02/06/2018
Concreting လုပ်ရာမှာ မှားယွင်းနေကြသော Column ကို (1:2:4) နဲ့ beam,slab,stair ကျမှ AG ကား(Grade)တွေနဲ့ လောင်းခြင်း၏ အကျိုးအပြစ်များ
++++++++++++++++++++++++++
Construction လောကမှာ concreting (ကျောက်သွေးလောင်းခြင်း) နဲ့ ပတ်သတ်လို့ လူတော်တော် များများ မှားယွင်းစွာ လုပ်နေကြတဲ့ အချက်လေးတစ်ခု ထောက်ပြချင်လို့ပါ။ ဒီအမှားက ဆောက်လုပ်ရေး site တော်တော်များများ ကျင့်သုံးနေကြတာပါ (ခုလည်း လုပ်နေကြဆဲပါပဲ)။
ဒါမယ့် ခုထိတော့ ပြင်ဖို့ အတော်များက မကြိုးစားကြပါဘူး။ လုပ်လာကြတာလည်း အရိုးစွဲနေကြပီကိုး။
Structure Engr များကတော့ သေချာလေး တွက်ချက်ပေးကြလေ့ရှိပါတယ် (Concrete grade (or) psi .ဘယ်လောက်၊ဘယ်မျှ ..
eg.. 2500 psi , 3000 psi , 5000 psi
Grade-25, Grade-30,Grade-35 စသဖြင့်ပေါ့....Design သေချာလုပ်ထားပေးပါတယ်။
ခက်တာက site ထဲမှာ ဖြစ်ပျက်နေကြတာက ဒီလိုပါ ။
Concreting လုပ်တော့မယ်ဆိုရင်
1. ပထမဆုံး စဉ်းစားတွက်ချက်ကြတာက Slab, Beam,
2. Stair
3. တတိယအနေနဲ့ ဖြစ်သလိုတွက်ချက် စဉ်းစားကြတာက Column.
ကိုင်းဗျာ .. စဉ်းစားကြည့်
(NB) .
> Column ကို concreting လုပ်ရင်
် Mixer နဲ့ 1:2:4 အချိုးက တက်မလာဘူး။
> Slab, beam, stair ကိုတော့
AG ကားနဲ့လောင်းမှာ၊ Boom pump နဲ့လောင်းမှာ၊ station pump နဲ့လောင်းမှာ၊ ဘယ်လောက် Grade နဲ့လောင်းမှာ ၊ ဘယ်နှရက် setting time .. Chemical ထည့်မှာ နဲ့ သေချာလေး အလေးပေးစဉ်းစားကြတယ်။
စဉ်းစားပါ အရေးကြီးတာပဲ။
> ဒါမယ့် Column ကျ ဘာလို့ ဂရုတစိုက် မလောင်းချင်ကြတာလဲ??
ဒီ mixer နဲ့ 1:2:4 ကတက်မလာဘူး။
site ထဲမှာ 1:2:4 အချိုးပဲ ဖျော်တယ်ဆိုတာ မိမိတို့လိုအပ်တဲ့ concrete strength ကိုရဖို့ဆိုတာ အတော်လေးခက်မယ်ဗျ (ဘာလို့လဲဆို labour တွေကလည်း အချိုးကို အဆင်ပြေသလိုထညိ့ကြမှာပဲ
သဲများတဲ့အခါ များ၊ရေများတဲ့အခါ များ၊ cement များတဲ့အခါ များ၊ နည်းတဲ့အခါနည်းမယ်)
ဆိုတော့က တကယ်ကို strength ကောင်းကောင်းသုံးမယ်ဆို ရဖို့က အတော်လေးခက်နိုင်ပါတယ်။
လောင်းပီး formwork ခွာလို့ viod တွေ၊ segregation တွေ ဖြစ်လည်းအေးဆေးပဲ ပန်းရံဆရာကို ဘယ်သူမှမသိအောင် plaster နဲ့ ဖာခိုင်းလိုက်တယ် (အစကတည်းက vi****or တော့ သေချာမထိုး၊ လောင်းသား height မြင့်၊မမြင့် ဂရုမစိုက်ခဲ့ကြဘူး) ။
ဒါကြောင့် ကျနော့်ဆရာသမားတွေက လှောင်ပြောင်ပြောခဲ့ကြတဲ့ စကားလေး မှတ်မိပါသေးတယ်
" ဒီအရေးမကြီးတဲ့ Column ကိုတော့ ကျနော်တို့ 1:2:4 နဲ့ပဲလောင်းပါမယ်
slab ပြင် လောင်းမှ AG ကားနဲ့ Grade-35 လောင်းမှာပါ တဲ့ " :-P
အိုက်တော့ဗျာ Building တစ်ခုလုံးဆောက်ပြီးမှ Construction Error တစ်ခုခုတက်ရင် ဘယ်သူမှာ တာဝန်ရှိပါသလဲ?
ဖြစ်လာရင်တော့ ဖြေပါလိမ့်မယ် ... Grade-35 နဲ့တောင်လောင်းထားတာလို့
ငလျင်လှုပ်လို့ ပြိုပါပီတဲ့ အိပ်ပျော်နေရင် နိုးလိုက်မှာကို ဟုတ်ဘူး (တကယ်) .. တစ်ခါတည်းပဲ (ဘာ Hint မှ ပေးခံရမှာ ဟုတ်ဘူး)
ကဲဗျာ .. building တစ်ခုမှာ အရေးကြီးအစိတ်အပိုင်း ဖြစ်တဲ့ Column လို member ကိုတော့ အဲလ်ုကြီး ပြီးစလွယ် လုပ်ဖို့မကောင်းပါဘူး။
column,beam,slab,stair အားလုံးကတော့ အရေးကြီးတဲ့ member တွေကြီးပါပဲ ။ ဒါမယ့် ကျနော်ဆရာပြောခဲ့ဖူးသလို Column ဆိုတာ အိမ်ထောင်ဦးစီးနဲ့ တူတယ်ဗျ ..
တာဝန်တွေ (Loading) အားလုံးက သူ့အပေါ်ကျလာကြမှာ...
အဲတော့ ဒီလိုအရေးကြီးတဲ့ Column ကိုလည်း 1:2:4 နဲ့ပဲ နှစ်ပါးသွားမနေကြဖို့ ဂရုစိုက်ပေးစေလိုတာပါ (Column အားလုံးအတွက် လောင်းချင်တဲ့ Grade နဲ့ AG ကားနဲ့လောင်းတော့ရော ဘယ်လောက် ပိုကုန်မှာ မလို့လဲဗျာ )
ကျနော်တို့ရဲ့ အိမ်ထောင်ဦးစီး Column တွေကို မထိခိုက် မနာကျင်အောင်၊ကြံ့ခိုင်အားကောင်းမွန်အောင် ဝန်းရံကြရအောင်ဗျာ :-) :-P
Concrete;
1 Grade = 145.04 psi (lb/in2)
1 N/mm2 = 1 MPa = 145.04 psi
1 Bag = 50 kg (cement)
1 Bag = 110.25 lb (cement)
Unit wt. of concrete(Light) =90~120 lb/ft3
Unit wt. of concrete(Normal)= 142~156 lb/ft3
Unit wt. of concrete(Heavy) =160~350 lb/ft3
(NB) .. အစကတော့ ဒီ post မှာ Water Cement ratio အကြောင်းနဲ့ Beam နဲ့ပတ်သတ်သော သိထားသင့်တဲ့ အကြောင်းလေးတေပွါ ထည့်ရေးဖို့ပါပဲ ( ရေးရင်းနဲ့ post က အရမ်းရှည်သွားမှာ စိုးလို့ပါ .. နောက်တစ်ခါမှ ထပ်ရေးပါအုံးမည်။)
28.06.2017
By ကြီးရဲ (Ye Mynn Htun)