)

📌 CV ဖောင်များ ပေးပို့လျှောက်ထားရန်
📧 : [email protected]
☎ : 0532024500, 09257096834
Viber : +959257096834

#အလုပ်ခေါ်စာ

“အကြီးဆုံးကလေးဆိုတာ ဒုတိယမိဘ မဟုတ်ပါဘူး..” 🚫🚫"အစ်မကြီး အမိအရာ၊ အစ်ကိုကြီး အဖအရာ” ဆိုတဲ့ စကားဟာ ကျွန်မတို့ မြန်မာလူ့အဖွဲ့...
01/08/2026

“အကြီးဆုံးကလေးဆိုတာ ဒုတိယမိဘ မဟုတ်ပါဘူး..” 🚫🚫

"အစ်မကြီး အမိအရာ၊ အစ်ကိုကြီး အဖအရာ”
ဆိုတဲ့ စကားဟာ ကျွန်မတို့ မြန်မာလူ့အဖွဲ့အစည်းမှာ အမြဲကြားရလေ့ရှိတဲ့ စကားတစ်ခွန်းပါ။

“မိသားစုတစ်ခုမှာ အကြီးဆုံးကလေးဟာ အငယ်တွေကို အမြဲတမ်းညှာတာရမယ်၊ စောင့်ရှောက်ရမယ်၊ ဦးစားပေးရမယ်” တဲ့။

ဟုတ်ပါတယ်..
ဒါဟာ ချစ်ခြင်းမေတ္တာအပေါ် အခြေခံတဲ့ တာဝန်ယူမှုဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာတော့ ဒီတာဝန်တွေကပဲ ကလေးတစ်ယောက်ရဲ့ ငယ်ဘဝကို ဝန်ပိသွားစေနိုင်ပါတယ်။
ဒီနေရာမှာ အကြီးဆုံးကလေးတွေနဲ့ ပတ်သက်ပြီး မိဘတိုင်း ဆင်ခြင်ရမယ့် အချက် (၄) ချက်ရှိပါတယ်။

၁။ ကူညီခြင်းနှင့် တာဝန်ယူရခြင်း 🔰

အကြီးဆုံးကလေးကို အိမ်မှုကိစ္စလေးတွေ ကူခိုင်းတာ၊ ကလေးအငယ်ကို စာကူလုပ်ခိုင်းတာတွေဟာ ကောင်းမွန်တဲ့ အလေ့အကျင့်ပါ။
ဒါပေမဲ့
“အကြီးဆုံးပဲ.. အငယ်ကို လိုက်လျောပေးလိုက်ပါ.. သူဖြစ်ချင်တာ လုပ်ပေးလိုက်ပါ”
ဆိုတဲ့ စကားလုံးတွေဟာ ကလေးပခုံးပေါ်မှာ မလိုအပ်တဲ့ ဝန်ထုတ်ဝန်ပိုးတွေကို တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
ဒါ့ကြောင့် မိမိရဲ့ ကလေးတိုင်းကို အသက်အရွယ်အလိုက် သင့်တော်တဲ့ တာဝန်လေးတွေကို ညီတူညီမျှ ခွဲဝေပေးရပါမယ်။

၂။ အသိအမှတ်ပြုခြင်း 🔰

အငယ်​တွေကို ကူညီပေးတဲ့အခါ “အကြီးမို့လို့ လုပ်ပေးရမှာပဲ” လို့ မပြောပါနဲ့။
“ဒီနေ့ ညီလေး/ညီမလေးကို ကူညီပေးလို့ ကျေးဇူးတင်တယ်နော်.. အခုလို လုပ်ပေးတာ မေမေ အရမ်းဝမ်းသာတာပဲ” လို့ ပြောပေးပါ။
ဒီလိုချီးကျူးစကားဟာ ကလေးကို တာဝန်ကြောင့် လုပ်ရတာမျိုးမဟုတ်ဘဲ စေတနာနဲ့ လုပ်ချင်လာအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။

​၃။ နှိုင်းယှဉ်ခြင်းနှင့် ပုံသွင်းခြင်း 🔰

ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင်
အကြီးကိုပဲ အမြဲအလျှော့ပေးခိုင်းတာမျိုး၊
အငယ်တွေကို အကြီးနဲ့ ယှဥ်ပြောပြီး အားပေးတာမျိုးတွေဟာ
အကြီးဆုံးကလေးအပေါ် “ငါကအမြဲ ပြီးပြည့်စုံနေမှ ရမယ်၊ အမှားလုပ်မိလို့ မဖြစ်ဘူး” ဆိုတဲ့ ဖိအားကို ဖြစ်စေပါတယ်။
ကလေးတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အရည်အချင်းတွေ ရှိကြတဲ့အတွက် အကြီးဆုံးမို့လို့ ပိုတော်ရမယ်၊ ပိုလိမ္မာရမယ်ဆိုတဲ့ အမြင်ကို မထားသင့်ပါဘူး။

၄။ ဆုံးရှုံးသွားသော ကလေးဖြစ်ခွင့် 🔰

တာဝန်ယူစရာ အရမ်းများတဲ့ အကြီးဆုံးကလေးတွေဟာ တစ်ခုခုဆိုရင် “ငါ့ကြောင့်ဖြစ်တာ” ဆိုတဲ့ အပြစ်ရှိစိတ်နဲ့အတူ ကြီးပြင်းလာတတ်ကြပါတယ်။
ကလေးဘဝဆိုတာ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး ဆော့ကစားရမယ့် အချိန်တွေ၊ ကိုယ့်ဝါသနာနောက် လိုက်ရမယ့် အချိန်တွေကို မိဘတွေ သတ်မှတ်ထားတဲ့ “တာဝန်” ဆိုတာကြောင့် စွန့်လွှတ်လိုက်ရတာမျိုး မဖြစ်ပါစေနဲ့။

အကြီးဆုံးကလေးဟာ မိသားစုတစ်ခုရဲ့ ဒုတိယမိဘတွေ မဟုတ်ပါဘူး။ သူတို့မှာလည်း သာမာန်ကလေးတစ်ယောက်လိုမျိုး ပင်ပန်းခွင့်၊ အနားယူခွင့်၊ အမှားလုပ်ခွင့်နဲ့ ပေါ့ပေါ့ပါးပါး နေထိုင်ခွင့် ရှိသင့်ပါတယ်။

📌အနှစ်ချုပ် ပြောရရင်
မိဘတွေ အမြဲမရှိနိုင်တော့မယ့် တစ်နေ့ရောက်လာတဲ့အခါ ညီအစ်ကိုမောင်နှမတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အားကိုးကြရမှာပါ။
အဲဒီအချိန်မှာ တာဝန်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် မဟုတ်ဘဲ ငယ်စဉ်ကတည်းက ခံစားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာအစစ်အမှန်ကသာ မောင်နှမတွေကြားက ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေမှာပါ။

ဒါကြောင့်... သင့်မိသားစုရဲ့ အကြီးဆုံးကလေးကို “ဒုတိယမိဘနေရာကနေ တာဝန်ယူတတ်ဖို့ ” မမျှော်လင့်ပါနဲ့။ သူတို့ကို ကလေးတစ်ယောက်အတိုင်းပဲ ဆက်ချစ်ပေးလိုက်ပါ။





#အကြီးဆုံးကလေး

Address

No. 15, Yadanar De Pa Street, Ya Be Quarter
Pyay
08151

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959257096834

Website

Alerts

Be the first to know and let us send you an email when PKA International School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to PKA International School:

Shortcuts

Share

Category