Daily English

Daily English Tr.Yati

သီတင်းကျွတ်အခါသမယမှာ  မိတ်ဆွေတိုင်း ကျန်းမာချမ်းသာပါစေ။  အလုပ်အကိုင်အောင်မြင်မှု၊ စီးပွားရေးတိုးတက်မှုရရှိပါစေ။  စိတ်အေး...
06/10/2025

သီတင်းကျွတ်အခါသမယမှာ
မိတ်ဆွေတိုင်း ကျန်းမာချမ်းသာပါစေ။
အလုပ်အကိုင်အောင်မြင်မှု၊ စီးပွားရေးတိုးတက်မှုရရှိပါစေ။
စိတ်အေးချမ်းသာ၊ မေတ္တာဖြင့်ပြည့်စုံပါစေ။
မိသားစုအပေါင်းတို့ ငြိမ်းချမ်းမှုနဲ့ သံယောဇဉ်ခိုင်မာပါစေ။
တစ်နှစ်တာလုံး မေတ္တာနဲ့ ငြိမ်းချမ်းမှုဖြင့်ဖြတ်သန်းနိုင်ပါစေ။
သီတင်းကျွတ်နေ့မှာ မိတ်ဆွေတိုင်းအတွက် အေးချမ်းမှု၊ အလင်းရောင်နဲ့ အပြည့်အဝပျော်ရွှင်မှုတွေဖြစ်ပါစေ။

Daily English Classမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်🙏🏻🎇🪔

မိမိအိမ်မှာဘဲ ကလေးငယ်‌ တွေကို အခြေခံ Letters ရေးနည်း Train ပေးချင်တဲ့ မိဘများရှိကြလားရှင့် 🙋ဒါဆိုရင် မိဘတွေအနေနဲ့ စပီးစဉ...
18/08/2025

မိမိအိမ်မှာဘဲ ကလေးငယ်‌ တွေကို အခြေခံ Letters ရေးနည်း Train ပေးချင်တဲ့ မိဘများရှိကြလားရှင့် 🙋

ဒါဆိုရင် မိဘတွေအနေနဲ့ စပီးစဉ်းစားရတဲ့ မေးခွန်းလေး တစ်ခုရှိပါတယ် 😇

"ကလေးငယ်တွေ အင်္ဂလိပ် Alphabet သင်ဖို့ Capital letter နဲ့ Small letter—ဘယ်နည်းကပိုအဆင်ပြေမလဲ?"

ကလေးငယ်တွေကို A-Z သင်ဖို့အချိန်ရောက်ပြီဆိုရင် မိဘတွေအနေနဲ့ မေးခွန်းတစ်ခုရှိတတ်ပါတယ်—
👉 “Capital letter နဲ့စသင်မလား? Small letter နဲ့စသင်မလား?”

အဖြေကတော့… Capital နဲ့စပြီး Small letter ကို Pair လုပ်သင်တာက အကောင်းဆုံးနည်းလမ်းပါ! 💁

🔠 Capital letter နဲ့စသင်ရတဲ့အကြောင်းအရင်းများ
✔️ ပိုကြီးပြီး ရှင်းလင်းလို့ ဖတ်ဖို့လွယ်ကူခြင်း
✔️ စာရေးစတင်ဖို့ ရိုးရှင်းတဲ့ strokesများပါ၀င်ခြင်း

🔡 Small letter သင်ဖို့အရေးကြီးတဲ့အချက်များ
✔️ စာဖတ်မှုအတွက် မဖြစ်မနေလိုအပ်ခြင်း
✔️ စာကြောင်းတွေမှာ Small letter ပဲအများစုဘဲပါ၀င်ခြင်း

🎨 သင်ကြားမှုအဆင့်အတိုင်း
1️⃣ Capital letter နဲ့စတင်ပါ
2️⃣ Small letter ကို Matching game နဲ့သင်ကြားပေးပါ

📚 အကြံပြု Activity
🔤 Flashcard: “A” & “a”
🍎 Picture: Apple
🗣️ Say: “A and a say ‘a’ like Apple!”

မိဘတွေအနေနဲ့ သင်ကြားမှုကို ပျော်ရွှင်စွာ၊ သဘာဝကျကျလုပ်ပေးနိုင်ရင် ကလေးတွေအတွက် Alphabet သင်ကြားမှုက စိတ်ဝင်စားဖွယ်အတွေ့အကြုံဖြစ်လာမှာပါ။

#ကလေးသင်ကြားမှု ျော်ရွှင်စွာသင်ကြားမယ်

Lesson Plan ဟာ သင်ကြားရေးအတွက် ဘာကြောင့်အရေးကြီးလဲ❓✅အရေးကြီးတဲ့အကြောင်းကို ရှင်းပြရရင်—အတန်းထဲမှာ သင်ကြားမှုကို စနစ်တကျ၊...
16/08/2025

Lesson Plan ဟာ သင်ကြားရေးအတွက် ဘာကြောင့်အရေးကြီးလဲ❓✅

အရေးကြီးတဲ့အကြောင်းကို ရှင်းပြရရင်—အတန်းထဲမှာ သင်ကြားမှုကို စနစ်တကျ၊ ထိရောက်အောင် ပြုလုပ်ဖို့အတွက် အခြေခံတည်ဆောက်မှုတစ်ခုလို့ ဆိုလို့ရပါတယ်။ အထူးသဖြင့် ကလေးတွေဟာ စိတ်ဝင်စားမှုနဲ့ စည်းကမ်းကို တဖြည်းဖြည်း တည်ဆောက်နေတဲ့အရွယ်ဖြစ်တဲ့အတွက် Lesson Plan က ပိုမိုအရေးကြီးပါတယ်။

📚 Lesson Plan အရေးကြီးတဲ့အကြောင်းများ

1. စနစ်တကျ သင်ကြားနိုင်ခြင်း
- သင်ခန်းစာတစ်ခုစီကို ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ သင်ကြားနည်းနဲ့ သုံးစွဲမယ့်အရင်းအမြစ်တွေကို ကြိုတင်စဉ်းစားထားနိုင်ပါတယ်။
- အချိန်ခွဲခြားမှု၊ လှုပ်ရှားမှုနဲ့ အာရုံစိုက်မှုကို ထိန်းသိမ်းနိုင်ပါတယ်။

2. ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအဆင့်နဲ့ ကိုက်ညီမှု
- အသက်အရွယ်၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စကားပြောနည်း၊ အာရုံစိုက်နိုင်မှုစတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။
- ဥပမာ—Preschool ကလေးတွေအတွက်တော့ သီချင်း၊ ပုံပြင်၊ လက်တွေ့လုပ်ဆောင်မှုတွေ ပါဝင်တဲ့ Lesson Plan က ပိုထိရောက်ပါတယ်။

3. သင်ကြားမှုရလဒ်ကို တိကျစွာ တိုင်းတာနိုင်ခြင်း
- Learning Objectives (သင်ယူရမယ့်ရည်ရွယ်ချက်) တွေကို သတ်မှတ်ထားတာကြောင့် သင်ကြားပြီးတဲ့နောက်မှာ ကလေးတွေ ဘာတွေသိလာပြီ၊ ဘာတွေ လုပ်နိုင်ပြီဆိုတာကို တိုင်းတာနိုင်ပါတယ်။

4. စိတ်ဝင်စားမှု၊ ဖန်တီးမှု တိုးတက်စေခြင်း
- Lesson Plan ထဲမှာ Game, Quiz, Role Play, Drawing စတဲ့ လှုပ်ရှားမှုတွေ ထည့်သွင်းနိုင်တာကြောင့် ကလေးတွေ စိတ်ဝင်စားမှုနဲ့ ဖန်တီးမှု တိုးတက်လာပါတယ်။
- ဥပမာ—“သတ္တဝါတွေကို သင်ယူတဲ့အခန်း” မှာ Animal Quiz တစ်ခု ထည့်သွင်းခြင်းက ကလေးတွေကို ပိုမိုစိတ်ဝင်စားစေပါတယ်။

5. မိဘနဲ့ ဆရာကြား ပူးပေါင်းမှု အတွက် အထောက်အကူဖြစ်ခြင်း
- Lesson Plan ကို မိဘတွေနဲ့ မျှဝေခြင်းက သူတို့အနေနဲ့ ကလေးကို အိမ်မှာ ထပ်မံထောက်ပံ့နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။

လွတ်လပ်စွာ shareနိုင်ပါတယ်
ကူးယူပီး တင်ခွင့်မပြုပါ
Teacher Yati

စာဖတ်တဲ့အကျင့်လေးရသွားအောင် Reading Class လေးတွေရှိတယ်ဆိုရင် ကလေးလေးတွေကို ပေးတက်ပါ။ အိမ်မှာ စာဖတ်ဖို့ ခဏခဏပြောရတယ်ဆိုရင...
15/08/2025

စာဖတ်တဲ့အကျင့်လေးရသွားအောင် Reading Class လေးတွေရှိတယ်ဆိုရင် ကလေးလေးတွေကို ပေးတက်ပါ။ အိမ်မှာ စာဖတ်ဖို့ ခဏခဏပြောရတယ်ဆိုရင်လည်း စာဖတ်တန်းလေးတွေ ပေးတက်ပါ။ အနည်းဆုံးတော့ ကလေးဟာ တစ်ယောက်ထဲ မဖတ်ဖြစ်လည်း အတန်းလေးဝင်တက်လိုက်တော့ သူငယ်ချင်းတွေနဲ့အတူ စာဖတ်ဖြစ်သွားပါတယ်။ စာဖတ်တဲ့ အကျင့်လေးရသွားရင် ဘယ်အသက်အရွယ်မဆို တစ်ယောက်ထဲရှိနေလည်း သူတို့လေးတွေ မပျင်းရတော့ဘူးနော်။ ဒီနေ့ဆို အပြင်တန်းမှာ ကလေးလေးက အပြန်နောက်ကျတယ်။ သူငယ်ချင်းတွေ တစ်ယောက်မှ မရှိတော့ဘူး။ ဒါပေမယ့် အဲ့ဒီ အသက် ၇ နှစ်အရွယ် ကလေးလေးက စာအုပ်လေးတွေ ဖတ်ပြီး လာကြိုမယ့် အချိန်ကို စောင့်နေလိုက်တာတွေ့ရတော့ ဒီကလေးလေးကို ငယ်စဉ်ထဲက စာဖတ်တဲ့ အလေ့အကျင့်လေး လုပ်ပေးထားတာကို တွေ့ရတယ်။ ကလေးတိုင်းအားလုံးကို စာအုပ်လေးတွေကို ချစ်တတ်စေချင်တယ်...စာဖတ်တတ်တဲ့ အကျင့်လေးရစေချင်တယ်.....စာဖတ်ကြပါပဲ ...ထပ်မှာပေးချင်တယ်...

ကလေးတွေအတွက် emotional support workshop တွေ၊ Training တွေဘာကြောင့်လုပ်ပေးသင့်တာလဲ? 💭❔၁။ စိတ်ခံစားမှုကို နားလည်တတ်စေဖို့က...
15/08/2025

ကလေးတွေအတွက် emotional support workshop တွေ၊ Training တွေဘာကြောင့်လုပ်ပေးသင့်တာလဲ? 💭❔

၁။ စိတ်ခံစားမှုကို နားလည်တတ်စေဖို့
ကလေးတွေဟာ မိမိရဲ့ခံစားချက်တွေကို မကြာခဏ ဖော်ပြဖို့ အခက်အခဲရှိတတ်ပါတယ်။ Workshop/ Training တွေမှာ သူတို့လေးတွေရဲ့ ဝမ်းနည်းမှု၊ နာကျင်မှု၊ ဒေါသ၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု စတဲ့ အခြေခံ ခံစားချက်တွေကို သိရှိနားလည်လာအောင် ကူညီပေးပါတယ်။

၂။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ကိုင်တွယ်နိုင်စွမ်း
ကျောင်းစာဖိအား၊ မိသားစုပြဿနာ၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေမှုတွေက ကလေးတွေကို စိတ်ဖိစီးစေနိုင်ပါတယ်။ Training တွေမှာ စိတ်ဖိစီးမှုလျှော့ချနည်း၊ အသက်ရှူလေ့ကျင့်ခန်း၊ Mindfulness စတဲ့ နည်းလမ်းတွေကို စနစ်တကျ သင်ကြားပေးပါတယ်။

၃။ ဆက်သွယ်ပြောဆိုနိုင်မှုစွမ်းရည် တိုးတက်စေဖို့
ကလေးတွေအနေနဲ့ သူတို့ရဲ့ခံစားချက်တွေကို ယုံကြည်မှုရှိရှိ ဖွင့်ဟပြောဆိုနိုင်ဖို့ အရေးကြီးပါတယ်။ Group Activity တွေ၊ Role-play တွေကတစ်ဆင့် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲဆိုတာ လေ့ကျင့်ပေးလို့ရပါတယ်။

၄။ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း
Emotional Support Workshop တွေ၊ သင်တန်းတွေ မှာ ကလေးတွေကို မိမိရဲ့စွမ်းရည်ကို ယုံကြည်မှုရှိလာစေပြီး၊ Self-Esteem ကိုမြှင့်တင်ပေးနိုင်ပါတယ်။ ဒါက သူတို့လေးရဲ့ဘဝမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိဖို့ အထောက်အကူဖြစ်စေပါတယ်။

၅။ အခြားသူတွေရဲ့ခံစားချက်ကို နားလည်တတ်ခြင်း (Empathy)
Workshop တွေမှာ ကလေးတွေကို အခြားသူတွေရဲ့ ခံစားချက်ကို နားလည်ဖို့၊ စာနာတတ်ဖို့ သင်ကြားပေးပါတယ်။ ဒါက သူတို့လေးတွေရဲ့ လူမှုဆက်ဆံရေးမှာ ပိုမိုကောင်းမွန်စေပြီး ကလေးအချင်းချင်း Bullying လုပ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

၆။ ပြဿနာဖြေရှင်းနိုင်စွမ်းရှိလာခြင်း
ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှသာ ပညာရေးနဲ့ လူမှုဘဝမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ Emotional Support ပေးခြင်းက သူတို့ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-solving Skills) ကို တိုးတက်စေပါတယ်။

Address

Pyay

Telephone

+959781317064

Website

Alerts

Be the first to know and let us send you an email when Daily English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Daily English:

Shortcuts

Share

Category