Pyinnyar Khittayar Private School, Nawaday, Pyay

Pyinnyar Khittayar Private School,  Nawaday,  Pyay to cultivate Myanmar youths into well-qualified graduates

25/08/2026
24/07/2026

ပညာခေတ္တရာ ကိုယ်ပိုင်အထက်တန်းကျောင်း၊ပြည်မြို့

ပြည်မြို့နယ် အ- ထ -ကနှင့် ကပက ကျောင်းပေါင်း (၃၉( ကျောင်းတွင် အောင်ချက်အဆင့် (၁)100%ဖြင့် အောင်မြင်သည့်အတွက် အပြင် ၁၄ နှသ...
04/07/2026

ပြည်မြို့နယ် အ- ထ -ကနှင့် ကပက ကျောင်းပေါင်း (၃၉( ကျောင်းတွင် အောင်ချက်အဆင့် (၁)100%ဖြင့် အောင်မြင်သည့်အတွက် အပြင် ၁၄ နှသ်တာ ကျောင်းသက်တမ်းကာလအတွင်း ၁၀၀%ဖြင့် ၃ ကြိမ်မြောက် အောင်မြင်သည့်အတွက်ရော မောင်ချမ်းမြတ်ဌေး ၂ ဘာသာ ဂုဏ်ထူး(သင်္ချာ၊ရူပ ) မဆုန်သင်းမေ (၁ ဘာသာဂုဏ်ထူး)(ဘောဂ)တို့ပါ အချိုပေါ်သကာလောင်း ဂုဏ်ထူူဆွတ်ခူးပေးသည့်အတွက်
သင်ကြားပေးသော ဆရာ ဆရာမများလေ့ကျင့် ဆရာ ဆရာမများ ထောက်ပံ့ပေးကြသော မိဘများ ကြိုးစားကြသော ကျောင်းသားသူများအတွက်ပါ ဂုဏ်ပြုမှတ်တမ်းတက်အပ်ပါသည်။

​မြန်မာစာ ဦးအောင်ဆွေဦး
ဦးသန်းလွင်
ဦးအာကာဝင်း
အင်္ဂလိပ်စာ ဆရာပြည်မိုး
သင်္ချာ ဦးခင်မောင်ဌေး
ဓါတု ဆရာစွမ်း
ရူပ ဒေါ်စန်းစန်းထွေး
ဇီဝ ဒေါ်ခင်မင်းအောင်
ဘော ဦးအေးမိုး

တန်းခွဲ (B)Repeatersတန်းခွဲ စတင်လက်ခံနေပါပြီ။
U 7/8/9၊နီလာလမ်း၊ပွဲရုံတန်း၊နဝဒေးရပ်၊ပြည်မြို့
09789 165 155ဆရာပြည်မိုး
09456 91 4285Wavepay
09661 615 456ဆရာစွမ်း

ပညာခေတ္တရာ (ကပက)၊ ပြည်မြို့၁၄ နှစ်တာအောင်စာရင်းမှာ ၃ ကြိမ်မြောက် အောင်ချက်၁၀၀%       ယခုနှစ်တော့ ဂုဏ်ထူးး( ၂ )ဘာသာ၊( ၁) ...
28/06/2026

ပညာခေတ္တရာ (ကပက)၊ ပြည်မြို့
၁၄ နှစ်တာ
အောင်စာရင်းမှာ ၃ ကြိမ်မြောက် အောင်ချက်၁၀၀%
ယခုနှစ်တော့ ဂုဏ်ထူးး( ၂ )ဘာသာ၊( ၁) ဘာသာနှင့်အတူ ရိုးရိုးအောင်သူများ အပါအဝင်
ဆရာပြည်မိုး
ဆရာစွမ်းတို့ သင်ကြားလမ်းညွှန်သော အိမ်ဝိုင်းများမှ တစ်ယောက်မကျန်အောင်သော တပည့်များနှင့် သူတို့ မိဘများအတွက် အထူးဝမ်းမြောက်မိပါသည်။
အောင်ချက်မြင့်မားရေး မြို့နယ်မေးခွန်းနှင့် ခရိုင်မေးခွန်းစစ်သော အောက်တိုဘာ နိုဝင်ဘာ ၁၀၀%မှတ်ဖိုးစစ်မေးသော Pre-tests(အကြိုစာမေးပွဲများ)၌ ၁၀၀%နဲ့ချည်း အောင်မြင်နေ၍ သူများကျောင်းတွေ ဒီလောက်ကျနေတာ ကျောင်းတစ်ကျောင်းက 100%အောင်နေတာ ဟုတ်ရဲ့လား ဟု TEO's Meeting၌ ထည့်ဆူတာခံရ၏။ အောင်နေတာကို ဘယ်လို အောင်ချက်%လျှော့ပြလို့မှ မရတာ​လေ။ ခုတော့ မြို့နယ်ပညာရုံးက Congratulaions on your school's 100% success of passing matric exam at Pyinnyar Khittayar Private School, Nawaday, Pyay! တဲ့။
ပျော်ပြီလေ။

နှစ်တက်ကျောင်းသားသူများရော နှစ်ကျRepeatersတန်းများပါ စတင်လက်ခံပေးနေပါပြီ။

ဆက်သွယ်ရန်
09789 165 155ဆရာပြည်မိုး
09456 91 4285( Office)
09661 615 456ဆရာစွမ်း
ပညာခေတ္တရာ ကိုယ်ပိုင်အထက်တန်းကျောင်း
U7/8/9၊နှင်းဆီလမ်းနှင့် နီလာလမ်း​ထောင့်၊နဝဒေးပွဲရုံတန်း၊နဝဒေး၊ပြည်မြို့

26/06/2026

မနက်ဖန်စာမေးပွဲအောင်​စာရင်း ထွက်မည်
(27th June,2026)မှာ ကျောင်းသား/သူအများစု ပျော်ရွှင်နိုင်ကြပါစေ
ပညာခေတ္တရာ မိသားစု

23/06/2026

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၂၇ ရက် နံနက် ၄ နာရီတွင် ထုတ်ပြန်မည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန်လ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်စာရင်းထုတ်ပြန်မည့်အချိန်တွင် result.dme.gov.mm ဝက်ဘ်ဆိုက်သို ဝင်ရောက်ကာ မိမိတို၏ ခုံအမှတ်များကို ရိုက်ထည့်၍ အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် အောင်စာရင်းများကို အဆိုပါ တရားဝင်ဝက်ဘ်ဆိုက်မှသာ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် Application ကိုမျှ ထုတ်ဝေထားခြင်း မရှိကြောင်း သတိပေးထားသည်။

ထိုကြောင့် အောင်စာရင်းစစ်ဆေးလိုသူများအနေဖြင့် တရားဝင်ဝက်ဘ်ဆိုက်မှသာ ဝင်ရောက်ကြည့်ရှုကြရန်နှင့် အတုအယောင် Application များ၊ Link များအား သတိပြုကြရန် စာစစ်ဦးစီးဌာနက တိုက်တွန်းထားသည်။

21/04/2026

2026-2027 Academic Yearအတွက် ပညာခေတ္တရာ ကိုယ်ပိုင်အထက်တန်းကျောင်း၊နဝဒေးပွဲရုံတန်း၊ပြည်မြို့မှာ Grades 10/11/12 ကျောင်းသား/သူများကို စတင်စုံစမ်း အပ်နှံနိုင်ပါပြီ။

ဆိတ်ငြိမ်အေးချမ်းသော ရပ်ကွက်တွင် ဖွှင့်လှစ်ထားပြီး Well-qualified and well-experienced teachers( အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်သော ဆရာကြီး ဆရာမကြီးမျာရော လူငယ်ဆရာ ဆရာမများပါ)အင်ပြည့်အားပြည့်ဖြင့် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။ယခင် ၅ နှစ်တာတွင် လုပ်ငန်းကို ထိန်းထားရုံသာဖွင့်လှစ်ခဲ့ပါသည်။
ပညာရေးသည် လူငယ်များအတွက် ရပ်ထားလို့မရပါ။ထို့ကြောင့် မိဘများသည် မိမိတို့၏ သား သမီးလေးများကို နှစ်ချင်းပေါက် အောင်မြင်စေလိုကြသလို အမှတ်မြင့်မြင့်ဖြင့် အောင်စေချင်ကြသည်မှာ သဘာဝကျပါသည်။

ကျောင်သား သူ ၅ မျိုး
ထို (၅)မျိုးတွင်
၁။ ကျိန်းသေ ကျရှုံးမည့် ညံ့သော ကျောင်းသားအုပ်စု
ထိုကျောင်းသားမျိုးမှာ
(က) စာကို လုံးဝစိတ်မဝင်စား
(ခ) ဉာဏ်ရည် မမီ
(ဂ) ကျောင်းစည်းကမ်း မလိုက်နာ/ဆရာဆရာမများGuideများစကား မနာခံတတ်
(ဃ) ကျောင်းမှန်မှန် မတက်
(င)အခြေခံ မပါ
(စ)မှတ်စုစာအုပ်များ ဘာသာရပ်အလိုက် စနစ်တကျ မထား

၂။အောင်မှတ်ပျမ်းမျှ ၄၀ မှတ်မှ ၅၀ မှတ် ဝန်းကျင်ဖြင့်သာ အောင်မည့် သင့်-ကျောင်းသား
အုပ်စု( စုစုပေါင်းရမှတ် ၂၄၀ မှ ၃၀၀ ဝန်းကျင်)
ဒီအုပ်စုက
(က)အခြေခံ မပါသော်လည်း ဉာဏ်ရည်သင့်ကာ
(ခ)ရိုးသား ကြိုးစာသူများပင် ဖြစ်ကြသည်။
ပညာခေတ္တရာမှ အခြေခံ မပါတာကို မကြောက်ပါ။
စာကို စိတ်မဝင်စားသည်ကို ကြောက်ပါ၏။

၃။တော်-အုပ်စု ကျောင်းသား ၃မျိုး
(က)ပျမ်းမျှရမှတ် ၆၀ မှတ်ဝန်းကျင်ဖြင့် ကိန်းသေအောင်မည့်ကျောင်းသား
(စုပေါင်းရမှတ် ၃၆၀ မှ ၄၂၀ဖြင့် ကွန်ပြူတာနှင့် နည်းပညာတက္ကသိုလ်များဝင်ခွင့် ရနိုင်သူများ)
ဒီ ၃။(က)အုပ်စုက ဂုဏ်ထူးထွက်ရမည် ဟု သံဓိဌာန်ချမထားသူများပင် ဖြစ်သည်။
(ခ)ဂုဏ်ထူး 3Dအမြင့်ဆုံးဖြင့် အောင်မည့်ကျောင်းသား (ဒု-ရှယ်ကျောင်းသား) (စုပေါင်းရမှတ် ၄၃၀ မှ ၄၆၀ထိရမည့်သူများ)
(ဂ)ဂုဏ်ထူး 4/5/6Dဖြင့် အောင်မည့်ကျောင်းသားများ(ပ-ရှယ်ကျောင်းသားများ) စုပေါင်းရမှတ် ၄၆၀ မှ ၅၂၀အထက်ရနိုင်သူများ ဟု ရှိပါသည်။
မိဘများသည် မိမိတို့သား /သမီးလေးများသည်
ညံ့ +သင့် +တော် ဟု (၃) အုပ်စုတွင် ဘယ်အမျိုးအစားထဲတွင်ပါဝင်သည်ကို ပညာခေတ္တရာတွင် အပ်နှံပြီး ၂ ပါတ်ကြာ သင်ကြား+ လေ့ကျင့် +စစ်ဆေးပြီးလျှင် ဘယ်အုပ်စုတွင် ပါဝင်သည်ကို သိရှိရမည်ဖြစ်ပြီး မိမိကလေးရဲ့ အရှိတရားကို မိဘများက လက်ခံပေးရမည် ဖြစ်ပါသည်။

အောင်မြင်ထူးချွန်သူတို့၏ ဂုဏ်ရည် ၅ မျိုး
၁။ရည်မှန်းချက် ခိုင်မာသူ
၂။ စိတ်ဓါတ် ပြင်းထန်သူ
(လိုချင်တာ အာရုံစိုက် စိတ်က နာနာလိုက်သူ)စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်၊အိမ်သာတက်လည်း ဒီစိတ်ပဲ ရှိသူ။စာအကြောင်းပဲ တွေးနေ အာရုံစိုက်နေသူ
၃။မဆုတ်မနစ်သော ဇွဲဝီရိယ ရှိသူ
၄။ဉာဏ်ရည်ဉာဏ်သွေး သင့်သူ/ကောင်းသူ
၅။အခြေအနေကောင်းရှိသူ
(က)မိဘတို့၏ ထောက်ပံ့မှု ရရှိသူ
(ခ)ဆရာကောင်း ဆရာတော်များနှင့် ကြံဆုံခွင့်ရသူ
(ဂ)သင်ကြားမှု လုံလောက်သော အချိန်ကာလ ရရှိသူ(၁၀ လတာ)
(ဃ)ကျန်းမာရေးကောင်းရှိသူ

စုံစမ်းအပ်နှံရန်
အမှတ်U7/8/9/3/4/5၊နှင်းဆီလမ်းနှင့် နီလာလမ်းထောင့်၊နဝဒေးပွဲရုံတန်း၊နဝဒေးရပ်၊ပြည်မြို့
Ph.
09789 165 155(ဆရာပြည်မိုး Modern English)
09423 669 307(Office/Kpay)
09661 615 456 ဆရာစွမ်း(B.Sc Hons;M.Sc1st Semester)
09456 91 4285(Office)

မုန်တိုင်းလေ လှိုင်းရေကြမ်းခရီး ဖြတ်သန်းခြင်း        ဒီ (၅)နှစ်ကျော်ကာလမှာ လူတိုင်း လောကဒါဏ်လှိုင်းကြမ်းကို ဖြတ်သန်းခဲ့က...
30/03/2026

မုန်တိုင်းလေ လှိုင်းရေကြမ်းခရီး ဖြတ်သန်းခြင်း

ဒီ (၅)နှစ်ကျော်ကာလမှာ လူတိုင်း လောကဒါဏ်လှိုင်းကြမ်းကို ဖြတ်သန်းခဲ့ကြရသလို မိမိလည်း အလားတူ ဖြတ်ကျော်ခဲ့ရ ဖြတ်ကျော်နေရဆဲဖြစ်ပါသည်။
"အင်းနဲ့အားနဲ့ ကြိုးစားပြီး ပြန်ရုန်းထမည်ဟဲ့" ဆို မာန်တင်းကာ လက်ရှိအထက်တန်းအင်္ဂလိပ်စာသင်ရိုးအရ မေးခွန်းပုံစံသစ်အရ ကျောင်းသား/သူများအတွက် အမှန်တကယ်လိုအပ်မည့် အကျိုးကျေးဇူူများမည့် A Guide to Verb Tenses in Englishစာအုပ်နှင့် တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာမေးခွန်း ၅ စုံနှင့် စံပြအဖြေများစာအုပ်ကိုလည်း ထုတ်ဝေဖြန့်ချီလိုက်ပါသည်။

ကျောင်း မိမိငယ်စဉ် ဆရာပေါက်စ ဘဝက ကိုယ်တိုင် အင်္ဂလိပ်စာနှင့် စကားကို တတ်ချင်လှ၍ မြန်မာပြည်တွင်း ဆရာကြီး ဆရာမကြီးများ ရေးသားထုတ်ဝေသော စာအုပ်မှန်သမျှ အပြင် ကမ္ဘာကျော် တက္ကသိုလ်အသီးသီး စာရေးဆရာများအသီးသီးရဲ့ စာအုပ်မှန်သမျှကို အဝတ် အစားဘက်ကို လျှော့ကာ ဝယ်ယူ​လေ့လာကာ စာအုပ်ငယ်များ ရေးသားခဲ့ပြီး မိမိတပည့်များအားလည်း ကွန်ပြူတာစာစီကာ စာအုပ်လေးများဖြင့် သင်ကြားခဲ့ရာ နှစ်စဉ်နီးပါ သင်္ချာ ဓါတု ရူပ ဘာသာရပ်များထက် အောချက်ရာခိုင်နှုန်းများ ပိုမြင့်မားကြောင်း မိမိသင်ကြားပေးခဲ့သော ကျူရှင်ကျောင်းများ ဘော်ဒါကျောင်းများရှိ Foundersများရော အတူလုပ်ကိုင်ခဲ့ကြသော ဆရာ ဆရာမများပါ အသိပင် ဖြစ်ပါသည်။
စာအုပ်လေးတွေကို သင်ရိုးသစ်ပြဌာန်းတိုင်း ရေးသားပြုစုသင်ကြားပေးရာ တပည့်များနှင့် မိဘများကြား အင်္ဂလိပ်စာမှာတော့ ဒီဆရာ သာမန်အဆင့်သင်ကြားရေးဆရာတော့ မဟုတ်ပဲ အင်္ဂလိပ်စာ သင်ကြားရေး ဆရာ ဆရာမများကပါ လေးစားအသိအမှတ်ပြုကာ ယခင်က ရီဆိုစက်လှိမ့်စာအုပ်လေးများကို သုခစာပေမှာ Modern English Poems စာအုပ်လေးနဲ့ English Grammar( ယခု Q.No.III.Stylistic Transformation Grammar)စာအုပ်လေးတွေ တင်ရောင်းပေးရာ အနီအနား မြို့များမှ အ -ထ -က များက အင်္ဂလိပ်စာ ဆရာ ဆရာမများကပါ မိမိနာမည်ပါ စာအုပ်လေးများကိုင်သင်နေကြကြောင်း ​ေကြာင်း မြင်သိရသဖြင့် စာရေးဆရာ အဆိုတော် တေးရေးဆရာများနှင့် ရုပ်ရှင် ထုတ်လုပ်သူတို့မည်သည် မိမိအနုပညာဉာဏပစ္စည်းလေးများကို အားပေးတာတွေ့ရရင်ချမ်းသာဖို့ မြတ်ဖို့ထက် အများပြည်သူအကျိုးကျေးဇူးရှိတယ်ဆိုရင် ​ကျေနပ်ပီတိဖြစ်နေကြတာပါ။မအောင်မြင်ခင်က မျိုးကြီး မာရဇ္ဇ ဒွေး ကျော်ရဲအောင် စသူအနုပညာရှင်တို့ ဘဝအခြေအနေများကို ပြန်မြင်ယောင်လာမိသည်။
လူအများစုသည် အောင်မြင်လာသူများကို မအောင်မြင်ခင်က ဘယ်လောက်ရုန်း

Address

No. U-8, Nilar Street, Nawaday Pwe-Yone-Tan, Nawaday Ward
Pyay

Telephone

+959423669307

Website

Alerts

Be the first to know and let us send you an email when Pyinnyar Khittayar Private School, Nawaday, Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Pyinnyar Khittayar Private School, Nawaday, Pyay:

Shortcuts

Share

Category